Wednesday, 24 June 2009

ကြောက်စရာကောင်းသော မနောကံ

တစ်ခါက ဘုန်းတော်အိုကြီးဟာ ဆွမ်းခံပြီး အပြန်မှာ သစ်ငုတ်တိုလေး ပေါ်မှာ ထိုင်ပြီး ဆန်ပြုတ်ပူပူနွေးနွေးလေးကို ဘုန်းပေးနေပါတယ်သူက အဲလိုပူပူနွေးနွေးလေးကို ဘုန်းပေးမှ သူ့ရဲ့ အစာအိမ် ရောဂါသက်သာမှာ မို့လို့ ပါ ကျောင်းထိရောက်အောင် မစောင့်နိုင်ပါဘူး အေးသွားမှာစိုးလို့ပါအဲဒါ ကို လမ်းဘေး ကဖြတ်သွားတဲ့ လူတစ်ယောက် က မသိဘဲနဲ့ စိတ်ထဲကနေ
" ဒီ ဘုန်းကြီးနှယ် သူများ အကြည်ညိုပျက်အောင် လမ်းမကြီးမှာ ဘုန်းပေးနေတယ်" လို့ စိတ်ထဲက ပြောလိုက်ပါတယ် ဘုန်းကြီးက
"ဒကာကြီးလာ အုံး မင်းတရားကျင့်ဘူးလား" လို့မေးလိုက်တယ်ဒါနဲ့သူက
"မှန်ပါ ဘုရား" လို့ပြန်ဖြေလိုက်တယ်ဒီတော့ ဘုန်းကြီးက
" အေး ဆက်မကျင့်နဲ့တော့ မင်းတရား ရတော့မှာမဟုတ်ဘူး" လို့မိန့်လိုက်တယ်သူက ညဏ်ကောင်းတဲ့ တရားကျင့်ထားတဲ့ လူဆိုတော့ ချက်ချင်းစဥ်းစားလိုက်တယ် ဘာများပါလိမ့်ဆိုပြီးနောက်ပြီးမှ သူ့အမှားကို သိသွားပြီး ဘုန်းကြီးကိုတောင်းပန်တယ်
"အရှင်ဘုရား တပည့်တော် မှားပါပြီ ခွင့်လွှတ်တော် မူပါ" လို့လျှောက်လိုက်တယ်အဲဒီတော့မှ ဘုန်းကြီးက
" အေး ရပြီ တရားဆက်ကျင့်လို့ရပြီ" လို့မိန့်တော်မူလိုက်တယ် အဲဒီဘုန်းကြီးက ရဟန္တာ ဆိုတော့ ပြစ်မှားမိတော့ တရားဆက်မကျင့်ဖို့ပြောတာပေါ့ ဒကာကိုဒကာက ချက်ချင်းတောင်းပန်လိုက်လို့ မဟုတ်ရင် နောင်ဘဝ ဘဝတွေ ပါ တရားမရပဲ နေမှာကြောက်စရာကောင်းလိုက်တာနော် မနောကံ က

မနောကံနဲ့ မပြစ်မှားမိ ကြပါနဲ့ ဘယ်သူ့ကို မှ ကိုယ်ပြစ်မှားလိုက်တဲ့လူက ဘယ်လိုပုဂ္ဂိုလ် လဲ ဆိုတာ မသိနိုင်ဘူးလေ

အန်တီပြောပြတာလေးကို ပြန်ပြောပြပါသည် သိပြီးသားလဲ ဖြစ်နိုင်ပါသည်

17 comments:

ဝက်ဝံလေး said...

အချစ်ဝတ္ထုတွေချဉ်းပဲ ရေးနေတယ်ဆိုလို့လေ အဟီးးး နော် ပုံပြင်သာဓကလေးလဲ တင်လိုက်တယ် သိလားးး

ဝါးးးးး အခုအရမ်းအိပ်ချင်ပြီ နော် ကျောင်းရောက်မှ www.burglish.com အကူအညီနဲ့ ဘလော့ဂ်ဂါ မောင်နှမတွေရဲ့ စာတွေလာဖတ်မယ်နော် စိတ်မဆိုးနဲ့နော် သိလား ဘိုင်

အော် မမနိုင်ရေ အကိုရှိလို့ မဟုတ်ဘူးရယ် အန်တီတို့နဲ့ shopping ထွက်နေလို့ပါ အမလေး အတင်းတုပ်နေတာ ငှက်ကိုများ
မမမင်း ဘာ flu မှမဖြစ်ဘူး အကုန်ကောင်းတယ် ဟွန့်.. ဟွန့်.. များကိုများ
ငါမပါတာ ပွဲမစည်ဘူးမလား ငါသိတယ် စနေနေ့ တွေ့မယ် ငါအားတယ် ဘိုင် ဒါဗြဲ ဟဲဟဲ

Ree Noe Mann said...

မနောကံ အကြောင်းလေး လာဖတ်သွားတယ်နော်
ပုံပြင်လေး အတိုင်း ဂရုစိုက်ရမယ်။

ကိုရီနို

မေလေး said...

ညီမလေးရေ
မျှဝေပေးတာ ကျေးဇူးနော်။မှတ်သားသွားပါတယ်။
ချစ်တဲ့
မမမေလေး

မိုးခါး said...

