Tuesday, 30 June 2009

အင်တာဗျူး

မမများ အဖွဲ့က ညီမ ကိုအခုလို ဗျူးခဲ့ပါတယ် ရှင်

သောကြာ : ငှက်ကလေး ဆိုတာ နံမည် အရင်းလား

ငှက်ကလေး : ညီမ က အရမ်းစကားများတယ်လေ ဒါကြောင့် ငှက်ကလေး လို့ ခေါ်တာပါ ခစ်ခစ်

မင်း : ကိုငှက်ကြီးနဲ့ ဘာတော်လဲ မသိဘူး

ငှက်ကလေး : အဲဒါ ညီမရဲ့ အကိုလေ မမ ရဲ့ ဟင်းဟင်း

ဆောင်းမြူခိုး : ဖြူဖြူကျော်သိန်းလို့ ခေါ်တာကော ညီမကို

ငှက်ကလေး : အော် ဒါကလား ညီမ အသံက ဖြူဖြူကျော်သိန်းနဲ့ တူလို့လေ အဟက်

Tony : ရုပ်ကတော့ မတူပါဘူးနော် ညီမက ဖြူဖြူလေး ဖြူဖြူကျော်သိန်းက မည်းမည်း

ငှက်ကလေး : ဟဲဟဲ ဟုတ်တယ် ဒါပေမယ့်လေ သိတယ် မလား မလိုနာတဲ့လူတွေ ခေါ်တာပေါ့

Boyz : ညီမလေး က ချစ်ဖို့ကောင်းတယ် နော် ဝိုင်းဝိုင်းလည်နေမှာပဲနော်

ငှက်ကလေး : အော် ပြောပြီးပြီပကော လား ကိုရီးယားမင်းသားတွေက လိုက်လွန်းလို့ ရှောင်နေရပါတယ် ဆိုမှ

lunn : သိပြီ တခါပြောဖူးတယ်လေ ဟို Rain နဲ့ ဘေယောင်ဂျွန်းက လိုက်နေတယ် ဆိုတာလား

ငှက်ကလေး : ဟုတ်ပါ့ မမရယ် မနဲထွက်ပြေးနေရတယ် ဒီမှာ ဖူးးးး မလွယ်ပါလားနော်

နွေဦး : ပေါင်ချိန်ကရော ဘာ မှမလုပ်ပေးဘူးလား ညီမရယ်

ငှက်ကလေး : အင်းလေ WHO(World Heart Organisation ) ကရော ဘာထူးတုံး နှာစေးနေကြတယ်လေ ဟင်းးးးး

maylay : ညီမလေး ရဲ့ အချစ်ရေးရော

ငှက်ကလေး : ကိုကို ဂျွန်စော ရှိတယ်လေ အခု ကားရိုက်ထွက်နေတယ်

သောကြာ : အိမ်ထောင်ပြုဖို့ကော အစီအစဉ်ရှိလား

ငှက်ကလေး : မမရယ် အိမ်ထောင်ပြုရင် တယောက်တည်းရမှာ ရည်းစားထားတော့ အများကြီး အဲ လေ ယောင်လို့ မစဉ်းစားနိုင်သေးပါဘူး မမရယ် ဒီမှာ တယောက်တည်း လုံးလည်ချာလည်လိုက်နေတာ မမရ

မင်း : ညီမလေးက စာရေးနိုင်တယ်နော် ဘယ်လိုများ ရေးတုံး

ငှက်ကလေး : လက်နဲ့ ရေးတယ်လေ မမရဲ့ အထူးသဖြင့် ညာလက်နဲ့ပေါ့နော် ဘယ်လက်နဲ့က မရေးတတ်ဘူးလေ မမ

ballonlay : အခုလောလော ဆယ်ဘာလုပ်နေတုံး

ငှက်ကလေး : မမတို့ဗျူးတာ ဖြေနေတယ်လေ

ဆောင်းမြူခိုး : ညီမရဲ့ body weight ကိုဘယ်လိုထိန်းလဲ ဟင် အရမ်းလှတာပဲ

ငှက်ကလေး : အော် ဒါကတော့ ထိပ်တန်းလျှို့ဝှက်ချက်ရှင့် မမတို့ကို ခင်လို့ ပြောပြလိုက်မယ်နော်သိလား ဘယ်သူမှလျှောက်မပြောနဲ့နော် အိပ်တယ် စားတယ် တီဗွီကြည့်တယ် ဘလော့ဂ်လိုက်ဖတ်တယ် အဲဒါလေ သိပြီလား

