skip to main |
skip to sidebar
ကိုယ်တွေ့
အဟက် ခေါင်းစဉ်က ကိုယ်တွေ့ရယ်လို့တပ်လိုက်ပေမယ့် ကိုယ်တကယ်တွေ့တာတော့ဟုတ်ဘူး အိမ်မှာ ဖြစ်သွားတာလေး ပြောပြမယ် အဟီးးး မပြောခင် ခြေဆင်းပေါ့နော် intro နဲနဲဝင်မယ်နော် ဒါမှ ဘာလဲ ဆိုတာ မျက်စိထဲမြင်အောင်လို့ ဟုတ်ပြီနော် အိုကေ?
ကဲပြောမယ် အိမ်(ရန်ကုန်အိမ်) မှာက အိပ်ခန်း ၃ ခန်းရှိတယ် တခန်းက အဖေနဲ့အမေ တခန်းက အစ်ကိုတော် အခန်း နောက်တခန်းက ညီမရယ် အငယ်မလေးရယ် အိမ်ဖော်ကောင်မလေးရယ် နေရတဲ့အခန်းပေါ့ ညီမခုတင်ရယ် အငယ်မလေးလေး ကုတင်ရယ် ကြားထဲမှာ မှန်တင်ခုံရှိတယ် ညီမကုတင်ခြေရင်းမှာ အိမ်ဖော်ကောင်မလေး ရဲ့ ခုတင် ရှိတယ် အငယ်မလေး ကုတင်ခြေရင်းမှာတော့ စာကြည့်စားပွဲရှိတယ်
တည ပေါ့ ထုံးစံအတိုင်း ရန်ကုန်မှာလေ မီးက မလာလိုက် ပျက်လိုက်လေ သိတယ်မလား မီးပျက်တဲ့နေ့ပေါ့လေ မေမေတို့က အဲတုံးက ဘယ်မှာလဲမသိဘူး မမှတ်မိဘူး ထားပါ ဒါက အရေးမကြီးဘူး အစ်ကိုတော်ကလဲ သိတဲ့အတိုင်း အိမ်ကပ်တာမဟုတ်ဘူးလေ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတယ်မှတ်ရတယ် အိမ်မှာကို မနေတာ ဒီတော့ ၃ ယောက်သားကျန်ခဲ့တာပေါ့ ညနေစာစားသောက်ပြီးတော့ အငယ်မလေးက ခဏအိပ်မယ် ပြောတယ် ညီမကတော့ အိပ်ယာပေါ်ရောက်သွားတာနဲ့ တချိုးတည်း အိပ်ပျော်သွားတာ သူတို့ဘာဖြစ်မှန်း မသိတော့ဘူး ဒါနဲ့ အငယ်မလေးက အိမ်ဖော်ကောင်မလေးကို
" သန်းသန်းရေ သမီးကို ၉ ခွဲကျရင် နှိုးနော် စာကျက်ရအောင် " တဲ့ အဟီးးး အဲလိုလိမ္မာတာ ညီမ နဲ့များကွာပါ ညီမက အိပ်လိုက်ပြီဆိုရင် လင်း တရေးပဲ (အဟက် ကြုံတုံးလေး ကြွားလိုက်ဦးမယ်)
ဒီလိုနဲ့ ဒေါင် ဆိုတဲ့ ည ၉ နာရီခွဲလဲကျရော (အမှန်တော့ ဒေါင်လို့မမြည်ပါ တင်စားလိုက်တာပါ) အငယ်မလေး ခုတင်ခြေရင်းကနေ ယောက်ျားသံကြီးနဲ့
" ထတော့လေ ၉ နာရီခွဲပြီ " တဲ့အငယ်မလေးက ငေါက်ကနဲ ထထိုင်လိုက်ပြီးတော့
" သန်းသန်း သမီးကို နှိုးတာလား " တဲ့ မေးတယ် ဒါနဲ့ သန်းသန်းက
