Monday, 17 August 2009

ငှက်ငယ်လေး အား တောင်းပန်ခြင်း


ညီမ ဒီဘလော့ဂ်လေးကို စလုပ်ခဲ့တာ ဘာရယ်မဟုတ်ပါဘူး သူများတွေ လုပ်တာမြင်တော့ ကိုယ်လဲ ဘလော့ဂ် တခု ရှိချင်တယ်ဆိုပြီး ၆.၅.၀၉ (မှတ်မှတ်ရရ မေမေ့မွေးနေ့မှာ) စလုပ်ခဲ့ပါတယ် ဘာ user name နဲ့သုံးရင်ကောင်းမလဲ စဉ်းစားလိုက်တော့ အိမ်ကိုလွမ်းတယ် ပြန်ချင်တယ် အတောင်ပံတစ်စုံလိုချင်တယ် ဆိုပြီး ငှက်ကလေး ဆိုပြီး ပေးဖြစ်ခဲ့ပါတယ် အိမ်လေးရဲ့နံမည်ကိုလဲ ငှက်ကလေး ရဲ့ စာမျက်နှာ လို့ပေးဖြစ်ခဲ့ပါတယ် ဒီလိုနဲ့ ဘလော့ဂ်ဂင်းခဲ့ပါတယ် လူက ဘယ်လောက်တုံးလဲ ဆိုရင် google မှာ ငှက်ကလေး များရှိမလားဆိုပြီး မရှာမိခဲ့တာ ကိုယ့်အပြစ်ပါလေ လုပ်ချင်တာ လုပ်တတ်တဲ့ ကိုယ့်ရဲ့အကျင့် ပြောချင်တာ စွတ်ပြောတတ်တဲ့ ကိုယ့်ရဲ့အကျင့် တွေ မကောင်းဘူးနော် မသိသေးပါဘူး အဲဒီအထိ ငှက်ငယ်လေး ရှိနေတယ်ဆိုတာ

ဒီလိုနဲ့ တနေ့ စိတ်ကူးပေါက်လို့ google မှာရှာကြည့်လိုက်တော့ ငှက် တလုံးပဲ ရိုက်ထည့်လိုက်တာ ငှက်ငယ်လေး ဆိုတာ ပေါ်လာတယ် ဒါနဲ့ကြည့်လိုက်တော့ သူက ညီမထက် စောစီးစွာ လုပ်ထားတာ တွေ့ရတယ် ဒါပေမယ့် shock မရှိနိုင်လောက်ဘူး မှတ်တာကိုး ညီမ အဲလိုပဲ အရမ်းပိန်းပါတယ် တနေ့ မစနေ စီဘောက်မှာ ချက်နေတုံး တယောက်က ငှက်လေး ဘလော့ဂ် ဘာလို့ပိတ်ထားတာလဲ လို့မေးတယ် လူလဲ ကြောင်သွားတယ် နောက်မှ အော် လူမှားနေတာနေမှာ ဆိုတော့ အော် ဟုတ်လား ဆော်တီး တဲ့ သူကတောင် ပြန်တောင်းပန်သွားပါသေးတယ် အဲဒီအထိလဲ လူက ငှက်ကလေး နဲ့ ဘလော့ဂ် ဆက် ဂင်းနေတုံးပါပဲ ငှက်ငယ်လေး စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ တစ်ခါမှ မစဉ်းစားမိခဲ့ဘူး တကယ်ပါ ငှက်ငယ်လေးရယ်

မနေ့က မမေလေး(အခုတော့ ထင်းထင်း) ရဲ့ဘလော့ဂ်မှာ အမည်ပြောင်းတဲ့ကိစ္စ ကိုတွေ့လိုက်တော့မှ မမေလေး အဲ မထင်းထင်း ဘက်က သဘောထားကိုတွေ့လိုက်ရတော့ အော် ငှက်ငယ်လေးလဲ အဲလိုပဲ ခံစားနေရရှာမယ် ဆိုပြီးသူ့ကို ပွင့်ပွင့်လင်းလင်းမေးလိုက်တော့ သူက ဟုတ်ပါတယ်တဲ့ ပွင့်ပွင့်လင်းလင်း ဖြေပေးခဲ့တဲ့ ငှက်ငယ်လေးပါ ဒါဆို ကိုယ်က နောက်မှ ဖွင့်တဲ့ ဘလော့ဂ်ဂါ ပြောရရင် ဂျူနီယာပေါ့လေ ဒီတော့ ကိုယ် user name ပြောင်းဖို့ စဉ်းစားလိုက်ပါတယ် ငှက်ငယ်လေး စီဘောက်မှာလဲ တောင်းပန်စာ ရေးပေးပါ့မယ်လို့ ဂတိပေးထားခဲ့ပါတယ် ငှက်ငယ်လေးက ကျေးဇူးတင်ပါတယ် တဲ့ မလိုပါဘူး ကွယ် ဘလော့ဂ်ဂါ မောင်နှမအချင်းချင်းပဲ တို့က စ မှားတာပါ တကယ့်ကိုပဲ စိတ်ထဲကနေ ငှက်ငယ်လေးကို ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်

