Saturday, 27 June 2009

Final Destination

ကျွန်မ အရှေ့မှာ ထိုင်နေတဲ့ အဘွားအိုဟာ ကာတွန်းကားထဲက စုန်းမကြီးနဲ့ တော်တော်လေးကို တူပါတယ် သူ့ကို အင်္ကျီအမည်းကြီးသာဝတ်ပေးကြည့် တကယ့် စုန်းမ ကြီးပဲ ကျွန်မ အဲဒီလိုတွေးလိုက်မိပါတယ် သူများကို စိတ်ထဲကနေ အဲလိုမျိုးပြောတာ မကောင်းပါ အဘွားအိုက ကျွန်မကို
" ကလေးမ ဘယ်ကို သွားမှာလဲ " တဲ့
" မန္တလေးကိုပါ " လို့ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်ပါတယ်
" အင်းးး ကလေးမ သိလား အခု ဒီရထားက ခဏနေရင် မှောက်မှာလေ "
" ရှင် " ကျွန်မ တအံ့ တသြရေရွတ်လိုက်မိပါတယ်
" ဟုတ်တယ် ကလေး မ ရထားလမ်းလွှဲတဲ့ လူရဲ့ ပေါ့လျော့မှုကြောင့် ပေါ့ ဒါပေမယ့်လေ သူ့ကို အပြစ်တင်လို့ မရပါဘူး ဒီမှာ ရှိတဲ့ လူအားလုံး ဥပစ္ဆေဒက ကံပါလာတာကိုး "
" ရှင် အဘွားကော ပါလား အဲဒါ "
" အင်းပေါ့ "
" သိရဲ့ နဲ့ အဘွားဘာလို့ ဒီရထားပေါ်လိုက်လာတာလဲ "
" ရှောင်လို့ မရဘူး ကလေးမ ဒီတခါလွတ်လဲ နောက်တခါလေ "
" ဒါဆိုရင် အဘွားသမီး ဘယ်လိုလုပ်ရမလဲဟင် "
" ဘာမှလုပ်လို့မရဘူး သမီး ဘုရားစာသာ ရွတ်နေ " ပြောလို့ မဆုံးသေးဘူး ဒုန်းးးး ဆိုတဲ့ အသံကြီးနဲ့အတူ ရထားကို နောက်ရထားတစီးက ခါးလယ်ကနေ ဖြတ်တိုက်တာ လူတွေ အော်ကြဟစ်ကြ နဲ့ ပေါက်ကွဲသံကြီးကလဲ ဟီးနေတာပဲ

ကျွန်မ ချွေးတွေ ရွှဲနစ်လျှက် အိပ်ယာမှ လန့်နိုးလာတယ်
" ဟူးးး တော်ပါသေးရဲ့ အိမ်မက်ဖြစ်နေလို့ "
ဒါပေမယ့် ကျွန်မ မပျော်နိုင်ပါ ဘာလို့ ဒီအိမ်မက်ပဲ ခဏခဏ မက်နေတာလဲ စဉ်းစားလို့မရဘူး တပတ် တခါ တခါတလေ နှစ်ပတ်တခါ ဆက်တိုက်လိုမက်နေတယ် အိမ်မက်ထဲမှာ ပြောတဲ့ စကားတွေ အကုန်လုံးတူတယ် မပြောင်းဘူး ဘာလို့လဲ ကျွန်မ ဘာလုပ်သင့်သလဲ ဒီိလိုနဲ့ ကျွန်မ မှာ စိတ္တဇ ရောဂါ စွဲကပ်လာတယ် အဲဒါကတော့ ကျွန်မ ရထားလုံးဝ မစီးခြင်းပဲ ဖြစ်နိုင်ရင် လုံးဝ မစီးဘူး ပိုက်ဆံကုန်ရင် ကုန်ပါစေ လေယာဉ်စီးတယ် ကားစီးတယ် ဘယ်တော့မှ ရထားမစီးတော့ အဲဒီအိမ်မက်မက်ပြီး ကတည်းက
ဒီလိုနဲ့ အဲဒီ အိမ်မက် မမက်တော့ပြန်တာ တော်တော်လေးကြာနေပါပြီ လူလဲမေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့တယ်

