ဒါပေမယ့် တနင်္လာနေ့တော့ အလုပ်သွားရတယ် မနက်စာစားပြီးတော့ အဝတ်လဲတယ် အိမ်ရှေ့တံခါး ဖွင့်ပြီးလမ်းမဘက်ကို ကြည့်လိုက်တယ် လူစိမ်းရဲ့အရိပ်အယောင်ကို မတွေ့ရဘူး ဒါနဲ့ John လဲ သက်ပြင်းချပြီးထွက်လာလိုက်တယ် ခဏနေတော့ မသင်္ကာတာနဲ့ နောက်လှည့်ကြည့်လိုက်တော့ John လန့်သွားတယ် သူ.. သူ... နောက်က နေ လိုက်လာပြန်ပြီ ဒီတခါတော့ ခြေလှမ်း ၄၀ စာလောက်ပဲ ရှိတယ် ဘူတာရုံထဲကို မြန်မြန်သွက်သွက်လေး ဝင်သွားလိုက်တယ် ကြောက်ကြောက်နဲ့ နောက်လဲလှည့်မကြည့်ရဲဘူး ရထားဆိုက်လာတာနဲ့ ဘာမှတွေဝေမနေဘဲ တန်းပြီး တက်လာခဲ့လိုက်တယ် အလုပ်ရောက်တော့မှ ဖူးးးး ဆိုပြီးတော့ သက်ပြင်းချနိုင်တော့တယ် John က မှန်စက်ရုံမှာ လုပ်တယ် သူ့အလုပ်က မှန်တွေကို ဖြတ်ပေးရတယ် ပုံစံအမျိုးမျိုး ဆိုဒ် အမျိုးမျိုးပေါ့ ဒီမနက် သူအလုပ်ရှုပ်တယ် ဒါနဲ့ အဲဒီ လူစိမ်းကို သူခဏတော့ မေ့သွားတယ် သူ့အလုက် သတိထားပြီးလုပ်ရတယ် မဟုတ်ရင် သူ့လက်ပြတ်သွားမှာကိုးး
နေ့လည်စာစားတော့ John က canteen မှာ Sam ရယ် Morag တို့နဲ့ အတူစားတယ် John က လူစိမ်းကိုမြင်လိုက်ရတော့ တော်တော်လေးလန့်သွားတယ် ဦးထုပ် အနက်နဲ့တန်းစီနေတာ တွေ့လိုက်ရတယ် John လက်ထဲက ခက်ရင်းနဲ့ ဓားလွတ်ကျသွားတယ် ဒါနဲ့
" ဘာဖြစ်တာလဲ " လို့ Morag က မေးလိုကတယ် Sam က
" မင်းကြည့်ရတာ သရဲတွေ့တာ ကျနေတာပဲ " တဲ့ John က
" သူ..သူ.. ဒီအထိတောင် လိုက်လာတာပဲ "
" ဘယ်သူလဲ "
" ဟို အမည်းရောင်နဲ့ လူပေါ့ ကြည့်လေ ဟိုမှာ " တဲ့ Morag က လှမ်းကြည့်လိုက်တယ်
" ငါ ဘာအမည်းရောင်မှ မတွေ့ပါဘူး " Sam ကလဲ
" အဲဒီမှာ ဘယ်သူမှမရှိပါဘူး "တဲ့ ဟုတ်ပါတယ် အခုတော့ ဘယ်သူမှ မရှိတော့ဘူး ဒါပေမယ့် သေချာပါတယ် အဲဒီလူစိမ်းပြန်လာမယ်ဆိုတာ အဲဒီညက John အိမ်ပြန်ရောက်တော့ လူစိမ်းက သူ့နောက် လိုက်တုံးပဲ ဒီတခါတော့ ခြေလှမ်း ၃၀ စာ
တပတ်လုံးမှာ John အလိုက်ခံနေရတယ် တဖြေးဖြေးနဲ့ပိုနီးလာတယ် ဒီသောကြာကျတော့ ခြေလှမ်း ၁၅ လှမ်းစာပဲကျန်တော့တယ် John အနောက်ကနေ လှည့်ပြီး အဲဒီလူနဲ့ မျက်နှာချင်းဆိုင် တွေ့ချင်တယ် ဒါပေမယ့် သူမလုပ်ရဲဘူး သူတို့သူငယ်ချင်း ၃ ယောက်က သောကြာညနေတိုင်း အပြင်ထွက်သောက်နေကျ Morag က
" နင့်ကြည့်ရတာ အခုခုကို စိုးရိမ်နေသလိုပဲ " John က
