Saturday, 8 August 2009

ကိုယ့်ရဲ့ အခုတလောလေးက



နောင့် တဂ်ထားတာလေး ပါ ရေးပေးလိုက်တယ်နောင့်ရေ ကျေနပ်မယ် ထင်ပါတယ်

တွေးနေမိတာက Edinburgh ရောက်ရင် ဘယ်လိုကဲမယ် ဘယ်သူငယ်ချင်းဆီသွားမယ် ဘာတွေလုပ်မလဲ ပေါ့လေ

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက ငါ အရမ်းဆိုးတယ် စာလဲမကျက်ဘူးဆိုပြီး ဆင်ခြင်ဖြစ်ပါတယ် ဒါလဲ ခဏပဲနောက်တော့ ဒုံရင်းဒုံရင်းပဲ အဟက်

ကျန်းမာရေး အခုလောလောဆယ်တော့ ကောင်းနေသေးတယ် ဟိုးတလောကတောင် အာသီးနာလိုက်သေးတယ် အခုတော့ ကောင်းသွားပြီ

ဖတ်ဖြစ်တဲ့စာအုပ်တွေက မစန္ဒာရဲ့ ပုစ္တာနဲ့ အရိပ်ဖတ်ဖြစ်ပါတယ်

ရောက်ဖြစ်နေတာက ဘလော့ဂ်ဂါ မောင်နှမတွေရဲ့ အိမ်တွေကိုပေါ့လေ

ရေးဖြစ်နေတာက ပေါက်တတ်ကရ အရည်မရအဖတ်မရတွေ ရေးဖြစ်ပါတယ် အဟဲ

နားထောင်ဖြစ်နေတာက ဇော်ပိုင်ရဲ့ မင်းအတွက်ဆိုရင်လေ ကိုယ်တိုင်ဆိုပြီးတော့တောင် တင်ပေးချင်တာ ကြယ်ကြယ်ပေးတဲ့ သီချင်းဆိုတဲ့ဆိုဒ် ကလေ ဘာလိုလို့လဲမသိဘူး အသံသွင်းပြီးတော့ ပြန်နားထောင်ကြည့်တော့ ကိုယ့်အသံမပါဘူး သံစဉ်ချည်းပဲ လာတယ် နောက်မှ ကလိကြည့်ဦးမယ်


ရွတ်နေမိတာက အော် အနိစ္စ ဒုက္ခ အနတ္တ တကယ်လဲဟုတ်ဘူး လူအထင်ကြီးအောင် ပြောတာ ဇော်ပြောသလို ဟယ် အနိပ်လေးတွေက လာလာ စ တယ်တဲ့ ဟားးးးဟားးးး

ဖြစ်ချင်နေတာက အကုန်ပဲ အဆိုတော်ဖြစ်ချင်တယ် ကိုရီးယားမင်းသမီးလဲ ဖြစ်ချင်တယ် အဟီးးးး မတန်မရာ ငှက်တို့များ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ ဟိဟိ

စားဖြစ်နေတာက အဒေါ်အိမ်မှာနေတုံးတော့ မြန်မာထမင်းဟင်း စားရပါတယ် နောက်ကိုယ့်ဟာနဲ့ကိုယ်ဆိုရင် ဘယ်လိုလာမလဲမသိ

သနားနေမိတာက ဘယ်သူ့မှမနားဘူး ကိုယ့်ကိုယ်ကိုပဲ သနားတယ် တုံးလို့ ပိန်းလို့ ဟားးးး

လွမ်းနေမိတာက အဖေ အမေ ညီမလေး နဲ့ ကြီးကြီးတို့မိသားစုကို လွမ်းတယ် ဂယ်ပြောတာ လိမ်ဘူး ညာလို့ရှိရင် ကိုရီးယားမင်းသားနဲ့ ညားပါစေတော် အဟက် သိပ်များ နစ်နာနေလားမသိ

မေ့လျော့ပစ်နေမိတာက အချိန်လေ တရုတ်ကြီးဟုတ်ဘူးနော် တရွေ့ရွေ့ ကုန်ဆုံးနေတဲ့အချိန်ပေါ့ မေ့ထားတယ်လေ ကိုယ့်အသက်လဲ မေ့ထားတယ် အဟက် ကိုယ့်ကိုယ်ကို အခုမှ ၁၀ နှစ် လ လေးနဲနဲစွန်းရုံပဲလို့ ထင်တယ် နဲနဲလေးပဲစွန်းတာပါ လက ၁၀၈ လတဲ့အဟီးးးးး


ဆန္ဒမရှိတဲ့နေရာ ရော် အကုန်လုံးသွားချင်နေလို့ ခက်နေတယ် ငရဲပြည်တောင် လေ့လာရေးသွားမလား စဉ်းစားနေတယ် ဆီဈေးကြီးတော့ သူတို့ ဘာနဲ့ကြော်လဲ သိချင်လို့ ရေနဲ့လား ဒါမှမဟုတ် ကြက်ဆူဆီနဲ့လား ဆိုတာ လေ့လာချင်တယ် အဟက်

