Tuesday, 6 October 2009

ဘောလုံး ဖူးစာ

ကျောင်းဆင်း ခေါင်းလောင်းထိုးသံနှင့်အတူ ကျော်ကျော်တို့ အုပ်စု ပြေးထွက်သွားတော့ ကိုယ်က
" ဟဲ့ ဘယ်သွားမလို့လဲဒါက "
" အင် ဘောလုံးသွားကန်မယ်လေ "
" ထမင်းမစားတော့ဘူးလား "
" စားပြီးပြီ ငါတို့အဖွဲ့က ကျောင်းမဆင်းခင်ကတည်းက ခိုးစားထားတာ ဟ သွားမယ် တာ့တာ " ဆိုပြီး ထွက်သွားတယ် ကိုယ်လဲ ထမင်းစားပြီးတော့ မုန့်ဈေးတန်းသွားကာ အချိုရည်လေးဝယ်လာခဲ့လိုက်တယ် သူထိုင်တဲ့နေရာလေးမှာ ချိတ်ထားပေးလိုက်တယ် ကျောင်းပြန်တက်တော့ မောကြီးပန်းကြီးနဲ့ သူတို့ အဖွဲ့ပြန်လာကြတယ် ကိုယ့်နေရာ ကိုယ်ရောက်တော့ ချိတ်ထားတဲ့အချိုရည်ကိုတွေ့တော့ သူက ကိုယ့်ကို လှည့်ကြည့်လိုက်တယ် ကိုယ်က ပြုံးပြီးတော့ ခေါင်းညိမ့်ပြလိုက်တယ် သူက ကျေးဇူး ဆိုတဲ့အမူအရာနဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ကိုယ်ဝယ်ပေးထားတဲ့ အချိုရည်ကို သောက်လို့နေခဲ့တယ်
ဒီလိုနဲ့ ကိုယ်လေ သူ့ကို နေ့တိုင်း အချိုရည်ဝယ်တိုက်ခဲ့တယ် သူက ဘောလုံးသိပ်ဝါသနာပါတာ ဘောလုံးနဲ့ပတ်သက်တာမှန်သမျှ သူအကုန်သိတယ် ကိုယ်ကတော့ ဘာဆိုဘာမှစိတ်မဝင်စားပါ ကိုယ့်လိုင်းမှမဟုတ်တာ အားကစားဆိုလဲ ကိုယ်ကကြက်တောင်လောက်သာ စိတ်ဝင်စားတာ ဒါတောင် ဖြစ်မြောက်တာမဟုတ်ဘူး လေ

ဒီလိုနဲ့ အားကစားရာသီရောက်တော့ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကြီး စ လို့လာပါပြီ ထုံးစံအတိုင်းကျော်ကျော်တို့အဖွဲ့ကတော့ ဘောလုံးဝင်ကန်ကြတယ် အခုမှသိတယ် အတန်းထဲက ယောက်ျားလေးတွေ တော်တော် အားကစားလိုက်စားပါလားဆိုတာ အတန်းထဲမှာ ယောက်ျားလေး တယောက်မှ မကျန်တော့ပါ ပြေးခုန်ပစ် ဘောလီဘော စသည်ဖြင့် အသီးသီး ဝင်ပြိုင်ကြတယ် မိန်းကလေး တချို့တဝက်လဲ ဝင်ပြိုင်ကြတယ် ကိုယ်သာ စိတ်မဝင်စားလို့ ဝင်မပြိုင်ဖြစ်ခဲ့ပါ
" ဟဲ့ နင် ဘာအားကစားမှ ဝင်မပါဘူးလား "
" ဟင့်အင်း ငါ နင်တို့တွေကို အားပေးမယ်လေ "
" အေးကောင်းသားပဲ "

