Friday, 26 June 2009

မမ များ အဖွဲ့နှင့် တွေ့ဆုံခြင်း

မနိုင်း စီဘောက် မှာ အခု လို သောင်းကျန်းခဲ့ကြပါတယ်

ဆောင်းမြူခိုး : အားလုံးပဲ မင်္ဂလာ ပါ ဘယ်သူမှ မရှိကြဘူးလား

မင်း : ငါရှိတယ် ပြော အခုလေးတင် ပဲရောက်တယ် ငှက်ရော မလာသေးဘူးလား မသိ ဒီနေ့ ကွန်ပြူတာ မကိုင် နိုင်ဘူးပြောတယ်

သောကြာ : ငါ သူ့ကို ကိုစိမ်းဆီမှာတွေ့တယ် ကွန်ပူတာ ဝယ်ခိုင်းနေတာ

lunn : သူခိုးဖတ်ချင် ဖတ်နေမှာ ငှက် နှံပြည် စုတ်က

Tony : မနိုင်းရေ ဘယ်ရောက် နေတုံး ဒီမှာ လူစုံနေပြီ ဗျ

နွေဦး : အယ် လူတောင် တော်တော် စုံနေပြီပဲ ကဲ စလိုက်ကြစို့လေ

နိုင်းနိုင်းစနေ : ထမင်းစားနေလို့ ခဏလေး နော်

ငှက်ကလေး : ငါရောက်ပြီလေ ဟေ့ ငါ့အတင်း ပြောနေကြတာလား ဟွန်းးး နော် မမတွေ အကျင့်ပုတ်

lunn : နင်က ခွဲစိတ် ဆရာဝန်လား ငါ့တို့တွေကို မမလို့ခေါ်ရအောင်

Tony : ငါ့ကို တိုနီလို့ မခေါ်ပါနဲ့လို့ပြောတာ ပြောလို့လဲ မရဘူး

ငှက်ကလေး : ငါက အင်္ဂလိပ်လို မရိုက်ချင်လို့ပါဆိုနေ ခေါ်မှာပဲ တိုနီလို့ အဲလိုခေါ်ရတာကြိုက်တယ် ဒါဗြဲ

Tony : ဒါဆိုရင် yellow ကို မြန်မာလိုရေးလေ

သောကြာ : ငါ့ကို လဲ ကိုကြာလို့မခေါ်ပါနဲ့ ဟာ လူကို စတွန့်သွားတာပဲ ငှက်စုတ်ရ

ငှက်ကလေး : ဒါဆိုရင် မမကြာဆိုရင်ကော မကောင်းဘူးလား တိုနီ မမတ်ရိုင်းနဲ့နော် မနိုင်းဘလော့ဂ်မှာ ဟွန်းးပဲ ပြောမယ်

မင်း : သောကြာပြောတယ် နင် ကိုစိမ်းဆီသွားတယ် ဆို ဟုတ်လား ကွန်ပြူတာ ဝယ်ခိုင်းဖို့လေ

ငှက်ကလေး : သေလေ အဲဒါ သူ သွားနေကြနေမှာပေါ့လေ အယ် ဒါနဲ့ မမဆောင်း ပျောက်နေတယ် ကိုစိမ်းဆီရောက်သွားပြီထင်တယ်

