Saturday, 18 September 2010

Special day 4 me !!!

ဒီနေ့က ထူးခြားပါတယ် special day ပေါ့ ဒီလောကထဲရောက်အောင် မွေးဖွားပေးတဲ့ မေမေ ရယ် လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ ဖေဖေရယ် ကိုယ်ဆိုးချင်တိုင်း ဆိုးလို့ရပြီး

အလိုလိုက်ခဲ့ကြတဲ့ ကိုယ့်ရဲ့ ကိုကိုနဲ့ ညီမလေး ရယ်ကို ကျေးဇူးလဲတင်ပါတယ် ချစ်လဲချစ်ပါတယ်လို့ ပြောချင်ပါတယ် (ဟိုလေ အကယ်ဒမီရရင် အဲဂလို ကျေးဇူးတင်စကား ပြောတယ်မလား ဟိ)

(မမကိုး ဆွဲထားပေးတဲ့ကာတွန်းလေး ကလစ်ထောက်ကြည့်နော် ပြီးတော့ ချဲ့ကြည့်သိလား အရမ်းချစ်ဖို့ကောင်းတာပဲ ကာတွန်းလေးက အဟိ)

“ ချစ်ညီမလေး မွေးနေ့မှစ လိုရာရ ရွှင်လန်းချမ်းမြေ့ ပျော်ရွှင်ပါစေ”
ညီမလေးရေ... မမ ခရီးသွားလိုက်ရတာရော ရုံးမှာ အရမ်းအလုပ်များနေတာရော ခုမှ မွေးနေ့လက်ဆောင်ပို့လိုက်ရတာ စိတ်မကောင်းဘူးကွယ။် ဒါပေမယ့် မွေးနေ့အမှီ မမ ကြိုးစားပြီး ဆွဲထားပါတယ်း) ညီမလေး.... ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ပါစေ။

ဆိုတဲ့မေးလ် နဲ့တူတူ မမမယ်ကိုး က ကာတွန်းလေး ပို့ပေးခဲ့ပါတယ်
ဒေါ်လေးမိုးကယ် (အဲလိုခေါ်ရင် အကြိုက်ဘူးတဲ့ ဟိဟိ) မမကိုးရေ ကျေးဇူးနော် ပုံလေးက သမီးထက်တောင် ချစ်ဖို့ကောင်းသေးတယ် ဟိ

မနက်ဖြန်မွေးနေ့ ~~ ကံကောင်းအောင် ဘုရားစာလေး ဘာလေးဆို ဝက်စုတ်လို့ လာပြောတဲ့ ဆောင်း
ဝက် နင်က စောစောက မပြောဘူး ငါ လက်ဆောင် ပို့ပေးမှာပေါ့ လို့ ပြောတဲ့ သူငယ်ချင်း ချစ်ပါးလုံးလေး
ဖုံးနဲ့လှမ်းပြီး Happy Birthday ပါဆိုပြီး message ပို့တဲ့ သူငယ်ချင်း အာနိုး
မွေးနေ့လား ဖွား ဆုတောင်းပေးမယ်နော် မြေး လို့ ပြောတဲ့ မခိုင်နုငယ်
မွေးနေ့မှာပျော်ရွှင်ပါစေနော် ငါမသိလို့လို့ ပြောတဲ့ သူငယ်ချင်း ဂူးငယ်
ည ၁၁ ခွဲမှာ ဖုံးဆက်ပြီး Birthday Wish လှမ်းလုပ်တဲ့ ကိုကြယ်
မနက် ၉နာရီ ခွဲလောက်ကျ မွေးနေ့မှာ ပျော်ရွှင်ပါစေ မမ ဆိုပြီး ဖုံးလှမ်းဆက်တဲ့ ညီမလေး နဲ့မေမေ (အဲဒီအချိန်ထိ အိပ်ယာကမထသေး ဟိဟိ)
မျက်နှာစာအုပ် (facebook) ကနေ မွေးနေ့ ဆုတောင်းပေးကြတဲ့ သူငယ်ချင်း အားလုံး (အဖေ့ဘွတ်လဲ ဖွင့်လိုက်ရော အာားဘာားး အများဂျီးပဲ သိရား ပျော်စရာကြီး သူတို့ကို reply ပြန်ရတာ ဟိဟိ )

