Friday, 12 February 2010

England ကိုလာမယ်ဆိုရင်


နောက်ဆုံးရ သတင်း ၁၀/၂/၂၀၁၀


ဥရောပတိုက်မှ မဟုတ်သော နိုင်ငံခြားကျောင်းသား/ကျောင်းသူ များ အနေဖြင့် UK သို့ ပညာသင်ဖို့ လာချင်တယ်ဆိုရင်ဖြင့် ပိုမိုတင်းကြပ်သော ဝင်ခွင့်စံများကို ကြုံရမည်လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီးက ဒီနေ့ ကြေညာလိုက်ပါတယ်။
အသစ်ပြဌာန်းထားသည့် စည်းမျဉ်းများ အရ UK နိုင်ငံမှာ ဒီဂရီ အဆင့်ထက် နိမ့်သော ဘာသာရပ်များကို သင်ကြားသော ကျောင်းသား/ကျောင်းသူများ အနေဖြင့် အလုပ် လုပ်ခွင့်မှာ ကန့်သတ်ထားပြီး ၎င်းတို့၏ မှီခိုသူများမှာ (လုံးဝ)အလုပ် လုပ်ခွင့် မရှိပါ။
ဒီကိစ္စဟာ UK နိုင်ငံသို့ အလုပ် လုပ်ရုံသက်သက်သာ လာရောက်သော ကျောင်းသား အတုအယောင်များ အတွက် ပိုပြီးတောင်ခက်ခဲလာပါလိမ့်မည်။

အစိုးရက အင်္ဂလန် နိုင်ငံသားဖြစ်ချင်သူများအတွက် အကောင်အထည်ဖော်မည့် အစီအစဉ်များကို points test စနစ်သို့ ၂၀၁၁ မတိုင်ခင် မိတ်ဆက်ပေးမည်ဟု ပြည်ထဲရေး အလန်ဂျွန်ဆင် (Alan Johnson) က အတည်ပြုပြောကြားလိုက်ပါသည်။

ကျောင်းသား/ကျောင်းသူတွေ အတွက် စံတိုင်းတာချက်တွေကတော့...

၁. UK သို့ လာရောက်ရန် (သို့) UK ၌ ပညာသင်ပြီး နောက်ထပ် အင်္ဂလိပ်စာ ကျွမ်းကျင်မှု အရည်အချင်းကို တိုးတက်အောင် လုပ်ရန်အတွက် ကောင်းမွန်သော အင်္ဂလိပ်စာ အရည်အသွေး (equivalent of holding just below a GCSE in a foreign language) လိုအပ်ခြင်း။

၂. ဒီဂရီ အဆင့်ထက်နိမ့်သော ဘာသာရပ်များကိုသင်ကြားနိုင်ရန် အလို့ငှာ ကောင်းမွန်သော အင်္ဂလိပ်စာ အရည်အသွေး (equivalent of holding just below a GCSE in a foreign language) ကိုပြသဖို့ လိုအပ်ခြင်း။

၃. အဆင့်အနိမ့်ဆုံး ဘာသာရပ်များ (A levels and equivalent) ကို အယုံကြည်ရဆုံးသော အဖွဲ့အစည်းများသို့သာ ကန့်သတ်ထားခြင်း။

၎. အချိန်ကို တစ်ဝက်လျော့လိုက်ခြင်းဖြင့် ပထမ ဒီဂရီဆင့်(first degree)ထက် နိမ့်သော (သို့) အခြေခံ ဒီဂရီ(foundation degree) ဘာသာရပ်များကို သင်ကြားသော ကျောင်းသား/ကျောင်းသူ များ အနေဖြင့် ၁၀ နာရီသာ အလုပ်လုပ်ခွင့် ရှိခြင်း။

၅. (၆) လသက်တမ်း ထက်နည်းသော ဘာသာရပ်များကို သင်ကြားနေသော ကျောင်းသား/ကျောင်းသူများ အတွက် မှီခိုသူ ခေါ်ယူခွင့် မရှိခြင်း။

၆. အခြေခံ ဒီဂရီအဆင့် (foundation degree level) (သို့) ဘွဲ့ကြိုဒီဂရီအဆင့် (undergraduate degree level) ကို သင်ကြားနေသည့် မည်သည့် ကျောင်းသား/ကျောင်းသူ ၏ မှီခိုသူမဆို အလုပ် လုပ်ခွင့် မရှိခြင်း - အလုပ် လုပ်ခြင်း တွေ့ရှိပါက UK မှ ဖယ်ရှားခြင်း ခံရမည်။