ဆောင်းမြူခိုး : ငါ့ကို ဆိုရင် ကိုစိမ်းက အလံဖြူထောင်ပြမှာ လဒ ရ

ငှက်ကလေး : အလံဖြူ အယ် စိတ်ဝင်စားလာပြီ ဆက်ပြောပါဦး မမဆောင်းရ

Tony : ဆောင်း ပြလိုက်စမ်းပါ ငါတို့ မမ မဟုတ်ဘူး ဆိုတာကို

မင်း : မလုပ်နဲ့တော်နေ ငှက်က သူ့ဥ ပါဆိုပြီး ငြင်းနေဦးမယ် ကြောက်တယ်

နွေဦး : မနိုင်းရေ စားလို့ပြီးပြီလား ဘာနဲ့စားတုံး

နိုင်းနိုင်းစနေ : ပြီးပြီ သရက်သီးထိုင်စားနေတာ ရင်ကွဲသီးလေ

ဆောင်းမြူခိုး : ကြည့်လုပ်ဦးနော် မကြီး ဒီအချိန်ကြီး စားရသလား

ငှက်ကလေး : ဘယ်အချိန်စားစားပေါ့ ဆာလို့ စားတာ ဘာဖြစ်လဲ

ဆောင်းမြူခိုး : ဟဲ့ညကြီး အချိန်မတော် ဗိုက်ဆာရင် မရမ်းပြား ထ စားမလား ငှက်စုတ်ရဲ့

နွေဦး : မကြီး ကြည့်လုပ်နော် ပန်းသခင် ဖြစ်မယ်

ငှက်ကလေး : ပန်းသခင် ဆိုတာ ဘာတုံး မမနွေဦးရဲ့

နွေဦး : ချီးပန်း တာကိုပြောတာ ပိန်းပါ့ ငါ့ထက်တောင် ပိန်းသေးတယ်

မင်း : နွေအူးးတော့ ငှက်နဲ့ပေါင်းပြီး လည်ကုန်တော့မှာပဲ

မေလေး : ဒီကွန်နက်ရှင်နဲ့တော့ ခက်ပါတယ် အားလုံး မင်္ဂလာပါ

ငှက်ကလေး : မင်္ဂလာမဆောင် နိုင်သေးဘူး မမမေလေးရေ

သောကြာ : ငှက်စုတ် မဟုတ်တာ မပြောနဲ့

ငှက်ကလေး : အော်ဒါနဲ့ မမကြာ က အခုအမေရိကားကလား ဟုတ်လား

lunn : နင်ဟာလေ ပိန်းတယ် ပိန်းတယ် လို့ပြောပြီး အချောင်ခိုတယ် မစဉ်းစားဘူး

ငှက်ကလေး : အော် သိပြီ ဒါဆိုရင် ရုရှားလား ဟုတ်လား

သောကြာ : မဟုတ်ဘူးဟေ့ ကုလားတွေကြားထဲနေပြီး ကုလားမဟုတ်တဲ့ အစ်စရေးဟဲ့

ငှက်ကလေး :အယ် အဲဒီမှာ ဘာသွားလုပ်တာတုံး ပျော်စရာလဲ မကောင်းပဲနဲ့

မင်း : ဟဲ့နိုင်ငံခြားထွက်တာ ပျော်လို့ထွက်တယ်များ မှတ်နေလား ဂျိုး ရဲ့

ဆောင်းမြူခိုး : ဟွန့်.. ဟွန့် .. သိလဲသိဘဲနဲ့ ဝင်ပြောတယ်

ငှက်ကလေး : အော် ဒါနဲ့ သိမ့်သိမ့်အိလာသေးလား ဟယ်

ဆောင်းမြူခိုး : လာပါ့ နေ့လည်က မေးသွားတယ် နှစ်ပတ်လို့ပြောတာ ဘယ်အချိန်ကလဲတဲ့ ပြည့်ပြီလားတဲ့ သူမမှတ်မိတော့လို့တဲ့

နွေဦး : ဒါနဲ့ဘာပြောလိုက်တုံး ဟဲ့

ဆောင်းမြူခိုး : မပြည့်သေးဘူးအမ နောက် တနင်္ဂနွေမှလာခဲ့လို့ပြောလိုက်တယ် သူက အင်းတဲ့ သူ့အတင်းလဲ ပြောမနေကြနဲ့တဲ့

Tony : သူလဲ မနိုင်းဘလော့ဂ်ကို သံယောဇဉ်ကြီးပုံရတယ်

မင်း : ဒီလိုလုပ်ပါလား ငှက်ပုံကို မေးလ် နဲ့ မနိုင်းဆီပို့ထားလိုက်လေ ဘလော့ဂ်ပေါ်တင်ထားလိုက် ဒါဆိုရင် သိမ့်သိမ့်အိ မလာတော့ဘူး

ငှက်ကလေး : မလုပ်ပါနဲ့ဟယ် ကိုရီးယား မင်းသားတွေ တန်းစီနေလို့ မနိုင်း စိတ်ညစ်နေပါဦးမယ်

