" ဒီနှစ်အားလပ်ရက် ဘယ်ကိုသွားရင် ကောင်းမလဲ " လို့ Zob ကမေးတယ်
" ကမ္ဘာကြီးဆီကို ဆိုရင်ရော Joxer တွေမနှစ်က သွားတယ်လို့ပြောတယ် အရမ်းထူးဆန်းတယ် ငါတို့နဲ့တော်တော်လေး ကွာတယ်လို့ပြောတယ် သူတို့သွားတော့ လူခန္ဓာကိုယ် လုပ်ပြီးသွားရတယ် ပြောတယ် " လို့ Queg ကပြန်ပြောတယ်
" အင်း စိတ်ဝင်စားစရာပဲ ခရီးရှည်ကြီး ပိုက်ဆံလဲကုန်ဦးမယ် ထင်တယ် " လို့ Zob ကပြောတယ်
Zob နဲ့ Queg က Blix ဂြိုဟ်ကလေ ကမ္ဘာကြီးနဲ့ ဟိုးးးး အလွန်ဝေးတဲ့ နေရာကပေါ့ သူတို့ Blix ဂြိုဟ်သားတွေက အဲဒီလိုပဲ ခရီးသွားရတာကို ကြိုက်ကြတယ် ဘယ်လောက်ဝေးတဲ့ စကြာဝဠာကြီးပဲ ဖြစ်ဖြစ် ဖြတ်ပြီး holiday သွားကြတာပဲလေ
လူတွေ အနေနဲ့ဆိုရင် Zob နဲ့ Queg ရဲ့ ပုံသဏ္ဍန်က တော်တော်လေး ရယ်စရာကောင်းပြီး ထူးဆန်းနေပါတယ် Zob က အပြာရောင် မြူခိုးအဖြစ်နဲ့ တည်ရှိပြီးတော့ Queg ကတော့ အစိမ်းရောင် မြူခိုးအဖြစ်နဲ့ တည်ရှိပါတယ်
" ဒါဆို ငါတို့ ကမ္ဘာကြီးဆီကို သွားရအောင် " လို့ Queg ကပြောလိုက်တယ်
" ကောင်းပြီလေ ငါတို့ ခရီးသွားကိုယ်စားလှယ်ကို သွားတွေ့ကြစို့ " လို့ Zob ကပြောတယ်
" ဘာများကူညီပေးရမလဲ " လို့ ခရီးသွားကိုယ်စားလှယ်က မေးလိုက်တယ်
" ငါတို့ ကမ္ဘာကြီးဆီကို သွားချင်လို့ " လို့ Zob ကပြောတယ်
" သိပ်ကောင်းတဲ့အကြံဥာဏ်ပဲ အရမ်းလဲ ရှည်တယ်နော် အဲဒီခရီးက " လို့ ကိုယ်စားလှယ်ကပြောတယ်
" ငါတို့ ဘယ်လိုလုပ်ဟိုကိုရောက်အောင် သွားရမလဲ ဟင် " လို့ Zob ကမေးတယ်
" အဲဒီကို ယာဉ်ပျံလေးနဲ့ သွားရမယ် ပြီးတော့ လူခန္ဓာကိုယ် ကို ဖန်ဆင်းပြီးသွားရမယ် " လို့ပြန်ဖြေတယ်
" ရယ်စရာပဲ " လို့ Queg ကပြောတယ်
" ငါမင်းတို့ကို ခန္ဓာကိုယ်ဖန်ဆင်းပေးမယ် အဲဒီအတွက် ပိုက်ဆံကုန်မယ် " လို့ပြောတယ်
" ဘယ်လောက်လဲ " လို့ Zob ကမေးလိုက်တယ်
ဈေးကြီးတယ် ဒါပေမယ့် သူတို့ တတ်နိုင်ပါတယ် သူတို့က အလုပ်အကိုင်ကောင်းတယ်လေ လစာလဲကောင်းတယ်ဆိုတော့ ဒီလောက်များတဲ့ ပိုက်ဆံကို သူတို့ တတ်နိုင်ပါတယ် သူတို့ ခန္ဓာကိုယ်ကြီးတွေ နဲ့ဆိုတော့ ထူးဆန်းနေကြတယ် တမျိုးကြီးပဲလို့ ခံစားရတယ်