နံမည်အသစ်ကိုတော့ ဝက်ဝံလေး လို့ပေးလိုက်ပါတယ် အစက ရှင်ဂွမ်းဂွိလို့ ပေးမလို့ google မှာရှာကြည့်တော့ ရှိနေတာနဲ့ မပေးဖြစ်တော့ပါဘူး ဒါနဲ့ စဉ်းစားလိုက်တော့ သူငယ်ချင်းတယောက်က အမြဲစတယ် oh my bear sorry dear ဆိုပြီး စ တာလေးကို အစွဲပြုပြီး ပေးလိုက်ပါပြီနော် အားလုံးသော ညီအစ်ကိုမောင်နှမများ ညီမ အခုချိန်က စ ပြီး ဝက်ဝံလေး ဖြစ်သွားပါပြီ ရှင် အဲ ဝက်ဝံလေး ကို google မှာရှာကြည့်ပါသေးတယ် မရှိဘူးဆိုတာနဲ့ ပေးလိုက်ပါတယ် ရှိတယ်ဆိုလဲ ပြောကြပါဦးလို့နော် ရှိပြီးသား သူများကို စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါ

ငှက်ငယ်လေးရေ တို့ကို ခွင့်လွှတ်ပေးပါရန် အနူးအညွန့် တောင်းပန်ပါတယ် တကယ့်ကို စိတ်ထဲကပါ သူငယ်ချင်းရေ အိမ်လေးနံမည်လဲ ပြောင်းလိုက်ပြီနော် ဝက်ဝံလေး ရဲ့ စံမြန်းရာ တဲ့ ကဲဘယ်လိုလဲ အိမ်သစ်တက်ပွဲကို အားလုံး ဂုဏ်ပြုကြပါဦးလို့
အော် ငှက်ငယ်လေးကို တို့တတ်တဲ့ ဘာသာစကား ၅ မျိုးနဲ့တောင်းပန်မယ် ဂျန်ပန်လို sumimasan(စုမိမစံ) {ဟုတ်လားမသိ မမဝါကို ပြန်မေးဦးမှ} တရုတ်လို သွေ့ပုချိ အင်္ဂလိပ်လို sorry ကိုရီးယားလို မီယန်းနဲ {ဒါတော့ ကြယ်ရေ မှားရင်ပြင်ပေးဟာ ငါလဲငါကြားတာ ပြောတာ} မြန်မာလို တောင်းပန်ပါတယ် ခွေးလွှတ်ပါ အဲလေ ခွင့်လွှတ်ပါ ရှဉ့် အင် တိရိစ္တာန်တွေ ပါလာပြီ ဟိဟိ ငှက်ငယ်လေး ကျေနပ်နိုင်ပါစေ နော်

37 comments:

yangonthar said...

ဝက်ဝံလေးရေ သူငယ်ချင်း ချင်းတွေမို့ ငှက်ငယ်လေးနားလည်မှာပါ ဝက်ဝံ လေးရဲ့ သိတတ်မှုဟာ အင်မတန် ချီးကျူးစရာ ကောင်းပါတယ်ဗျာ အိမ်သစ် တက်ပွဲလေးကို ဦးဦးဖျားဖျား ရောက်ရတဲ့  အတွက် ဝက်ဝံလေးကို ဝမ်းသာမိပါတယ် ..... ဝက်ဝံလေး ရဲ့ နန်းတော်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်
ဖိတ်ကြားတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်
ခင်မင်လျှက်
ရန်ကုန်သား :D

Anonymous said...

လေးစားပါတယ်ဗျာ ဒီလိုစိတ်လေးရှိတာ။ တကယ်တော့ ဘလော့ဆိုတာ ကိုယ်လုပ်ချင်တာ၊ ရေးချင်တာတွေ ရေးဖို့ လုပ်ထားတာပဲ မဟုတ်လား... ခုလိုမျိုး နာမည်လာတူနေတော့လဲ လူမှားစရာတွေ ဖြစ်နိုင်တာတော့ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ်လေ ခုလိုမျိုး အဆင်ပြေအောင် ညိုလိုက်တော့ ပိုကောင်းတာပေါ့ဗျာ.. အားလုံးအတွက် လူမှားစရာ မရှိတော့ဘူးပေါ့ဗျာ။
ဒါနဲ့ အရင် တမ်းပလိတ်လေးက ပိုလှတယ်ဗျ ခုဟာက ရိုးရိုးရှင်းရှင်းကြီး ဖြစ်နေသလားလို့...။
လျှာရှည်တယ်တော့ မထင်နဲ့နော် ..ဟီး

ဝက်ဝံလေး said...

မထင်ပါဘူး အိမ်ရယ် ဒါပေမယ့် တို့က ငှက်ကလေး မှမဟုတ်တော့တာ ဒါကြောင့် ငှက်ပုံလေးတွေ အကုန်ဖြုတ်လိုက်တာပါ နောက်မှ တန်းပလိတ် လှလှလေးတွေ ရှာပြီး တင်မယ်လေ အခုတော့ လူလဲ အိပ်ချင်လို့ အဟီးးးးးးးးးး

ရန်ကုန်သား နဲ့ အိမ်ရေ အိမ်သစ်တက်ပွဲလေး လာရောက် ချီးမြှင့်တာ ကျေးဇူးးးနော် ရှဲရှဲ ဘိုင်

kyaw kyaw aung said...