ပြိုင်ပွဲဝင်ခါနီး ၃ ရက်အလို
" စိတ်ညစ်တယ် ဟာ မြင့်နိုင်တယောက် အူအတက်ပေါက်လို့တဲ့ ဆေးရုံတင်ထားရတယ် ဒီကောင်ကလဲ အရေးရယ် အကြောင်းရယ် ဖြစ်ပြီ ဘောလုံးသမားဆိုတော်သေးရဲ့အခုဟာက ဂိုးဖမ်းသမားဖြစ်နေတယ် ဘယ်လိုလုပ်ရပါ့မလဲမသိပါဘူးဟာ " ကိုယ်လဲ သူ့ကိုတချက်ကြည့်ပြီးတော့
" ငါ သူ့အစားလုပ်ပေးလို့ဖြစ်မလား " ဘယ်ကနေ ဘယ်လိုပြောထွက်သွားတဲ့ စကားလဲ ကိုယ်လဲမသိလိုက်ဘူး သူ ကိုယ့်ကိုတချက်ကြည့်လိုက်တယ်
" နင်တကယ်လား "
" အင်း " လို့ခေါင်းငြိမ့်ပြလိုက်တယ် သူ တချက်တွေသွားတယ် ပြီးတော့
" ဒါဆိုရင် ငါတို့နည်းပြ ကိုပြောပေးမယ် " ပြောသာပြောလိုက်ရတယ် ကိုယ်က ဘောလုံးအကြောင်းလဲ နားလည်တာလဲမဟုတ်ဘူး အဆင်မှပြေပါ့မလား စိတ်ပူနေမိတယ် ကိုယ်သူ့ကို အဆင်ပြေစေချင်တာသာသိတာ လေ
သူတို့နည်းပြက ကိုယ့်ကို ခေါ်တွေ့တယ်
" သမီး တကယ်ကူမှာလား "
" ဟုတ်ကဲ့ "
" အင်းလေ ဘယ်လိုမှမဖြစ်လို့ပါ သိတဲ့အတိုင်းယောက်ျားလေးတွေကလဲ သူတို့ပြိုင်ပွဲနဲ့သူတို့ လူပိုကိုမရှိတာ ကူမယ်ဆိုတော့ ကျေးဇူးတင်ပါတယ် "

ဒီလိုနဲ့ ပြိုင်ပွဲနေ့
ကိုယ်စိတ်တွေ လှုပ်ရှားနေတယ် ကိုယ်တခါမှ ကစားဖူးတာလဲမဟုတ် သူ့ကို ကူညီချင်လွန်းလို့သာ သူစိတ်ချမ်းသာပါစေ ဆိုပြီး ကိုယ် ပြောခဲ့မိတာ အခန်းထဲမှာ လူအကုန်လုံးရှိနေခိုက် နည်းပြက
" အားလုံး ကြိုးစားကြနော် " ဆိုပြီးပြောတယ် ပြီးတော့ ကိုယ့်ဘက်ကို လှည့်ပြီးတော့
" သမီး ဘာမှစိတ်မလှုပ်ရှားနဲ့သိလား ဘာမှမဖြစ်ဘူးနော် ဂိုးပေါက်စောင့်ပေးရုံပဲ မိရင်လဲ ဖမ်းလိုက် မမိတော့လဲ ထားပေါ့နော် " ဆိုပြီး အားပေးတယ် သူငယ်ချင်းတွေကလဲ ကိုယ်စိတ်လှုပ်ရှားနေတာကိုကြည့်ပြီး
" ဟဲ့ ဒါကဘာမှမဟုတ်ဘူးသိလား သိပ်ပြီးတော့ stress မထားနဲ့ " ဆိုပြီးပြောတယ် ကိုယ်လဲ ရင်ခုန်စွာ သက်ပြင်းတချက် မှုတ်ထုတ်ပြီး
" အေး " လို့ ပြန်ပြောလိုက်တယ်
ဒီလိုနဲ့ ကွင်းထဲကို ကိုယ်တို့တွေ ဆင်းခဲ့ကြတယ်
လူတွေ အများကြီး ကိုယ်ရင်ခုန်လိုက်တာလေ ပြောမနေနဲ့ ခေါင်းကိုငုံ့ကာ ဂိုးပေါက်ဆီသို့လျှောက်သွားလိုက်တယ် လူတွေကြည့်နေလားမကြည့်နေလားလဲ ကိုယ်မသိဘူး စိတ်ထဲမှာ ကြောက်နေတာပဲ ကိုယ်သိတယ်
" ဟဲ့ နင့်ဂိုးက ဟိုးဘက်မှာ ဒါ ငါ့ဂိုးပေါက် "
" အင် " ဆိုပြီး ကြည့်လိုက်တော့ လက်ညိုးထိုးပြီးပြောနေတဲ့ တဖက်အသင်းက ဂိုးသမားကို တွေ့လိုက်ရတယ် စိတ်ညစ်ပါတယ် အရေးထဲမှ ဂိုးပေါက်လာမှားနေရတယ်လို့ ကိုယ်လဲ ရှက်ရှက်နဲ့ သူ့ကို သွားလေးဖြီးပြပြီး ကိုယ့်ဂိုးပေါက် ဆီသို့ ပြေးသွားခဲ့တယ်