Zob ရဲ့ ခန္ဓာကိုယ်က ပိန်ပိန်ရှည်ရှည် ကတုံး နှုတ်ခမ်းမွှေး နဲ့ဖြစ်ပြီးတော့ Queg ကတော့ ဝဝ ပုပု မုတ်ဆိတ်မွှေး တွေနဲ့ မျက်မှန်ကြီးကလဲ ပါသေး တယောက်နဲ့တယောက် ကြည့်ပြီး တဝါးဝါး တဟားဟားနဲ့ ရယ်ကြတယ်
" ငါတို့ကို ကြည့်ပြီး ကမ္ဘာပေါ်ကလူတွေ ရယ်ကြတော့မှာပဲ " လို့ Queg ကပြောတယ်
" မရယ်ဘူး ဒါသူတို့လို ခန္ဓာကိုယ်မျိုးပဲ " လို့ ကိုယ်စားလှယ်က ရှင်းပြတယ်
ဒီလိုနဲ့ Queg နဲ့ Zob တို့က ယာဉ်ပျံလေးနဲ့ ကမ္ဘာကြီးဆီကို ထွက်လာခဲ့ကြတယ် သူတို့ရဲ့ ခရီးဟာ တလလောက် ကြာတယ် အဲဒီ အချိန်အတွင်းမှာ သူတို့ဟာ သူတို့ခန္ဓာကိုယ်ကြီးနဲ့ နေသားတကျ ဖြစ်အောင် လေ့ကျင့်ခဲ့ကြတယ် တခုခုလုပ်လိုက်တိုင်း တမျိုးကြီးပဲလို့ သူတို့စိတ်ထဲမှာ ထင်တယ် ဒါပေမယ့် အခုတော့ တော်တော်လေး နေသားကျနေပါပြီ သူတို့လမ်းလျှောက်တာ ခုန်တာတွေလဲ သင်ခဲ့ကြတယ် Queg က ခြေတပေါင်ကျိုး ခုန်တာတောင် သင်ခဲ့တယ်
သူတို့တွေ အင်္ဂလိပ်စာကိုလဲ လေ့လာခဲ့ကြတယ် လမ်းညွှန်စာအုပ်ကိုလဲ ဖတ်ခဲ့ကြတယ် စာအုပ်ထဲမှာ ကမ္ဘာပေါ်ကလူသားတွေရဲ့ ထူးဆန်းတဲ့ ဓလေ့စရိုက်နဲ့ အပြုအမူတွေကို ဖော်ပြထားတယ်
" ထူးဆန်းတယ် လူတွေက ညတိုင်းအိပ်ကြတယ် ဆိုပဲ " လို့ Queg ကပြောတယ်
"အိပ်တယ် ဆိုတာဘာလဲ " လို့ Zob ကပြန်မေးတယ်
" လဲလျောင်းပြီး မျက်လုံးမှိတ်ထားတာတဲ့ မလှုပ်ရှားပဲ ၈ နာရီလောက်နေတယ် ပြောတယ် " လို့ Queg ကပြန်ဖြေတယ်
" ဟင် အရူးတွေပဲ " လို့ Zob ကပြန်ပြောတယ် တလလောက်နေတော့ သူတို့ ကမ္ဘာမြေကြီးကို မြင်ရပြီ
" ဟိုးမှာ " လို့ Queg က ဝမ်းသာအားရ ပြောတယ် သူတို့ ယာဉ်ပျံလေးက ကွင်းပြင်ကြီးထဲ ကို ဆင်းသက်လိုက်တယ် စာအုပ်က ဘာပြောလဲဆိုတော့ ဒီနေရာက London တဲ့
" ငါတို့လျှောက်ကြည့် ရအောင် " လို့ Zob ကပြောတယ် သူတို့ ယာဉ်ပျံပေါ်က ဆင်းပြီး ယာဉ်ကိုသေးသေးလေး ဖြစ်အောင်လုပ်တယ် ပြီးတော့ Queg ကသူ့အိတ်ကပ်ထဲ ထည့်ထားလိုက်တယ် သူတို့ကို ဒီလိုလုပ်ရမယ်လို့ စာအုပ်ကပြောတယ် မဟုတ်ရင် လူတွေ ခိုးသွားလိမ့်မယ် ကမ္ဘာပေါ်ရှိလူတွေက မရိုးသားဘူးလို့ ပြောတယ် Zob ကတော့ လမ်းလျှောက်တယ် Queg ကတော့ ခုန်ဆွ ခုန်ဆွ သွားတယ် သူတို့ မြို့ထဲကို ဝင်လာကြတယ်