ဝက်ရေအခုမှဘဲနာမည်
နဲ့လူနဲ့လိုက်ဖက်တော့တယ်
ဟားဟားးးးးးးးးးး
ဘာဘဲပြောပြောပေါ့ဟာဒီလိုတော့
လဲဖြစ်တက်ပါတယ်...အိမ်သစ်တက်
ပွဲအမှတ်တရဘာကျွေးမှာလဲ

Anonymous said...

ဟုတ်တယ်ဟ ဝက်ဝံမလေးရေ
ငါလဲ ပထမနာမည်လေးကို ပြောင်းလိုက်တာဟ
ငါ အကြာကြီးသုံးလာတဲ့ နာမည်က မိုးသောက်ယံလေ
ဒါနဲ့ ငါ့ထက်အရင်သုံးတဲ့လူလဲ ရှိနေတော့
ငါပြောင်းလိုက်တယ် လူရိုင်းလေးဆိုပြီးတော့ ဟဲ ဟဲ
အခုတော့လဲ ဒီနာမည်လေးကို ကြိုက်နှစ်သက်နေပါပြီဟာ

ရွှေယွန်း said...

ဟုတ်တယ် ၀က်ဝံလေးရေ...အစကယွန်းလဲ နာမည်ရှာမကြည့်မိပဲ ကိုယ်ကြိုက်တဲ့နာမည်
ပေးလိုက်ပြီးမှ ရှိပြီးသားဖြစ်နေလို့ ပြန်ပြောင်းရတယ်
ဒီလိုပဲပေါ့ ..တခါတလေ...အဟဲ
အိမ်သစ်လေးကို ပထမဆုံး လည်လည်ရောက်လာ
ခဲ့တယ်နော်...
ပျော်ရွှင်ပါစေ...

Anonymous said...

ကဲကဲကဲ
ဝက်ဝံလေးရေ..................
ဟဟားးးးးးယောင်းဝက်လေးရေ..........
ခေါ်လို့ ကောင်းပါ့နော်
ဟီဟီး စတာအတည်သိလား


ချစ်တဲ့
ယောင်းမြူး

မယ့်ကိုး said...

အဲ...ဖတ်ရတာ စိတ်မကောင်းဘူး ညီမလေးရယ်။
မသိလို့မှားတာ နှစ်ယောက်စလုံးတော်တော်ခံစားရမှာပဲ။
အသက်ကလေးငယ်ပေမယ့် ညီမလေးစိတ်ကလေးကို လေးစားပါတယ်။
အစ်မက teddy bear လေးတွေကိုလည်း အရမ်းချစ်ပါတယ်။ ညီမလေးကို ဘယ်လိုခေါ်ရမလဲ စဉ်းစားလိုက်ဦးမယ်။

ကြည်ဖြူပိုင် said...

ဝက်ဝံလေးရေ..အမတောင်ပြန်ရှာကြည့်ရမလိုဖြစ်နေပြီ။ ကောင်းတယ်ဝက်ဝံလေးလဲကောင်းတာပဲ..စံမြန်းရာလို့ရေးလို့ရပြီ

ငှက်ငယ်လေး said...

ဝက်ဝံလေးရေ...ဒီနာမည်လေးကပိုလို့ တောင်ချစ်ဖို့ ကောင်းပါသေးတယ်...ပြီးတာလည်းပြီးပြီပဲနော်...ငြိမ်းနားလည်ပါတယ်...ငြိမ်းလည်း ငှက်ကလေးလို့ ပေးထားတဲ့ ၀က်ဝံလေးကို ပြောရမှာ လည်းအားနာ...ကိုကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်...တစ်ယောက်တည်းကြိတ်ပြီးနာမည်ပြောင်းသေးတယ်...၂ ရက်တောင်မကြာပါဘူး...ငှက်ငယ်လေးပြန်ဖြစ်သွားတယ်...ဟဟ...ငှက်လေးတွေကိုချစ်လို့ ပါ....၀က်ဝံရုပ်နဲ့ တန်းပလိတ်က ငှက်ငယ်လေးရဲ့ အိမ်မှာဟ...ရှုပ်ကုန်ပီ...တန်းပလိတ်လုပ်ချင်ပြောပေါ့နော့...၀င်ကလိပေးမယ်လေ...ပျက်ရင်တော့တိဝူးဟီးး...အဲလိုပဲအကိုအမတွေအိမ်မှာ ၀င်ကလိနေကျ..မယုံရင်မေးကြည့်း)...နာမည်အသစ်လေးနဲ့ ပျော်ရွှင်ပါစေနော့...

Angel Shaper said...

အော်.... အိမ်သစ်တက်ပွဲကို အုပ်ထိန်းသူတွေဖြစ်တဲ့ သူ့အကိုအမတွေ နောက်ကျသတဲ့။ ဘယ်မလဲ သားကြီး။။။
သမီးကြီးတောင်ရောက်နေပြီ။ ဟင်းးးး
အိပ်ပုပ်ကလဲ ကြီးပါ့။ ဟိဟိ။။။ ( နောက်ကျ၍ ရှက်ရမ်းရမ်း နေသည် )
ဝက်ဝံမလေးကလဲ ချစ်စရာလေးပါဟ။
င့ါနီးနီး ချစ်ဖို့ ကောင်းတဲ့ ၀က်ကလေးစိတ်ဓာတ်ကို ချီးကျူးပါတယ်တော်။
အဟဲ ( အမြတ်ထုတ်နေသည် )
ဝက်ဝံကလေးရေ...
နာမည်သစ်လေးလှတယ်တော့်။ ခေါ်လို့လဲကောင်းတယ် အဟုတ်။
အိမ်သစ်လေးနဲ့  နာမည်သစ်လေးနဲ့  အောင်မြင်ပျော်ရွှင်ပါစေ ငှက်ကလေးရေ...
စကားမစပ် ခုမှ သတိထားမိတယ်။
ဧည့်သည်တွေကို ဘာမှ ဧည့်မခံပါလားဟ။။။။
ကြည့်လုပ်ဦးနော်။ ဟိဟိ

Angel Shaper said...