ဆန္ဒရှိတဲ့နေရာ ကတော့ သူငယ်ချင်းတွေ ရှိတဲ့ စင်ကာပူကို သွားချင်တယ် အဟဲ ခြေဆန့်ဦးမှာ ဒီမှာ ဘွဲ့တွေဘာတွေရရင် လာမယ်နော် ကြိုမှာလား ကဲပြော

မုန်းတီးနေမိတာက ဘယ်သူ့မှမမုန်းဘူး အကုန်လုံးကိုချစ်တယ်

ချစ်နေမိတာက အော် အကုန်လုံးကို ချစ်ပါတယ် ဆိုမှ

စိတ်ပျက်နေမိတာက ကိုယ့်ကိုယ်ကို ဝ ရမလား ဆိုပြီး တော့ ဟိဟိ

စွဲလမ်းနေမိတာက တဏှာပေါ့လေ တရားဟောလိုက်ဦးမယ် ကြုံတုံးလေ နာသွားကြီးနော် အဝိဇ္ဖာ ပစ္စရာ သင်္ခါရာ သင်္ခါရ ပစ္စယာ နာမရူပံ နာမရူပ ပစ္စယာ သလ္လာယတနံ တော်ပြီ ဆက်ပြောရင် နာတဲ့လူတွေ ငိုက်ကုန်မှာစိုးရတယ် ဒီလောက်နဲ့ပဲကျေနပ်တော့

လိုအပ်နေတာက ပိုက်ဆံ ပိုက်ဆံ အားလုံးလိုအပ်တယ် ရှာရန်မလွယ်ဘူးကွယ် ရွှေဒင်္ဂါးလို့ခေါ်တဲ့ ပိုက်ဆံပေါ့ကွယ် ငှဲငှဲ

တောင်းနေမိတဲ့ဆု ကျောင်းမြန်မြန်ပြီးပြီး အလုပ်ရပါစေ ဒါမှ မေမေတို့ကို ခေါ်လို့ရမှာ

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက သီချင်းတွေပေါ့ အားတိုင်း အော်ဟစ်ပြီး ဆိုနေလို့ အန်တီနဲ့အစ်ကိုနဲ့ နားညီးနေရှာပြီ သနားပါတယ် ဂျွတ်ဂျွတ်

ဝန်ခံချင်တာက ဒီစာတွေကိုရေးတာ အစ်ကိုမသိဘူးလေ ဟီးးး သွားမပြောနဲ့နော် သိလား ရှူးတိုးတိုးးးးးး အားလုံးကို ချစ်တယ်

ဒါလေးကို ရေးပြီးတဲ့လူလဲ ရှိတယ် မရေးရသေးတဲ့လူလဲ ရှိတယ် ရေးပြီးသူများ ဒီစာလေး ဖတ်ပြီးရင် ငြိမ်ငြိမ်နေလိုက်ပေါ့နော် မရေးရသေးသူများကတော့ တဂ်လိုက်ပါတယ်နော် အားမှပါ နံမည်နဲ့တကွ မတဂ်တော့ဘူးနော် သိလား ဖတ်ပြီးရေးပေးကြဦးနော် အပျင်းပြေပေါ့လေ နော်



18 comments:

မယ့်ကိုး said...

အားလုံးကို ချစ်တဲ့ အားလုံးကလည်း ချစ်တဲ့ ညီမလေး လိုအပ်နေတဲ့ ပိုက်ဆံတွေ အမြန်ဆုံးရပါစေကွယ်။ :)

သားကြီး said...

ငှက်ကလေးရယ် ကိုးရီးယားမင်းသမီးတွေကို
သနားပါဦးဟယ် ငှက်ကလေးရုပ်ရှင်ဝင်ရိုက်ရင်
သူတို့အကုန်လုံးအလုပ်လက်မဲ့ဖြစ်ပြီး ရှောက်သီးဆေးပြားရောင်းစားနေရဦးမယ် အဟိ
ငရဲပြည်ကလူကိုဆီနဲ့မလှော်တော့ဘူးဟ
ဆီမတတ်နိုင်လို့ ဒီအတိုင်းပလိန်းကြီးလှော်နေကြတယ် ဟီးးးးး
လေ့လာရေးမသွားနဲ့တော့နော်
ငရဲအကြောင်းသိချင်ရင်သားကြီးကိုမေးလိုက်
သားကြီးကငရဲကလာတဲ့လူ အဲဒါကြောင့်အာပူရှာပူ ရခိုင်မုန့်တီ အဲလေ ဟုတ်ပါဘူး ငရဲကလာသူ ပြာပူလည်းမကြောက်ဘူးလို့ပြောတာပါ ငှဲ ငှဲ ငှဲ

မီးတောင် said...

ငှက်ရေ .....
BLog ရှိမှ ပြန်ရေးတော့မယ်နော်
သတိရတယ် XD

Angel Shaper said...

ကိုသားကြီးပြောတာတွေမယုံနဲ့။
ဒါပဲမှာသွားမယ်။ ဟိဟိ

လူရိုင်းလေး said...

ကိုသားကြီးရယ် ရက်စက်လိုက်တာ ဒီအတိုင်းကြီးကြော်ရင် အိုးကပ်ပြီး တူးကုန်မှာပေါ့ဗျာ။

လင်းကြယ်ဖြူ said...

