Saturday, 13 June 2009

အကျန်ပေးကြပါ အဲလေ အကြံပေးကြပါ












Rain ကပြောတယ် သူ့ကိုမှမယူရင် တရားစွဲမယ်တဲ့ သူ့ကိုချစ်အောင်လုပ်မှုနဲ့တဲ့ ပုဒ်မ ၁၅၀၀ နဲ့တဲ့ အဟီး ခံစားရတယ် ရွတ် မယူချင်ဘူး Rain ကိုမယူချင်ဘူး ညီမ က ကိုကို ဂျွန်စော ကိုပဲ ယူမှာ နော် ကိုကို့ကို ပဲချစ်တာပါလို့ ပြောတာ အဲဒီ Rain က နားမထောင်ဘူး အခုလောလော ဆယ် ကိုကိုဂျွန်စောက ခရီးထွက်နေတယ်လေ ရုပ်ရှင်ရိုက်နေတယ် မအားသေးဘူး ဒါကို အခွင့်ကောင်းယူပြီး Rain ရယ်ပေါ့ အနိုင်ကျင့်နေတာ ဂျန်နာရာ ကလဲ Rain က ညီမ့ကို ကြိုက်ရမလား ဆိုပြီး ပြသနာလာရှာတယ် ဒီကြားထဲ ဘေယောက်ဂျွန်း က လဲ သူ့ကို အဖြေမပေးသေးလို့ဆိုပြီး ဖုံးတွေ တကျီကျီနဲ့ဆက်တယ် အမြင်ကတ်လို့ မကိုင်ဘူး message တွေ မနားတမ်းပို့တယ် ပြန်မပို့ဘူး ဒါနဲ့ ကိုရီးယားကနေ အင်္ဂလန်ကို လိုက်ချလာတယ် လူတွေဝိုင်းကြည့်လိုက်တာမှ ညီမဆိုရင်နေစရာ နေရာတောင်မရှိဘူး ရှက်လိုက်တာနော် မဖြစ်ဘူး ဆိုပြီး ပေါင်ချိန်ကို အမှုဖွင့်တယ် ပေါင်ချိန်က လူမစုံဘူး ဆိုပြီး ကျန်ကျောင်းကို ခိုင်းတယ် ကိုကိုဂျွန်စော ကို သွားရှာတဲ့ အဲဒါ အခုထိ ကျန်ကျောင်းက ရောက်မလာသေးဘူး အမလေး စိတ်ပူတာနော် ကိုကိုဂျွန်စော ဘာများဖြစ်နေလဲ မသိ
ဒီအမှုကို ပေါင်ချိန်မကိုင်နိုင်မှန်းသိတော့ WHO (World Heart Organisation ) ကို အကူအညီတောင်းရတာပေါ့ အဲဒီမှာ Brad Pitt ကဥက္ကဌ လေ ဒါနဲ့ သူကပြောတယ် ဘယ်သူ့မှ မယူနဲ့ သူ့ကိုပဲ ယူလို့ပြောတာနဲ့ Angelina Jolie ကသူ့ကို ဗိုက်ခေါက်လိမ်ဆွဲလိုက်တာ အခု သူ့ဗိုက်ကြီးယောင်နေလို့ ဘာကားမှမရိုက်ဘဲ နားထားတယ်
ကဲ ကိုကို မမ တို့ရေ ညီမ ကို သနားရင်လေ အကြံဥာဏ်လေး ဝိုင်းပေးကြပါဦးနော် ဒီမှာ စိတ်တွေလေပြီး စားမဝင်အိပ်မပျော်ဖြစ်နေလို့ပါ အဟီး ဗြဲဟဲဟဲ