ငှက်ကလေးတဲ့ ခေါ်မိပြန်ပြီ။ သံယောဇဉ်ကလဲ မပြတ်ပါလား နော်။
ဝက်ကလေးရေ.... ဧည့်သည်တွေကို စားစရာလေးတွေနဲ့ ဖွယ်ဖွယ်ရာရာလေး ဧည့်ခံလိုက်ဦးလေ။ မလောက်ရင် မမြူး အိမ်နဲ့  မမဂျာမုန်းအိမ်ကိုပြေးတောင်းလိုက် ဟိဟိ။ အားလုံးကို ၀၀လင်လင် ဧည့်ခံလိုက်ဦးနော်။ ဟဲဟဲ
ပျော်ရွှင်ပါစေ တို့ ဝက်ဝံလေး။။။။

မေဇင် said...

သြော် မမြဲခြင်း သဘောတွေများ မနေ့က မေလေး ကနေ ထင်းထင်း... ဒီနေ့ ငှက်ကလေး ကနေ ၀က်ကလေး အဲ့ ၀က်ဝံလေး... ... ချစ်စရာလေး ကွဲ့ဒီနာမည်က ...

နောင့် လဲ ရှာကြည့်ဦးမယ်ကွဲ့ .. နောင့် က မေဇင် လို့ ရိုက်ထည့်ရှာရမလား ၊ နောင့် လို့ ရိုက်ထည့်ရှာရမလား..၊ ရေးချင်တာလေးတွေ လို့ ရှာရမလား...၊ ဘလော့address မုန်းသူ လို့ ရှာရမလား... ငင်.... နာ ဘာကို ရှာရမလဲ... ဒွတ်ခ... ရှာတော့ ဘူး...

ကာရံဆူး said...

အဲ...သူများတွေ နောက်မှ ရောက်လာတာ ငှက်ကလေး တစ်ဖြစ်လဲ ၀က်ဝံလေးရေ...စိတ်မကောင်းဘူး..ဂယ်ပြောတာ...ဒါပေမဲ့ နာမည်သာ ပြောင်းသွားတာပါ...၀က်ဝံလေးရဲ့ စိတ်တွေက အရင်လို သူများတွေကို ချစ်တုန်းပဲ မှတ်လား...နာမည်ဆိုတာ ပညတ်တစ်ခုပါ...လူတစ်ယောက်နဲ့ တစ်ယောက်ခင်တာ စိတ်သာ အဓိကပါ...အစ်မတောင် ၀က်ဝံလေးကို အားကျပြီး ၀က်ကလေး (အစ်မချစ်ချစ်ခေါ်တဲ့ နာမည်) ပြောင်းရင် ကောင်းမလား စဉ်းစားနေတယ်..ဟိဟိ..အိမ်တက်က ဘာမှလဲ ကျွေးဝူးနော်..ဒါဆိုလည်း ပြန်ပြီ...ချိတ်ချိုးလို့ ...

သက်တန့်ချို said...

ဝက်ဝံလေးရဲ့စိတ်ဓါတ်ကိုလေးစားပါတယ်....အမြဲတမ်းအား
ပေးနေမယ်

မီးမီးချစ် said...

အတောင် ရှိတာ ကြိုက်ရင် လိပ်ပြာလေး လို့  ပေးလိုက် ပေါ့ .. ညီမလေး...း))
ဝက်ဝံလေး ဆိုရင်တော့ အစက ငှက်ငှက် ခုတော့ ဝက်ဝက် လို့  ခေါ်မှာပဲ..း)) ဟိဟိ

rose of sharon said...

ဝက်ဝံလေးရေ... စိတ်ဓာတ်လေးကိုလေးစားမိပါတယ်.... ဝက်ဝံလေးတွေကသိပ်ချစ်ဘို့ကောင်းတယ်ညီမလေးရဲ့ ဝက်ဝံလေးထာဝရပျော်ရွှင်ပါစေ...

နွေးနေခြည် said...

ညီမလေးရဲ့ စိတ်ထားလေး သဘောကျလိုက်တာ...

နာမည်ပြောင်းအထိမ်းအမှတ် ပျားရည်တပုန်း လက်ဆောင်ပေးလိုက်တယ်နော... ၀က်ဝံလေးဆိုလို့

Libratun said...

sorry to hear that.
i think ငှက်ငယ်လေး and ငှက်ကလေး are not the same.
Anyway, it's over.
good mindset and dare to mend. salute to you :)
you can adapt and so can we. :)

မြစ်ကျိုးအင်း said...