တော်လိုက်တဲ့ငှက်လေးပါလားး)

Anonymous said...

မနောကံကြောက်စရာကောင်းတာ သိပ်သေချာပါတယ် ... ဆင်ခြင်သင့်ပါတယ် .. ပေါက်ပန်းဈေးပြောတာတွေ လျော့မှ :D
နေဒေးသစ်။

မယ့်ကိုး said...

ညီမလေးရေ...ဝေမျှပေးတာ ကျေးဇူးပါ...
ဒါပေမယ့် အဲဒီဇာတ်လမ်းမှာ ပြစ်မှားလိုက်တဲ့သူက သောတာပန်ရဟန်းတော်လားလို့ ...
အစ်မ အမှတ်မှားတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်...

အမြဲအားပေးနေတဲ့

မင်းအိမ်ဖြူ said...

ဟုတ်တယ် ကြောက်စရာကောင်းတယ် ၊ ပေါက်ကရ ပြောတော့ဘူး ၊ ငှက်ကလေးဘလော့လည်းလာတော့ ဘူး ဟုတ်ပေါင် ယောင်ကုန်ပြီ

တော်တယ် ငှက်ကလေး ၁၀၀ မှတ် ပေးလိုက်သည်

ဆရာ မင်းအိမ်ဖြူ

သားကြီး said...

သိပြီးသားမဟုတ်ပါ
သိခွင့်ရလို့ကျေးဇူးတင်၏

Angel Shaper said...

မနောကံ ဖတ်သွားတယ်။ တကယ်ပဲ ကျင့်ကြံသင့်တယ်နော်။ မျှဝ အသိပေးတာကျေးဇူးပါကွယ်။

Mae said...

ဒီလိုကျတော့လဲ လူကြီးလေးပါ၊ အချစ်ဝတ္ထုတွေ ရေးတာများလို့ ဒါနဲ့ ပြန်ဖြေတယ်ပေါ့၊ ဟဟ

သတိပေးတာကျေးဇူးပါ ငှက်မလေးရေ.. ကလေးဆီက သင်ခန်းစာလာယူသွားပါတယ်

မင်း said...

ငှက် နင်လဲ ငါကိုလဲ စိတ်နဲ့ သိပ်မပြစ်မှားနဲ့နော်...
ဟဲဟဲ ငါက ဘယ်လိုလူလဲဆိုတာ နင်မသိနိုင်ဘူးလေ...
း)

လင်းကြယ်ဖြူ said...

မှတ်ထားမယ်..မှတ်ထားမယ်
မနောကံ..တဲ့ ...
တန်ဖိုးရှိလှပါတယ်...နှမတော်လေးရယ်
ပျော်ပါစေခင်ဗျာ..

လင်းကြယ်ဖြူ said...

မှတ်ထားမယ်..မှတ်ထားမယ်
မနောကံ..တဲ့ ...
တန်ဖိုးရှိလှပါတယ်...နှမတော်လေးရယ်
ပျော်ပါစေခင်ဗျာ..

မျက်မှန်လေး said...

တယ်ဟုတ်တဲ့ငှက်လေးပါလား
တော်တယ်တော်တယ်။အရုပ်တရုပ်ပေးမယ်။
ဟီး၂

သုဏော်စိုင်း said...

ကောင်းပါ့ဗျာ..
ဝစီဗေဒထိတိုင်းရှတယ်ဆိုတာသတိရမိတယ်...
ကျေးဇူးပါ...

ကိုလူထွေး said...

မှန်ပါ့ဖုရား...

းဝ)

ဝက်ဝံလေး said...

ကိုရီနို ရေ လာတာကျေးဇူးးနော် ရှဲရှဲ

မမမေလေး သိတာလေး ပြန်ပြောပြတာပါ မမရေ

မမမိုးခါး အယ် မြောက်သွားပြီလုပ်ကြပါဦး ဟဟဟ

ကိုနေဒေး ပေါက်ပန်းဈေးဆိုမှ ပန်းမုံလာစားချင်တယ် ခိခိ

မမမယ်ကိုး နောက်တခုရှိမယ် ထင်တယ် မမရ ညီမလဲ မသိဘူးရယ် ဟီးးးး

ကိုမင်းအိမ်ဖြူ အိမ်မလာလို့ကတော့ လာခေါ်မှာ ဗျ ဘာမှတ်လဲ ဟင်းးးး

ကိုသားကြီး သိပြီးသားမဟုတ်တဲ့ အတွက် ပြောရကျိုးနပ်ပါပေတယ်

မမမင်း မပြစ်မှားပါဘူး မမရယ် နှလုံးပြူးနဲ့ ချိန်မှာ ကြောက်ရတယ် ခစ်ခစ်

ကိုလင်းကြယ်ဖြူ အမိန့်တော် အတိုင်းပါ မောင်ကြီးရေ ဟားးးဟားးး

မမမျက်မှန်လေး အယ် အရုပ် နဲ့ ကျေနပ်ရမှာလား ခိခိ

ကိုသုဏော်စိုင်း သတိထားနော် သိလား

ကိုလူထွေး မင်းကြီများ ဖုရား မင်းကြီးနဲ ဖရဲ လာလုပ်နေတယ် အရေးထဲ ဟဟဟ