Monday, 5 October 2009

*** သီတင်းကျွတ် သို့ အလွမ်းများ ***

သီတင်းကျွတ်၍ ကင်းလွတ် မိုးလေ
သာသည့် ကာလ ရာသီလှတည်း။ ။

သုံးပင်ရှင်လူ မှီခိုအားထား
မြတ်ဘုရား နှင့်  မုနိ စေတီ
စိတ်ဝယ်ရည်၍ ကောင်းရာအမူ့ 
ပြုကြ သည်ရက် ကြည်ရွင် လန်းပြ
နေ့ အလှတည်း။ ။

လပြည့် ချိန်ရက် နေ့ ထူးရက်မို့ 
မောင်တို့ လွမ်းသည် ဋ္ဌာနီမွေးရပ်
ဝေး၍ ကွာသည် တပြည်ရပ်ခြား
အလုပ်များကြောင့် ။ ။

မနီးမနား ဝေးကာခြားသည်
ကျောင်း ၊ကန် ၊ဘုရား ၊ ရှင်မြတ်တို့ အား
စိတ်နှလုံးဖြင့်  ဦးညွတ်ဝတ်တွား ကုသိုလ်များ ကာ
ပူဇော်ရသည့်  လွမ်းရရက် များတိုးသောကြောင့်  ။ ။

မောင်တို့ မှာလဲ ပြုရာအပေါင်းကုသိုလ်ကောင်းအား
တည်မျှအချေ ပြုပါလေ၍
ဘုရားမြတ်ထံ တောင်းဆုပန်သည်
နှစ်ဖြာ မိဘ ဘိုး၊ဘွား အများတို့ 
ကြည်သာရွင်ပျ လှသည့် နှလုံး
ပြုံးသည်အမြဲ အဖြစ် စွဲနှင့်  မမေ့ တရားပွားများနှိင်ကြောင်း
ကောင်းမျှ ထိုထို ရှိစေလို၏ ။ ။

ကျွမ်းရာငယ်ပေါင်း ဆွေကောင်းတို့လဲ
အလိုပြည့်  ၍ ကျက်သရေအပေါင်း
ကောင်းသမျှ နှင့်  သစ္စာ တရား တွေ့ ကောင်းသည်သာရှိပါစေ ။ ။

မြတ်နိုးရသူ သူ့ အတွက်မူလဲ
လှသည်ဝန်းကျင် ရွှင်သည်စိတ်ဝမ်း
မယ့် စခန်းလည်း အေးချမ်းသာယာဖြစ်ပါစေ ။ ။

မယ်လေးကောင်းမူ့ ပြုသည့် ဆုတောင်း
ဤအကြောင်းဖြင့်  မယ်ချစ်ရသူ မောင့် ကိုယ်မူလဲ
ကိုယ်ရောစိတ်ပါ သာကောင်းမွန်မြတ် ရှိအပ်ပါသည် ။ ။

ချစ်ခင် သနား သစ္စာထား၍
မယ်လေး သူ့ တို့ ပျော်ပါစေကြောင်း ဆုချွေတောင်း သည်
အဝေး လွမ်းအိမ်မက်ရှည် ကြာရတုန်းမို့ ။ ။

( သားငယ် )

19 comments:

kiki said...

ဝက် ကလေးးး
ဘယ်တုံးက သားပေါက်တာတုံး အေ့ ..
တယ်လျှင်ပါ့လားးး

( ကဗျာရေးတတ်နေပြီ အောင်းမေ့နေတာ ..
နောက်ဆုံး မှ သားမွေးပြီး ရေးခိုင်းနေတော့တာကိုးးးးး )

၁ ဟေ့ .... ၁ ဟ ...

ကာရံဆူး said...

ဟေး...၀က်ကလေးရေ..၂ ယူသွားပါတယ်...ပျော်ပါစေ..

ကာရံဆူး said...

အယ် ၃ ဖြစ်သွားတယ်...သားငယ်လေးက ကဗျာရေးတဲ့ အရွယ်တောင် ရောက်နေပြီကိုး...လေးစားပါတယ် ၀က်ကလေးရေ...မထင်ရဘူးနော်...:P

kiki said...

အော်... ဝက်ရယ်..
ခုမှ တရေးနိုးလာ တာလား ...
ဖြေးဖြေး လုပ် .....
ခုမှ လွမ်းကောင်းတုံးလား...

ဆက်လွမ်းးး
နောင်နှစ်ထိ ..

ဟဲ့  ၂ ပါယူရမှာလား တော် ....

kiki said...

အန်..မြန်ကြတယ် ..ခေတ်ကာလ သားသမီးများး
ပေါက်တာ ပွားတာ တယ်မြန်..
၂ တောင် မရတော့ဘူးတဲ့ ဟွန်း

Anonymous said...

