Friday, 5 June 2009

အမှတ်တရလေးများ (မမဝါမဟုတ်ပါ)

၁၀ တန်းပြီးတော့ ချမ်းမြေ့မှာ ရိပ်သာဝင်တယ်လေ ငယ်ငယ်တုံးကလဲ ဝင်ပါတယ် ဒါပေမယ့် မတူဘူးလေ ငယ်ငယ်တုံးက စာသင်သား စာကျက်ရတာ တရားကတော့ နာရီဝက် ၄ ကြိမ်လောက်ပဲ ထိုင်ရတာ ကျန်တဲ့အချိန်တွေဆိုရင် ညီမတို့လို စာသင်သားတွေနဲ့အတူ စာကျက်ရတာပေါ့ အခုတခါတော့ အချိန်ပြည့်ယောဂီပေါ့ အချိန်တိုင်း ရှုမှတ်မှုမလွတ်စေဘဲ တရားထိုင်ရတာပေါ့ သိတဲ့အတိုင်းရယ် ညီမ က သေးတယ်လေ ဒါကြောင့် ဘယ်သူမှ ၁၀ တန်းဖြေပြီးသားမှန်းမထင်ဘူး ကလေးလေး တရားလာအားထုတ်တယ် ဆိုပြီး ထင်နေကြတာ အဲဒီမှာတော့ အဒေါ်ကြီးတွေနဲ့ အဘွားကြီးတွေပဲ ရှိတာကိုးး ညီမကလဲ တရားထိုင်ရင် အရမ်းအိပ်ချင်တော့ မှောက်မှောက်အိပ်တာပဲ သူတို့ကတော့ ဘာမှမပြောရှာပါဘူး ဘုန်းကြီးကတော့ ယပ်တောင်နဲ့ ခပ်ပြီးလာလာနှိုးတယ် ဟိဟိ ငယ်ငယ်ကတည်းက ဘုန်းကြီးကျောင်းကိုသွားနေကျဆိုတော့ အဲဒီက ဘုန်းကြီးတွေနဲ့ သိနေတာပေါ့လေ ညီမကြောက်တာဆိုလို့ ဘုန်းဘုန်းဦးသောဘိ တပါးတည်း ရှိတာ ကျန်တဲ့ဘုန်းကြီးတွေကို မကြောက်ဘူးလို့ပြောရင် ရိုင်းရာကျမယ် ခင်နေတယ်ပေါ့လေ
ပြောပြချင်တာ ဘယ်ရောက်မှန်းကို မသိဘူး အဲဒီမှာ အဘွားနှစ်ယောက်ရှိတယ် ၁ ယောက်နံမည်က ဒေါ်စန်းလှိုင်တဲ့ အဲဒီအဘွားက သူဌေး မုံရွာမှာ သူ့အိမ်ကြီးမှ အကြီးကြီးပဲတဲ့ ညီမက မသိပါဘူး အဘွားက ရိုးရိုးပဲနေတာ ဆိုတော့ သူနဲ့ခင်ပါတယ် နောက်သူများတွေပြောပြမှ သူထိန်မှန်းးး သိရတာ ဟိဟိ ဒါပေမယ့် သူက နှစ်တိုင်းလာပြီး တရားထိုင်တယ် သီတင်းကျွတ်မှ ပြန်တာလေ နောက်အဘွား တယောက်ကတော့ ဒေါ်ရှုကြည်တဲ့ အဲဒီအဘွားလဲ ချစ်ဖို့ကောင်းတယ်
ညီမတို့ က နေ့လည်ဆွမ်းစားပြီးရင် ခဏနားရတယ်လေ ပြီးတော့ ၁၁.၄၅ လောက်မှ ဓမ္မာရုံသွားပြီးတော့ တရားအားထုတ်ရတာ နေ့လည် ၂ နာရီကျတော့ တရားနာရတာပေါ့လေ ညီမက သိပ်လည်တာ လေ ကိုယ့်အဆောင်ကနေ အဘွားတွေ အဆောင်ကို လျှောက်လည်တာ ပြီးရင် သူတို့ကျွေးတဲ့ မုန့်တွေစားပြီး ပြန်လာတာ အဟိ နေ့ဆွမ်းစားပြီး အဘွား ဒေါ်စန်းလှိုင်အဆောင်ကို သွားတာပေါ့ ဘာလုပ်နေတယ် မှတ်လဲ အဘွားက သူ့အိတ်ကြီး ကို ချုပ်နေတယ်