" အမှန်ပြောရရင် ငါ့နောက်ကို တယောက်ယောက် လိုက်နေတယ် " ဆိုတော့ Sam က
" ဘယ်သူလဲ "
" ဟိုမှာလေ အင်္ကျီအမဲဦးထုပ် အမဲနဲ့လေ " တဲ့ Morag က
" ဟိုးးးနေ့က canteen မှာတွေ့တဲ့တယောက်လား "
" သူဘာလို့ ငါ့နောက်ကို လိုက်နေမှန်းမသိဘူး " တဲ့ ပြီးတော့ လက်ညှိုးထိုးပြတယ်
" ဟိုမှာ သူလေ မမြင်ဖူးလား " တဲ့ Sam နဲ့ Morag က လှည့်ကြည့်တယ် လူစိမ်းက ပျောက်သွားပြီ John က
" သူအခုလေးတင် ရှိတယ် အရပ်ရှည်တယ် ငါ့ခန္ဓာကိုယ် အချိုးအစားအတိုင်းပဲ " တဲ့ Morag က
" နင့်ပုံစံဟုတ်လား သူ့မျက်နှာ မြင်ဖူးလား " လို့မေးတယ် Morag က စကော့လူမျိုး သရဲအကြောင်းတွေ ဘာတွေ ပြောပြတတ်တယ်
" ဟင့်အင်းတခါမှမမြင်ဖူးဘူး " လို့ John က ပြန်ဖြေတယ် Morag က
" မဟုတ်မှလွဲရော နင့်ကို လာခေါ်တဲ့ လူမဟုတ်ပါစေနဲ့လို့ ဆုတောင်းရတာပဲ "လို့ပြောတယ်
" ငါ့ကိုလာခေါ်တဲ့လူ ? ဘာကိုပြောတာလဲ " လို့ John က ပြန်မေးလိုက်တယ် Morag က
" ငါတို့ စကော့မှာ အယူရှိတယ်ဟ သေခါနီးကျရင် လူစိမ်းတယောက်က လာခေါ်တယ် သေဖို့လေ ဒါပေမယ့် အဲဒီလူစိမ်းမျက်နှာကိုကြည့်လိုက်ရင် အဲဒါ လူစိမ်းမဟုတ်ဘူး နင်ကိုယ်တိုင်ပဲ " လို့ပြောတယ် Sam က John လန့်သွားတာကို ကြည့်ပြီးရယ် တယ် ပြီးတော့
" Morag လျှောက်ပြောတာ မယုံနဲ့ သူက မင်းကို ကြောက်အောင် ခြောက်နေတာ ဘာမှလာခေါ်တာ မဟုတ်ဘူး " လို့ပြောတယ် ပြီးတော့
" မင်း စိတ်ထင်လို့နေမှာပါ မင်းက အလုပ်တွေ အရမ်းလုပ်တော့ ပင်ပန်းပြီးဖြစ်တာနေမှာ " လို့ နှစ်သိမ့်လိုက်တယ် John က
" မင်းပြောတာ ဟုတ်ပါစေလို့ မျှော်လင့်တာပဲ "
" သေချာတာပေါ့ " လို့ Sam ကပြောတယ် ပြီးတော့
" မင်း ဆရာဝန်နဲ့ ပြကြည့်ပါလား " လို့အကြံပေးတယ်
John က Sam ပေးတဲ့အကြံအတိုင်း ဆရာဝန်နဲ့ သွားပြဖြစ်တယ် သူ ဆရာဝန်ဆီကို သွားရမှာမုန်းတယ် ဒါပေမယ့် ဆရာဝန်က သူ့ကို ကူညီနိုင်လိမ့်မယ်လို့ သူထင်တယ် ဒါနဲ့ သွားဖြစ်တယ်
" ဘာဖြစ်တာလဲ " လို့ ဆရာဝန်ကမေးတယ် John က
" ငါ့နောက်ကို လူတယောက်လိုက်နေတယ် " ဆိုပြီး လူစိမ်းအကြောင်းကို ပြောပြလိုက်တယ် ဆရာဝန်က
" အင်း စိတ်ဝင်စားစရာပဲ ခင်ဗျားက ဘယ်လိုထင်လဲ " လို့မေးတယ်
" သူငယ်ချင်းတယောက်က ပြောတယ် အဲဒါသေဖို့လာခေါ်တာတဲ့ လူစိမ်းမဟုတ်ဘူး ငါကိုယ်တိုင်ပဲလို့ " ပြောတယ် ဆရာဝန်က အံ့သြတကြီးနဲ့ မျက်ခုံးကို ပင့်ကြည့်တယ် John က ဆက်ပြောတယ်