အလန်ဂျွန်ဆင်(Alan Jonson) ပြောကြားသည်က-

‘points-based စနစ်ဟာ ခိုင်မာပြင်းထန်သော စနစ်တစ်ခုကို ပံ့ပိုးပြီး တရားဝင်အခွင့်အလမ်းများအရ UK ၌ အလုပ် လုပ်ရန် (သို့) ပညာသင်ရန် အတွက် စတင်ခဲ့တာပါ။ ကျွန်တော်တို့က နိုင်ငံခြား ကျောင်းသား/ကျောင်းသူတွေကို ဒီကိုလာပြီး ပညာသင်တာကို လိုချင်တာပါ။ တရားမဝင် အလုပ် လုပ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ မနှစ်က ပြဌာန်းခဲ့တဲ့ တင်းကြပ်ခိုင်မာတဲ့ စနစ်ကို ထိန်းသိမ်းဖို့ ဒီနေ့မှာလည်း မရှိမဖြစ်လိုအပ်တဲ့ ခြေလှမ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော် ဘာတောင်းပန်မှုမှ မလုပ်ပါဘူး’

ထို့အပြင် စံတိုင်းတာချက် အသစ်တွေက-

၁. အကယ်၍ ဒီဂရီ အဆင့်ထက် နိမ့်သော ဘာသာရပ်(below degree level) ၌ work placement ပါလာလျှင် ၎င်း ဘာသာရပ်ကို သင်ကြားသော နိုင်ငံခြား ကျောင်းသား/ကျောင်းသူများ အားပိတ်ပင်ခြင်း။
အကယ်၍ ထိုဘာသာရပ်မှာ 'highly trusted sponsor' အဆင့်အတန်းရှိသော University, College or Training provider များမှ ထောက်ပံ့ထားမည် ဆိုလျှင်တော့ အဆင်ပြေပါသည်။
၂. ကျောင်းသား/ကျောင်းသူ များအတွက် လိုအပ်ချက်တစ်ခုမှာ ၎င်းတို့၏ အင်္ဂလိပ်စာ စွမ်းရည်ကို အတည်ပြုစိတ်ချရသော စစ်ဆေးစမ်းသပ်မှုကို အောင်မြင်ခြင်းအားဖြင့် ထုတ်ဖော်ပြသရပါမည်။ ထိုလိုအပ်ချက်က foundation degree ထပ်နိမ့်သော (သို့) အင်္ဂလိပ်စာ သင်ကြားဖို့ လာမည့် ကျောင်းသား/သူ အားလုံးကို အကျုံးဝင်ပါသည်။

၃. ဘယ်သို့သော ဘာသာရပ်က နိုင်ငံခြား ကျောင်းသား/သူ တွေ အတွက် 'highly trusted sponsors' ဖြစ်တယ်ဆိုတာ အဓိပ္ပာယ်သတ်မှတ်ရန် ပိုမို တင်းကြပ်သော စံများကို မိတ်ဆက်ခြင်း
အားလုံးသော publicly funded universities နဲ့ colleges တွေက 'highly trusted' အဖြစ် သတ်မှတ်လို့ ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ပြီးတော့ private training colleges တွေလည်း ထိုစံနှုန်းစံထားကို (ဖြစ်နိုင်လျှင်)အမြန်ဆုံး သေချာရရှိနိုင်ဖို့ လျင်မြန်မှု ရှိပါတယ် ဒါပေမယ့် ခိုင်မာပြင်းထန်တဲ့ စနစ်တစ်ခု သေချာရရှိလာအောင် ဆောင်ရွက်မှာပါ

UK universities နှင့် colleges တွေဟာ အလွန်အမင်းကောင်းမွန်သော ပညာရေးကို ပေးနိုင်ပါတယ် ထို့အပြင် အစိုးရကလည်း စစ်မှန်သော international students တွေက မရှိမဖြစ်လိုအပ်သော အထောက်အကူတွေ(economically, academically and socially)ကို နိုင်ငံအတွင်းသို့သာမက ၎င်းတို့ သင်ယူနေတဲ့ universities တွေ colleges တွေသို့ပါ ယူဆောင်ပေးနိုင်ပါတယ်လို့ လက်ခံ ယုံကြည်ပါတယ်။
သို့သော်လည်း ဒီခြေလှမ်းတွေဟာ စနစ်ကို အလွဲသုံးစားလုပ်ဖို့ အလားအလာရှိမှုအပေါ် ထိထိရောက်ရောက် နှိမ်နင်းဖို့ အစိုးရ၏ ကတိတာဝန် အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။