အားလုံးကိုကျေးဇူးတင်ပါတယ် ကိုယ့်ရဲ့မွေးနေ့ကို သတိတရ wish လုပ်ပေးတဲ့အတွက်ပေါ့ (ကိုကို မပါဘူး နော် ဧကန္တ wish မလုပ်ပဲ အံ့သြသွားအောင် မွေးနေ့လက်ဆောင် ပေးမလို့နဲ့တူတယ် ဟိဟိ ညီမလေးက ပြောတယ် ကိုကို့ဆီက မွေးနေ့လက်ဆောင်တောင်းတဲ့ အတော်ပဲနော် external hard drive ဝယ်တာ ပိုက်ဆံပြန်မပေးရသေးဘူး အဲဒါ မွေးနေ့လက်ဆောင် အဖြစ် ပေးလိုက်တော့နော် ဟိ)

မစနေ စကားယူသုံးလိုက်မယ်နော် “ အသက်သာကြီး၏ သို့သော် ကျွန်မ မရင့်ကျက်သေးပါ ” ဆိုသလိုပဲ အသက် ၂၁ နှစ် (ထည့်မပြောချင်ဘူး ကိုယ်အသက်ကြီးတာမသိစေချင်ဘူး ဟိဟိ) သာ ပြည့်တာပါလူက တကယ် မရင့်ကျက်သေးပါဘူး ရင့်ကျက်ဖို့ အများကြီးလိုပါသေးတယ် မရင့်တော့ မရင့်ကျက်သေးဘူး ဒါပေမယ့် ရင်တော့ကျပ်တယ် အဟွတ် အဟွတ်

ဘာမှမကျွေးတော့ဘူးနော် တကယ်လဲ စားရတာလဲ အဟုတ်ဖဲနဲ့နော့် နောက် လူချင်းတွေ့မှ ဝက်ကို မုန့်ဝယ်ကျွေးနော် အဲလေ ယောင်လို့ ဝက်က မုန့်ဝယ်ကျွေးမယ်နော် ဟဲဟဲ

Happy Birthday To Me, Bear !!!!

20 comments:

မယ့်ကိုး said...

ညီမလေးချစ်ဖို့ကောင်းလို့ ပုံလေးက ချစ်ဖို့ကောင်းတာပါး)
ထပ်ဆိုတောင်းပေးတယ်နော် ညီမလေး ...
“ ချစ်ညီမလေး မွေးနေ့မှစ လိုရာရ ရွှင်လန်းချမ်းမြေ့ ပျော်ရွှင်ပါစေ”
း)

Anonymous said...

Remembering you on this special day with loving thoughts and memories--
You're a very special sister.
Happy Birthday!

Lamin

khin oo may said...

ပြောပြမှဘဲသိတော့တယ်။

khin oo may said...

ပျော်ရွင်ပါစေ ချစ်သမီးငယ်။

ကြယ်သောကြာ said...

ယနေ့ကဲသို့ပျော်ရွှင်ဖွယ်ရာ မွေးနေမင်္ဂလာနေ့ရက် များစွာ ဖြတ်သန်းနိုင်ပါစေ

ဝက်ဝံလေး said...

အယ် ကြာကြီးရယ် ပျောက်နေတာကြာပေါ့ ဝင်လို့မရတဲ့ကြားက ကျော်ခွပြီး ဝင်ပြီး မန့်ပေးတဲ့အတွက် ကျေးဇူးနော် ငါတို့လဲ နင့်ကို သတိရပါတယ်ဟယ် မိန်းမ ယူပြီးရင်တော့ အကြောင်းကြားဦးနော် သိလား ဟဲဟဲ တာ့တာ

ကျေးဇူး မမကိုး လမင်း နဲ့ မာမီ

သူကြီးမင်း (တုံးဖလား) said...

အမ်...
ဝက်မွေးနေ့လား။ သိတောင်သိလိုက်ဘူး။ မသိခဲ့ရပေမဲ့လဲ ဆုတောင်းပေးလိုက်ပါတယ်။
ဝက်ကလေး ပျော်နိုင်ပါစေ။ ရွှင်လန်း၊နိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုဇော် said...

အကိုလည်း အခုမှ သိတယ် ဝက်လေးရေ။
Happy Birthday ပါ။
မျက်နှာစာအုပ်မှာတော့ မသိလို့ လာမနှုတ်ဆက်နိုင်တော့ဘူး။ နောက်ခါ လမ်းမှာ တွေ့တော့မှပဲ လက်ဆောင် ပေးတော့မယ်နော်။

ပျော်ရွှင်ပါစေ။

သုခုမလေဒီ said...

ဟယ်တော့ မွေးနေ့ဒီလဆိုတာတော့သိတယ် ရက်မသိဘူးဖြစ်နေလို့.. ချိတ်မကောင်းဘူး.. ၀က်ရေပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ။ လက်ဆောင်ပို့လို့ရသေးလားသိဘူးး)))

ကြည်ဖြူပိုင် said...