" ကားတွေ " လို့ Queg ကပြောတယ်
" အနီရောင်နဲ့ ကားကြီးက အဲဒါက ဘတ်စ်ကား လို့ခေါ်တယ် ငါတို့ စီးလို့ရတယ် စီးကြည့်ရအောင် " လို့ပြောတယ် အဲဒီ အချိန်မှာ ကားတစီးက ထိုးစိုက်လာတာနဲ့ သူတို့တက်လာခဲ့ကြတယ်
" ဘယ်ကိုလဲ " လို့ကားဆရာက မေးတယ်
" အမေရိကန် ကို " လို့ Queg ကပြန်ဖြေတယ် သူတို့ရဲ့ စာအုပ်က ပြောတာကိုး အဲဒီနေရာက စိတ်ဝင်စားစရာကောင်းတယ်ဆိုလို့ ဒါနဲ့ ကားဆရာက
" ကားပေါ်ကနေ ဆင်းသွားပေးပါ " လို့ပြောလိုက်တယ် ဒါနဲ့ Zob က
" ဟာ ရိုင်းလိုက်တာ မယဉ်ကျေးဘူး Queg မင်းအပေါ်သူမတ်ရိုင်းတယ် မင်းသူနဲ့ ရန်ဖြစ်စမ်း " လို့ပြောတယ် စာအုပ်ထဲမှာပြောတာကိုး တခါတလေ လူတွေက ရိုင်းတယ် ဒါကြောင့် ရန်ဖြစ်ကြတယ်တဲ့ ဒါနဲ့ Queg က
" ကောင်းပြီလေ မင်းငါနဲ့ ရန်ဖြစ်ချင်သလား " လို့ ကားဆရာကိုမေးလိုက်တယ် ကားဆရာက ကြောက်ကြောက်နဲ့
"ကျွန်တော် ရန်မဖြစ်ချင်ပါဘူး ကားပေါ်ကနေသာဆင်းသွားပေးပါ ဒါမှမဟုတ်ရင် ဘယ်ကို သွားမလဲပြောပါ " တဲ့
" ငါပြောတယ်လေ အမေရိကန်ကို သွားမယ် လို့ဆိုနေ ဒီစာအုပ်ထဲမှာပြောတယ် အဲဒီမှာ ဟမ်ဘာဂါရှိတယ်တဲ့ ငါအဲဒါ စားချင်တယ် " လို့ Queg ကပြန်ပြောတယ် ဒရိုင်ဘာက
" ဟိုမှာလေ ဟမ်ဘာဂါဆိုင် အဲဒီမှာ စားလို့ရတယ် " လို့ ညွှန်ပြလိုက်တယ် Queg က
" အိုးးး ကျေးဇူးပဲ " ဆိုပြီး နှစ်ယောက်သား ကားပေါ်ကနေ ဆင်းလာခဲ့ကြတယ်
သူတို့ ဟမ်ဘာဂါဆိုင် ထဲကို ဝင်လာခဲ့ကြတယ်
" ဝါးးး တယ်လှပါလား "လို့ Zob ကပြောတယ် Queg က
" ငါဒါမျိုး တခါမှမမြင်ဖူးဘူး " လို့ ထောက်ခံတယ်
သူတို့ ကောင်တာကိုရောက်တော့ ကောင်မလေးက
" ဘာအလိုရှိပါသလဲ ရှင် " တဲ့ ဒါနဲ့ Queg က
" ဟမ်ဘာဂါပေးပါ " လို့ပြောတယ် Zob က Queg ရဲ့ အင်္ကျီလက်ကိုဆွဲပြီးတော့
" Queg ဟမ်ဘာဂါ ဆိုတာဘာတုံး " လို့မေးတယ်
" အဲဒါ စားလို့ ရတဲ့ အစာလို့ စာအုပ်ထဲမှာပြောတာပဲ " Zob က သူ့ရဲ့ခေါင်းကို ကုတ်ပြီးတော့
" အစာဆိုတာဘာတုံး " လို့ထပ်မေးလိုက်တယ်
" အင်း ပြောရရင်တော့ လူတွေက energy ရဖို့အတွက် အစာစားတယ်တဲ့ သူတို့က နေ ဆီကနေ တိုက်ရိုက်မရဘူးတဲ့ ဟိုမှာကြည့်ပါလား လူတွေ စားနေတာလေ အဲလိုမျိုးပေါ့ " ဒါနဲ့ Zob ကလှမ်းကြည့်လိုက်တော့ လူတွေ အစာစားနေတာတွေ့ရတယ်