ဒီပြောင်းလဲမှုတွေဟာ မနှစ်က စတင်ခဲ့တဲ့ စေ့စပ်သေချာပြီး အလုံးစုံစစ်ဆေးထားတဲ့ ကျောင်းသား/သူ စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ၂၀၀၉ ခုနှစ် မတ်လကတည်းက အစိုးရက နိုင်ငံခြား ကျောင်းသား/သူ တွေကို UK Border Agency က လိုင်စင်ပေးထားတဲ့ သက်ဆိုင်ရာ ကောလိပ်က စပွန်ဆာပေးထားကို လိုချင်ခဲ့တာပါ။ ပြီးတော့ ကျောင်းသား/သူများ အနေဖြင့် ဗီဇာ မရခင် မိမိဘာသာမိမိ UK ကို ရောက်တာနဲ့ ထောက်ပံ့ပို့ ငွေကြေးအလုံအလောက်ရှိတယ်ဆိုတာကိုလည်း ပြသဖို့ လိုပါတယ်။
အဲ့ဒီလိုပါပဲ မတ်လကတည်းက နိုင်ငံရပ်ခြား ကျောင်းသား/သူများကို ခေါ်ယူချင်တဲ့ ဘယ် college (သို့) university မဆို လိုင်စင်ရရှိပြီး တရားဝင် အသိအမှတ်ပြုခံခြင်း ရှိကို ရှိရပါမည်။ ဒီကိစ္စက UK နိုင်ငံသို့ အဖွဲ့အစည်းများအနေဖြင့် ကျောင်းသား/သူ များခေါ်ယူခွင့်ကို ၄၀၀၀ ကျော်ကနေ ၂၀၀၀ ဝန်းကျင်အထိ လျော့ချခဲ့ပါတယ်။

Pat Mcfadden, the Minister for Business, Innovation and Skills ပြောကြားချက်ကတော့

‘စစ်မှန်သော international students တွေကို UK နိုင်ငံမှ ကြိုဆိုပါတယ်။ သူတို့တွေက သူတို့ သင်ယူတက်ရောက်နေတဲ့ colleges နဲ့ universities တို့ရဲ့ ပညာရေးနှင့် ယဉ်ကျေးမှု ဘဝတွေအတွက် အရေးပါသော အထောက်အကူပြုမှုတွေကို လုပ်ဆောင်ကြပါတယ်။ ထို့အပြင် တစ်နှစ်ကို ပေါင် 5.3 billion ကျော်ကိုလည်း စီးပွားဖြစ်စေပါတယ်။
ဒါပေမယ့် အလွဲသုံးစားလုပ်မှုတွေ ရှိနေပါတယ် ဒါတွေက စစ်မှန်သော ကျောင်းသားတွေရဲ့ နေရာကို တစ်ဖြည်းဖြည်းနဲ့ ထိခိုက်စေပါတယ်။ တရားဝင် ကျောင်းသား/သူ တွေသာ ဘာသာရပ်တွေက ပေးတဲ့ အခွင့်အရေးကို ခံစားခွင့် ရရှိစေရန် သေချာစေသောအားဖြင့် ကျွန်တော်တို့ အဖွဲ့အစည်းတွေရဲ့ အရည်အသွေးနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အရေးကြီးပါတယ်။
ဒါကြောင့် ကျွန်တော်တို့ အနေဖြင့် ဒီအကြောင်းရပ်တွေအတွက် ထောက်ခံချက်ကို အကောင်အထည်ဖော်နိုင်ရန် အခန်းဏ္ဍများနှင့် နီးကပ်စွာ အလုပ် လုပ်သွားမှာပါ။’

နိုင်ငံခြား ကျောင်းသား/သူ များအတွက် လိုအပ်ချက်အသစ်များဟာ Tier 4 points-based system ကို လိုက်နာပါတယ်ဆိုတာကို ၂၀၀၉ ခုနှစ် နိုဝင်ဘာမှာ the Prime Minister က ကြေညာခဲ့ပါတယ်။


