သူငယ်ချင်း ငှက်ငယ်လေးက တဂ်ထားတာလေးပါ ဥာဏ်စမ်းတဲ့ အဟီးးးးးး အတော်ပဲ ရေးစရာမရှိလို့ ဘာဆားချက်ရင် ကောင်းမလဲ စဉ်းစားနေတာ အခုတော့ ရေးစရာ ရတွားပြီ ကျေးဂျူးးး ငှက်မလေးရေ ခွီးးးးခွီးးးးးးး
လာပြီနော် ပထမ မေးခွန်း
ခြံထဲမှာ သစ်ပင် ၂ ပင်ရှိတယ် အေသစ်ပင် နဲ့ ဘီသစ်ပင် ပဲ ထားပါစို့ အဲဒီ သစ်ပင် ၂ ပင်ပေါ်မှာ ငှက်တွေ နေကြတယ်
သစ်ပင် အေ ပေါ်မှာရှိတဲ့ ငှက်က ဘီ ပေါ်မှာ ရှိတဲ့ ငှက်ကိုပြောတယ်
မင်းတို့ ထဲက တကောင်က ငါတို့ သစ်ပင် (အေ) ပေါ်ကိုလာမယ်ဆိုရင် ငါတို့ရဲ့ ငှက်ကောင်ရေဟာဆိုရင် မင်းတို့ထက် နှစ်ဆ ဖြစ်လိမ့်မယ် တဲ့
ဘီ ပေါ်က ငှက်ကလဲ အေ ပေါ်ရှိ ငှက်ကို ဒီလိုပြန်ပြောတယ်
မင်းတို့ ထဲက တကောင်က ငါတို့ သစ်ပင် (ဘီ) ပေါ်ကိုလာမယ်ဆိုရင် ငါတို့ရဲ့ ငှက် ကောင်ရေ နဲ့ မင်းတို့ရဲ့ ငှက်ကောင်ရေ နဲ့ အတူတူပဲ ညီတူညီမျှ ဖြစ်သွားလိမ့်မယ် တဲ့
ကဲ အဖြေက ဘယ်လောက်ပါလဲ စဉ်းစားပါ
ဒုတိယမေးခွန်း
လူတယောက်မှာ မြေခွေး တကောင် ကြက်တကောင်ရယ် ပြောင်းဖူးထုပ်တထုပ်ရယ် ရှိတယ် အဲဒါတွေနဲ့ သူမြစ်ကို ဖြတ်ကူးဖို့လိုတယ် သူ့မှာ လှေရှိတယ် အဲဒီလှေက သူတယောက်ရယ် နောက် ပစ္စည်းတခုပဲ သယ်လို့ရမယ် တကယ်လို့ မြေခွေးနဲ့ ကြက်ကို ထားခဲ့ပြီး သူ နဲ့ ပြောင်းဖူးထုပ်နဲ့ သွားမယ်ဆိုရင် မြေခွေးက ကြက်ကို စားလိမ့်မယ် ကြက်နဲ့ ပြောင်းဖူးထုပ်နဲ့ ထားခဲ့မယ်ဆိုရင်လဲ ကြက်က ပြောင်းဖူးတွေကို စားလိမ့်မယ်
ကဲ အဲလူအတွက် ဝိုင်းစဉ်းစားပေးကြပါဦး လို့
တတိယမေးခွန်း
ဘောလုံး ၁၀ လုံးကို မျဉ်းကြောင်း ၅ ကြောင်း ( lines ပေါ့လေ) ပေါ်မှာ ထားပါ မျဉ်းကြောင်း တကြောင်းစီမှာ ဘောလုံး ၄ လုံး(အတိအကျပဲနော်) ရှိရမယ် ကဲ ဝက်မလေးကို ကူကြပါဦးလို့
ဟိဟိ အဖြေတွေထားခဲ့နော် comment ကို ခဏ ဖျောက်ထားတယ် သိလား
နောက်နေ့ အဖြေပေးမယ် ဟဲဟဲ
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



20 comments:
ဝေ..အဲလိုလုပ်နဲ့လေ..တဂ်နဲ့ဦးလေ..နောက်တစ်မျိုးကျမှ တဂ်။။။ဒါမျိုးကြီးလာတဂ်ရဘူးလေ။ငါ့ညလေးက သိပ်လိမ္မာတာ မကြီးအသိ။။ကျန်တာတွေတဂ်ချင်သလောက်တဂ် ဒါမျိုးတော့လာတဂ်ရဘူးနော်။။ဝက်ဝံလေးကလိမ္မာတယ်နော်။စင်ကာပူလာရင်မုန့်ဝယ်ကျွေးမယ်နော် (မျက်နှာချိုသွေးသွားတာ) :)
အာ.... ကျနော်မိန်းကလေး မဟုတ်ဘူးဗျ ကျားမှကျားစစ်စစ်ပါ ဂျီးဒေါူလုပ်မှပဲ ဘုန်းကညာတပါး လုံးရာက ပြားနေပြီဗျာ..။ဒါနဲ့ ဝက်ဝံလေး လင်ထားတာ ဘာလို့ပြောတာလဲဗျ ..ဘာလဲ ရှိကြောင်း ကြွားတာလား...အဟီးဟီး..။ ဒီမေးခွန်းတွေ နောက်မှ လာဖြေမယ်ဗျာ အခု စဉ်းစားဦးမယ်..။
ဒီတစ်ခါတော့ လူလည်ကျလို့မရတော့ဘူး။ ရှေ့က သူတွေက ဖြေမထားဘူးဆိုတော့...