" ဟားးးး စိတ်ဝင်စားစရာပဲ ငါတို့စမ်းကြည့် ရအောင် " လို့ပြောတယ်
" တယောက် ၁၀ ခုစီ စားမယ် " လို့ Queg ကပြောတယ် ပြီးတော့ ကောင်မလေးကို
" ဟမ်ဘာဂါ အခု ၂၀ ပေးပါ " လို့ပြောလိုက်တယ် ကောင်မလေးက တအံ့ တသြသူတို့ကိုကြည့်တယ် ပြီးတော့ အခု ၂၀ ထုတ်ပေးတယ်
" ၁၉ ပေါင်နဲ့ ပြား ၈၀ ကျပါတယ် " တဲ့ Queg က
" အိုး ခဏလေး "နော် ဆိုပြီး Zob ဘက်ကိုလှည့်ပြီး
" ငါပြောဖို့ မေ့နေတာ အဲလိုမျိုးပိုက်ဆံပေးရတာကို မေ့နေတယ် ဘာလုပ်လုပ်ပိုက်ဆံပေးရတယ် ဒင်္ဂါးသို့မဟုတ် စက္ကူပေးရတယ် အဲဒါကို ပိုက်ဆံလို့ခေါ်တယ် အဲဒါမပေးရင် ဒီမှာ ဘာမှလုပ်လို့မရဘူး ဆိုတာကို မေ့နေတာ
" ဒါနဲ့ Zob က " ဒါဆိုလဲ ပေးလိုက်လေ " ဆိုတော့ Queg က
" ငါ့မှာမရှိဘူး အဲဒါတွေ ထားတဲ့နေရာ ရှိတယ် ဘဏ်လို့ခေါ်တယ် အဲဒီကနေ ရနိုင်တယ် "
" ကောင်းပြီလေ ဒါဆိုလဲ ငါတို့ ဘဏ်ကိုသွားကြတာပေါ့ " လို့ Zob ကပြောတယ် Queg က ကောင်မလေး ဘက်ကိုလှည့်ပြီး
" ခဏလေးနော် ငါတို့ ဘဏ်သွားပြီးရင် ပြန်လာခဲ့မယ် " လို့ပြောလိုက်တယ်
သူတို့ ဘဏ်ထဲကို ဝင်လာကြတယ် Queg က
" ၁၉ ပေါင်နဲ့ ပြား ၈၀ ပေးပါ " လို့ ဘဏ်စာရေးကိုပြောတယ် Zob က Queg ရဲ့ အင်္ကျီလက်ကိုဆွဲပြီးတော့ "ဟေ့ ငါတို့ တခြား ဟာတွေ အတွက်လဲ ထုတ်လေ ဘာလို့ နဲနဲလေးပဲ ထုတ်တာလဲ " ဆိုတာ့ Queg က
" အော် ဟုတ်သားပဲ ဒါဆိုရင် ပေါင် ၁၀၀ ရော " Zob က
" နဲတယ် ၁ သန်းလုပ်ကွာ " တဲ့ ဒါနဲ့
" ၁ သန်း ပေးပါ " လို့ ပြောလိုက်တယ် ဘဏ်စာရေးက
" ခင်ဗျားတို့ ဒီမှာ account ဖွင့်ထားလား " တဲ့ Queg က
" ဟင့်အင်း " လို့ပြန်ဖြေလိုက်တယ် ပြီးတော့
" ပိုက်ဆံမြန်မြန်ထုတ်ပေး ငါတို့ ပိုက်ဆံလိုတယ် ဘာဂါဝယ်ရအောင် " လို့ပြောတယ် ဒါနဲ့ စာရေးက
" ရယ်စရာမကောင်းဘူးလား " လို့ပြန်ပြောတယ် စာအုပ်ထဲမှာ ပြောတာက လူသားတွေကို တခါတလေ မာရေ ကြောရေ ဆက်ဆံတတ်တယ်တဲ့ ဒါနဲ့ Queg က လက်သီးပြပြီး