စိတ်နဲ့ကိုယ် အဆင်ပြေရင်ပြီးတာပါပဲ...။

ကိုယ်ကရည်ရွယ်ချက်ရှိရှိနဲ့အတုလုပ်တာမှမဟုတ်ပဲ စိတ်ရှင်းရှင်းထားပါလေ...။

ဘယ်သူပဲမှားမှားပြေပြေလည်လည်ရေးထားတာလေး တော့ သဘောကျမိတယ်..။

ဘ၀တခုလုံးနဲ့ယှဉ်ရင် ဒီဘလော့ဆိုတာ ဘာမှမဟုတ်ပါ ဘူး။စာရေးတယ်ဆိုတာ စာရေးဆရာတွေကလွဲရင် ကျန်တဲ့သူတွေအနေနဲ့ ရေအိုးထဲက ရေခပ်သုံးနေရ သလိုပါပဲ တချိန်ချိန်မှာ ရေကကုန်သွားတတ်တယ်..။
ဒါတွေလည်းကြုံလာမှာပဲ...။
ရေမကုန်ခင် ကိုယ်ကိုတိုင် စိတ်ပျက်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်..။
ပြောချင်တာကတော့ ဘာမှမဟုတ်တဲ့ အရာလေး အတွက် မာန်တက်တာတွေ တိုက်ခိုက်တာတွေ မလုပ်မိ စေချင်ဘူးလေ။
အဲဒါကြောင့်ဒီလိုပြေပြေလည်လည်ရေးထားတာ သဘောကျမိတာပါ..။
ဝက်ဝံလေး အဆင်ပြေပါစေ..။

ရွှေ ယွန်း ဝါ said...

ဝက်ဝံလေးတဲ့။ နာမည်လေးကချစ်စရာလေး။ ပေးတတ်ပါ့။

မေလေး said...

ညီမလေးရေ
ညီမလေးက သိသိနဲ့ လုပ်ခဲ့တာမှ မဟုတ်ဘဲ။ ပြီးတော့ ငှက်ကလေးနဲ့ ငှက်ငယ်လေးနဲ့ ကွဲပါသေးတယ်။ မမကလဲ မပြောင်းချင်ပါဘူး နာမည်ကို။ ပြီးတော့ မမနာမည်အရင်းကိုက မေလေးပါ။ မမနာမည်အရင်းက မေသီရိမောင် တဲ့။ မေ ဆိုတဲ့ နာမည်ကို ကြိုက်လွန်းလို့ ငယ်ငယ်က ပေးထားတဲ့နာမည်ထဲကတောင် မေ ပါအောင် ပြန်မှည့်ခိုင်းထားတာလေ။ မမကလဲ နာမည်တူရုံလောက်နဲ့ အဲလောက် စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ ဒါပေမဲ့ တခြားဘလော့ကာ အစ်မတွေ အစ်ကိုတွေက မေလေးဆိုတာနဲ့ မမလို့ထင်နေတာကို။
မမမှာ တက်စရာ မာန်လဲမရှိပါဘူး။ မမလုပ်နေတာ ကောင်းသော မှန်သော လုပ်ရပ်တွေမို့ ကိုယ်လုပ်ရပ် အပေါ် တော့ အမြဲ ဂုဏ်ယူပါတယ်။ အခုချိန်မှာ လောကီအတွက် မိဘကို လုပ်ကျွေးခဲ့ပီး လုပ်ကျွေးနေဆဲ ဖြစ်သလို လောကုတ္တရာ အတွက်လဲ မမ အလှူအတန်း တရားထိုင်လုပ်ခဲ့တယ် လုပ်နေဆဲ နောင်လဲ ဆက်လုပ်အုန်းမှာမို့ မမက ကိုယ်လိပ်ပြာကိုယ်လုံပါတယ်။ အခုလဲ တစ်ဘက်သားထိခိုက်စေချင်တဲ့စိတ်နဲ့ မဟုတ်ဘဲ
မမအနေနဲ့ မနှစ်သက်လို့ မေတ္တာရပ်ခံတဲ့ သဘောပါဘဲ။ လူတွေ ရှင်းရှင်းလင်းလင်း သိစေချင်တာတစ်ခုပါ။
အသက်ငယ်ပေမဲ့ သဘောထားမြင့်မြတ်တဲ့ အမှားကိုဝန်ခံရဲတဲ့ ညီမလေးကို ချီးကျူးပါတယ်.။
ပျော်ရွှင်ပါစေ ညီမလေး။

မေလေး said...

မမဘလော့ ရေးရတဲ့ ရည်ရွယ်ချက်ကလဲ
မမကြုံခဲ့သလို နောက်လာမဲ့ညီမလေးတွေ အစ်မတွေ
အစ်ကိုတွေ မောင်လေးတွေ မဖြစ်စေချင်လို့ပါ။
ပြီးတော့ အခုလက်ရှိ မမလုပ်နေတဲ့ အလုပ်တွေကို ကူညီမဲ့သူများလာစေချင်တဲ့သဘောလဲပါပါတယ်။
ဒီအဖြစ်အပျက်တွေက ဖြစ်နေမှန်းသိပေမဲ့ တကယ်တိတိကျကျ သိပ်မသိနိုင်ကြဘူး ညီမလေး။ ဒါကြောင့်မမက သိစေချင်တဲ့စေတနာနဲ့ ရေးနေတာလေ။
ဘလော့မရေးယုံနဲ့ ဘယ်သူမှလဲ ဘာမှ မဖြစ်နိုင်ပါဘူး ညီမလေး။ မမကဖြစ်နိုင်ရင် ဘဝကိုအေးအေးချမ်းချမ်းလေးဘဲ ဖြတ်သန်းချင်တာပါ။ဘယ်အကြောင်းကြောင့်မှ ဘယ်သူကိုမှ မထိခိုက်စေချင်တာ တကယ့်စိတ်ရင်းအမှန်ပါ။
အချိန်ကစကားပြောသွားမှာပါ ညီမလေး။
လူဆိုတာ သူများကိုလိမ်လို့ ရချင်ရမယ်။ ကိုယ်ကို့ကိုယ်တော့ လိမ်လို့မရပါဘူးကွယ်။
ပျော်ရွှင်ပါစေ။

သားကြီး said...