ဝက်ဝံလေးမွေးနေ့ကို သိလိုက်ဘူးတော်။
ဆောတီး။
ဝက်ဝံလေးကလဲ စကားတတ်....
မယ်ကိုးဆွဲပေးထားတဲ့ကောင်မလေးကလဲ စကားတတ်။
မိုက်တယ်ကွာ။Good.
အလယ်အရုပ်လေးကမုန့်တွေနဲ့နော်....
ဒါဆိုရင်တော့သေချာတယ်..၀က်ဝံလေးပဲ..မမှားဘူး
(ခင်မင်စွာဖြင့်စ သွားသည်)
ပျော်ရွှင်ချမ်းမြေ့ပြီးအောင်မြင်မှုအပေါင်းနဲ့ပြည့်စုံပါစေညီမလေးေ၇

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်ကလေးရေ
နောက်ကျတဲ့ မွေးနေ့ဆုတောင်းအတွက် ဆောရီးပါ
ပျော်စရာမွေးနေ့ဖြစ်ပါစေ။
အောင်မြင်ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀ကိုပိုင်ဆိုင်ပါစေ။
ချစ်သောသူများနှင့် မခွဲမခွာ ပျော်ရွှင်စွာ ရာသက်ပန် နေထိုင်နိုင်ပါစေနော်..



ချစ်တဲ့ မချော

မြစ်ကျိုးအင်း said...

ဆလူးလေးက ၂၁နှစ်ပြည့်ပြီလား
ထင်တောင်မထင်ရဘူး ၁၆နှစ်လို့ထင်နေတား)
ကဲ မွေးနေ့မှာ ပျော်ရွှင်ပါစေဗျား
ဆန္ဒတွေ အားလုံးပြည့်ဝပါစေ။
နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် အပူအပင်ကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ပါစေ။
ပညာတွေ အများကြီးတတ်ပြီး အောင်မြင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။
အများကြီး ဆုတောင်းပေးသွားတယ်။

သံလွင် HeRo said...

ဟတ်ပီးဘတ်ဒေးပါ ဝက်ဝက်ရေ....
all the best :)

ပိုးဟပ်လေး said...

Sorry ဝက်ရေ...
မသိလိုက်လို့နော်....
ခုပဲ ဆုတောင်းပေးမယ်
Happy နဲ့ Birthday ပါနော်...
ဝက်နဲ့ တွေ့မှပဲ ဝက်ကလေး ကြွေးမဲ့
မုန့်ကို တစ်ဝကြီး စားတော့မယ်..

ချစ်ကြည်အေး said...

ဝက်ကလေးလေးကနေ ဝက်အပျိုမကလေး ဖြစ်သွားပြီပေါ့ ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမဝက်ကလေးရေ....:)

ရွှေရတုမှတ်တမ်း said...

ဝက်ဝံမကြီး ဗိုက်နာလို့ အော်သံလဲ မကြားရဘူး..
ဝက်ဝံ လက်သည်ကလဲ လာမပြောဘူး...
ဝက်ဝံလေးက ...အုဝဲ....အုဝဲ ....နဲ့လာအော်မှ သူမွေးမှန်းသိတော့တယ်.....
ဘကျောက်က အဖိုးကြီးလေ..မျက်စေ့ကမှုန်...နားကထိုင်း...ခါးကကိုင်းနေတော့..မသိလိုက်ဖူး..
နောက်နှစ်ပေါင်းများစွာ...ဆပ်ဆလူးခါ...အဲလေ...ပျော်ရွှင်နိုင်ပါစေ...မွေးနေ့တွေမှာပေါ့....

ခိုင်နုငယ် said...

မြေးရေ...ဖွားလည်းသိသိကြီးနဲ့ နောက်ကျနေတယ်။
ကုန်းကြောင်းလျှောက်လာတာမို့ နောက်ကျနေသကွယ့်
ခွေးလွတ်နှော်....
ငါ့မြေး နှစ်ဆယ့်တစ်နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် လိုရာဆန္ဒ တစ်လုံးတစ်ဝပြည့်ဝပါစေကွယ်။


မြေးရဲ့ဖွား

လင်းကြယ်ဖြူ said...

Many Happy Return of the Day....
......*****.....*****......****..

sosegado said...

Happy Birthday
နောက်ကြလေ့ရှိသူ

Khyl said...

ကဲကဲ... ဘယ်လိုဒါဏ်တပ်ချင်လဲငှင်.... ဟိဟိ