" ပိုက်ဆံပေးမှာဖြင့် ပေး မဟုတ်ရင် မင်း ဒုက္ခရောက်မယ် " လို့ကြိမ်းလိုက်တယ် စာရေးလေးက ဘေးနားက ခလုတ်လေးကို နှိပ်လိုက်တယ် ပြီးတော့ အနောက်ကို ပြေးဝင်ပျောက်ကွယ်သွားတယ် ဘဲလ်သံတွေ ဆူညံစွာ ထွက်ပေါ်လာတယ် Queg က Zob ကိုကြည့်ပြီးတော့ မေးတယ်
" ဘာဖြစ်လာမလဲဆိုတာ မင်းသိလား " တဲ့ Zob က
" ဟင့်အင်း " တဲ့ ခဏနေတော့ အပြာရောင် ဝတ်စုံဝတ်ထားတဲ့ လူနှစ်ယောက် ပြေးဝင်လာပြီးတော့ Zob နဲ့ Queg ကိုဆွဲခေါ်ပြီး ကားထဲထည့်ကာ မောင်းထွက်သွားတယ်
တော်တော် ထူးဆန်းတယ် ကမ္ဘာပေါ်ကလူတွေက သူတို့ကို အခန်းကျဉ်းကျဉ်းလေးထဲခေါ်ပြီးတော့ မေးခွန်းတွေ အများကြီးမေးတယ် Queg နဲ့ Zob ကသူတို့ သိသလောက်တော့ ဖြေတာပဲ ဒါပေမယ့် ဘာတွေ ဖြစ်လာမလဲတော့ သူတို့လဲ မသိဘူး နောက်နေ့ကျတော့ သူတို့ကို အခန်းကြီးကြီးထဲ ခေါ်သွားပြီးမေးတယ် နောက်ဆုံးသူတို့ကိုဘာပြောလဲဆိုတော့
" မင်းတို့ထောင်ထဲမှာ ၁၀ နှစ်နေရမယ် " တဲ့ Queg က
" ကောင်းပြီ " တဲ့ ဒီလိုနဲ့ သူတို့ ထောင်ထဲရောက်လာကြတယ် ထောင်ဆိုတာ ထူးဆန်းတဲ့နေရာကြီးပဲ ကျောက်တုံးတွေနဲ့ ကာထားပြီး နံရံကြီးတွေကလဲ အမြင့်ကြီးပဲ ဒါပေမယ့် ဒီနေရာက နေလို့ကောင်းတယ် လို့ သူတို့ထင်တယ် ဘာလို့လဲဆိုတော့ ပိုက်ဆံပေးစရာမလိုဘူး အစားစားရတယ် ဘာဂါဆိုင်ထက်တောင် ပိုကောင်းတယ်လို့ သူတို့ထင်တယ် ပထမညမှာ သူတို့ကို ကြက်သားကျွေးတယ် Zob က
" ကောင်းတယ် ဒါဘာလဲ " တဲ့ Queg က
" အဲဒါကြက်သား ငှက်တမျိုးပဲတဲ့ အဲဒါက ပျံနိုင်တယ် " လို့ပြန်ဖြေတယ် Zob က
" ဟုတ်လား " ဆိုပြီး ကြက်သားကို ကောက်ကိုင်တယ် ပြီးတော့
" ပျံစမ်း " ဆိုပြီးပြောတယ် သူတို့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အကျဉ်းသားက သူတို့ကိုကြည့်နေတယ် ပြီးတော့
" မင်းတို့တွေက ဘာတွေလဲ some kind of nut (သည်းခံပါ ဘယ်လိုဘာသာပြန်ရမယ်မှန်း မသိလို့ပါ :P ) ပဲ" လို့ပြောလိုက်တယ် Zob က
" ဘာပြောတာလဲ ငါမသိဘူး nut ဆိုတာဘာလဲ " တဲ့ဆိုပြီး Queg ကိုမေးတယ်
" သစ်သီးခြောက် ပဲ အခွံမာနဲ့ " လို့ပြန်ပြောတယ် ဒါနဲ့ Zob က အဲဒီလူကို
" ငါက nut မဟုတ်ဘူး ငါ့ကို နင်ပြောတယ် အခွံမာနဲ့ သစ်သီးခြောက်ဆိုတာ အဲဒါ ငါမဟုတ်ဘူး " လို့ပြောတယ် " ငါ့ကိုလှောင်တာလား ဒါမှမဟုတ် အရူးလုပ်နေတာလား " လို့ အဲဒီလူကပြန်မေးတယ် Zob က Queg ကို အကူအညီတောင်းသလို လှမ်းကြည့်တယ်