Tony : အင်းးး တော်တော်လေး လျှို့ဝှက်တာပဲနော် ထိန်းထားမယ် မပေါက်ကြားစေရဘူး စိတ်ချ

lunn : ညီမလေးလို မမတို့လဲ ချောချင်တယ် ဘယ်လိုလုပ်ရမလဲဟင်

ငှက်ကလေး : အော်ဒါလား လွယ်ပါတယ် ထိုင်းကိုသွားလေ အဲဒီမှာ ခွဲစိပ်ပြုပြင်တာရှိတယ် မမရဲ့ မယုံရင် မမဘွိုင်းဇ်ကိုမေးကြည့်လေ သူတောင် အဲဒါလုပ်ပြီုးပြန်လာတာ ခစ်ခ်

အဲဒီအချိန်မှာ PA လေးက ဖုံးလေးကိုင်ပြီး ယို့ယို့လေး လာပြောပါတယ်

PA : မမ ဖုံးလာနေတယ် ဟောလီးဝုဒ်က ဒါရိုက်တာတဲ့ မမနဲ့ပြောချင်လို့တဲ့

ငှက်ကလေး : ဟဲ့ ငါဒီမှာ အင်တာဗျူးနေတယ်လေ ပြောလိုက်မအားဘူးလို့

PA : သူက အရေးကြီးတယ်လို့ပြောလို့ပါ မမ

ငှက်ကလေး : ဟယ်လို

ဒါရိုက်တာ : နိဟောင် မား ( တရုတ်လို နှုတ်ဆက်သည် )

ငှက်ကလေး : ငါ မဟောင်ဘူး နင်ပဲ ဟောင်

ဒါရိုက်တာ : ခွန်နီးချီးဝါး ( ဂျပန်လို ပြောသည် )

ငှက်ကလေး : ငါ ကဘာလို့ ချီးဝါးရမှာလဲ စားချင်နင်ပဲစား

ဒါရိုက်တာ : အညာဆေးရိုး ( ကိုရီးယားလို မှုတ်သည် )

ငှက်ကလေး : အညာဆေးရိုး လိုချင်တာ ငါ့ကိုဘာလို့ ဖုံးဆက်တာ လဲ ဆေးဆိုင်သွားပါလား

ဂွပ်ခနဲ ချလိုက်သည် ဖုံးကို ပြီးတော့ PA ကို

ငှက်ကလေး : ဟဲ့ ငါ့ကို ဘာတွေလာပေးနေတာလဲ သွား ရှုတ်ရှုတ် ယှက်ယှက်

ပြီးတော့ မမများဘက်ကို လှည့်ပြီး

ငှက်ကလေး : ဆော်ရီးနော် မမတို့ရေ အားနာစရာကြီး ဟီးးးး

Boyz : ညီမလေး မအားဘူးထင်တယ် မမတို့ပြန်တော့မယ်လေ

ငှက်ကလေး : ဟယ် မမတို့ရယ် အားနာစရာတွေ ဖြစ်ကုန်ပါပြီ ( ကြွ ကြွ မြန်မြန် )

maylay : အခုလို မမတို့မေးသမျှဖြေပေးတာ ကျေးဇူးနော် ညီမရေ

ငှက်ကလေး : အာ မဟုတ်တာ မမရယ်ရပါတယ် ကိစ္စ မရှိပါဘူး

နွေဦး : ဒါဆိုမမတို့ သွားမယ်နော် ညီမလေး တာ့တာ

ဆိုပြီး မမများက ညီမကို အာဘွား တယောက်တချက်စီပေးကာ ထွက်သွားကြပါတယ် သူတို့စီးလာသော ထော်လာဂျီ အစုတ်လေးကို လက်ပြရင်းးးးး

မမကြာ အတွက် အမှတ်တရပါ မမရေ မမ မြန်မာနိုင်ငံပြန်တော့မယ်ဆိုလို့လေ ဟိုရောက်ရင်လဲ မေ့မသွားနဲ့ဦးနော် သိလား ဆက်သွယ်ဦးနော်
အဲဒါကြောင့် ပြောတာ မမရေ ညီမကလေ သိပ်ခင်တတ်တာ ဘယ်သူ့ကိုမဆို
လွမ်းနေမှာနော် မမသိလား မမကြာလို့ ခေါ်တိုင်း ငှက် ကို သတိရနော်
ဟိုပြန်ရောက်လို့ အဆင်သင့် ရင်လဲ ကောင်မလေးနဲ့ မမနဲ့ ရိုက်ထားတဲ့ ပုံလေးဘာလေး တင်ပေးဦးနော်သိလား
မမကြာ တင်မဟုတ်ပါဘူး အားလုံး အားလုံးကို ညီမ ခင်လဲ ခင်တယ် ချစ်လဲ ချစ်တယ် အားလုံး အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေရှင်

27 comments:

မေဇင် said...