ရွှီးးးးး ခရာသံနဲ့အတူ ဘောလုံးပွဲ စ ခဲ့ပါပြီ
ကိုယ် ဘောလုံးသမားခြေထောက်တွေ လိုက်ကြည့်ပြီး ခေါင်းမူးနေခဲ့တယ် ခြေရှုပ်တယ်ဆိုတာ ဒါမျိုးလားဆိုပြီး မဆီမဆိုင်လဲ တွေးနေမိခဲ့တယ် ရုတ်ရက်အနောက်တန်းကို ရောက်လာတဲ့ တဖက်အသင်းက ဘောလုံးသမားကြောင့် ကိုယ့်မျက်စိတွေ ပြာဝေလို့နေခဲ့တယ် ဖြေးဖြေးလေးကန်ပြီးသွင်းလိုက်တဲ့ သူ့ရဲ့ဘောလုံးကြောင့် ကိုယ်ဘာလုပ်ရမယ်မှန်းမသိခင်မှာတင် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကိုယ် ဝပ်ချလိုက်တယ် ဟေးးးးးး ဆိုတဲ့အသံကြီးနဲ့အတူ ကိုယ် အရမ်းလန့်သွားတယ် ဘောလုံးများ ဂိုးသွားပြီလားပေါ့ နောက်တော့မှ ကိုယ်တို့ကျောင်းက မဂိုးလို့ အားပေးတဲ့အသံ သေတော့မှာပဲ ကိုယ်လဲ သက်ပြင်းကို ဟင်းးးးးးး ခနဲ ချလိုက်ပြီး ဘောလုံးကို ပိုက်ကာရပ်နေမိတယ် ရဲနိုင်က
" ဟဲ့ ကန်လိုက်လေ ဒီဘက်ကို ကန်လိုက် " လို့ ကိုယ့်ကိုပြောမှ
" ဟေ " ဆိုတဲ့ အသိနဲ့အတူ ဘောလုံးကို သူတို့ ဘက်ကိုကန်ပေးခဲ့တယ် ငါ ဒီလိုသာ ခဏ ခဏ ဆိုလို့ကတော့ နှလုံးရောဂါရပြီးသေမှာပဲလို့ တွေးနေမိတယ် no 1 goalkeeper Edwin van der Sar တော့ ဘယ်လိုအတွေးရှိလဲမသိဘူး ငါတော့ကြာရင် ရူးတော့မှာပဲ အတွေးကောင်းနေစဉ်မှာတင် ဟေးးးးးးးးး ဆိုတဲ့အားပေးသံကြီး ကြားလိုက်ရတော့ ဘာများဖြစ်ပြီလဲလို့ ရုတ်တရက်ကြည့်လိုက်တော့ ကိုယ်တို့ကျောင်းက ကောင်တွေ လက်သီးလက်မောင်းတန်းကာ အားပေးတာကိုတွေ့လိုက်ရတော့ ဝမ်းသာသွားတယ် ကိုယ်တို့ဘက်က ဟိုဘက်အသင်းကို တဂိုးသွင်းလိုက်နိုင်ခဲ့တာကိုး

၄၅ မိနစ် ပြီးတော့ ခဏနားကြတယ် နည်းပြ က
" သမီးတော်တယ် " လို့ကိုယ့်ကိုချီးကျူးတယ် သူငယ်ချင်းတွေကလဲ
" နင်ဟယ် ငါတို့ကစိုးရိမ်လိုက်ရတာ " ဆိုပြီး ကိုယ့်ကို ဝိုင်းပြောကြတော့ ကိုယ်မနေတတ်အောင်ပဲ သူကတော့
" ငါတို့ အသင်းကို နိုင်အောင်တော့ လုပ်ပေးနော် " လို့ ပြောခဲ့တယ် သူ့ရဲ့စကားကြောင့်ပဲ ကိုယ် အားသစ်တွေရခဲ့တယ်