ယောင်းလေးးးးးးးးးးးးးး
ပြေားတော့...ကဗျာမကြိုက်ဖူးဆိုဟုတ်ဖူးလား
ခုတော့ကြိုက်တတ်လာပြီပေါ့လေ ရှင်က
ဟုတ်လား????????????????????????????
ကဗျာဆိုတာက ခံစားချက်ပြင်းထန် မှ ကြိုက်တတ်တာတဲ့လေ ဟုတ်ဖူးလားဟင်???
ဘာခံစားချက်လည်းးးးးးးးးးးးးပြေားးးးးးးးးးးးးးးးးးး
လာဘ်ထိုးတာက ဟိုနေ့ ကမှလေ ခုသားတောင်ရသွားပြီဟုတ်လား
မြန်လိုက်တာနော် သြော်
ရှင် ကဒီလောက်တောင်မြန်တယ်ဟုတ်လား
ကျမလာဘ်ထိုးမိတာပဲမှားသွားလားဟင် ခဏနေတွေ့ မယ်သိလား စောင့်နေ စကားပြေားမယ် ခုဆေးရုံ
သွားရမယ်..သိလား...မနက်ကမသေတာကံကောင်း အဟင့် ..သတင်းလေးဘာလေးလာမေးအုံးသိလား

Beauty Studio USA Branded Store said...

ကဗျာကောင်းလေးပဲဗျာ။ အသေအချာကိုဖတ် လိုက်တယ်။တခုပဲ ညီမရေ
ကျွမ်းရာငယ်ပေါင်း ဆွေကောင်းလည်း ကစာထောက်နေတယ်။ ကျွမ်းရာငယ်ပေါင်း ဆွေကောင်း"တို့"လည်းလိုဆိုရင် ဖတ်ရတာအဆင်ပြေမလားလို့။ခင်မင်မှုဖြင့်ပါ။ပျော်ရွှင်ပါစေ ညီမရေ။

သူငယ်ချင်းချစ်သူ said...

ဘယ်တုန်းကတင်လိုက်တာလဲ အမတောက်လျှောက် ၀ံလေးဘလော့ဂ်ထဲမှာရှိနေတာ ။ တစ်မရလိုက်ဘူး ဖြစ်သွားတယ်။ အခုလေးဘဲအိပ်တော့မလို့ ပြင်ဆင် တုန်းပြန်လာကြည့်တော့ (၈) ဖြစ်သွားပြီ ။
ချမ်းမြေ့ပါစေ ။

ခြေလှမ်းသစ် said...

ကဗျာလေးနဲ့ ဘလေဂ့်လေးက ပိုပြီးလန်းသွားတယ် ဖတ်လို့လဲကောင်းတယ်ဟေ့ .... စာဆိုတာ ကဗျာမပါရင် ဗလာလို့တောင် ထင်ရတယ်နော် ... သိလား ခလေး ...

maylay said...

ကဗျာလေးက လှလိုက်တာ။ ရေးသူက သားငယ်လား ။ခါတိုင်းဆို ဝံလေးက စာဖြေလေး ပြန်ရေးတယ်။ ခုက (သားငယ်)ပဲရေးထားတော့် ?????? ကူးသွားတယ်သိလား။ မေလေးလည်း ဝံလေးနာမည်ကို စက်တင်ဘာ ယူသုံးပြီးတော့ ခုလည်း ကောင်းကင်ယူသုံးပြန်ပြီ ဟဟ ။ ကျန်းမာပျော်ရွှင်ပါစေနော်

မိုးခါး said...

ကောမင့်တွေဖတ်ပြီးရီလိုက်ရတာ .. :D
ကဗျာလေးကောင်းတယ် .. ရေးသူရော တင်သူရော တော်တီးတီးတော် :D

rose of sharon said...

ကဗျာလေးကောင်းတယ်... ငယ်ငယ်က သင်ခဲ့ရတဲ့ မြန်မာ ကဗျာလေးတွေကို သတိရသွားတယ်...

Anonymous said...

ကဗျာလေးက မဆိုးဘူးပဲ.. လွမ်းစရာ

စိမ်း... said...

အာာာာ
ဘူပဲရေးရေးကွာ... ကောင်းတာက ကောင်းတာပဲ...

သုခုမလေဒီ said...

ဟယ် ဒီဝက်ကလေးက ဘယ်ဆိုးလို့ တုန်း ။ ကဗျာတွေ ဘာတွေစပ်လို့ ပါလား။ ဒါကြောင့်ပြောတာ ၀က်ဆိုတိုင်း အထင်မသေးရဘူးလို့ .....း))

Lucifer said...

ဝက်ဝံလေးရေ..မမီးကတော့ သီတင်းကျွတ်မှာ ဖွားဖွားကို အရမ်းသတိရတာပဲ... ကန်တော့တိုင်း မုန့်ဖိုးအမြဲးရတယ်...

အနော် said...

သီတင်းကျွတ်ကဗျာလေး လာခံစားသွားတယ် ဝက်ဝံလေးရေ

Angel Shaper said...

လုပ်ပြန်ဘီ။ ကဗျာလေးလှလိုက်တာ၊ ကောင်းလိုက်တာလို့ စိတ်ထဲက ချီးကျူးမယ် မကြံသေးဘူး သားငယ် ရေးတာဆိုပဲ။ ၀က်မတော့လေ။။။ ဟင်းးးးးဟင်းးးးးးး

တက်လူငယ် said...

ကဗျာအရေးအဖွဲ့ ပြေပြစ်ကောင်းမွန်တယ်။