ဆောင်းမြူခိုး : ထွီ

ငှက်ကလေး : ငါ့များဆိုပြောတာ တော်ပြီ ဒီနေ့ ဓာတ်မကျဘူး ပြန်မယ်

lunn : အယ် သူဓာတ်မကျပေလို့ပဲ သူ့ကို တော်တော် ပြောယူရတယ်

naing : သိမ့်သိမ့်အိ ကြားသွားရင် ကုလားအုပ်သေး လာသောက်ခိုင်းနေဦးမယ် ရှုးတိုးတိုးလေးနေ

ငှက်ကလေး : ပြန်မယ် ပျံမယ် အခုပြန်မယ် ဟယ်လီကော်ပတာ ခေါ်ပေးး

မင်း : နင်အစောကြီးရှိသေးတာကို နေပါဦး ငှက်စုတ်ရ

ငှက်ကလေး : မနေဘူး သွားမယ် နင်တို့ ငါ့ကို ထော်ကြနဲ့တော့နော် ရှိတော့ဘူးရယ်

naing : ဟဲ့ နှံပြည်စုတ် ဘာတွေလျှောက်ပေါနေတာတုံး

မေလေး : တော်ပြီ ကွန်မကောင်းဘူး အားလုံးပဲ တာ့တာ

နိုင်းနိုင်းစနေ : ဆော်ရီးနော် စာရေးနေလို့

ငှက်ကလေး : မနိုင်းရေ ဒီမှာ ညီမကို အနိုင်ကျင့်တယ် ဗြဲဟဲဟဲ

Tony : မနိုင်း အသစ်တင်မလို့လား မကြီး မအိပ်သေးဘူးလား

နိုင်းနိုင်းစနေ : မနက်ကျရင် လမ်းထလျှောက်မယ် မအိပ်ကြသေးဘူးလား ကလေး တို့ ရေ

ဆောင်းမြူခိုး : မကြီး စားပြီးပြီပေါ့လေ ဟုတ်လား

နိုင်းနိုင်းစနေ : ကဲအိပ်ပြီ အားလုံးပဲ ဂွတ်ည

lunn : အယ် မကြီးက မနက်လမ်းထလျှောက်မယ်ပြောတာပဲ

မင်း : မြင်ရတာ မှမဟုတ်တာ ငှက် အောက်ပြီလား

ညီမနဲ့ အတူ ပေါပေးကြသော မမများအဖွဲ့ကို ကျေးဇူးအထူး တင်ရှိပါတယ် ရှင်
မမများ အဖွဲ့ဝင်တွေကတော့ မမမင်း မမဆောင်း မမလွန်း မမကြာ မမနိုင် မမတိုနီ တို့ပဲ ဖြစ်ပါတယ် ကျန်မမများ မမနွေဦးနဲ့ မမမေလေးကတော့ တကယ့်မမများပဲ ဖြစ်ပါတယ် ရှင် ခိခိ
မမများ ရေ ညီမကို စိတ်မဆိုးနဲ့နော် သိလား အခုလိုတင်လိုက်တာ ခစ်ခစ်ခစ်
ဘယ်သူဘယ်ဝါပြောလဲ မမှတ်မိတော့ပါဘူးနော် မှတ်မိတာလေး တင်လိုက်တာပါ စိတ်ပါဝင်စားသူများ မနိုင်းဘလော့ဂ်မှာ အခုလိုပဲ ပေါလို့ ရပါတယ်ရှင် အဟီးးးးးးး
မနိုင်းရေ ခွင့်မတောင်းပဲတင်လိုက်တယ် ဆော်ရီးနော်

ကိုစိမ်းအကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်ရှင်

14 comments:

ကြယ်သောကြာ said...

အေးလေ အတင်းပြောတာ ပြောပေါ့ နင်လုပ်မှ အစ်မစနေ cbox လည်း ပေါ ရာ ဏ အဘိဓါန် ဖြစ်တော့မယ် တိုင်မယ် နောက်ရက်ကျရင်.. လူစုံတက်စုံ အစည်းအဝေးခေါ်ပြီ ရုံးတင်စစ်မယ်
ဒါဘဲ

Anonymous said...

ပျော်စရာကြီးပါလား ...
အခါအခွင့် ကြုံရင်တော့ လာပေါချင်သေးတယ် ... အဟေးဟေး :D
နေဒေးသစ်။

သားကြီး said...

