Thursday, 18 June 2009

မင်းသမီးလေး

တခါက မင်းသမီးလေး တပါးရှိတယ် သူ့လက်နဲ့ထိလိုက်တဲ့ အရာမှန်သမျှဟာ အကုန်အရည်ပျော်ကျသွားတယ် တဲ့ တနေ့ ဘုရင်ကြီးက အမိန့်ထုတ်တယ် မင်းသမီးလက်နဲ့ ထိလိုက်တဲ့အခါ အရည်မပျော်ကျသွားတဲ့ ပစ္စည်းကို ယူလာခဲ့တဲ့သူကို ဆုချမယ် မင်းသမီးလေးနဲ့ပေးစားမယ် လို့ အမိန့်ထုတ်လိုက်တယ်
ညီအကို သုံးယောက်က ပြိုင်ပွဲဝင်ဖို့လာတာပေါ့လေ အကိုကြီးက စိန်တုံးကြီး အကြီးကြီးယူလာတယ် အကိုလတ်ကတော့ ရှားပါးပုလဲကြီး ယူလာတယ်တဲ့
ဒီလိုနဲ့ အကိုကြီး အလှည့်ကျတော့ မင်းသမီးလေးက လက်ကလေးနဲ့ ထိလိုက်တယ်ဆိုရင်ပဲ ချက်ချင်း အရည်ပျော် ကျသွားပါလေရော
အကိုလတ်လဲ ဘာထူးလဲ အစိစိ အညက်ညက်ကျေသွားပါလေရော ဒါနဲ့ ပြန်သွားရတာပေါ့လေ အငယ်ဆုံးလေး အလှည့်လဲရောက်ရော သူကပြောမယ် မင်းသမီးလေးကို
" မင်းသမီးလေး ကျွန်တော့်ဘောင်းဘီအိတ်ကပ် ထဲကို နှိုက်ကြည့်ပါ အဲဒီထဲက ပစ္စည်းကို ယူပေးပါ " လို့ပြောလိုက်တယ် မင်းသမီးလေးက ရှက်ရှက်နဲ့ပဲ ဘောင်းဘီ အိတ်ကပ် ထဲကို လက်နှိုက်လိုက်တယ် အဲဒီမှာ မာမာအချောင်းကြီးကို ကိုင်မိတယ် အဲဒါက အရည်မပျော်ဘူးတဲ့ ဒါနဲ့ပဲ အငယ်ဆုံးမင်းသားလေးက မင်းသမီးလေးကို ရသွားရောတဲ့

အော် ဘာလဲ သိချင်တယ်လားးး ပြောမယ် လက်ထဲ ကိုင်ထားရင် အရည်မပျော်ဘူး လျှာပေါ်တင်မှ အရည်ပျော်တဲ့ Nest Coffee လေ ဟဲဟဲ
အဲဒါညီမပြောတာ ဟုတ်ဘူးနော် မောင်ကောင်းထိုက် ရေးတာကို သတိရသွားလို့ သတိရဆို သူငယ်ချင်းးး ဆုငယ်က ဘယ်သူမှ စကားနိုင်လုတဲ့ မင်းသမီးလေး ကိုရေးထားတာကို ဖတ်ရပြီး သတိရလို့ ချရေး လိုက်တာပါ သူငယ်ချင်းရေ ကျေးဇူးးးပဲနော် တို့ရေးစရာ ပို့စ်လေး ရသွားလို့ ဟဟဟဟဟ
ဟဲဟဲ ငှက်မတို့ကို မတ်ရိုင်းတယ်လို့ပြောနဲ့နော် ခိခိ

20 comments:

Mae said...

အော်.. ဒီခေတ်ကျတော့ ကလေးတွေတောင် ဒီလို ရယ်စရာတွေ ပြောတတ်နေပြီနော်၊ သံဝေဂရသွားတယ်၊

မမ အိမ်ထောင်ပြုပြီး ကလေးမွေးလာရင် ၅နှစ်နဲ့ ဒါတွေတတ်မလား မသိဘူး၊ လန့်..တာ၊

ခြေလှမ်းသစ် said...

ငှက်ကလေးရေ တော်တော်ကူပီကူးကောင်းတာပဲနော် ရယ်ရတယ် ဟေ့းးးးးး ဟီးးးးဟီးးးးဟီးးးး ဆက်ရေးနော် ဆက်ရေး
ကိုဇော်

နွေးနေခြည် said...

Nest Coffee company က ငှက်ကလေးနဲ့ အဲဒီကြော်ငြာရိုက်ချင်လို့တဲ့ ...ကမ်းလှန်းနေပြီး ...း)

မျက်မှန်လေး said...

ငှက်ကလေးကတော့လုပ်ချလိုက်ပြန်ပြီဟေးး

သားကြီး said...

တီဗွီကြော်ငြာလား ဟရို့!!!
ပြောတော့ဘူးဗျ ကိုယ်ကိုယ်တိုင်ကလက်ရှိဆားချက်နေရတဲ့ဟာ ဟီးးး
ဘာပဲပြောပြောဖတ်လို့ကောင်းတယ်ပါကြောင်းငှက်ကလေးရေ
angelကသုံးယောက်ခွေအတွက်နောက်ကျရင်စီစဉ်မယ်တဲ့ :)

မယ့်ကိုး said...

ဟဲဟဲ ငှက်မတို့ကို မတ်ရိုင်းတယ်လို့ပြောနဲ့နော် ခိခိ

မပြောပါဘူး ညီမလေးရယ်။
ညီမလေးအမြဲပျော်ရွှင် ရယ်မောနိုင်ပါစေ...