" အဘွား ဘာလုပ်နေတာလဲ "
" အိတ်ချုပ်နေတာ မြေးရဲ့ "
" မမြင်မကန်းနဲ့ အဘွားရယ် မျက်စိမှုန်ဦးမယ် ဒီအတိုင်းထားလိုက်ပါလား "
" သုံးလို့ရသေးတယ်မြေးရဲ့ " ဒါနဲ့ ညီမလဲ မနေနိုင်တာနဲ့
" ပေးပေး မီးကို ပေး အဘွား မီးချုပ်ပေးမယ် "
" သာဓု သာဓု ငါ့မြေး က သိပ်လိမ္မာတာပဲ "
" အဘွားနော် အဲလိုပဲ ညာညာခိုင်းနေ ဟင်းး ပြောလိုက်ချင်ဘူးး "
" တကယ်ပြောတာ မြေးရဲ့ မြေးက ကောင်းစားဦးမှာ "
" အဲလိုမပြောနဲ့တော့ ဘာကျွေးမှာလဲ "
" လက်ဖက်ရှိတယ်လေ မနေ့က အဘွားနှပ်ထားတာ ရှိတယ် စားမလား "
" အာ အဘွားကလဲ မီး ကလက်ဖက်ကြိုက်တယ်လေ စားမှာပေါ့ " ဆိုတော့ သူကိုယ်တိုင်သုပ်ပေးတယ် အဲလိုခင်နေတာပါဆို အဘွားက အရမ်းချစ်ဖို့ကောင်းတယ် လူချစ်လူခင်လဲ ပေါတယ် ညီမလိုပဲပေါ့ အဟိ
မနက် ဝတ်တက်ပြီးရင် သန့်ရှင်းရေးလုပ်ရတယ်လေ အဲဒါဆိုရင် ညီမက သူတို့နဲ့အတူ ဘုရားပန်းအိုးတွေဘာတွေ ကူလဲပေးတာပေါ့
ဒီလိုနဲ့ တနေ့ နေ့ဆွမ်းစားပြီးတော့ ဓမ္မာရုံမှာ တရားထိုင်နေတုံး မိုးတွေ သည်းကြီးမည်းကြီးရွာတာပေါ့ တရားနာခါနီးကျတော့ အဘွားဒေါ်စန်းလှိုင်ရယ်ပေါ့ ထီးကြီးချိုင်းကြားညှပ်ပြီး
" အဘွားဘယ်သွားမလို့လဲ "
" အခန်းခဏပြန်မလို့ တံခါး ပိတ်ထားမပိတ်ထား မသေချာလို့ သွားကြည့်မလို့ "
" သော့ပေးလိုက်လေ မီးကို မီးသွားကြည့်ပေးမယ် " ဆိုတာကိုမရဘူး သူ ပဲသွားးမယ် လုပ်နေတယ်
" ချော်လဲမယ် အဘွားရ ထားလိုက်ပါ ဘာမှမဖြစ်တဲ့ဟာကို " ပြောလို့ကိုမရဘူး ခေါင်းမာတယ် လူကြီးတွေများ