" မဟုတ်ဘူး မသန်းလဲ အခုမှ နိုးတာ ခုဏက ယောက်ျားသံကြီး ကြားလို့ " တဲ့ ဒါနဲ့ အငယ်မလေးက
" မမ မမ ညီမလေးကို နှိုးလားဟင် " တဲ့ တော်တော် အားကိုးရလောက်တဲ့ အစ်မ သိလား တုတ်တုတ်မှကို မလှုပ်တာ ညီမ အဟိ (အဲဒါသူတို့ပြန်ပြောပြချက်အရလေ) ဒါကြောင့်လဲ သရဲတွေက ညီမကို မခြောက်တာနေမှာ ခြောက်လဲ နိုးမယ့်ဟာမလေး မဟုတ်ဘူးဆိုပြီးတော့လေ အဟက် သန်းသန်းက
" မဟုတ်နိုင်ဘူး အငယ်လေး အလတ်မလေး အသံမှ မဟုတ်တာကို ယောက်ျားသံကြီးဟာကို " တဲ့ အမငီးးးးးး ကြောက်ထှာနော် ငါ့နှယ် အဲဒါ သူတို့ဘာဆက်လုပ်လဲ တော့ ညီမလဲမသိဘူး
မနက်မိုးလင်းတော့မှ ပြန်ပြောပြတယ် မေမေက တော့
" အော် သမီးရယ် စိတ်ထင်လို့နေမှာ ဘာမှမဟုတ်ပါဘူး " တဲ့ အယ် စိတ်ထင် တယ် ဆိုလဲ အငယ်မလေး တယောက်ပဲ ကြားမှာပေါ့လို့ နော့် အခုတော့ ကောင်မလေးပါ ကြားတာ အဟေးးအဟေးးးး
တနေ့ ဘဘကြီး ရန်ကုန်လာတော့ အငယ်မလေးက ဘဘကြီးကို ပြောတယ်
ဘဘကြီးက နယ်မှာ တာဝန်ကျတယ်လေ ဆေးရုံအုပ်ကြီးဆိုတော့ ရန်ကုန်ကို ဆေးတွေဘာတွေ လာဝယ်မှပဲ အိမ်မှာ ခဏတည်းတယ် ပြီးရင် ပြန်သွားရော တခါ ဘယ်မြို့လဲမသိဘူး သူရတဲ့အိမ်မှာ အစောင့်ရှိတယ်တဲ့ သူက ဆေးရုံကို သွားတော့ တံခါးသော့ခတ်သွားတာကို သောင်းကျန်းတယ်ဆိုပဲ အိမ်နီးချင်းတွေ ပြောလို့ နောက်တော့ သူလဲ သော့မခတ်တော့ မသောင်းကျန်းတော့ဘူးတဲ့ သူရေချိုးဖို့ ရေတွေဘာတွေခပ်ထားပေးတယ်ဆိုပဲ (နိပ်ဟ) အဟီးးးးး ည တရားထိုင်လို့ ငိုက်ရင်လဲ မျက်နှာကြီးပေါ်လာပြီး သူ့ကို နှိုးတယ် ဆိုပဲ (ညီမသာဆိုရင်လန့်တာနဲ့သေမှာသိလား အဟီးးးး အဲလိုသတ္တိရှိတာလေ) ညည အပြင်ထွက်ပြီး ဘုရားစာတွေ ဘာတွေရွတ်ရင်လဲ မှင်စာလေးတွေ တွေ့တတ်တယ်ဆိုပဲ အဟားးးး ပျော်စရာကြီးနော် ညီမသာရင် သူတို့နဲ့ကစားမှာ ဟားဟားးးးး အော် ဒါနဲ့လိုရင်းကိုမရောက်တော့ဘူး
အငယ်မလေး က ဘကြီးကို အဲလို အဲလို ပဲလို့ပြောတော့ ဘကြီးက