နွယ်ရိုး said...

ကောင်မလေး ကြုပ်ကြက်လိဦး . . . .း)

ဝက်ဝံလေး said...

မမမေ အဲဒီလို တူ တူမမျိုးတော့ လိုချင်သား အဲဒါမှ ညီမ နဲ့အပြိုင် ပေါလို့ ရမှာ ဟဟဟဟ

ကိုဇော်ရေ ကိုဝသန်ပြောသလို ဆားချက်တာလေ ဟဟဟ

မမနွေးရေ ကမ်းလှမ်းရင် ရိုက်မယ် ဒါပေမယ့် ကိုရီးယားမင်းသားနဲ့မှနော် ဒီက ကြေးကြီးတယ် ဗျာ ဘာမှတ်လဲ ဟဟဟ

မမမျက်မှန်လေးက အားကျတယ်လား ဟဟဟ

ကိုသားကြီး ဆီသီး ကိစ္စ ကြည့်လုပ်နော် ညီမက ဘာမှမသိဘူး အဟက်

မမမယ်ကိုးရေ ညီမကတော့ အမြဲပျော်နေလို့ ခက်နေတယ် ရှင့် အဟီးး

ကိုကျူရိုးရေ ဘာကြုပ်ကြက်လိရမှာတုံးးးး ဟ

s said...

ပီားပိာပိာ တယ်ပာုတ်နေပါလား .... မိုက်တယ်ပာ ငှက်ကလေးရေ ဆက်လုပ်။း)

မင်းအိမ်ဖြူ Minn Eain Phyu said...

ပုတုကွေး ကတော့ လုပ်ပြီ

ဖတ်ရင်းတောင် လန်.သွားတယ် ဘုရားဘုရား ဘာကြီး များပါလိမ့်လို.

အင်း လွယ်ပါလားနော်

တော်တော်ပျော်တက်တဲ့ ပုတုကွေး

လူရိုင်းလေး said...

ဌက်ကလေးကတော့ လုပ်ချလိုက်ပြန်ပြီနော် :)

Anonymous said...

ပောာဗျာ။ တော်ပါသေးရဲ့ Nest Coffee ကယ်လို့နော်။
နာတွေးတာ နည်းနည်းလေးလွဲသွားတယ်ကွာ။
အနားနီးမှကပ်လွဲတာနာတယ်ကွာ။
ပာားပာား
စိတ်ညစ်စရာလေးတွေပြေပျောက်စေတဲ့ ပုံပြင်လေးအတွက်ကျေးဇူးတင်ပါတယ် နော် သူငယ်ချင်း။

လင်းကြယ်ဖြူ said...

အင်းးး
အင်းးးးးး
အင်းးးးးးးးးးးးးးးးးးး

ကောင်းလေစ္ဂ..ကောင်းလေစ္ဂ....Nest Cafe Post က ...

ကိုလူထွေး said...

ငှက်ကလေးနော် ... ဟင်းးးးးး

(ကိုကြီးလူထွေး ကြိမ်းသွားသည်)

မင်းနေ said...

အဲ .... ကောင်းရောပဲ

တကယ်ပဲ ဟီးဟီး

Anonymous said...

အာမလေး .. မျက်စိရှက်လိုက်တာ .. အဟတ် :D

ဝက်ဝံလေး said...

ဆုငယ်ရေ တို့က သယ်ရင်းကို အားကျလို့ကွ ဟဟဟ

ကိုမင်းအိမ်ဖြူ မလန့်ပါနဲ့ ဂျာ ဟားဟားးးးး

အရိုင်းရယ် နင်သိပါတယ် ငါဒီမှာ တော်တော်လိမ္မာ နေတာ အဟက်

လမင်းငယ်ရေ ညီမ ကြောင့်သူများတွေ ပျော်တယ်ဆိုလို့ ဝမ်းသာပါတယ် ညီမက သူများတွေကို အပျော်တွေပဲ ပေးချင်တာ

ုကိုလင်းကြယ်ဖြူ ဘာတွေ တအင်းအင်း နေတာတုံးးးး ဟဟဟ

ကလူထွင်းးးး သူပဲ ဟာသရေးတတ်တာဟုတ်ပါဘူးနော် များလဲ ရေးတတ်ပါတယ် အဟက် ကော်ပီလေ ခိခိ

ကိုမင်းနေ ကောင်းရော ဆိုတာ ဘာလဲ စိတ်ပျက်ဖို့လား အဟီးးးး

အားလုံးးးး ကျေးကျေးးးပါပဲနော် ဘိုင် တာ့တာ

ဝက်ဝံလေး said...

ကိုနေဒေးးရေ မျက်စိရှက်ရင်လေ လက်ကလေး အုပ်ပြီး လက်ကြားထဲက ကြည့်လေ ဟဟဟဟိဟိ ညီမဆိုရင် အဲလိုပဲ လုပ်တယ် ခွီးခွီးးးးး

Anonymous said...

ငှက်မ..... ဒီက အကောင်ပြတာတောင် အရိပ်ပဲမြင်တာနော်..... ဟီးးးးးးးး

ဝက်ဝံလေး said...

ဦးဟတ်ကြီးတို့ကတော့ လုပ်ပြီ အင်းးးလေ အသက်ကလဲ ကြီးပြီကိုးးး နော် ဟဟဟ စတာနော် စိတ်ချိုးနဲ့ ခိခိ