" ဒါပေမယ့် နောက်တယောက်ကျတော့ ငါအလုပ်တွေ အရမ်းလုပ်ပြီး ပင်ပန်းလို့ လို့ပြောတယ် ဒေါက်တာရော ဘယ်လိုထင်တုံး " လို့မေးလိုက်တယ် ဆရာဝန်က
" အလုပ်ပင်ပန်းလို့ နေမှာပါ ခင်ဗျား ဘာလုပ်သလဲ "
" မှန်စက်ရုံမှာလုပ်ပါတယ် "
" အာ... အဲဒါပဲပေါ့ ခင်ဗျားကိုယ် ခင်ဗျား ပြန်မြင်နေရတာပဲ ဒါ အံ့သြစရာမရှိပါဘူး ပြီးတော့လမ်းပေါ်မှာ လူတွေ အများကြီးရှိတယ် အဲဒီအထဲက တယောက်ယောက်က ခင်ဗျားနောက်လိုက်နေတယ်လို့ ခံစားရတာ နေမှာ " John က ဒါဆိုရင်
" လူစိမ်းမရှိဘူးလို့ ပြောချင်တာလား ဒါဆိုရင် ငါဘာလုပ်သင့်သလဲ " လို့မေးလိုက်တယ်
" ဒီတခါ တွေ့ရင် မင်းဘာလို့ ငါ့နောက်လိုက်နေတာလဲ ဆိုပြီး မျက်နှာချင်းဆိုင် ပြီး မေးလိုက် အဲဒီအခါမှာ တခြားလူတယောက် ဖြစ်နေတာကို တွေ့ရလိမ့်မယ် " လို့ ဆရာဝန်က အကြံပေးတယ် John က
" ကောင်းပြီလေ ငါ လုပ်ကြည့်မယ် " လို့ ပြောပြီး ဆရာဝန် ဆီကနေ ထွက်လာခဲ့တယ်
အိမ်ကို မြန်မြန်လေး ပြန်လာခဲ့တယ် မိုးကလဲ တဖွဲဖွဲလေး ရွာနေတယ် ဆရာဝန် ပြောတဲ့အတိုင်း လုပ်မယ် လို့ ဆုံးဖြတ်လိုက်တယ် ဒါနဲ့ လမ်းလျှောက်နေရာကနေ ရပ်လိုက်တယ် လူစိမ်းက သူနဲ့ ၁၀ လှမ်းပဲကွာတော့တယ် လူစိမ်းဆီကို လျှောက်သွားလိုက်တယ် ပြီးတော့ ရှေ့တည့်တည့်ရပ်ပြီးတော့
" ဒီမှာ ခင်ဗျား အချိန်ရလားမသိဘူး " ဆိုပြီး မေးလိုက်တယ် လူစိမ်းက ဦးခေါင်းကို မော့ကြည့်တယ် အလို သူ့မျက်နှာပါလား John အရမ်းလန့်သွားတယ် လာခေါ်တဲ့လူစိမ်းက
" အချိန်ကျပြီ " လို့ပြောလိုက်တယ် အသံကလဲ သူ့အသံပဲ သူ့လက်ကို ဆွဲပြီး လမ်းမကြီးပေါ်ကနေ ပျောက်ကွယ်သွားပါတော့တယ်
အဲဒီစာအုပ်နံမည်က The Fetch တဲ့ dictionary ထဲမှာရှာကြည့်တော့ သွား၍ယူဆောင်သည် သွားခေါ်သည်တဲ့ သူက ကြိယာအနေနဲ့ပဲပြောထားတယ် ဒီမှာသုံးထားတာက နာမ် အနေနဲ့သုံးထားတာ ဒါနဲ့ ငှက်လဲ လာခေါ်သူလို့ ပြန်လိုက်တယ်နော် အမှားရှိရင် ခွင့်လွှတ်ကြပါလို့နော်
အားအင်အသစ်တွေရရှိခြင်း ပို့စ်မှာ မန့်သွားတဲ့ ဘလော့ဂ်ဂါ မောင်နှမများ နဲ့ အားလုံးသော အားပေးနေတဲ့ သူငယ်ချင်းများ ကို ကျေးဇူးအထူးတင်ပါတယ် ကျေးဇူးတင်ကြောင်းလေ ပို့စ်သက်သက်မရေးတော့ဘူးနော် ရတယ်ဟုတ် ?



11 comments:
ငှက်လေးရေ...