" သမီးရယ် မကြောက်ပါနဲ့ ဘာမှမဟုတ်ပါဘူး အစောင့်အရှောက်တွေပါ မေတ္တာပို့ အမျှဝေ ဘာမှမဖြစ်ပါဘူး " တဲ့ အေးလေ ဟိုအစောင့်က သူတို့မနိုးလို့ စေတနာနဲ့ လဲ နှိုးရသေးတယ် ဒါကိုကြောက်တယ်ဆိုတော့ ဟွန်းးးး ပြောလိုက်ချင်ဘူး ဒါနဲ့ ဟိုက နောက်ကျတော့ ဘာသံမှမပေးတော့ဘူး ကလေးတွေကြောက်မှန်းသိသွားလို့နေမှာပေါ့ ညီမကတော့ တွေ့ချင်လို့ သူ့ကို တိုင်တည်ပြီး စကားတွေပြောရတာ အမော
" ဟယ် နင်ရှိလားဟာ ငါ နင့်ကို တွေ့ချင်လို့ ငါ လေ ဟိုလိုလုပ်ချင်တာ အဲဒါလေး နင်ဖြည့်ဆည်းပေးမလား ဟင် " ဘာညာနဲ့ ပြောလိုက်ရတာ ပြီးတော့ သူက ဘာကိုယ်ထင်မှလဲ မပြဘူး စကားလဲပြန်မပြောဘူးရယ်
ဘာရယ်မဟုတ်ပါဘူး ကိုမြစ်ကျိုးအင်းက သူ့ကိုယ်တွေ့ သင်္ချိုင်းအကြောင်း လေးရေးတော့ ညီမလဲ သတိရပြီး ဒါလေး ချရေးဖြစ်တာပါ အမှန်တော့ သူတို့တွေ(ဝိဥာဉ်လောကသားတွေ) ကကြောက်ဖို့မကာင်းပါဘူး သူတို့ကိုယ်ထင်ပြတယ်ဆိုတာ အမျှအတန်းလိုချင်လို့ ကိုး ဒါကြောင့် ညီမကတော့ မကြောက်ဘူး သူတို့ကို သနားလို့လေ တွေ့ရင် မေတ္တာပို့ပြီး အမျှဝေချင်တာ အဲလို မကြောက်တဲ့လူကျတော့ မခြောက်ဘူး ကြောက်တဲ့လူပဲ ခြောက်တယ် ထင်ပါ့နော် ညီမ ဒီအသက် ဒီအရွယ် အထိ ဘာသရဲမှာလဲ မမြင်ဖူးပါဘူး စိတ်ဝင်စားလွန်းလို့ တွေ့ချင်တယ် မြင်ဖူးချင်တယ် ဆိုတာလဲ မမြင်ရပါဘူး
လောကမှာ တစ္တေသရဲ ဆိုတာ တကယ်မရှိပါဘူး တကယ်ရှိတာကတော့ ပြိတ္တာတို့ပဲရှိတာပါ လောကဘုံမှာ ကျင်လည်နေကြတဲ့ သနားစရာသတ္တဝါလေးတွေပါ သူတို့က လူတွေထက် အဆင့်နိမ့်ပါတယ် ဒါကြောင့်လူတွေကို ဘာမှလုပ်လို့မရပါဘူး အဲ တကယ်ကြောက်ဖို့ကောင်းတာကတော့ လူပါပဲ လူကသာ ကိုယ့်ကို တခုခု လုပ်သွားနိုင်တာလေ သတ်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ ဒါကြောင့် ညီမကတော့ သရဲတစ္တေလဲ အယုံအကြည်မရှိသလို ကြောက်လဲမကြောက်ဘူး (ရွေနိပ်တယ်နော် သတ္တိခဲမကြီး) ဟားဟားးးးးးးးး အားကိုးချင်ရင် ရတယ်နော် အဟက်
35 comments:
အလဲ့ နင်က တကယ်မကြောက်ဘူးဆိုရင်တော့ စမ်းကြည့်ရသေးတာပေါ့ အင်္ဂလန်မှာ သရဲ အရမ်းခြောက်တယ်ဆိုတဲ့ အိမ်တွေ ရှိတယ်နော်
နောက်မှ တူတူသွားကြတာပေါ့