" ဘာပြန်ဖြေရင်ကောင်းမလဲ သူငါ့ကို ဘာဖြေစေချင်တာလဲ " တဲ့ Queg က
" ငါမသိဘူး " တဲ့ ပြီးတော့ ခဏလေးစဉ်းစားပြီးတော့
" ခဏနေဦး သူ ရိုင်းတယ်နော် သူ ရန်ဖြစ်ချင်လို့ ထင်တယ် " နော် တဲ့ ဒါနဲ့ Zob က
" ဟုတ်တယ် ချမယ် " ဆိုပြီး ပန်းကန်ကို ကိုင်ပြီး အဲဒီလူရဲ့ ခေါင်းကို ရိုက်ခွဲလိုက်တယ် ဒီလိုနဲ့ သူတို့ ချကြတယ်
သူတို့ ၂ ယောက် အချုပ်ခန်းရဲ့ ဆေးရုံမှာ Zob က
" အံ့သြစရာပဲ နော် ငါဒါမျိုး တခါမှ မခံစားဖူးဘူး " တဲ့ Queg က
" အဲဒါကို နာကျင်တဲ့ ဝေဒနာလို့ခေါ်တယ် အရမ်းထူးဆန်းတယ် " တဲ့ Zob က
" ဒီလောက်ကောင်းတဲ့ အားလပ်ရက်မျိုး တခါမှမရဖူးဘူး " တဲ့ Queg က
" ငါရောပဲ ဒါပေမယ့် ငါတို့ ပြန်ရတော့မယ် မနက်ဖြန်ဆိုရင် မင်းသိရဲ့လား " တဲ့
" ငါသိပါတယ် ပြန်ဖို့ အဆင်သင့်ပါပဲ " တဲ့
ဒီလိုနဲ့ မနက်စောစော သူတို့ရဲ့ ခန္ဓာကိုယ်ကို အပြာရောင်နဲ့ အစိမ်းရောင် မြူခိုးအဖြစ် ပြောင်းပြီး ထောင်ကနေ ထွက်လာခဲ့ကြတယ် လယ်ကွင်းကိုရောက်တော့ ယာဉ်ပျံလေးကို ထုတ်ပြီး ကြီးအောင် လုပ်တယ် ပြီးတော့ ထွက်လာခဲ့ကြတယ် ပြတင်းပေါက်ကနေ ကြည့်နေရင်းနဲ့ ကမ္ဘာကြီးက တဖြေးဖြေးသေးသထက် သေးသွားတာကိုတွေ့ရတယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



20 comments:
ကောင်းတယ် ၊၊ အဲဒီလို ထူးထူးဆန်းဆန်းစာအုပ်လေး တွေ ဘာသာပြန်ပြီးမျှဝေပေးပါဗျာ၊၊
သူတို့က London မှာလား ၊၊ အင်္ဂလိပ်စကားပဲသင်ခဲ့တယ် တဲ့လား ၊၊ ရွှေစကား သင်ပြီး နောက်တစ်ခေါက် ရန်ကုန်လွှတ်ပေးနော် ...
အဟနောက်တာ
ဆောဆောဆီးဆီးလာမန့်တာ
အခုအပြင်သွားမလို့
အေးဆေးပြန်လာဖတ်မယ်နော် :D
ဖတ်ရတာတမျိုးလေးပဲ။။ကောင်းတယ်....ဘာတွေဖြစ်မလဲဆိုတာ အဆုံးထိသိချင်အောင် ဆွဲဆောင်မှုရှိတယ်.......
စိတ်ဝင်စားဖို့ ကောင်းတယ်။အဆုံးအထိ မငြီးမငွေ့ ဖတ်လို့  သိပ်ကောင်းတာပဲ။
ညီမလေး စာလေးတွေ ပိုပို ကောင်းလာလို့  ပို ပိုပြီး အားပေးနေတယ်နော်။
ကိုယ့်ညီမလေးက စာတွေလဲ တအားဖတ်တယ်...
စာရေးလဲ တအားကောင်းတယ်...
အရမ်းလဲတော်တယ်...