ကဲ အသစ်ရေးပေးပါလို့တောင်းဆိုသော ပရိတ်သတ်များအတွက် ကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ် ဟားဟားးးးး
ကိုဝသန်ရေ ညီမ ဆားချက်တာဟုတ်ဘူးနော် သိလားး ခစ်ခစ် (မမမယ်ကိုး ဒီလိုလေး ရယ်ပါဦးဆိုလို့ ခိခိ ) ဒီမယ် ကိုသားကြီး (မွေးစားဖေဖေ) သူပဲ ရည်းစားတွေ ရှိတာဟုတ်ဘူးနော် မီးလဲ အများကြီးရှိတယ် ၃ ယောက်တောင် သိလား ဟဟဟဟ
မမမေရ နောက်တခါ ရည်းစားရှိလားလို့မမေးနဲ့တော့နော် ပြောပြပြီးပြီ သိလား ဟိုးးဟိုးးး ဟီးဟီး ဦးဟတ်ကြီးရေ အသစ်တင်လိုက်ပြီနော် ကျေနပ်တော့နော်
ဦးလူထွင်းးး သူလဲ ကိုရီးယားမ မရလို့ဆိုပြီး အိမ်လာမငိုနဲ့နော် ဒီတခါ ငိုရင် ယောင်းမြူးပြောသလို ရိပ်သာပို့လိုက်မှာ ဘာမှတ်နေလဲ ဟွင်းးးးးး

22 comments:

မြူးးးးးးးးးးးးးးးးးးး said...

၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁
ယူထားမယ်

မြူး said...

ဟေ့းးးးးးးးးးးးးးးးး
ဘယ်သူမှမယူနဲ့ ယောင်းမြူးလေးကိုပေး
Rain ဆိုရပြီသိလား
သူနဲ့တွဲကချင်လို့းးးးးးးးးးးးးးးးးးးးးးးးးးးးး

Anonymous said...

အာမလေးလေးလေးလေးလေးလေး ..( World Heart Organisation ) က ဥက္ကဌ တောင် ကြိုက်ရတဲ့ ဌက်ကလေးပါလား ... ဟဟ .. ပြောတော့ ကလေးတဲ့ ... ဒါလားကလေး .. အဟွင်း လူကသာကလေး စိတ်က အသက် ၃၀ နားကပ်လို့ အပျိုကြီးတောင် ဖြစ်ချင်နေပြီ ... :D စတာပါ ညီမရေ .. စိတ်ကူးယဉ်ပို့လေးကို သဘောကျစွာနဲ့ ဝမ်းသာအားရ ရယ်ခဲ့ပါတယ် ... :)
နေဒေးသစ်။

သားကြီး said...

အောင်မာ အောင်မာ.... rainဆိုတဲ့ကောင်ကများ...ရာရာစစ
ဒင်းနဲ့ငါ့သမီးနဲ့တုသလားတန်သလား?
အမဲရိုးကဟင်းအိုးမှအားမနာ....တောက်!!!! ငါ့စိတ်ရှိတိုင်းသာလုပ်လိုက်ရ rainကနေ painဖြစ်သွားမယ် :P

ကိုလူထွေး said...

ဟားဟားးးးး
ဟိုးးးဟိုးးး
ဟီးးးဟီးးးး
ရိပ်သာပဲ သွားတော့မယ်....

ဟွင်းးးးးးး

းဝ)

ဖူးဖူး said...

ပျော်ပျော်နေတတ်တဲ့ညီမ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ ဖြေနိုင်ပါစေကွယ်....

ဝသန်မိုး said...

ဆားချက်တာ မဟုတ်မှန်းသိပါတယ် ညီမငှက်ပိစိကွေးရယ်
ဒီတစ်ခေါက်က ငံပြာရည်ချက်တာပါ
ဟုတ်တယ်ဟုတ်
စတာပါညီမရေ
ဘာပဲရေးရေး
လာအားပေးမယ် သိလား
ခင်တဲ့
ကိုဝသန်
းဝ))

Dream said...

စိတ်ညစ်နေတာလား.... ဒါဆိုလည်း အားလုံးကို ယူလိုက်...အဟီးးး အချွန်နဲံ့ မ သွားတာ... ခစ်ခစ်

ဝက်ဝံလေး said...