ဖတ်နေရင်းနဲ့ မရိပဲ မနေနိုင်ဘူး..ညီမလေး ရေ..ကျေးဇူးပါပဲ.. ရုံးမှာ အရမ်း အိပ်ချင်နေလို့...လိုက်လည်နေရင်း..ညီမလေး တင်လိုက်တာတွေ့လို့...အင်တာဗျုးဆိုတော့..ဟိုတစ်ခါ ဘိုးဘွားရိပ်သာ လိုနေရာမျိုးမှာ..လျှောက်ထားတဲ့အလုပ်များ ရတာလား လို့ အပြေးလာဖတ်တာ..ပြီးတော့..ဟုတ်လဲ ဟုတ်ဘူး..။ :D ဒါပေမယ့် ရီရတယ်..။

maylay said...

ခုရော ကားရိုက်ထွက်တာပဲလား။ ညီမလေးက စုံစေ့အောင် ဖြေသွားအုံးလေ။ ခုလို တကူးတက မမတို့ ဗျူးတာ လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွယ်။ နောက် ခုလက်ရှိကို ဖြေဖြစ်အောင် ဖြေပေးပါနော်။

maylay

မင်းအိမ်ဖြူ said...

တော်တော်နောက်တဲ့ ငှက်ကလေး

အခုမှ အိပ်ချင်ပြေတယ် ၀ါါါါါါါါါါါါါါါါါါါါါါါါးးးးးးးးးးးးးးးး

နွေးနေခြည် said...

တယောက်တည်း ပြုံးနေလို့ ဘေးကတရုတ်လှမ်းကြည့်နေပြီ...

Anonymous said...

အမယ်...ယုံပေါင် သူ့အသံက ဖြူဖြူကျော်သိန်းတဲ့
ငှက်မတို့များလုပ်ချလိုက်ပြန်ပြီ
ဒါပေမယ့်
ကောင်းတယ်နော်..ရယ်ရတယ်
ခွီးခွီး

Anonymous said...

ယောင်းငှက်လေးရေ......


ဗြဲဗြဲ ကျော်သိန်းတော့ဟုတ်လောက်ပါဘူးနော်
ရီနေရတယ် နောက်ဆက်ရေ..အုံး
ခုတော့မမကြာက အဲ့လိုတွေတောင်ဖြစ်သွားပြီလား
နှမြောစရာကြီးနော် ကြာပြီလားဟင်
သူ့ချစ်သူမမကတော့ သနားစရာနော်


ချစ်တဲ့
ယောင်းမြူး

နိုင်းနိုင်းစနေ said...

ူထူးဆန်းပါပေ့ ငှက်ကလေးရယ်
ကြံကြံဖန်ဖန် ရေးတတ်တယ်...
ဟို မမတွေ မျက်နှာနီနေအုန်းမယ် :P

Tony said...

"ငှက်မလေး"ရေ..ပေါပါ့ဟာ..ငါတို့ပေါလှပြီ..
အောက်မေ့တာ..ငါတို့ထက်..ပေါပါလားနော်..
"ပေါပါတီ" (ပပတ။) ဥက္ကဌကြီး ရာထူးကို..
ယူဟာ..ဟိုးးးးး တုန်းက..သွေးသောက်မဂ္ဂဇင်းထဲက
"ပေါလောက"ရေးတဲ့.."ကြပ်ကလေး" နဲ့ "လဒ"
တို့ထက်တောင်..ပေါတယ်ဟာ..ဒါကလည်း.."ပါရမီ"
ပါမှရတာလေ..ဘာဘဲဖြစ်ဖြစ်..ဆက်လက်..ပေါနိုင်
ပါစေ..လို့ဆန္ဒပြုပါတယ်..

သားကြီး said...

ငှက်ကလေးတောင်ရိုးရိုးငှက်မဟုတ်လောက်ဘူး
စကားများတယ်ဆိုတော့ သာလိကာပဲဖြစ်ရမယ် :P

Angel Shaper said...