တီတီ တီတီ
ဖုံးမြည်လာလို့ကောက်ကိုင်လိုက်တယ်
" ဟယ်လို "
" မမလား မမရေ မေမေ နေမကောင်းလို့ မမကိုတွေ့ချင်တယ်ပြောတယ် လာနိုင်ရင်လာခဲ့ပါလား "
" ဟယ်တော်တော်လေး နေမကောင်းဖြစ်တာလား ဘာဖြစ်တာလဲ "
" လူကြီးရောဂါပါ မမရေ မေမေက မမကိုတွေ့ချင်တယ်ဆိုလို့ လေ "
" အေးအေး အမြန်ဆုံးလာခဲ့မယ်လို့ မေမေ့ကိုပြောလိုက်နော် "
ကျွန်မ စိတ်ပူသွားတယ် ဒါနဲ့ လေယာဉ်လက်မှတ်ဝယ်တယ် အနီးကပ်မှ ဝယ်တော့ မရဘူး ကားနဲ့သွားရင်ကြာမှာစိုးလို့ ရထားနဲ့ လာခဲ့လိုက်တယ်
ရထားပေါ်ရောက်တော့ မဂ္ဂဇင်းစာအုပ်ကိုဖတ်နေလိုက်တယ် ဘယ်လောက်တောင် ကြာသွားမှန်းမသိဘူး ရထားက ထွက်တာအရှိန်တောင်ရနေပြီ ဝတ္ထုကလဲတော်တော်လေး ဖတ်လို့ကောင်းတာကိုး ဒါနဲ့ မဂ္ဂဇင်းထဲရှိ ဝတ္ထု အားလုံးကုန်သွားတော့ ကျွန်မအရှေ့က လူကို သတိထားမိတယ် ဟင် ကျွန်မ အရမ်းလန့်သွားတယ် အိမ်မက်ထဲက အဘွားအိုပါလား ကျွန်မကို ပြုံးပြီးကြည့်နေတယ်
" ကလေးမ ဘယ်ကို သွားမှာလဲ " တဲ့ အိမ်မက်ထဲက စကားလုံးတွေပဲ ကျွန်မ အထစ်ထစ်နဲ့
" မန် မန္တလေးကို " လို့ပြောလိုက်တယ်
" ကလေးမ သိလား အခု ဒီရထားက ခဏနေရင် မှောက်မှာလေ " ကျွန်မ မျက်နှာမှာ သွေးမရှိတော့ဘူး ထင်တယ် တုန်လှုပ်စွာနဲ့
" ဟုတ်ကဲ့ " လို့ ခေါင်းညိမ့်ပြလိုက်မိတယ်
" အော် ကလေးမ သိတယ်ကိုး "
" အဘွားကျွန်မ ဘာလုပ်ရမလဲ ဟင် "
" ဘာမှလုပ်လို့မရဘူး ကလေးမရဲ့ ရှောင်လွှဲလို့ မရတာကို မရှောင်ပါနဲ့ ရင်ဆိုင်လိုက်ကြတာပေါ့လေ " တဲ့ စကားလဲဆုံးရော ဝုန်းးးး ဆိုတဲ့ အသံကြီးနဲ့အတူ...

မီးခိုးတွေ လူတွေအော်ဟစ်သံတွေ အပိုင်းပိုင်းပြတ်နေတာတွေကို ကျွန်မနဲ့ အဘွားအိုရဲ့ ဝိဥာဏ်က ကြည့်နေတယ် ခဏနေတော့ လူတွေ ရောက်လာပြီး ဆေးရုံတင်ဖို့ လုပ်ကြတယ် အဘွားအိုက
" ကလေးမ သွားကြစို့ " တဲ့
ကျွန်မလဲ အဘွားအိုကို တွဲရင်း တဖြေးဖြေး ကျွန်မတို့ နှစ်ယောက် .......

ကြည့်ရတဲ့ Final Destination ကားလေးကို သတိရပြီး အိုင်ဒီယာရလို့ ချရေးဖြစ်ပါတယ်
အားပေးတာ ကျေးဇူးးအထူးတင်ရှိပါတယ် ရှင်
သိပ်မကောင်းရင်လဲ သည်းခံပြီး ဖတ်ပေးကြပါရှင်

20 comments:

မင်း said...

ငါ...တစ်
ငှက် . . . မဆိုးပါဘူး ..ဒါပေမဲ့ ရိုးလွန်းသလားလို့.. ဟီးးးးး

ခြေလှမ်းသစ် said...