ယောင်းမြူးရေ Rain ကိုအလကားပေးတယ် ယူလိုက်
ကိုနေဒေး လူကိုများ အပျိုကြီးလေးဘာလေးနဲ့ ဟွန်းးး ပြောလိုက်ချင်ဘူး နော်
ကိုသားကြီး စိတ်လျှော့ပါ နွားလေးဘာလေး မွေးနော် သိပ်လဲဒေါသမကြီးနဲ့ ဟဟဟ
ကလူထွင်းးး ယောင်းမြူးကပြောတယ် ရိပ်သာသွားသင့်နေတာကြာပြီတဲ့ အားပေးတယ် သွားသွား စရိတ်ခံမယ် ငှက်မတို့က ဒါမျိုးဆိုရင် ပိုက်ဆံမရှိလဲ ချီးပေးမယ် အဲလေ ချေးပေးမးယ် ဟိဟိ
မဖူးဖူး လင့်ခ် ထားခဲ့လေ ဆုတောင်းပေးတာ ကျေးဇူးပါ မမရေ
ကိုဝသန်ရေ ဘာလို့ ကလူထွင်းရဲ့းဝ)) ကြီးကို ယူရတာလဲ သူ့ကိုကျတော့ မမန့်နဲ့လို့ပြော ပြီးတော့ ဟွင်းးးး
ယောင်းမက်ရေ အချွန်နဲ့တော့ မ မ ပါနဲ့ အေ ကြောက်လွန်းးးလို့ပါ ဟယ် နော်

mae said...

မောလိုက်တာ၊ ဖတ်ရင်းတောင် မောတယ်၊ ငါ့ညီမလေး ဘယ်နားသွားပုန်းရမှန်းမသိ ဖြစ်နေတယ်မို့လား?

ပြသနာရှင်းအောင် အကုန်ပြန်ကြိုက်လိုက်၊ တစ်ရက်တစ်ယောက်ပေါ့ ဟဟ

မင်းအိမ်ဖြူ said...

ပုတုကွေး ဆီရောက်မှပဲ စိတ်ပျော်ရတော့တယ်

အကုန်တော့ယူပါနဲ ပုတုကွေး ရယ်

ဘလော့မရေးနိုင်ပဲနေမှာပေါ့ ဟာဟ

မယ့်ကိုး said...

၁၈ ရက်နေ့ စာမေးပွဲ ဖြေရမှာကို ပျော်ပျော်ပါးပါး blog ရေးတဲ့ ညီမလေး စာမေးပွဲမှာလည်း ပျော်ရွင်ပါစေ...

သူတို့ ကို အားလုံးယူလိုက် ညီမလေးရေ... ကောင်းလိုက်တဲ့ အကြံနော်.. .း)

နွေးနေခြည် said...

ကိုယ့်ညီမလေးကို ဘယ်သူနဲ့မှ သဘောမတူနိုင်ဘူး။ ကိုယ်ပဲ ယူလိုက်မယ်နော် ...း)

T T Sweet said...

Rain နဲ့တော့သဘောမတူဘူး။ မျက်ရစ်မပါလို့။ တော်နေကြာ နာ့တူလေး တူမလေးတွေ မျက်ရစ်မပါကုန်ရင် ဘယ်လိုလုပ်မလဲ။ ဘေးယုန်ကျင်းကလဲ အန်တီကြီးတွေ အကြိုက်တဲ့။ နာ့ညီမက ငယ်ငယ်လေးရှိသေး။ သဘောတူဘူးဟေ့။ ဂျွန်စောလေးတော့ မဆိုးပါဘူး။ ဒါပေသိ သူကအွန်စောနဲ့ ကြိုက်ပြီးသားကြီးကို လို့နော်။

မျက်မှန်လေး said...

ဟီး။။

မြစ်ကျိုးအင်း said...