ခုတလော ဘလော့ခ်ကာ တော်တော်များများကြားခေတ်စားနေတဲ့ ဟာလေးပဲ..
တစ်ယောက်တစ်ခု အမြင်မတူတာလေးတွေ ..ခံစားချက်ကလေးတွေက လန်းလဲလန်းတယ် ဆန်းလဲဆန်းတယ်...အမှတ်တရပေါ့နော...
ပျော်ပါစေ ညီမရေ

Ree Noe Mann said...

လာဖတ်မိသွားတယ်။

ရေးပေးရမှာလား ဟင်း.......

ညီမလေးငှက်ကလေးရေ လာဖတ်သွားတယ်နော်

ကိုရီနို

ကိုလူထွေး said...

"အော် အနိစ္စ ဒုက္ခ အနတ္တ တကယ်လဲဟုတ်ဘူး လူအထင်ကြီးအောင် ပြောတာ"

ဒီစကားက အပျော်အပြက် ပြောရမယ့်စကားလား...
မပြောင်ကောင်းဘူးလေ...

(ကိုယ့်ညီမမို့ ဆုံးမတာ)

းဝ)

ဆန္ဒ(အချစ်) said...

ညီမလေးငှက်
အစစအရာရာအားလုံးကောင်းပါသည်။
နာနံမည်ကိုယူသုံးတယ်....ဟွန်းး)

ဆန္ဒ(အချစ်) said...

ညီမလေးငှက်
အစစအရာရာအားလုံးကောင်းပါသည်။
နာနံမည်ကိုယူသုံးတယ်....ဟွန်းး)

မေဇင် said...

ငှက်ကလေး ရဲ့ အသံကို နားထောင်ချင်လိုက်တာ...း) ကြယ်ကြယ့် ကို သေချာ ပြန်ပြောပြပြီး ထပ်ဆိုပြဦးနော်..။ နောက် ကိုယ့်ဟာ နဲ့ ကိုယ် ဆိုရင် ကိုရီးယား မင်းသမီး လက်ရာ စားရမှာပေါ့... ဟုတ်ဘူးလား....း)


ရေးပေးတဲ့ အတွက်ကျေးဇူးနော်...။
ငှက်ကလေး ကို တဂ့်ရင် အဲ့လို ပြုံးစရာလေးတွေ ရေးပေးမယ်ဆိုတာ ထင်တယ်....။း)

Lucifer said...

ငှက်ကလေး စာလာဖတ်တယ်နော်...

rose of sharon said...

ဘယ်သူ့ကိုမှမမုန်းဘဲ အားလုံးကိုချစ်တတ်တဲ့ စိတ်ကိုလေးစားပါတယ်....

mae said...

edinburgh ရောက်သွားမှာကို ရင်လေးနေတာ ခုပိုလေးသွားပြီ..

ငှက်မလေး တော်ရုံတန်ရုံပဲ သောင်းကျန်းနော်

ဆောင်းမြူခိုး said...

လိုတာ ပိုက်ဆံ တကယ်မှန်တယ်ဗျို့ ... ငါလည်းသုံးတတ်တယ် unlimited ပဲ... ရှာရင်တာ limited ဖြစ်ဖြစ်နေတာခက်တယ်... ငှက်ကဟုတ်တယ် .. သူဘယ်သူ့ မှ မမုန်းဘူးး.. ကောက်တယ် .. စိတ်လေ... ပြီးရင် အိပ်တယ်.. နိုးရင် စားတယ်... ဟီးးး

ဇော် said...

အခုမှ နားရက်ရလို့ အိမ်လည်ထွက်ဖြစ်တာ။ ငှက်အိမ်မှာ မဖတ်ရသေးတဲ့ အကြွေးတွေ ဖတ်နေရင်း ဒီပိုစ့်ရောက်တော့ ပြုံးဖြစ်တယ်။ ပြီးတော့ ငှက်ကို သဘောကျလာတယ်။ =)

Lucifer said...

စာဖတ်ပြီးရင် comment ရေးဖို့မပျင်းနဲ့ဆိုလို့ ထပ်လာရေးတာ
မမီးပျင်းတာ ငှက်ကြော်ငြာမှ အကုန်သိတော့တယ်..
ငှက်စာတွေ လာလာဖတ်ချိန်မှာ မမီးကိုယ်တောင် လေထဲးလွင့်သွားသလိုပဲး..........

ဧရာဝတီသား said...

အားလုံးကို ချစ်တဲ့ ငှက်ကလေးကို ဒါကြောင့် အားလုံးက ချစ်ကြတာပေါ့။
ကဲ အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေနော်။ ဘလော့ကို ပိတ်လိုက်ဖို့ လုံးဝ မစဉ်းစား တော့ဘူး မှတ်လား။ ( စိတ်ဓါတ်ကျမိတဲ့ အခါမျိုးမှာ မောင်နှမတွေရဲ့ ကွန့်မန့်လေးတွေ ပြန်ဖတ်ပေါ့။)

ခင်မင်လျက်