ငှက်ကလေးရေ သူညားတွေ နံပတ်လိုက်ယူလို့ လိုက်လုတာ ၂ ပဲရတယ် အဟင့် ပိုစ့်ကို ဆက်ဖတ်လိုက်မယ်နော်
ကိုဇော်

ခြေလှမ်းသစ် said...

ငှက်ကလေးရေ....လာ...လာ...လာ.... ပြန်လာခဲ့ ငှက်ကလေးရဲ့ ဝိညဉ်ကို ပြန်ခေါ်နေတာလေ.....

Anonymous said...

အဲ တကယ်လုပ်တယ်ဟ ...
မပြောကောင်း မဆိုကောင်း ..
အရေးအသားတွေက အလေးထားစရာတွေ ဖြစ်နေပြီ ... နဲနဲလေး ပိုသာရှည်လိုက် .. တကယ်ရိုက်လို့ ရပြီ ... ဗွီဒီယို

နေဒေးသစ်။

မယ့်ကိုး said...

ဒီလိုမျိုး ဖတ်ဖူး ကြည့်ဖူးလည်း ညီမလေးရေးထားတာလည်း တစ်မျိုးစိတ်ဝင်စားဖို့  ကောင်းတာပါပဲ။
ပြီးတော့ ကိုနေဒေးသစ်ပြောတာ ထောက်ခံတယ်ညီမလေးရေ...

အမြဲအားပေးလျက်...

မြူးလေး said...

ဟေးးးးးးးးးးးး ယောင်းလေးငှက်

ကောင်းတယ် စာရေးနည်းလာသင်အုံးရမယ်

တော်တယ်သိလား ကိုကို့ညီမလေးနဲပ

မြူးလေး ယောင်းလေးဖြစ်နေလို့နေမှာနော်ဟတ်ဟား


ဆက်လုပ်နော် မမနိုင်းလေးစီပုံး

လဲစုတ်ပြတ်သွားနေအုံးမယ် သိလား

တ့တာ
ခင်တဲ့
ယောင်းမြူး

သားကြီး said...

အဲဒီကားကလေ အလိုလိုနေရင်းကံဆိုးမိုးမှောင်တွေ ကျကျပြီးသေကုန်ကြတာချည်း
နံပါတ်လေးအထိကြည့်ဖူးတယ်

Angel Shaper said...

ငှက်ကလေး ဖတ်လို့ ကောင်းအောင်ရေးတတ်လိုက်တာ။ ဆက်လုပ် ရဲဘော်။

Tony said...

ဇာတ်လမ်းလေးကမဆိုးပါဘူး.. ငှက်မလေးက..
တစ်ခုခုကို..တက်သုတ်ရိုက်သလိုဘဲ..Climate
ကို..တဖြေးဖြေးမြှင့်လာရမှာလေ..ဗြုန်းဆို..
ဇာတ်သိမ်းပစ်လိုက်ရော..

ကိုလူထွေး said...

မီးမီးငှက်ကလေးက ကိုလူထွေးကို ရှောင်လွှဲလို့မရဘူးလေ...

ဥပစ္ဆေဒက ကံပါလာတာကိုး

မတတ်နိုင်ဘူး... ရင်သာ ရင်ဆိုင်လိုက်တော့

းဝ)

Mae said...

ကောင်းတယ် ဖတ်လို့၊ သူများတွေ ပြောသလိုပဲ၊ မပြောကောင်းမဆိုကောင်းနော်၊ ဘုရားရှိခိုးဦး၊

လင်းကြယ်ဖြူ said...

အင်း...စိတ်ဝင်စားစရာပဲ...
Final Destination ကိုတော့ အားလုံးကြည့်ဖြစ်တယ်..စိတ်ကူးကောင်းတယ်နော..

kiki said...

သိတော့ သိနေသလို ..
နောက်တော့လဲ တကယ်လိုလို
အိမ်မက်လိုနဲ့
ပြီးတော့ လဲ ထုံးစံအတိုင်း အိမ်မက်ပေါ့နော်။

ရေးသားထားတာ ကောင်းတယ်
ဆွဲဆောင်မှုနောက် လိုက်သွားမိတယ်။။

ငှက်ကလေးရေ ..ကလူ ကလူ...
ဟိဟိ

မင်းအိမ်ဖြူ said...