ညီမလေးရေ... မစဉ်းစားချင်သေးဘူးကွယ် =)
ဝက်ဝံပုတုလေးရေ..အဖြေတွေက ဒီလိုပါကွယ်..
ပထမမေးခွန်းအတွက်ကတော့
စုစုပေါင်း ငှက်က ၁၂ ကောင်းရယ်ပါ။
A သစ်ပင် = 7 ကောင်
B သစ်ပင် = 5 ကောင်
ဒါကြောင့် 7-1 = 5+1 , 7+1 = 2 (5-1)
ဒုတိယ မေးခွန်းအတွက်ကတော့
၁။ လူနဲ့ ကြက်နဲ့ ဟိုဘက်ကမ်းအရင်သွားမယ်။ ပြီးရင် ကြက်ကိုဟိုဘက်ကမ်းမှာထားခဲ့ လူဒီဘက်ကမ်းပြန်လာခဲ့ပါမယ်။
၂။ လူနဲ့ မြေခွေးနဲ့ ဟိုဘက်ကမ်းထပ်သွားမယ်။ မြေခွေးကို ဟိုဘက်ကမ်းမှာ ထားခဲ့ပြီး ကြက်ကို ဒီဘက်ကမ်း ပြန်ခေါ်လာခဲ့ပါမယ်။
၃။ ကြက်ကို ဒီဘက်ကမ်းဖက်မှာ ထားခဲ့ပြီး ပြောင်းဖူးနဲ့ လူနဲ့ ဟိုဘက်ကမ်းသွားမယ်။ ပြောင်းဖူးကို ဟိုဘက်ကမ်းမှာ မြေခွေးနဲ့ အတူထားခဲ့မယ်..( အဟီး မြေခွေးက ပြောင်းဖူးမစားဘူးနော်..အသားပဲစားတာ)
၎။ လူတစ်ယောက်ထဲ ဒီဘက်ကမ်းကို ပြန်လာမယ်။ ပြီးရင် ဒီဘက်ကမ်းက ကြက်ကိုခေါ်ပြီး ဟိုဘက်ကမ်းကူးသွားတဲ့အခါမှာတော့
ဒုတိယမေးခွန်းအဖြေက ထွက်သွားပါတော့တယ်။
တတိယမေးခွန်းအတွက်ကတော့
ဘာမေးတာလဲဆိုတာ သေချာစဉ်းစာလိုက်အုန်းမယ်။
မေးသူကိုယ်တိုင်ဖြေပေးပါ၊ ဘာမှစဉ်းစားလို့ မရဘူး ခေါင်းကိုက်နေလို့(ငါးခေါင်းကိုက်စားနေတာ) အဟီးဟီး
နေမကောင်းလို့စာတောင်သေသေချာချာမဖတ်နိင်ဘူး
စောစောနားလိုက်အုံးမယ်...။
နောက်နေ့မှပဲ အေးအေးဆေးဆေး လာဖတ်တော့မယ်.။
မေးခွန်း(၁)
Aသစ်ပင်ကငှက်နဲ့ Bသစ်ပင်ကငှက်တွေကို လေးခွနဲ့ပစ်ချပြီး ဒယ်အိုးထဲထည့်ကျော် ကျက်ပြီဆိုရင် ဟင်းခွက်ထဲသေသေချာချာထည့်
ပြီးရင်ရေကြည့် အဖြေရလာလိမ့်မယ် :P
.................