(အတတ်နိုင်ဆုံး ကြိုးစားပြီး ဘာသာပြန်ပေးလိုက်ပါတယ်။ အင်္ဂလန်သို့ ပညာလာရောက်သင်ယူချင်သူများလည်း မလာခင် စဉ်းစားဆင်ခြင်စေချင်သော စေတနာဖြင့် မျှဝေပေးလိုက်ပါတယ်။ Agency ကပြောသမျှကိုလည်း မျက်စိမှတ် မယုံမိပါစေနဲ့။ အင်္ဂလန်ကို လာကို လာချင်ပါတယ်ဆိုတဲ့ လူများကတော့ ယခု လက်ရှိ အင်္ဂလန်၌ ရောက်ရှိနေသော သူများကို အရင်ဆုံး သိချင်တာများ မေးမြန်းကြပါလို့ အကြံပေးအပ်ပါတယ်)

ရေးသားသူ - လူရိုင်းလေး

-------------



ကိုယ်တက်မယ့်ကျောင်းက ဘယ် အဆင့် (ranking) မှာရှိတယ် ဆိုသိသင့်တယ်
အခုလောလောဆယ် လန်ဒန်က ကျောင်း ၅၀ ကတော့ black list ထဲ ထည့်ခံထားရတယ်
လူတွေက ထင်နေကြတာ အင်္ဂလန်(ဘယ်နိုင်ငံမဆို နိုင်ငံခြားပေါ့နော် ) ကိုရောက်ရင် အကုန်လုံးပြောင်းလဲသွားမယ် အစစ အရာရာပေါ့လေ ကြီးပွားချမ်းသာသွားမယ်လို့ထင်နေကြတာ ရှေ့ရေး နောက်ရေးတွေ သူတို့ ဘာမှမစဉ်းစားဘူးလေ agent တွေကလဲ agent တွေပဲလေ သူတို့ကလဲ ပိုက်ဆံရပြီးရော လွှတ်လိုက်တယ် ကျောင်းသားတွေကလဲ ဟိုရောက်မှ ကြည့်လုပ်မယ် ကိုယ့်နိုင်ငံက ထွက်ရဖို့ အရေးကြီးတယ် အဲလိုနဲ့ ရောက်လာကြ ပြီးတော့ သူတို့ထင်သလို မဟုတ်တော့ စိတ်ပျက်ကြ ဒုက္ခတွေရောက်ကြပေါ့လေ

ဒီတော့ အကောင်းဆုံး အကြံပေးချင်တာတော့ ကိုယ် တကယ် သွားမယ်ဆိုရင် (ဘယ်နိုင်ငံဖြစ်ဖြစ်ပေါ့လေ) စုံစမ်းပေါ့
အခု မြန်မာနိုင်ငံမှာ seminor တွေလုပ်ပေးနေပါတယ် သွားတက်ပါ မေးပါ မြန်းပါ ကိုယ်ရထားတဲ့ လက်မှတ်နဲ့ ဘာတွေကို ဆက်တက်နိုင်မလဲ စုံစမ်းပါ မြန်မာတွေက ကြောက်တတ်ကြတယ် အဲလိုမျိုး seminor ဆိုရင် မသွားချင်ကြဘူး မဝံ့ရဲတာပါတာပေါ့နော် (ကိုယ်လဲ ဒီလိုပါပဲ) ကိုကို့တုံးကလဲ ဒီလိုပါပဲ အစ တော့ သူလဲ ရှိန်သလိုလို ကြောက်တာပေါ့နော် နောက်ကျတော့ seminor တွေချည်း သွားတက်တာ အဲဒီမှာ သိလာရတာပေါ့နော် ဘယ်ကျောင်းကတော့ ကိုယ့်ရဲ့ အခုရထားတဲ့လက်မှတ်ကိုလက်ခံတယ် မခံဘူးဆိုတာ အဲဒီ seminor တွေမှာ ပွင့်ပွင့်လင်းလင်းမေးလို့ရပါတယ် ရှက်စရာမလိုဘူး သူတို့က သေသေချာချာရှင်းပြပေးပါတယ်