ဒို့ထင်တာတော့ ..အထင်ပြောတာနော်။
သူကမှန်စက်ရုံမှာ လုပ်တော့ သူ့အရိပ်ကသူ့ကိုပြန်ခြောက်နေတာနေမှာပေါ့။
ဒါပေမယ့်စကော့လူမျိုး တွေရဲ့ ထုံးစံအရဆိုရင် သေမင်းကလာခေါ်တာပေါ့ လေ။။
ငှက်လေးကျန်းမာရွှင်လန်းစွာ ဘလော့ခ်လောကမှာ ပျံသန်းနိုင်ပါစေ။
အီးးးးးးးးးးး ကြောက်တယ်... ဟင့် ငှက်ကလေး.. ဆိုးတယ်... ဒီညနေ အလုပ်ကပြန်ရင် ... နောက်က လိုက်လာရင် ဒုက္ခပါပဲ.... ညခင်းဖတ်မိရင် တော်တော် ကြောက်မှာ မှန်တောင် ကြည့်ရဲမှာ ဟုတ်ဘူး... တို့ သေရမှာတော့ ကြောက်တယ်ကွယ်..။
ငှက်လေးရေ...နောက်လှည်.ကြည်.လိုက်တော.နှံပြည်စုတ်ဖြစ်နေရော ဟိဟိ
နောက်လည်းလှည့်ကြည့်လိုက်ရော
ပါးစပ်ကိုလက်နှစ်ဖက်နဲ့ဖြဲပြီး“ဝဲ”လို့အသံထွက်အော်
တဲ့ ဘလော့ဂေါက်နေတဲ့ “သားကြီး”ဖြစ်နေပါရော အဟိ
စတာပါ....ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းတယ် အစအဆုံးဆွဲဆောင်နိုင်တယ် သူကမှန်စက်ရုံမှာလုပ်တာဆိုတော့ ဆရာဝန်ပြောသလိုပဲ ကိုယ့်အရိပ်ကိုယ်မြင်တာ
များပြီး အဲလိုထင်ယောင်ထင်မှားဖြစ်တာများလား
လို့တွေးမိသေးတယ် နောက်ဆုံးကျတော့ တကယ်ပဲလာခေါ်သွားတာကိုး။
ဘာသာပြန်ကောင်းလေးတွေမျှော်နေတယ်ငှက်ကလေးရေ
ပျော်ရွှင်ပါစေ ။
ငှက်...ဘလောက်ပိတ်ဘို့တောင် စိတ်ညစ်သွားရအောင် နင်ကို ဘယ်သူဖျင်လိုက်တာလဲ ငါကိုပြောစမ်းးးးး နင့်ကိုထိရင် ငါမခံဘူးဆိုတာ နင်မသိဘူးလားးး ဘယ်သူလဲ ...း)
နင်နောက်က တယောက်ယောက်လိုက်နေတယ် လို့ထင်လာရင် ကြိုပြောနော် ... ၁၀လှမ်းစာမရောက်ခင်နော် .. ငါကို မတွေ့လဲ မေးလ်ပို့ထား ကြားလား တယောက်ယောက်လိုက်နေတယ်လို့ ....
ညီမလေးရေ..ဘာသာပြန်လေးမှာ အရေးအသား တကယ်ကောင်းတယ်...
ညီမလေးကို အစ်မက အရမ်းအားပေးနေတယ်မှတ်တာ မင်း ကို မှီမှ မှီပါ့မလား..မသိ :P
ကြက်သီးတောင်ထတယ် ငှက်ရာ။
ဘာသာပြန်ကောင်းတယ်ဗျာ။
ဟေးငှက်ငယ်..ကောင်းလှချည်လား။ အမခုတလောမအားလို့အိမ်လည်မရောက်ဖြစ်တာ ငှက်ဘလော့ဂ်တောင်ပုံစံပြောင်းနေတာ မသိလိုက်ဘူး
အိမ်သစ်လေးကလည်းလှ။ ဘာသာပြန်ပို့စ်လေးကလဲကောင်း။ တော်ပ
ဟယ်..
နောက်ဆို တွေ့ ကရာ လူစိမ်း ကို သွားမကြည့်နဲ့နော် .. နဲနဲ ကျက်သွားအောင် အရင်ချက်လိုက် .. ပြီးမှ မကျက်တကျက်လေး ဝါးပေတော့ ။
ဘာသာပြန်တာ အတော်ကောင်းပါလား ငှက် ရယ် ..
ဇီးကွက် ပညာရှိ ငှက် ပဲ ဖြစ်ရမယ် ။
ကြိုက်သွားပြီင်္ကွယ်..
အဲဒါ ငါ့ညီမ ငှက်စုတ်ကလေးတွ ဟေးဟေးဟေးးးးးးးးးး
ကောင်းတယ် ငှက်ရေ...
ဆက်လုပ်။ အားပေးနေတယ်.....
ငှက်ကလေးရေ ဖတ်လို့ကောင်အမှန်တကယ်ကောင်းပါ၏
တယ်တော်တဲ့ ကလေးမလေးပါလာနော်.....
Post a Comment