မေးခွန်း(၂)
အရင်ဆုံးပြောင်းဖူးထုပ်ကိုဖြေပြီး ကြက်ကိုကျွေးလိုက်ပါ ပြီးရင်ကြက်ကိုကျွတ်ကျွတ်ကြော်ပြီး မြေခွေးနဲ့
တစ်ဝက်စီ စားလိုက်ပါ ဒါဆိုမြစ်ကိုကူးလို့ရပါပြီ :P
.............
မေးခွန်း(၃)
ဘောလုံးကို သမိန်ပေါသွပ်နဲ့ပေါင်းပြီးကန်လိုက်ပါ
လိုချင်တဲ့အဖြေရလာပါလိမ့်မယ် ခွီး..ခွီးးး :P
(ပုံ)
အလင်္ကာကျော်စွာဒိသာပါမောက္ခကြီး သားကြီး ..။
ပါမောက္ခတော့ ပါမောက္ခပါပဲ ဒါပေမယ့် မှားတဲ့အခါလည်းမှားပေမပေါ့ အမိငယ် :P
facebookမှာခြံလုပ်ငန်းအကြီးအကျယ်လုပ်ပြီး
မိန်းမတင်တောင်းရင်ကောင်းမလားလို့
ဟီးဟီး
လယ်လုပ်တာဆိုတော့
သူကြီးသမီးကိုတော့မှန်းလို့မဖြစ်ဘူး
တော်ကြာနှစ်လုံးပြူးစာမိနေမယ်
ခွီး ခွီးး
နာလာတာ ကွက်တိပဲကွ ကိုယုယပြောတဲ့အတိုင်းပဲ ဟီးးးး
ဖတ်မိတဲ့သူတဂ်မယ်ဆိုလို့ အဆုံးအထိ မဖတ်လိုက်တော့ဘူး...
ပြန်ပြီ... ခွခွ... ခွိခွိ...
းဝ)
မေလေးတော့ မဖြေတတ်ပေါင် ငှက်ကြော်ကို ကိုသားကြီးလိုပဲ စားလိုက်မယ် ခွီးးခွီးးခွီးး
(၂) လူက ပထမ ကြက်နဲ့ကူးသွား ကြက်ကို ထားခဲ့
နောက်ပြန်လာပြီး ပြောင်းဖူးကိုသယ်သွား ပြီး ပြောင်းဖူးကိုထားခဲ့ပြီးကြက်ကိုပြန်သယ်လာ... နောက် ကြက်ကို ထားခဲ့ပြီး မြေခွေးကိုသယ်လာ ပြီးပြောင်းဖူးနဲ့ထားခဲ့... ပြီးမှ ကြက်ကိုပြန်လာသယ်ပေါ့
ဌဲဌဲ
ဝက်ဝံလေး..မမီးတော့ အကုန်မဖတ်မိဘူး..အဟဲး...
ငှက်နှစ်ကောင်ရှိတယ်။ တစ်ကောင်က ၀က်ဘ၀ အ ၀က်ဝံဖြစ်သွားလို့ ငှက်တစ်ကောင်ပဲ ကျန်တော့တယ်။ ဒုတိယမေးခွန်းကို ကိုသားကြီး အဖြေကြိုက်တယ်။ ဒါပေမယ့် မြေခွေးကို မကျွေးဘူး။ တစ်ယောက်တည်းစားမယ် ကြက်ကြော်။
တိဖူးတိဖူး...
ဟမ်......... ဟိဟိ ကိုယုယ ဖြေပေးသွားတယ်...။ :P
ဘယ့်နှယ့် ဌက်ကနေ ဝက်ဖြစ်သွားရတာတုန်း လုပ်ပါဥိးဟ နင်ကလည်း ပါးလုံးအပေါ်က ပို့စ်ကိုတော့ဖတ်သွားတယ်။ တက်ဂ်စကားလုံးကိုတော့ မမြင်လိုက်လို့ မဖတ်သွားဘူးနော်။ အဟိ ပျော်ရွှင်ပါစေ။
ဝက်ကလေးရေ။
ခင်မင်လေးစားလျှက်
သူငယ်ချင်း ပါးလုံး
ဝက်ဝံလေးရေ...
မရောက်ဖြစ်လို့ခွင့်လွတ်နော်။
ဘလော့ဂင်းများသွားလို့ အဆဲခံရလို့ရုံးမှာ...
အဲဒါကြောင့်
အားဘွား
ဟီးဟီး
ဝက်ဝံလေးရေ
အဖြေကတော့ ကိုယုယဖြေထားတာပဲပေါ့ မေးခွန်း၃ကို ၀ိုင်းလည်းမရှင်းဘူး အဖြေပြောဦးနော် ဒိုင်မလျှိုကြေး....
Post a Comment