agent ကို အားမကိုးရဘူး ပြောတာမဟုတ်ပါဘူး ကောင်းတဲ့ agent တွေရှိသလို မကောင်းတာတွေလဲရှိပါတယ် ဒါကြောင့် ပြောပြတာပါ
အခု ကိုကို့ သူငယ်ချင်းတယောက် Sunderland Uni မှာ ရောက်နေတယ် Sunderland ဆိုတော့ သိတဲ့အတိုင်း မြို့သေးလေးလေ ဒီတော့ အချိန်ပိုင်း အလုပ်က ရှာရခက်တယ် ငွေကလဲ ပြတ်နေပြီ ကျောင်းကလဲ သူ့ကို ပိုက်ဆံ အပြည့်သွင်းခိုင်းနဲ့ တော်တော် ဒုက္ခရောက်နေတယ် ပြောတယ် ဖြစ်နိုင်ရင် မြို့ကြီးတွေ ဘာတွေ သွားတာ ကောင်းတယ် ဥပမာ London တို့ Manchester တို့လို မြို့ကြီးတွေကျတော့ မြန်မာတွေလဲ ပေါတယ် ပြီးတော့ အချိန်ပိုင်းက ရှာလို့လွယ်တယ်လေ ဆိုင်တွေပေါတာကိုး အဓိက က ကိုယ်က သေသေချာချာ စုံစမ်းဖို့ပါ ဘာလဲ ဆိုတော့ ကိုယ်တိုင် မစုံစမ်းကြဘူး agent ကိုပဲ ဝ ကွက်အပ်ထားကြတာ တကယ်လို့ ကိုယ်က ထွက်ချင်တယ် နိုင်ငံခြားမှာ ပညာသွားသင်ချင်တယ် ဆိုရင် အင်တာနက်တွေမှာ ရှာကြည့်ပေါ့ agent ပြောတဲ့ ကျောင်းတွေက ဘယ်လိုမျိုး အခြေအနေ ရှိတယ်ဆိုတာ အခု အင်တာနက်ဆိုင်တွေလဲ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီပဲ speed ကလဲကောင်းပါတယ် ကိုကိုပြောသလိုပဲ ကျောင်းသားတွေကလဲ နင့်လိုပဲလေ အင်္ဂလိပ်စာ မြင်တာနဲ့ မဖတ်ချင်ကြတော့ အကုန်လုံး agent ပြောသမျှပဲ အဟုတ်ထင်တာကိုး တဲ့
သူငယ်ချင်းတယောက်က ဒီကို လာချင်တယ် ဆိုတာနဲ့ ဒါလေး ချရေးဖြစ်သွားတာပါ

--------
ဒါကတော့ ကိုယ့်အမြင်ပေါ့နော်
ရေးချင်နေတာတော့ကြာပါပြီ ကိုကိုကတောင် ပြောနေသေးတာ အဲဒါမျိုး အကိုးအကား နဲ့ ရေးပါ့လား နင့်ပို့စ်ကြီးကလဲ ပြတ်တောင်းပြတ်တောင်းနဲ့တဲ့ အင်း ဆိုပြီး အကိုးတွေ အကားတွေ Border Agency က ရေးတာတွေ ဖတ်ပြီး ပြန်ရေးမလို့ပဲ ရှိသေးတယ် အရိုင်းက အဲဒီ ထုတ်ပြန်တဲ့ဟာကို မေးလ် ပို့လာတဲ့ အယ် အခွင့်သင့်လိုက်တာ ဆိုပြီး ဒီကောင့်ကို ခွင့်တောင်းပြီး တင်လိုက်တာ ရှဲရှဲ

အားလုံး အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်

14 comments:

သူကြီးမင်း (တုံးဖလား) said...

ဒီလို ရေးပြပေးတာ ယူကေလာချင်လို့ ခုန်ဆွခုန်ဆွဖြစ်နေတဲ့ သူတွေအတွက် မှတ်သားစရာပါ။

အိုက်ခီလောက် said...

ပညာတော့လာမသင်ချင်ဘူး
အဟတ် ဘောလုံးပွဲတော့လာကြည့်ချင်တယ်
ဒါဆိုအလုပ်မရှုပ်တော့ဘူးထင်တယ်နော်
ဝက်ကလေး ချလ်ဆီးပွဲ ရာသီ အကုန်အထိ လက်မှတ်ဝယ်ထားပေးပါ ဝက်ကလေး
အလုပ်အားရင်လာကြည့်လိုက်မယ် ဟတ်ဟတ်

kiki said...

ဟင့်အင်းး
ကြပ်တယ်ဆို ရင် လာချင်ဘူးးးး

များတို့ က ပေါ ချောင် ကောင်း ပဲ ကြိုက်တာ ..အဟိ။

မင်းနေဝေး said...

အင်း အင်း .. ဟုတ်ကဲ့ :P

moemoestar said...