ဂျာနယ်ထဲဖတ်လိုက်ရတာ ဗေလုဝ တော့အားတယ်ဆိုပဲ
ဟဲဟဲ...စိတ်ဆိုးပြီးလာမအော်နဲ့နော်...အလကားနောက်တာ..

s said...

တို့ကတော့ rain ကိုပဲ ကြိုက်တယ်၊ ကျန်တာ ငှက်ကလေးယူလိုက်၊ rain ကို တို့ကိုပေး ပီားပိာပိာ :P

ဝက်ဝံလေး said...

မမမေရေ ကောင်းလိုက်တဲ့အကြံနော် အဟီး မေမေဆူရင် မမရှင်းရမယ် ဒါဗြဲ ဟဟဟ
ကိုမင်းအိမ်ဖြူ ဘလော့ဂ် ကတော့ ရေးမှာပဲ မတားနဲ့ ဟွန်းးး သူတို့ကို ယူလဲ ရေးလို့ရတာပဲ ဟဟဟ
မမမယ်ကိုး မတတ်နိုင်ဘူး မမရေ အပိုင်းလိုက်ထားတယ် မမရ ကွန်ပြူတာ ကိုင်ချိန် ဘယ်လောက် စာကျက်ချိန်ဘယ်လောက်ဆိုပြီးတော့လေ ညီမ က ကွန်ပြူတာ မကိုင်ရရင် ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေသလို ခံစားရတာကိုးးးး ခစ်ခစ်
မမနွေးရေ မမတော့ မယူပါနဲ့ ညီမကို အကိုတွေ မောင်တွေ ရှိရင်ပေးလေ ဟားဟားးး
တီတီဆွိ အကြံပေးတာကလဲ ဘယ်သူမှမယူရတော့ဘူးပေါ့ ဟုတ်လား ဟွန်းးးး
မမ မျက်မှန်လေးက အားကျတယ်ထင်တယ် ဟီးးးး တဲ့ ငိုသွားတယ် အဟက် အဟက်
ကိုမြစ်ကျိုးအင်းနော် ဘာဗေလုဝလဲ ဟွန်းးး များကိုများနော် သူကျတော့ကော ကြူကြူသင်းအားတယ် ဘယ်လိုလဲ အကို ဟဟဟဟ စတာနော် သူ စ လို့ပြန်စတယ် ဟိဟိ
မဆုငယ် rain ကြိုက်ရင် ယူသွား မမရေ ညီမ က သူ့ကို သိပ်မကြိုက်ဘူး ဂျွန်စောမှ ဂျွန်စော ပဲ ခွီးခွီးးးးး

ညီမ ပေါတာကို မျက်စိအညောင်းခံပြီး ဖတ်ပေးကြတဲ့ ကိုကို မမ များအားလုံးကို ကျေးဇူးတင်ပါတယ်

နွယ်ရိုး said...

နာတော့ အဲကောင်တွေ တစ်ကောင်မှကို မျက်စိမကျဘူး၊ ကိုယ်နဲ့ မတူလို့လေ အဟက်ဟက်

ဝက်ဝံလေး said...

အယ် အလကားနေရင်း ကိုကျူရိုးက မီးကောင်လေးတွေကို မနာလိုနေပြန်ပါပြီ ဟွင်းးးးး

လူသားအားလုံးကို လေးစားတယ် (ဦးကျော်ဟိန်းလေသံ) ဟဟဟ အားလုံးကို ငှက်မလေး ခင်ပါသည်

s said...

ငှက်ကလေးကိုလည်းလင့်ခ်ထားလိုက်မယ်နော်။ စီဗောက်စ်မှာ ရေးလို့မရလို့ ဒီမှာပဲ ရေးသွားလိုက်တာ။ ပျော်ရွှင်ပါစေ။

Anonymous said...

ဟိုဖက်ထောင့်က မျက်မှန်နဲ့ ပုဂ္ဂိုလ်ကို မပြစ်မှားနဲ့ အဲဒါ နင့်အကို Heart ပုံ.........:D :P