ဒုတိယပိုင်း ကစားတော့ ဟိုဘက်အသင်းက ပိုပြီး သဲကြီးမည်းကြီး ကစားခဲ့တယ် ဘာလို့လဲဆိုတော့ ကိုယ်တို့အသင်းက တဂိုးသွင်းထားပြီးပြီကိုး ကိုယ်လဲ ပိုပြီး ဂရုစိုက်ဖို့လိုလာပြီလေ ဘောလုံးသမား ရန်ပိုင်လို အရပ်ရှည်ရှည်နဲ့ ကောင်က ဘောလုံးကို ဆွဲလာပြီး ဂိုးပေါက်နားထိ ရောက်လာခဲ့တယ် ဒီတခါလဲ သေချာမှဖြစ်တော့မယ် ကိုယ်ဘာလုပ်ရမလဲ ဦးနှောက်ကနေ စဉ်းစားလိုက်တယ် လျှပ်တပြက်အတွင်းမှာတင် ကိုယ်ကိုယ်တိုင် မသိလိုက်ခင်မှာပဲ ကိုယ်ရဲ့ခန္ဓာကိုယ်က မြောက်တက်သွားပြီးတော့ ဘောလုံးကို ပုတ်ထုတ်ခဲ့တယ် မင်သက်ရှုမောနေတဲ့ ကိုယ်တို့ကျောင်းက အားပေးနေတဲ့ သူငယ်ချင်းတွေ အခုချိန်မှာပဲ ဟေးးးးးးး ခနဲ ထ အော်လိုက်သံကို ကြားလိုက်ရတယ် ကိုယ်လဲ အရမ်းပီတိ တွေဖြစ်သွားခဲ့တယ် သူက တော့ ကိုယ့်ကို သွားကြီးဖြီးကာ ပြုံးပြခဲ့တယ်
ဒုတိယပိုင်း ပြီးခါနီးမှာတင် လွင်ဦး သွင်းလိုက်တဲ့ ဂိုးကြောင့် ကိုယ်တို့ရဲ့အသင်း semi final ကိုတက်သွားခဲ့တယ်

" ထ ၂ ထ ၂ " လို့ အော်တဲ့ ကျောင်းသားတွေကိုကြည့်ပြီးတော့ ကိုယ် အရမ်းပျော်နေခဲ့တယ် နည်းပြကလဲ အရမ်းဝမ်းသာစွာ ကိုယ်တို့တွေကို အားပေးခဲ့တယ် အားလုံးသူငယ်ချင်းတွေက ကိုယ့်ကို ချီးကျူးကြတယ်
" နင် လေ သိပ်တော်တာပဲ မဟုတ်ရင် သရေ ဖြစ်မှာ အဲကျရင် ပင်နယ်တီ ကန်ရမှာ " တဲ့ ကိုယ်ကလဲ
" မဟုတ်တာ နင်တို့ တွေလဲ တော်ပါတယ် " အဲဒီနေ့က ကိုယ်တို့ စားပွဲလေး တခုလုပ်ဖြစ်ကြတယ်
ကိုယ်က
" semi final လောက်ဆိုရင် မြင့်နိုင်တယောက် ပြန်ကောင်းလောက်ပြီ ထင်ပါတယ် နော် " ဆိုတော့ သူက
" မြင့်နိုင်မလာနိုင်လဲ နင်ရှိတာပဲ နော် ဆရာ " ဆိုတော့ အားလုံးက
" အေး ဟုတ်တယ် " လို့ တညီတညာတည်းထောက်ခံကြတယ်
" မလုပ်ပါနဲ့ဟယ် ငါ နောက်တပွဲဆိုရင် နှလုံးရောဂါရလိမ့် မယ် " ဆိုတော့ အားလုံး တဟားဟားးးးး နဲ့ ကိုယ့်အဖြစ်ကို ဝိုင်းရယ်ကြတယ်
အဲဒီ ညက ကိုယ် ပျော်လွန်းလို့ အိပ်မပျော်ခဲ့ဘူး