နာ့တမီးလေးသောင်းကျန်းချက်တော့ကွယ် :P

Lunn said...

26 Jun 09, 20:03
Tony: ဟဲ..ဟဲ..ထ္မင်းဝအောင်စားထား..ငှက်မလေးရေ..ဟွန့်..ဟွန့်..
26 Jun 09, 20:00
lunn: ငှက်မလေး၊ဘုန်းကြီးစားတော့မှ..ဝိုင်းပြီးစားပေးလိုက်မယ်..
26 Jun 09, 20:00
သောကြာ: အေး လွန်းပြောတာဟုတ်တယ် လာပလေစေဦး မနက်ဖြန်ကျရင် နှံပြည်စုတ်တော့ တိုနီရေ ဆက်စီစဉ်ထား တွယ်ရအောင်ကို
26 Jun 09, 19:57
lunn: TTE နဲ့နောက်တခါတွေ့မှ..ဒီငှက်blogကိုညွှန်လကုက်ရင်ကောင်းမယ်ဗျ..
26 Jun 09, 19:55
lunn: ဖွတာအရေးမကြီးဘူး..တော်ကြာရေးထားတာတွေပျောက်ကုန်မှာစိုးရတယ်..ကိုကြာ..
26 Jun 09, 19:52
Tony: lunnကဒုတိယဒီပဲရင်းလုပ်ကြံမှုကိုအကွက်ပိပိနဲ့စည်းရုံးနေရဲ့..သတိသာထားနေပေနော့..
26 Jun 09, 19:51
သောကြာ: ရှိသေးရင် ဒီမှာ ဆက်ဖွရအောင် အစ်မ စနေ အားနာလို့ ဟိုမှာ ထိန်း၂သိန်း၂ လုပ်နေတာ ဟီး
26 Jun 09, 19:49
သောကြာ: tony ရှိနေသေးလားဟေ့
26 Jun 09, 19:49
Tony: နိုင်က..ကလိမ်ကကျစ်ဥာဏ်ကြံနေလေရဲ့..ငှက်blog ထဲ Yettaw ကိုပစ်သွင်းပြီး၊ထောင်ချဘို့ကြံနေလေရဲ့..
26 Jun 09, 19:49
သောကြာ: ငှက် နင် ငါ့နှစ်လုံးပြူးစာ မိမှာ မကြောက်ဘူးလား ဒီတစ်ခါတော့ အသေတွယ်မှာ ဒါဘဲ ငါတိုင်ထားတယ်
26 Jun 09, 19:44
Tony: ကြာက..မိုးပေါ်ထောင်ပစ်မှာဟုတ်ဖူးလို့ရာဇသံပေးနေတယ်..
26 Jun 09, 19:42
Tony: မင်းကတော့..ငှက်ကို..မသေမချင်း..သားရေကွင်းနဲ့ပစ်မယ်မာန်နေတယ်..
26 Jun 09, 19:39
Tony: ဆောင်းကလဲ..ဂွနဲ့ဆော်မယ်ကြိမ်းနေတယ်..ငှက်မလေး..နာဖို့သာပြင်..
26 Jun 09, 19:37
Tony: အေးးးးးးးးးးးးဒီတစ်ခါလာရင်လား!! နှစ်လုံးပူးနဲ့ကိုချလိုက်မယ်..ဟွန့်..ဟွန့်..

ကိုလူထွေး said...

ငှက်ကလေးရေ...
ရောက်စ်စ်စ်စ်စ်စ်စ်

(မကြိုက်မှန်းသိလို့ တမင်စသွားတာ)

မယ့်ကိုး said...

ဖတ်ရတာ ပျော်ဖို့ ကောင်းတယ် ...မမကြာနဲ့  မမတိုနီလို့ ခေါ်ပုံလေးက ရယ်ရတယ်။

ညီမလေးရေ...အစ်မရဲ့  တစ်ဦးတည်းသော မွေးစားညီမလေး တကယ့်မမတွေရပြီ ထင်နေတာ။:D

ညီမလေးရေ...တယောက်တည်းမို့ အားမငယ်နဲ့ နော်။ ညီမလေးကို နောက်က စောင့်ကြည့် အားပေးနေမယ်။ :D

မင်းအိမ်ဖြူ Minn Eain Phyu said...