ခုတင်လိုက်တဲ့ပိုစ်မှာ အောက်ဆုံးနားက စာထဲ
“ငှက်ကလေး”လို့ရေးမိသေးတယ်
ခုတော့ပြန်ပြောင်းလိုက်ပြီ “ပျံပြီ ဖလပ် ဖလပ်”ကို ဘယ်လိုပြောင်းရတော့မလဲမသိဘူး
ဒွတ်ခပဲ သားကြီးလည်းနာမည်ပြောင်းရတော့မလားမသိဘူး
တော်ကြာ ဒွေးတစ်ယောက်တမလွန်ကနေ စိတ်ညစ်နေလိမ့်မယ်
ဘာပဲပြောပြော “ထင်းထင်း”နဲ့“ငှက်ကလေး”တို့မှန်ပါတယ်
ကိုယ်ပိုင်နာမည်နဲ့ရပ်တည်ကြတာကောင်းပါတယ်
ဒါပေမယ့် နှုတ်ကကျိုးနေတော့ ချက်ချင်းကြီး
ပြောင်းခေါ်ဖို့ခက်လိမ့်မယ်ထင်တယ်
ဝက်ဝံကလေးဆိုတာဟာလည်းချစ်ဖို့ကောင်းတာပါပဲ

သားကြီး said...

ဝက်ဝံကပြောတယ် သူဟာအကြင်နာတရား
ကြီးမားတယ်တဲ့ သေနေတဲ့လူကိုဘယ်တော့မှမစားဘူးတဲ့။
မြေခွေးကပြုံးတယ် .... “ဝက်ဝံကအရှင်လတ်လတ်ကိုမှ ကိုက်စားတတ်တာကိုးးး ။
..........
(အကြင်နာတရားကြီးမားတဲ့“ဝက်ဝံ”ရဲ့ ကိုက်စားမှုကို မခံချင်ဘူးဆိုရင် တနည်းပဲရှိတယ်......
“လဲ...သေ....လိုက်”
...................
တာရာမင်းဝေရေးထားတာပါ
ငှက်ကလေးကို ရုတ်တရက်ကြီးဝက်ဝံကလေးအဖြစ်မြင်ကြည့်
ရမှာ မျက်လုံးက သိပ်အဆင်မပြေဘူးရယ်
ဒါပေမယ့် ဝက်ဝံကလေးပဲကောင်းပါတယ်
“ငှက်”ထက်စာရင်“ဝက်ဝံ”ကို မုဆိုးတွေက
ပိုလို့တောင်ရှိန်သေး ဟုတ်တယ်ဟုတ် :)

Unknown said...

ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်

အခုတလော ဘလော့တွေ ဘာဖြစ်နေလဲမသိ ဟာဟ

အရင်တုန်းက ဖလပ်ဖလပ် ဆို အခု ပြန်ရင် ဘယ်လို ပြောသွားမှာလဲ

ပြောခဲ့အုံး


မင်းအိမ်ဖြူ

ဆောင်းမြူခိုး said...

ဖတ်ပြီးပြီးချင်း ဒီလိုကိစ္စမျိုးရှိပါလား ဆိုပြီး ကိုယ့် နစ်နိမ်း ကို google မှာ ကြောက်ကြောက်လန့် လန့်  ပြန်ရိုက်ကြည့်လိုက်သေးတယ်... ငါလည်း အဲလို ကိစ္စတွေ ဘာမှ သိဘူးလေ ... ငါလေ နင်ပြောဖူးတာ တစ်ခု စိတ်ထဲသွားသတိရတယ်... ဘာတဲ့... အကောင်သေးတော့ နင့် မကြောက်ကြဘူးဆိုတာလေ.. ဟီးး ငါလေ နောက်ဆို.. နင့်ကို စ ရဲတော့ဘူးးး ရှိန်သွားပြီ... ဘာကြီးပဲပြောင်းပြောင်းဟာ နင် စိတ်မပြောင်းရင် ပြီးတာပဲ... နင့်ရုပ် ပလပ်စတစ်ဆာကျူရီလုပ်ပြီး ကိုရီးယားမင်းသမီးရုပ်ပြောင်းသွားတောင် ငါက အရေးလုပ်ဘူးးး အလဲ့..လန်တယ်... ဒါနဲ့  နင်ကနှင်းတောထဲက အဖြူရောင်နဲ့ ဝက်ဝံလားး ဟို အမဲရောင်နဲ့ ဝက်ဝံလားးး ဘာရယ် ဟုတ်ပါဘူးး နင့် စီးတော်ယာဉ် ဟယ်လီကော်ပတာ အစား တခြားစီးတော်ယာဉ် ဝိုင်းစဉ်းစားပေးမလို့ ... မျက်စိထဲတော့ ခရစ်စမတ် ဘိုးဘိုးကြီးစီးတဲ့ ဟို နှင်းတောထဲက လှည်းကြီး သွားမြင်နေမိတယ်... ဟဲလို my dear ဝံဝံ ... အမယ် ဒီလိုခေါ်ပြန်တော့လည်း ချစ်စာလေးနော့... :P

နွေဆူးလင်္ကာ said...