ဝုတ်ဘူး..... စာကလေးလား ကြက်တူရွေးလားမသိဘူး
စကားတတ်လို့ဟဲဟဲ...
ဖတ်လို့ ကောင်းတယ်ဝေ့။

Mae said...

ရယ်လိုက်ရတာ..

ကိုဘကို ဆော်ထားတာ အထူးကြိုက်ပါတယ်၊ ဒါပေမယ့် သူက နဂိုမရှိတော့ သိပ်တော့ ထူးခြားရှာလာမှာ မဟုတ်ပါဘူး

မယ့်ကိုး said...

ရေးထားတာ ပြုံးရယ်ရတယ် ညီမလေးရေ... နောက်လည်း အင်တာဗျူးများများ တင်ပေးပါဦး :D

kyalkalay said...

ရီလိုက်ရတာ ရှူးတောင်ထွက်တယ်(blog ပေါ်မှာနော်)

မှတ်ထား ငါ့အိမ်မှာနှပ်လာညှစ်တဲ့အကြွေး

စာကလေး လာလယ်အုံးလေဟာ

Yu Ya said...

lol...lol...lol...

မြစ်ကျိုးအင်း said...

အင်တာဗျူး လာဖတ်တာ...ခစ်ခစ်(ငှက်ကလေးစတိုင်)

မီးမီးချစ် said...

ဖုန်းလာတယ် ငှက်ငှက် ရာ ဘာပြောလိုက်ရမှာ..
နောက်မှဆက်မယ် ပြောလိုက်ပါ.. ရိုက်...
ကိုကို မောက်စ် က ဖုန်းဆက်တာ..း))

ကိုလူထွေး said...

တော်တော်ပေါတဲ့ ငှက်ပေါမ...

ငှက်...
ပေါ...
မ....

ငှက်ပေါမ...

းဝ)

khin oo may said...

ဆေးမှန်မှန်သောက်ပါညီမကလေး။

Lucifer said...

ငှက်ကလေး.. တော်တော်စကားတတ်နေ..

မေလေး said...

ညီမလေး
နင်လုပ်တာ မမကိုသူဌေးကတော်ကလှမ်းမေးနေပြီ။ဘာတွေသဘောကျနေလဲတဲ့။ဟွန်းးးဘယ်လိုလုပ်မလဲပြော။နာ့ကို ဂျွန်စောနဲ့မိတ်ဆက်ပေးလေနော်

ဇော် said...

ရီရတယ် ကြက်တူရွေးရ။ အဟီး။

အဲ စကားမစပ် ကြက်တူရွေးလို့ ခေါ်ပလိုက်ပြီနော်။ ငှက်ကလေးဆိုတော့လေ။
ပြီးတော့ သူပဲ စကားများတယ်ဆို။ နောက်ပြီး ကြက်တူရွေးက လှတယ်ဗျ။ သိတယ်ဟုတ်။ ဒါ့ကြောင့် ခေါ်ပလိုက်ပြီ။ ခွင့်တောင်းတော့ဝူး။ အဟီး။ =)

မင်းနေဝေး said...

တော်တော်နောက်တတ်တယ်နော် .... ရီသွားပါတယ်
အဟိ အဟိ :P

ဆောင်းမြူခိုး said...

အမယ်လေး ငှက်ရယ် ..ငါ့ ပါးစပ်ထဲ ခြေမထိုး ကလော်ရင်တောင် ဒီလောက် အန်ချင်စရာ မကောင်းဘူး...ဟွန်းးးးး ငှက်စုတ် လဒ....

ကြည်ဖြူပိုင် said...

interview လာဖတ်တယ် ဖြူဖြူငှက်ကလေးရေ

Anonymous said...

ကြံကြံဖန်ဖန် တွေးလဲတွေး ရေးလဲရေးတတ်ပါ့...
သဘောကျလို့ တယောက်ထဲ ရီရတာ အားမရလို့
အမေ့ကိုပါ ဖတ်ပြပြီး အဖော်စပ် ရီလိုက်ရတာ ဖတ်ဖတ်မော လို့ ဗိုက်ဆာသွားပြီ။ ထမင်းကျွေးပါအုံး.....

ZT said...

ဖတ်ပြီး ရယ်သွားတယ်။ :D

သုဏော်စိုင်း said...

မ မ များအဖွဲ့ က သာမပြန်ရင် ငါတော့ တတ်ပြီင်္းသေမှာပဲ
ရီရလို့ 