ငှက်ကလေးရေ အမျှအမျှ...........
ကောင်းရာသုဂတိလားပါစေ............
ဘလော့တွေလည်း ရေးနိုင်ပါစေ ............
Laptop လေးတော့သယ်သွားပါနော်................
ဟိုဘ၀မှာသုံးဖို့ ချက်ရေးပေးလိုက်မယ်နော်..........
ဒေ၀ါလီခံသွားတဲ့ ဘဏ်က P:

ဟာဟ ကောင်းတယ်ဗျို့
ကိုနေဒေးတို့မယ်ကိုးတို့ကိုထောက်ခံပါတယ်
ရုပ်ရှင်ရိုက်ပါ ..................
အတူမှ ကြည့်မှာဟူတ်ဘူးးးးးးးးးးးးးး
ဟုတ်ပါ ဘူး လက်မှတ်ရမှာဟုတ်ဘူးပြောတာ ချိတ်ချိုးနဲ့

ကြည်ဖြူပိုင် said...

ဟေး.....အရေးအသားတွေ အရမ်းကောင်းလှချည်လားဟ

Yu Ya said...

ငှက်ကလေးရေ... နောက်ထပ် ဇတ်လမ်းတွေကို မျှော်နေမယ်

မင်းနေဝေး said...

ဖတ်သွားပါတယ် ....
ကျွန်တော်ကတော့ အဲ့ဒီကားကို ပထမ တစ်ကားကြည့်ပြီးကတည်းက နောက်ထွက်တာ မကြည့်တော့ဘူး ... ဟီးးးး ခလုတ်တိုက်ရင်တောင်
ကြောက်နေရလို့ :P

မီးမီးချစ် said...

အဲ့ဒီ့ကားတွေ ကြည့်ပြီး ဓာတ်လှေကား တောင် တယောက်ထဲ မစီးရဲတော့ဘူး.. ကြောက်ဖို့ ကောင်းတယ်

ဝက်ဝံလေး said...

မမမင်းရယ် ရိုးလဲ တတ်နိုင်ဘူးရယ် အိုင်ဒီယာ ကုန်ပြီဟ

ကိုဇော် နာမယ်နော် ဟွန်းးး ဘာတွေကြောနေမှန်းကိုမသိဘူးရယ်

ကိုနေဒေး ရုပ်ရှင်ရိုက်ရင် လာကြည့်မှာလား ဗျာ

မမမယ်ကိုး အဟီးးး ရေးတာမကောင်းတာကို အားပေးတာ ကျေးဇူးပဲနော်

ယောင်းမြူးလေး ဟဟဟ မကျေနပ်ရင် မနိုင်းစီဘောကို လာခဲ့လေ ခိခိ

ကိုသားကြီးက ၄ အထိတောင် ကြည့်ဖူးတယ် များက ၁ ခု ၂ လားရယ်ပဲ သိပ်မကြည့်ဖူးဘူး လေ

မမအိန်ဂျယ် အယ် မြောက်ပေးပြန်ပြီ ငှက်ကို ဟားးဟားးး

အန်တီတိုနီ ဘာဆက်ရေးရမှန်း မသိလို့ ရှင့် ဟဟဟ

ဦးလူထွင်း ဟင်းနော် ဘာတွေကြောမှန်း မသိဘူး လူကြီးနော်

မမမေ နေ့တိုင်း ဘုရားရှိခိုးပါတယ် မပူပါနဲ့နော်

ကိုလင်းကြယ်ဖြူ ဟဟဟ ကျေးဇူးနော်

ဖွားကိ ဘာရယ် များက ဆွဲဆောင်တာကောင်းတယ် ဟတ်လား အဟီးးးး ဒါကြောင့် ကိုရီးယားမင်းသားတွေက ချစ်နေကြတာ နေမှာ အဟက်

ကိုမင်းအိမ်ဖြူ ရောင်းမှာ လက်မှတ် မဝယ်မနေရလေ ခိခိ

မကြည်ဖြူပိုင် မြောက်သွားပြီကွ

ကိုယုယ ရှိသေးတယ် လာဦးမယ် နောက်ဇာတ်လမ်းတွေလဲ အားပေးဦးနော် သိလား

ကိုမင်းနေဝေးး အမလေး အသည်းငယ်လှချဉ်လား နော်

မမီးမီးချစ် ကြောက်ပါနဲ့ရယ်နော် ငှက်ရှိတယ် ဟားဟားးးး

Anonymous said...

တော်ပြီဟာ.... ကြောက်စရာတွေ မရေးကြေး
ဒီက တယောက်ထဲ အိပ်ရတာဟ.....