ကံကောင်းထောက်မစွာ မြင့်နိုင်ပြန်ပြီး ကစားနိုင်ခဲ့တဲ့အတွက် ကိုယ် ကတော့ အားပေးသူသက်သက်ပဲ ဖြစ်ခဲ့တယ် ကျော်ကျော်တို့ အသင်း semi final ကနေ တဆင့် final တက်ကာ နောက်ဆုံးမှာ ဒုတိယ ဆုရခဲ့တယ် ကျောင်းအတွက် ဂုဏ်ရှိတာပေါ့ ကိုယ်တို့ အားပေးသူတွေလဲ အားပေးရကျိုးနပ်တာပေါ့ ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ်အကောင်းဘက်ကနေပဲ လှည့်တွေးဖြစ်ခဲ့တယ်
" နင်တို့တွေ တကယ် တော်တယ်ဟာ " လို့ ကိုယ်သူ့ကိုပြောတော့ သူက
" နင်သာ final ထိပါလာရင် ငါတို့အသင်း ပထမ ဆုရမှာ " လို့ပြောတဲ့ သူ့စကားကြောင့် ကိုယ့်ရင်ထဲ တော်တော်လေးကြည်နူးသွားခဲ့တယ်

ဒီလိုနဲ့ ဒီလိုနဲ့ ကိုယ်တို့တတွေ ချစ်သူဖြစ်သွားခဲ့ကြတယ် (ဘာလဲလို့တော့လာမမေးပါနဲ့ ဒါကတော့ မြုပ်ကွက်ပေါ့)
သူအမြဲတမ်းပြောတဲ့စကားလေး
" နင် နော် ငါ့ကို ဘောလုံးတသင်းထောင်နိုင်အောင် ကလေး မွေးပေးရမယ်နော် " တဲ့ ကိုယ် သူ့ကို မျက်စောင်းထိုးကာ ကျောကုန်းကို ထုတော့ သူက
" အေးလေ နင်မလုပ်ပေးလဲနေပေါ့ ငါ နောက်ထပ် ၂ ယောက် ၃ ယောက်လောက် ထပ်ယူလိုက်ရင် သူ့သူ အလိုလိုဘောလုံးအသင်းထောင်ပြီးသားတဲ့ ဟားဟားးးးး " တဲ့ ဗိုက်ခေါက်ကို အားရပါးရ လိမ်ဆွဲတော့
" အမလေးဗျ မလုပ်ပါနဲ့ " ဟုဆိုကာ ကိုယ့်ကို သူ့ရင်ခွင်ထဲ ထည့်ထားတော့တယ်
ကိုယ်လဲ စိတ်ကူးယဉ်မိပါတယ် ကလေးတွေ အများကြီးနဲ့...........

ကြည့်ခဲ့ဖူးတဲ့ shaolin soccer ကားလေးကို အခြေခံ၍ အမှားပါရင်လဲ ခွင့်လွှတ်ပါလို့..........

27 comments:

ရင်ရဲ့ ရိုးရာ said...

ဘောလုံးဖူးစာ ဆိုတော့ လုံးလုံးကြီးပေါ့နော် ၀က်ကလေး အဟီး
ငါဖြင့်ဖတ်ရင်းဖတ်ရင်း နင်များလားလို့ အံမယ် ဒီလိုကျ င့ါသူငယ်ချင်းက တယ် စွံသားဟ လို့ အဆုံးသတ်ကျမှ ဟွန်း

kiki said...

ဟမ်.....ဝက်ကလေး goal keeper လုပ်ဖို့  ဂိုးတိုင်ကို စပါယ်ရှယ်လုပ်ထားပေးကြတယ်ထင်ပ ..၁X၂ ပေ မဟုတ်လား ၊ဂိုးတိုင်ဝမှာ ပိတ်ပြီး အိပ်နေလိုက် ။ဘာဘောမှ တောင်ဖမ်းစရာ လိုဘူးကွဲ့  ။ ပထမ ဆု နဲ့  လွဲတာ နာတယ်ကွယ် ။ ဝက်အိပ် ဝက်နေ သာဆို သေချာတယ် ပထမ ...... နောင်ဆို နေရွှေသွေးလေးက ခေါ်သုံးမယ်တဲ့ သိလား ။။( ဂိုးပေါက်စောင့် ဖို့ ပြောပါတယ် ...)