ဟဲ ဟဲ ၁ ယူလိုက်တယ်ဆိုတာကို ပြောဖို့ မေ့သွားလို့ လာပြန်ပြောတာ ၁ ယူလိုက်တယ်ကွ ဟား ဟား
ဟဟဟ ရတယ် အရိုင်းရေ စိမ်လိုက်လေ နောက်မှ ငါ့အနားကပ်ပြီး ဝက်ရေ ကြောက်လှပါချည်ရဲ့ မလုပ်နဲ့ ဟွင်းးးး ငါ့လဲအသားယူပြီး လာမဖက်နဲ့ မရဘူး မှတ် ဟွန်းးးးးးး
ညီမလေးရေ...လောကမှာ တစ္တေသရဲ ဆိုတာ တကယ်မရှိပါဘူး တကယ်ရှိတာကတော့ ပြိတ္တာတို့ပဲရှိတာပါ ... ဆိုတာလေးကြောင့် တော်တော်လေးစားသွားပြီ။
ှဒါပေမယ့် ညီမလေးရေ... ခြောက်တတ်တဲ့သဘောရှိတာကြောင့် ကြောက်လန့်တတ်စေသော အဆင်းရှိတာကြောင့် မြန်မာတွေက တစ္တေသရဲ လို့ အလွယ်ခေါ်မိကြတာပါ။
တစ်ချို့က ပြိတ္တာလို့ပင် လုံးဝမတွက်ဆမိတဲ့သူတွေလည်း ရှိကြပါတယ်။
အစ်မကတော့ ဘာပဲဖြစ်ဖြစ် လုံးဝကြောက်တတ်ပါတယ်။ သူတို့ကို အမျှပေးဖို့ မကြိုးစားခင် ကိုယ်ကအရင်သတိလစ်သွားမှာ စိုးရတယ် :P
သူရဲ မကြောက်တတ်တဲ့  ဝက်လေးအတွက်
ပြိတ္တာ တပ်ခွဲ တခွဲ ပို့ ပေးလိုက်ပြီ ။
ဒီညမှ စပြီး ဝက်လေးကို ခြောက်ဖို့  ..အဲ.. စောင့်ရှောက်ဖို့ ။
လိုတာ ခိုင်းလို့ လဲ ရတယ် ။
အစာရေစာတော့ ဝအောင်ကျွေး ပေးပါ ။
သူတို့ က ရွှေပြည်ကြီးက လာတာ ၊ ထမင်းမစားရတာ အတော်ကြာနေပြီ ...
ပုံ/
ပြိတ္တာ ချုပ်မှူးကြီး
ဖွားကိ
ဟေ..ဂယ်ကြီးလားဟေ။။။။။တို့တော့ အဲလိုအသံသာကြားလိုက်လို့ကတော့...အမငီး ၄ ရက်လောက်ဖျားမယ်လားမသိ..ငါ့ညီမ၀က်ဝံလေးက သတ္တိကောင်းလှချည်လား..စကားတောင်တိုင်တည်ပြီးပြောတယ်ဆိုတော့.....
အမဆိုရင်လေ..ပြောတော့ဘူး ကြက်သီးထတယ်
wet win lay yay...
ta gal gyii larr
dote ga ghost kyauk tet tel..
wuu htwarrr htwarrr
သိဘူး... ကြောက်တယ်... ဒါဘဲ...
ဝက်နော်... ဒါဘဲပြောမယ်... နောက်ကျရင် ခေါင်းစဉ်မှာ တရဲ အကြောင်းဆို တရဲ အကြောင်း ရှင်းရှင်းလင်းလင်းတေချာရေးထား... နေ့ခင်းမှ လာဖတ်မယ် (မဖတ်ပဲလဲနေမှနေနိုင်ပဲကို ).... ဒါဗြဲ... ဟွန့်...
ထုတောင် ချင်ကာဘူ မှာ တရဲလွှတ်ချိန်တဲ့ အဟင့်.. ခုမှ ည စောစောအိပ်တဲ့ အကျင့် ရတော့တယ် အဟက်...