ငှက်ဘ၀ကနေ ၀က်ဘ၀ အဲ ၀က်ဝံဘ၀ ပြောင်းသွားတာပေါ့။ ဖလက်ဖလက်နဲ့ ပျံလို့မရတော့ရင်လဲ တောက်တက်တောက်တက်နဲ့ လမ်းလျှောက်ပြန်ပါတော့လေ။

Yu Ya said...

ဝက်ဝံပုတုလေးရေ... အိမ်သစ်တတ်ပွဲနောက်ကျလို့ စိတ်မဆိုးပါနဲ့နော်.. နောက်ဆုံးမှ ရောက်လာပေမယ့် ရှေ့ ဆုံးကပါနော် (ထွက်ပြေးရင်) အဟီး...။

ကျွန်တော် နာမည်တောင် စစ်ကြည့်ရအုံးမယ်။ တူတာ ရှိမရှိ။ အဟီး..

yu ya

ကိုလူထွေး said...

ဓာတ်ပုံတွေတင်ထားကတည်းက ခေါ်ကြည့်ရင် ထူးမလားမသိဘူးလို့ ထင်ခဲ့မိတာ...းP

အခုတော့ အားရပါးရ ခေါ်ရတော့မယ်... Polar bear လေးရေ...

းဝ)

ကိုလူထွေး said...

ဓာတ်ပုံတွေတင်ထားကတည်းက ခေါ်ကြည့်ရင် ထူးမလားမသိဘူးလို့ ထင်ခဲ့မိတာ...းP

အခုတော့ အားရပါးရ ခေါ်ရတော့မယ်... Polar bear လေးရေ...

းဝ)

ဧရာဝတီသား said...

ချီးကျူးပါတယ် ၀က်ဝံလေး ရယ်။ ဘာပဲဖြစ်ဖြစ် ၀က်ဝံလေး ဆိုတော့လည်း ၀က်ဝံလေးပေါ့။ ဒါပေမယ့် စိတ်မကောင်းတာ တစ်ခုက နာ ငှက်လာပစ်လို့ မရတော့ ဘူးကွ။ (၀က်ဝံတော့ နာလည်း ပစ်ရဲဘူး ကြောက်တယ်) အင်း ၀က်ဝံလေး ဆိုတဲ့ နာမည်က လှပေမယ့် နာ့အတွက် ခေါ်ရတာ နည်းနည်း ထောက်နေလို့ ငှက်ကလေး နဲ့ ကာရန်ညီအောင် ၀က်ကလေး လို့ ခေါ်မယ်လေ၊ ရတယ် မလား :P


အစ်ကို့ ဘလော့ နာမည် ဧရာဝတီသား ကလည်းနှစ်ယောက်ရှိတယ်။ အစ်ကိုလည်း နာမည်ပေးလိုက်တုန်းက ရှာမကြည့်မိတော့ မသိဘူး။ နောက်မှ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကိုယ့်ဘလော့ URL ကိုမသိလို့ google မှာရိုက်ထည့်ပြီးရှာ ကြည့်တော့မှ ဧရာဝတီသား ဆိုတဲ့ တခြား ဘလော့ တစ်ခုတွေ့လို့ သူပြောမှ သိရတာ။ ဘလော့စလုပ်တာက အစ်ကိုက ၂၀၀၇ ကတည်းက လုပ်တာဆိုတော့ အစ်ကိုကစောတယ်၊ ဒါပေမယ့် အစ်ကိုက အဲဒီတုန်းကနာမည်ကို Ayeyawaddythar လို့ပေးထားတယ်၊ သူ့ဘလော့က ၂၀၀၈ ထဲမှာစလုပ်တာ၊ ဒါပေမယ့် ဧရာဝတီသား ဆိုတဲ့ နာမည်ကျတော့ အစ်ကို ၂၀၀၉ ထဲမှာမှ rename လုပ် တာဆိုတော့ သူက အရင်ပေါ့။ မျက်စိလည် သွားလား၊ အဲလိုပဲ နည်းနည်းတော့ ရှုပ်တယ်။ အမှန်က နာမည်မပြောင်းခင်မှာ အဲဒီနာမည်ကို အရင် ရိုက်ထည့်ပြီး ရှာခဲ့ရမှာ။ အဲဒါနဲ့ နောက်တော့ သူနဲ့ ဆွေးနွေးကြည့်တော့ သူကလည်း နားလည်ပါတယ်တဲ့၊ အဲဒါနဲ့ ဘလော့နာမည် မပြောင်းဖြစ်တော့ဘူး။ တစ်ခုရှိတာက သူ့ဘလော့ title က ဧရာဝတီသား ပေမယ့် သူ့ blogger name ကတော့ တခြားနာမည် တစ်မျိုးပါ၊ နောက်ပြီးသူက သူ့ ကွန်ပြူတာ knowledge တွေကို ဘလော့ပေါ်တင်ပြီး မျှဝေပေးနေတာ၊ ကိုယ့်လို အိမ်လည်ထွက်တတ်တဲ့ သူမဟုတ်တော့ မှားစရာလည်း မရှိဘူးပေါ့။ သူကတောင် နာမည်တူ ဘလော့ရှိတာ သိရလို့ဝမ်းသာပါတယ် တယ့်။
ဘာပဲဖြစ်ဖြစ် နောက်ကိုဘလော့ စလုပ်မယ့်သူတွေ တွေ့ရင်ဘလော့ နာမည် မရွေးခင် ကိုယ်စဉ်းစားထားတဲ့ နာမည်ကို အရင် google မှာရှာကြည့်ပါလို့ အကြံပေးရမှာပဲ။