စိုင်း said...

ဘောလုံးလေး တွေ့ရင် နင်တော့ အသေပဲနော်.........ငှက် ကြိုပီးဖားထားလိုက်အုံး...........ငွှဲ.....ငွှဲ..ငွှဲ

စိုင်း said...

ဘောလုံးလေး တွေ့ရင် နင်တော့ အသေပဲနော်.........ငှက် ကြိုပီးဖားထားလိုက်အုံး...........ငွှဲ.....ငွှဲ..ငွှဲ

Vista said...

ဘောလုံး ၁သင်းကြီးဒေါင်မှမွေးမှာလား ...
ကြောက်ထှာ ဝက်ကလေးရယ်

စိမ်း... said...

ဟေး ဟေး ရှောင်လင်ဆော့ကာ ကိုယ်လဲကြိုက်... :P

ခြေလှမ်းသစ် said...

ငှက်ကလေးရေ ၀မ်းသာနေလိုက်တာ ငါတို့ငှက်လေး ရည်းစားရသွားပီလားလို့ sholin ဆိုတာကိုတွေ့မှ ဇတ်လမ်းကိုပြန်ရေးနေမှန်းသိတော့တယ် .. အရမ်းဖတ်ကောင်းတာပဲဟေ့ ....

Andrew said...
This comment has been removed by the author.
Andrew said...

အရမ်းကောင်းတယ်ဗျာ ကျတော်ကလဲဘောလုံးဝါသနာပါတာဆိုတော့ ဒီ post ကိုတော့အရမ်းကြိုက်တယ်ဗျာ

ကာရံဆူး said...

ဝက်ကလေးရေ...ဘောလုံးကို ၀ါသနာမပါပေမဲ့ ဖတ်လို့ ကောင်းပါတယ်...ကာရံက ၀က်ကလေး ကိုယ်တိုင်လားလို့ ...နောက်မှ Shaolin Soccer ကားကိုး...အဲ့ ကားထဲကလို ပါဝါတွေနဲ့ ဖမ်းရင် ပထမရမှာနော်...ဘောလုံး တစ်သင်းတောင် ဆိုတော့ တော်တော် အင်အားများတာပဲ..နည်းနည်း လျှော့ပါဦး...အချစ်က ခွန်အားတွေကို ဖြစ်စေတယ်နဲ့ တူတယ်..ဟုတ်လား..:P

maylay said...

အဟား ဘောလုံးပွဲများကြည့်ရမလားလို့ ရေးကောင်းလိုက်တာ ။အင်းနော် ကိုစိုင်းပြောသလို ဘောလုံးလေးကို အရင်ဖားထားဦး

moemoestar said...

ကိုယ်လည်း စဖတ်တုန်းက ဝက်ကလေးအကြောင်းလားလို့ ...

linn said...

ဟမ် ...အဟုတ်ကြီးမှတ်လို့ တယ်တော်တဲ့ ၀က်ဝံလေးပါလားပေါ့ ... ပြီးကျ shaolin soccer ကားလေးကို အခြေခံထားတာဆိုတော့ ဟူးးးးးးးးးးးးးးးးးးး

yangonthar said...

အဲဒီကားထဲမှာ မင်းသမီးက ဆံပင်မပါဘူးနော်
:)

မိုးစက်ပွင့်လေး said...

သူများလားလို့ နော်.. ဟိဟိ...
ဖတ်လို့ ကောင်းပါတယ်ချင့်..

လူရိုင်းလေး said...

ဌက်မလေးက တော်သားပဲ အာနိုးတို့ ငါတို့ ဘောလုံးကန်ရင်လဲ နင်က ဂိုးဖမ်းပေးပေါ့ဟာ ဟဲ ဟဲ

ကျော်ကျော်အောင် said...

ဝက်နင်သာဘောလုံးဖမ်းမယ်ဆိုရင်လေ
ငါတို့ငယ်ငယ်က..ကစားတဲ့ဂျပန်ဂိုးလိုဟာ
မျိုးဆိုရင်တော့ဖင်ထိုင်ရက်သာထိုင်ချထား
ဘယ်သူမှလာမသွင်းနိုင်ဘူးနင်ကျိန်းသေ
နိုင်မှာသိလား

mae said...