ကြောက်တယ်
သွေးကတော့ ဗန္ဓုလသွေး ဟဲဟဲ
အားကိုးပါရစေ ၀က်ကလေး ရယ်... နောင့် က တော့ ငှက်ကလေး ပြောတာတွေ လဲသိသိကြီးနဲ့ကို ကြောက်တာကွဲ့.... ဘီလို လုပ်ရမတုန်းးးးးး
ကောင်းပါ ... သူကသရဲချစ်နေသေးတယ် ဟာဟ
သရဲက ကဗျာ ဆန်ရင်တော့ ငါလည်းချစ်လောက်တယ် :P
ပရလောက မှ မိတ်ဆွေများအကြောင်းလာ ဖတ်သွားတယ် ဝက်ဝံလေး မရှိတုန်း ကျနော် လာလည်တာ သူ က ထနှုတ်ဆက်လိုက် သေးတယ် “နောက်တစ်ခါ မလာနဲ့ တဲ့ ” ကျနော်လဲ မျက်လုံးပြူးကနဲ ပါးစပ်ကလဲ ဖူးကနဲ မန္တန်ရွတ်ပြီး ဝှီးကနဲ ကိုကိုယ့်အိမ်ပြန်ပြေး သွားတယ် ဝက်ဝံလေး မိတ်ဆွေ ကိုကြည့်လည်း ပြောထားဦး အ လန့် ထန်းလျက် ရှိချက်နဲ့  လူတောင် လှပ်လှပ် လှပ်လှပ် ဖြစ်သွားတယ် .. မန့် နေ ရင်း တောင် လက်တုန်ခြေတုန်ဖြစ်နေပြီ ...........
အေးမြသာယာပါစေ
ရန်ကုန်သား
:P
တစ္ဆေသရဲနဲ့ ပြိတ္တာနဲ့ တူတူပဲ မဟုတ်ဘူးလား ၀က်ရ။ =]
ဝက်လဲ သတိုးတေဇလို စာအုပ်ထုတ်သင့်ပြီ။ ဟီး။ =P
ထင်လို့ နေ့လည်ဘက်လာဖက်တာ ကွက်တိဖြစ်နေတယ်
စာဖတ်ရင်း တ၀က်လောက်ရောက်တော့ ညောင်းတာနဲ့
ကုတင်ပေါ်ရောက်သွားတယ်။
ကုတင်ပေါ်ရောက်တော့ ချမ်းတာနဲ့ စောင်ပါခြုံလိုက် ရတယ်...။
သ)) သရဲ))တော့ မ..မ..မကြောက်ပါဘူး))))
တကယ့်သရဲ အကြောင်းရေးပြီး ၀က်ဝံလေးကို ညဖက် လာဖတ်ခိုင်းအုံးမှပဲ...။
ဟိုရောက်ရင် မှင်စာလေးတွေနဲ့ အဖော်လုပ်ပေါ့ သူငယ်ချင်းမရခင်
အဟတ်.. ခြောက်တာ၊
ဟုတ်တယ် လူက သရဲထက်ပိုကြောက်ဖို့ကောင်းတယ်။
ဟင့်အင်း ဘာပြောပြော တွေ့တာနဲ့တင် လဲသေမှာပဲ ရဘူးဒါမျိုးတော့ လာမပြနဲ့ ကေင်မလေးချောချာဆိုရင်တော့.. အငှီးငှီး
မမ မမ..
အားကိုးပါရစေနော် :)
အယ်...ကြောက်တတ်တယ်နော်...မီးက..
အားကိုးပါရစေ ယောင်းဝက်ငှက်ပြာတာလူးလေးရယ်... ဟိဟိ..