တအားလဲ ချီးကျူးတယ်...
(... ဘုံမြှောက် ... ကောက်စား... ဟားဟားဟား)
ငှဲငှဲငှဲ
သွပ်သွပ်သွပ်
ဲဗြဲဟဲဟဲဟဲ
းဝ)
ဖတ်ရတာ ကောင်းလိုက်တာ၊ ငှက်မလေး ဘာသာပြန်တာလဲ ညက်နေတာပဲ
Can you include the original title of the book and the author please??
ကောင်းတယ်ဗျို့ အရှည်ကြီးဖတ်ရပေမယ့် တစ်ချက်မှ မငြီးငွေ့သွားဘူး။
အာ...ကောင်းလိုက်တာ ငှက်ကလေး...စိတ်ဝင်တစားနဲ့ ကို ဆွဲဆောင်သွားတယ်...အဲ့လို ထူးထူး ဆန်းဆန်း ဘာသာပြန်လေး တွေ ပြန်ဝေမျှပေးဦးနော်...။
အံ့သြဖို့ ကောင်းတဲ့ ဆွဲဆောင်နိုင်မှု တွေနဲ့ ပို့စ်ကောင်းလေး တစ်ပုဒ်ပဲ ...
ဘာသာပြန်ကောင်းတဲ့ ဌက်ကလေး ဆက်လက် အားပေးနေတယ် ...
နေဒေးသစ်။
လာခံစားသွားပါတယ် ငှက်ကလေးရေ
ကိုရီနို
လာဖတ်သွားပါတယ် ငှက်ကလေးရေ စာတွေအတော်ဖတ်ပါလား ဆက်လုပ်ပါ ဘာသာပြန်တာအရမ်းကောင်းပါတယ်
ကိုဇော်
မလေးစကားသင်ပြီး ကိုယ့်ဆီကိုလွှတ်လိုက် ဟီး
ဘာသာပြန်ကောင်းလေးအတွက် ငှက်ကလေးကို ကျေးဇူးနော်
c-boxမှာအော်လို့မရတော့ဘူး
firefoxက အောက်ရောက်ရင် ထပ်loadပြီးထပ်ဆွဲနေလို့ c-boxကပြေး ကိုကလိုက် အဲလိုဖစ်နေဒယ် :(
ငှက်လေးက ဧကန်န ကြက်သားစားချင်ပြီ ထင်တယ်။ ငါ့ဆီလာပြီး လက်သီးပြ မလုနဲ့နော်....
သိတယ်ဟုတ်... ငါက အကြွေးထုပ်ကြီးပဲ ထုတ်ပေးလိုက်မှာ.... D
ဘာသာပြန်တော် လိုက်တာဟယ်။
ချင်းစကား ပေးသင်ပြီးး တို့ ဆီလွှတ်လိုက်။
ဟီးးးးးးးးးးးးးးးးး
ဆက်လုပ်...
ညီမလေး
အရေးအသားကောင်းလိုက်တာ။ဖတ်ရတာပြီးသွားမှန်းကိုမသိလိုက်ဘူး။အားပေးနေမယ်နော်။
ဝေးးး ဗရာဗို ငှက်လေးကွ လို့ အော်လို့ရပြီနော်။ ငှက်လေး နင်တော်တော်တော်လာပြီနော်။ ဆက်လုပ်၊ ဆက်လုပ် တို့လည်း ဆက်ဖတ်မယ်။
မေလေး
ထူးဆန်းလိုက်တာ...
ကောင်းပါ၏...
အရမ်းကောင်းတာဘဲ။
တကယ်ပြောတာ။
Final Destination လည်းဖတ်ပြီးသွားပြီ။
တော်တော်ကောင်းတဲ့ ပို့စ်လေးတွေဘဲ။
အမှန်တော့ အဲဒီ မြူခိုး et ၂ ကောင်က အမေရိကန်မှာဆင်းသွားတာ။ နောက်ထပ် ၁ ကောင်ရှိသေးတယ်။ နောက်မြူခိုး et ၁ ကောင်က စင်ကာပူမှာဆင်းသွားတာ။ သူလည်း ရောက်ကာစ အဲဒီလိုပဲ အားလုံးတလွဲတွေကြီးပဲ။ အဲ ထောင်တော့ မကျသေးဘူး။ ဟီးးးးးးးးးး
Post a Comment