ဝက်ဝံလေးရေ...
ပညာတော့ မသင်ချင်တော့ဘူး
ကိုယ်ညံ့တာ ကိုယ်သိလို့ 
အလည်တော့လာချင်တယ်...ဟိဟိ...

Khyl said...

ချော့ပင်ပဲလာမယ်... မော်စကွီတိုနက် အဲဒီမှာ တလုံး ဘလောက်လဲ...

Angel Shaper said...

ဟင့်... ဒါဆိုလဲ လာတော့ဝူး။
ကျွဲကြီးကို ပြောလိုက်....
ချစ်ကိုရေ..... ချစ်မ လာတော့ဝူးတဲ့လို့။ ခစ်ခစ်
ဒါဗြဲနော်။ လာတော့ဝူးးးးးးးးးးး

ဝက်ဝံလေး said...

ကိုကိုမောင်ရေ လူတွေက အထင်ကြီးကြတာပါ သေချာသိရင်တော့ သူတို့လဲစိတ်ပျက်မှာပဲ

အမ်မလေး ကိုခလောက်ရယ် တပွဲစာလောက်ဆို တော်သေးတယ် အခုဟာက ရာသီကုန်ထိဆိုတော့ အင်းးး ဝက်တော့ မွဲကြောပဲ

အင်ဖွားကိကလဲ ဘယ်အရာမှ ပေါင်ချောင်ကောင်းမရဘူးလေ

ကိုမင်းနေဝေး မတွေ့တာကြာပေါ့ နေကောင်းလား

ရတယ်မမိုး ပိုက်ဆံတွေသာ တင်းတောင်းနဲ့အပြည့်သယ်လာခဲ့ အလည်လာလို့ရပါတယ် ဟီးးးး

ဒေါ်ခြင် ချော့ပင်ထွက်ချင်တာလား လာခဲ့လေ အဟဲဒါပေမယ့် ပိုက်ပိုက်တော့ ပါပစေနော် ဟီးးး မီးလဲ အမ ဆီက ကပ်သုံးတာပေါ့ အဟက်

ဆိတ်မ ညည်းမလာရင် ညည်းရှိတဲ့အရပ်ကို ကျုပ်လာမယ် ဒါဗြဲ

ကိုလူထွေး said...

ဝက်ကလေး ဆီကို လာလည်ချင်တယ် ဆိုရင်ရော အဆင်ပြေမှာလား...

းဝ)

ဝက်ဝံလေး said...

ရတယ် လာခဲ့လေ ဘိုးဘိုးလူထွေး

ကြည်ဖြူပိုင် said...

ညီမလေးရေ အရင်ကညီမလေးကိုကိုက ဘလော့ဂ်မရေးစေချင်လို့ ညီမလေးကိုကိုမသိအောင်
ရေးရတယ်လို့ဖတ်ဖူးတယ်
ခုညီမလေးကိုကိုပါရေးလာပီဆိုတော့ပျော်စရာကြီး
ညီမလေးလဲလွတ်လွတ်လပ်လပ်ရေးလို့ရပီပေါ့
ညီမလေးကိုကို့ကိုလဲကြိုဆိုပါတယ်။
အမြဲခင်တဲ့
KPP

စံလင်းထွန်း said...

ဖြန့်ဝေပေးထားတဲ့ ဗဟုသုလေးတွေ တကယ့်ကို အကျိုးရှိပါတယ်။

Anonymous said...

အမ ကြည်ဖြူပိုင်
ကျွန်တော်က ၀က်ကလေးလောက်တောင်စာမရေးတတ်
ပါဘူးဗျာ. blog တွေဖတ်ပဲဖတ်တတ်တာပါး) ၀က်ကစာ
မလုပ်ပဲ ကွန်ပြူတာပဲ နှိုက်နေလို့ပြောနေရတာ. အခုတော့တယောက်တနေရာဆီဆိုတော့ မနိုင်တော့
ပါဘူးသူလုပ်ချင်တာလုပ်နေတာပဲ မေးလိုက်ရင်တော့
စာဖတ်နေတယ်ဆိုတာချည်းပဲး) အခုလိုကြိုဆိုတဲ့အ
တွက်ကျေးဇူးတင်ပါတယ်ဗျာ
MTZ

ဝက်ဝံလေး said...

အင် ကိုကိုကလဲ ပြောထှာာာ ညီမလေးကို စာလုပ်ပါတယ် အခု ဘယ်မှတောင် လျှောက်မသွားဖြစ်တော့ဘူး ဟွန်းးးးးးးး