ပျော်စရာကြီးပါလား၊၊

မေဇင် said...

ပျော်စရာကြီးနော်...ဒီတစ်ခါ မနိုင်းထဲရောက်နေတာနဲ့ ကြုံရင်...တော့..တမင်c box ကို စောင့်ဖတ်နေမိတော့မလားပဲ...။ :)

Anonymous said...

မေလေးက ငှက်လို မတော်ဘူးဟယ်။ blogကိုဖွင့်လို့လည်း မတတ်ဘူး။ အားချိန်လည်းသိပ်မရှိတော့လေ။ ဘာပဲဖြစ်ဖြစ်ရပါတယ်။ ငှက်ကလေးဆီမှာလည်း လာပေါလို့ ရတာပဲနော်။ မေလေးနဲ့ နွေဦးက တကယ့်မမ ဆိုတော့ ကျန်သူတွေက အတုလား၊ငှက်လေး မေလေးကညံ့ချက်များ account ဖွင့်လို့ မရလို့ anonymous နဲ့ပဲ မန့်ရတယ်။

Anonymous said...

မေလေးက ငှက်လို မတော်ဘူးဟယ်။ blogကိုဖွင့်လို့လည်း မတတ်ဘူး။ အားချိန်လည်းသိပ်မရှိတော့လေ။ ဘာပဲဖြစ်ဖြစ်ရပါတယ်။ ငှက်ကလေးဆီမှာလည်း လာပေါလို့ ရတာပဲနော်။ မေလေးနဲ့ နွေဦးက တကယ့်မမ ဆိုတော့ ကျန်သူတွေက အတုလား၊ငှက်လေး မေလေးကညံ့ချက်များ account ဖွင့်လို့ မရလို့ anonymous နဲ့ပဲ မန့်ရတယ်။

ဆောင်းမြူခိုး said...

ငှက်"လဒ"..နင် ငါ့ကို နင့်အိမ်ကကြောင်ပေါက်များမှတ်နေလား။ အားအားရှိ အမြီးလှန်ပြီးတော့ အထီး အမ ပဲလာလာခွဲနေတာပဲ။

Yu Ya said...

Wow! Very Cool!

s said...

ပျော်စရာကြီးးးးး နော် ။

ဝက်ဝံလေး said...

မမကြာရယ် ရုံးရောက် ဂတ်ရောက်ကြိုက်ဘူးရယ်နော် ငှက်က

ကိုနေဒေးရေ အားရင်လာခဲ့ပါ ဖိတ်ပါတယ်နော်

ကိုသားကြီး ဟဟဟ အခုမှသိလား သောင်းကျန်းတာ

မမလွန်း ငါက ကော်ပီမဟုတ်ဘူး နော်မမလို ခေါင်းထဲမှာ ရှိတာတွေ ချရေးတာ ခိခိ

ကိုလူထွေး လာလည်တာကျေးဇူးး ငှက် စိတ်မဆိုးတတ်

မမမယ်ကိုး အားရင် လာခဲ့လေ မမရ ဟီးး ကြိုပါတယ်နော်

ကိုမင်းအိမ်ဖြူ ဟုတ်တယ် ပျော်ဖို့ကောင်းတယ် ဟားဟားးး

မမမေဇင် ဖတ်ပဲ မဖတ်နဲ့လေ ဝင်ပြောလေ မမရ ခစ်ခစ်

မမမေလေးရေ ကြိုက်သလိုသာ မန့်ရတယ် ကိစ္စ မရှိဘူး နော်

မမဆောင်း သူဖြင့် သူ့ကို မမလို့ခေါ်တာ ရှင်း ချက်မထုတ်ပဲ နဲ့များ ဟွန့်.. ဟွန်....

ကိုယုယ အေးလို့လား ငင် အင်္ကျီထူထူ ဝတ်ထားလေ ဟဟ စတာနော်

ဆုငယ် သူငယ်ချင်း စာတွေများလို့ စိတ်ညစ်နေရင် လာခဲ့နော် သူငယ်ချင်း