မှန်လိုက်တာ... ကိုယ်အဓိက သတိထားရမှာက သရဲသစ္ဆေထက် လူတွေကိုယ်ပါပဲ။ မှန်တယ်ညီမ။
အချိန်မရွေး ဒုက္ခအပေးနိုင်ဆုံးက လူပဲ။ အဲဒီလူဆိုတဲ့ သတ္တ၀ါတွေရဲ့ပါးစပ်က ပိုဆိုးတယ်။ လူထက်ကြောက်စရာကောင်းတာက ပါးစပ်ကထွက်လာတဲ့ စကား။း))
မက်မက်အမြင်နော်။
ကဲ..အာဝါးးးးးးးးးးးးးး လူကိုကြောက်အောင်ရေးတတ်လို့... နောက်ကြုံရင်လဲ တီတီဒွင်းရဲ့ ကိုယ်တွေ့လေးကို မက်မက်က ဖြန့်ဝေပေးပါဦးမယ်...ယောင်းရေ..
တာ့တာ
ဝက်ကလေး က မကြောက်တတ်ဘူးပေါ့
ဟတ်လား
၃၀ ခဲ လေးပဲ
း)
အမှန်တော့ဝက်ဝံလေးပြောသလို
တစေ တရဲ ဆိုတာ
အမျှအတန်းလိုချင်လို့  ကိုယ်ထင်ပြ
အနံ့ပေး အသံပေးတာပါ
သူတို့ ကို အမျှပေးဝေလိုက်ရင် သူ တို့ တွေက
ပျော်သွားကြမှာပေါ့
ကောင်းရာဘုံဘ၀ရောက်သွားလို့ 
ခင်တဲ့
ကိုကြီးဝသန်မိုး
အောင်မလေး ဝက်ရယ် ၄၈ မိနစ်ဆိုလို့ ငါများတစ်ရလေမလားပေါ့ ကျောင်းကပြန်ရောက်ေ၇ာက်ချင်းလေး အပြေးလာတာ။ ဖလား ဖလား ရှေ့မှာတန်းစီနေပါလား။ ဖတ်ပြီးမှ တခေါက်ထပ်မန့်တော့မယ်။ ဟွန့်။ အမြဲ ဘိတ်ပဲ။ ဒါလည်း ကောင်းတာပဲ အနောက်က ရေတော့ ပထမပေါ့ အဟိ။
ခင်မင်လျှက်
သူငယ်ချင်း ပါးလုံး
အယ် ကိုယ်တွေ့ဆိုလို့ အဟုတ်မှတ်နေတာ သူလည်း မတွေ့ပဲနဲ့ ဟွန့်။ တူရေးမှပဲ ပါးလုံးလည်း ရေးချင်စိတ်ပေါက်လာပီ ရေးဦးမှပဲ။ ဝက်ဝံလေး နင်မကြောက်တာ သေချာလား။ နင်မကြောက်တာ သေချာရင်တော့ ငါနင့်ကို ထိုင်းခေါ်သွားမယ် အဟိ။
ခင်မင်လေးစားလျှက်
သူငယ်ချင်း ပါးလုံး
တော်တော်အားကိုးရတဲ့အစောင့်အရှောက်ပဲ
နှိုးစက်ထက်တောင်သေချာသေးတယ်
ကိုယ်၁၀တန်းဖြေတုန်းကပေါ့ စာကျက်နေရင်းအရမ်းငိုက်လာလို့ ဘော်ဘော်တစ်ယောက်ကို ၁၀နာ၇ီထိုးရင်နှိုးပါလို့မှာပြီးခဏမှေးနေလိုက်တယ်
၁၀နာ၇ီမတိုင်ခင်အဲကောင်အပြင်ထွက်သွားပြီး
ကိုယ်လည်းအိပ်ပျော်သွားတာပေါ့
ခဏနေလည်းကျရော စစ်ကနဲခြေတောက်ကနာလာလို့ လန့်သွားတယ်
ကြည့်လိုက်တော့ ကင်းမှီးကောက်ပေါက်စနလေးတစ်ကောင်က
ကိုယ့်ကို လာထိုးတာကိုး အိပ်ချင်တာတွေရော ငိုက်တာတွေရော ကြက်ပျောက် ငှက်ပျောက်ပဲ ဟီးးးး
ဝက်ဝံလေး ..