အော်.. ဝံမလေး၊ ကြော်ငြာ ဝင်သလိုနဲ့ shaolin soccer ဆိုပီး အဖျားရှုးပလိုက်တယ်

Beauty Studio USA Branded Store said...

ဘောလုံးလေးလို ဟိုကန်ဒီကန် ဖူးစာမှန်နဲ့ ညားသွားလေတော့သတည်း လို့ပဲ ကိုယ့်ဘာသာ ကိုယ် အဆုံးသတ်လိုက်တယ်။:P

နွေဆူးလင်္ကာ said...

ငယ်ငယ်က ကျောင်း assembly မှာ ၁၆နှစ်အောက် အသင်းခေါင်းဆောင် ဆုထွက်ယူပါဆိုပြီး ကျောင်းအုပ်ကြီးက ခေါ်လိုက်တော့ ကျနော် ထော့ကျိုးထော့ကျိုးထွက်လာလို့ ၀ိုင်းရယ်ခံရတာ သတိရတယ်။ ပထမရတာနော် မပေါ့နဲ့ ထ၂ ပဲ ဟဲဟဲ။

chit palone said...

နင်ကလည်း ဘာရယ်ညာရမယ်မဟုတ်ဘူး လူရှိန်တာပေါ့လားဟ ဘောလုံးတသင်းတောင်ထောင်မယ်ဆိုပဲ ဆရာပါလားနော်။ အဟိ။ အေးဟာ ခြင်ကိုက်တိုင်းမွေးရင်တော့ တဒါဇင်ရမယ်ထင်တယ်နော် အဟိ အရူးမ ဒါမျိုးလည်းဖြစ်တာပဲ။ ဖတ်လို့ကောင်းတယ် ဆက်ရေး
ပြန်ပြီ
တာ့တာ
ပျော်ရွှင်ပါစေ
(နင့်ဖုန်းထဲမှာ ပိုက်ဆံထည့်လို့ရပါစေနော် အဟိ။)
ဗီဇက်အိုလည်း ဖွင့်မရပါစေနဲ့ အဟိ။

Angel Shaper said...

ဝက်ဝက်တို့ များ လုပ်လိုက်ရင် အဟုတ်မှတ်တယ်။။။ ဖတ်နေတာ သူ့ဇာတ်လမ်းလားလို့။ ၀က်ကလေး နင် ၀က်ကြီးဖြစ်ပြီး ဟိုင်းတော့မယ်နော်။ ကြိုးစားဦး။ ဟဟ

ကောင်လေးငယ် said...

အယ် ၀က်ကလေး အပေါ်မှာပြောထားတာတွေကစုံလို့ပဲ
နာက ဘာပြောရတော့မှာတုန်း...
အားပေးတယ် ..ဟီဟိ မွေးသာမွေး
ဟိုလေ JME က ကဲသာကဲ တဲ့..
နင်ကတော့ မွေးသာမွေးပေါ့

rose of sharon said...

ဟွန်း...ကိုယ်တွေ့များလားလို့

မချစ်ရ said...

တသင်းလုံးမွေးနိုင်တယ်ပဲထားတော့
တသင်းစာကျွေးရမှာတော့မလွယ်ဘူးနော်
ဟိဟိ
ဂျစ်ရေလာလည်တယ်ဟေ့
ဘယ်ရောက်ဘယ်ပျောက်

ကိုလူထွေး said...

ကိုယ့်အကြောင်းကိုရေးထားတယ် ထင်လို့ စိတ်ဝင်တစားနဲ့ အသေအချာဖတ်နေတာ...

နောက်ဆုံးခန်းရောက်မှ ဒါ ငါ့ညီမ မဟုတ်လောက်တော့ဘူး ဆိုပြီးတွေးမိတာ...

တော်တော်ဆိုးတဲ့ ဝက်ကလေး...

းဝ)

သားကြီး said...

ဂိုးပေါက်မှားတဲ့ကိစ္စကိုပြောတော့မလို့ပဲ
အဲဒီshaolin soccerကိုခြောက်ခေါက်ရှိတယ်
ကြည့်တာ