ကဲ ပျော်ရွှင်စွာဖြင့် ဆက်လက် ဘလော့ဂင် နိုင်ပါစေ ၀က်ကလေး ရေ၊
ခင်တဲ့
ကိုဧရာဝတီသား

minnay said...

ဟယ် ... ငှက်ကနေ ၀က်ဖစ်တွားဘီ ....
အိမ်သစ်တက်ပွဲနောက်ကျသွားတယ် .....
Blog မ၀င်ဖြစ်တာကြာလို့လေ ... အခြေအနေကောင်းတယ်ဟုတ် .... စာတွေ မျှော်နေမယ်နော် ....

ဇော် said...

ဝက်ရေ ..
အရောက်နောက်ကျတာ ခွင့်လွှတ်ပါဗျာ။ ကျနော်လဲ အရင်တုန်းက ကျွန်တော့်အိမ်လို့ ပေးထားတာ အဲ့ဒါ ကိုလက်ဖက်ရည်တို့ဝိုင်းရဲ့ ကျွန်တော့်အိမ်နဲ့ သွားတူနေလို့ ကိုနဲ့ ကျနော့်အတွက် ကျွန်တော်တို့အိမ်လို့ ပြောင်းလိုက်ရတယ်။ ကိုလက်ဖက်ရည်တို့ကို ကျနော်လုံးဝ မသိပါဘူး။ ကျနော်အိမ်စလုပ်တော့ သူတို့က ဘလော့ရေးခြင်းကို နားလိုက်ပါပြီ။ ဒါပေမယ့် ကျနော်ကတော့ နာမည်ပြောင်းလိုက်ပါတယ်။ ပြီးတော့ နာမည်တူထပ်ရှိနေမှာစိုးလို့ ခု ကောင်းကင်ရဲ့ကြယ်ဆိုပြီး ထပ်တိုးထားလိုက်တယ်။ ကဲ ဒီတော့ သူများလဲ လွတ် ကိုယ်လဲလွတ်ဖြစ်ကရောပေါ့။ =]

ကျနော်ကတော့ ၀က်ရဲ့ ပွင့်လင်းဖြူစင်တဲ့စိတ်ကို လေးစားပါတယ်ဗျာ။ အမှန်ဆို ကျနော်သိပါတယ်။ ၀က် ဘယ်လောက် စိတ်ညစ်ပြီး အလိုမကျဖြစ်လိုက်မလဲဆိုတာ။ ကိုယ်နှစ်သက်စွာ ပေးမိတဲ့နာမည်ဟောင်းလေးကိုလဲ လွမ်းနေမယ်ဆိုတာ။ ဒါပေမယ့် သဘောထားကြီးတဲ့အတွက် ပိုလေးစားမိပါတယ်။ ကျနော့်ကွန်းမန့်လဲ ရှည်သွားပြီ။ ကျနော်က ကွန်းမန့်ရှည်ရှည်မပေးတတ်ပေမယ့် ခု ၀က်ကိုတော့ တကယ်ကို လေးစားလို့ လေရှည်သွားတာ ခွင့်လွှတ်ပါ။ ၀က် အောင်မြင်ပါစေ။ =]

linmgmg said...

ငှက်..နင်နာမည်ပြောင်းသွားတာလား... နံမည်ပေးကင်ပွန်းတပ်ပွဲတွေဘာတွေမလုပ်ဘူးလား။ :) ငါ့ဆိုက်မှာ Link ပေးထားတယ်နော်။

လင်းလင်း (Asian Traveler)
www.asiantraveler.co.cc

mae said...

ပေါက်စမ.. မ နောက်ကျသွားတယ်

ရှင်ဂွမ်းဂွိ ဆို မိုက်မှာ.. အဟတ်
edinburgh post ဒီည တင်ပေးမယ်နော်.. သဘက်ခါ သွားမယ်ဟုတ်

အဆင်ပြေပါစေ၊ တခုခုဆို ဖုန်းဆက်လေနော်

Unknown said...

သြော်....

ဖြစ်ရလေးခြင်းကွယ်...

လေးစားပါတယ် ၀က်ဝံလေးရေ....

အကြောင်းစုံကို...
တို့သိလိုက်ပါပြီ.... :) :) :)

တို့နင့်ကို... ခင်ပါတယ် တို့နင့်ကို... လေးစားပါတယ်
တို့နင့်ကို .... တို့နင့်ကို ... :) :) :)
ဒီကိုလာရင် မစရရင် မနေတတ်လို့ :) :) :)

ပျော်ရွှင်ပါစေနော်...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)