ညဘက်အိပ်မပျော်လို့ကတော့ တရားခံက ၀က်ဝံလေးပဲနော်..
အထက်က မမမယ်ကိုးပြောသွားသလိုပဲ...
နှင်းက ချွတ် ဆိုတဲ့ အသံလေးကြားရင်တောင်
နေစရာမရှိအောင်ကြောက်တက်တာ....
စင်္ကာပူမှာလဲ ဒီလက ဘာလလဲ ၀က်ဝံလေးသိသားနဲ့
အဟင့် .....း(
ကြောက်တက်တယ်.. အသဲငယ်လို့ 
စစ်ကားလို သွေးသံရဲရဲ တောင် ကြည့်ဘူး
ညကျ ရင် တခုချင်း မျက်လုံးထဲမှာ ပေါ်တာ..
ဝက်သရဲမကြောက်ဘူးလို့
မပြောနဲ့နော်သရဲတွေက
ဝက်သားဟင်းဆိုသိပ်ကြိုက်
တာတဲ့..
မမီးကတော့ သရဲးနဲ့ ကုလားနဲ့ကြောက်တယ်..
ကျန်တာတော့ ရှိလေတယ်တောင်မထင်ဘူး
ဟီးးးးးးးးးးးးးး
ဟုတ်ပါတယ်... တကယ်ကြောက်ရမှာ လူပါဘဲ
ဝေ့ ... cbox မတွေ့ရို့ ဒီမှာလာအော်တာ ...
နာ့ blog က ကြောင်နေတာထင်တယ် :D
template ပြန်မရင်ရဘူးလေ ငါ ... အဟီး ..
သူများတွေက လှတယ်ဆိုလို့ ဒီတိုင်းထားတာ ... :P
ကြောက်ဖို့လည်းးကောင်းဘူးဝေ့ နေဥိး မေလေးတို့ဆီက သရဲဝင်ပူးတဲ့အကြောင်းကို ညဖက်ရေးးပြီး ဖတ်ရအောင် ပို့လိုက်မယ် ဟဟး))))။ ဟုတ်တယ် ဝံလေးရေ အမျှလိုချင်လို့ သူတို့ လာတာ ကိုယ်က ကြောက်စရာမလိုပါဘူး။
ကျနော်ထင်တာလေ သန်းသန်း ရီးဇာများပြန်ခါနီး နိုးသွားလားမသိဝူးနော် ဟာဟ နောက်တာနော် စိတ်မဆိုးနဲ့ ။။
ကျနော်ထင်တာလေ သန်းသန်း ရီးဇာများပြန်ခါနီး နိုးသွားလားမသိဝူးနော် ဟာဟ နောက်တာနော် စိတ်မဆိုးနဲ့ ။။
နာကတော့ တယဲကို လက်တွေ့ မြင်ဘူးရင်္ယ ဟ...
ကြောက်ချာကြီး...သရဲပြောတာမဟုတ်ပဘူး...
စိတ်ကကိုကကြောက်နေတာ...ကျလိကျလိ..ကွိကွိ
ခြေဆင်းပါဆိုလို့ ခြေဆင်းပြီးဖတ်သွားပါတယ်
လွယ်တော့ မလွယ်ဘူး
ရုံးမှာဆိုတော့ စားပွဲကို ကန်ပြီး ဖတ်လိုက်ရတယ်
နောက်တာပါ
ပျော်ရွှင်ပါစေ
ဟားးးးးးးးသရဲမလေး
အဲ... ၀က်မလေး...
လန့်လိုက်တာဟဲ့။ ငါသိလို့  မဖတ်တာ။
ခု အခန်းထဲမှာ အကုန် ရှိနေတဲ့အချိန် ဖတ်တာ ဟဟားးးး အဲလောက် သတ္တိကောင်း၏။
ငါက ကြောက်တာ မဟုတ်ပါဘူးဟယ်။
တစ်ယောက်တည်း တိတ်ဆိတ်နေရင်ကို မနေတတ်တာ. ဟိဟိ
Post a Comment