" ကဲပြောလို့မရလဲ နေ မီးပါလိုက်ခဲ့မယ် " ကြာရင် ညီမ ငရဲကြီးတယ် အဘွားတွေနဲ့နေရတာ ကိုယ် ဂရုဏာဒေါသော နဲ့ပြောမိတော့လေ ဝစီကံပါတယ် ဒါနဲ့ နှစ်ယောက်သား ထီးတချောင်းနဲ့ အဆောင်ကိုလစ်လာခဲ့ကြတယ် ဘုန်းဘုန်းဦးသောဘိက ကြည့်နေတယ် အဲလို နှစ်ယောက်တတွဲလျှောက်လို့ မရဘူး ယောဂီတွေ စကားပြောမှာစိုးလို့ မတတ်နိုင်ဘူးလေ အဘွားကို တယောက်တည်းလဲ လွှတ်ဖို့ စိတ်မချတာနဲ့ ညီမပါ သူ့ကို တွဲရင်းသွားရတာပေါ့ မိုးတွေလေတွေထဲ ချော်လဲ ရင် အသက် ၈၀ ကျော်ရယ် အရိုးတွေက ဆတ်နေတာလေ စိတ်မှမချတာကိုး အဆောင်လဲရောက်ရော သူ့တံခါးက ပိတ်ထားတယ် ဒါနဲ့
" အဘွားလေ သိပ်ကဲတာပဲ သိလား " ဆိုတော့ ရယ်နေတယ် ချစ်ဖို့လဲကောင်းတယ်
ဒါနဲ့ ၁ လနေတော့ ညီမရိပ်သာကနေ ထွက်တာပေါ့
" ပြန်မယ် အဘွားရေ လာလည်မယ်သိလား " အဘွားတို့က မပြန်သေးဘူးလေ သီတင်းကျွတ်လောက်မှ ပြန်မှာကိုးး
" လာလည်နော် မြေး လွမ်းနေမှာ "
" ဟုတ်ကဲ့ပါ အဘွားရ " ဒါနဲ့ ဘုန်းဘုန်းဦးသောဘိ ကို သွားလျှောက်တယ်
" တပည့်တော် ရိပ်သာကနေ ထွက်တော့မယ် ဘုရား "
" အေး ဒီနေ့ တရားဟောတော့ တောင် ကြည့်နေသေးတယ် အကုန်လုံး အဘွားကြီးတွေချည်းပဲ ညည်းတယောက်တည်း ကလေးလို့တောင် ထင်မိသေးတယ် အခုထွက်တော့မယ်ပေါ့ "
" တင်ပါ့ ဘုရား တပည့်တော် သင်တန်းတွေဘာတွေ တက်ရဦးမယ် ဘုရား "
" အေးအေး တနေ့ တရား တခါလောက်တော့ထိုင်ဖြစ်အောင် ကြိုးစား "
" တင်ပါ့ဘုရား "
ထိုင်ဖြစ်ပါဘူး တရား ဘုရားကိုတောင် အနိုင်နိုင် မနက်တကြိမ် ညတကြိမ် ပုံမှန် ခိုးဖြစ်တယ်
ဒီလိုနဲ့ ရိပ်သာကထွက်ပြီးတော့ ၃ ပတ်လောက်နေတော့ အဘွားတို့ကို သွားတွေ့ဖြစ်တယ် အဘွားက အာလူးကြော်ကြိုက်တော့ အဲဒါ ဝယ်သွားပေးလိုက်တယ် နောက်အဘွားတယောက်ကျတော့ ကော်ဖီချိုချဉ်ကြိုက်တော့ ဝယ်သွားတာပေါ့လေ
" မြေးရယ် လွမ်းလိုက်တာ မနက်အာရုဏ် တက်ဖို့ ခေါက်ရင် အဘွားခြင်ထောင်ကို လာသိမ်းပေးဖို့ စောင့်နေတာ ပြီးမှ အော် မြေးမှ မရှိတော့တာ ဆိုပြီး ကိုယ့်ဟာကိုယ် သိမ်းရတယ် " တဲ့ ညီမက အဘွားနှစ်ယောက်ရဲ့ တရားထိုင်ခြင်ထောင်နဲ့ အခင်းတွေကို အမြဲတမ်းသိမ်းသိမ်းပေးတာကို ဒါကို ပြောတာလေ " အဘွားနော် သိပ်ချွဲတတ်တယ် သိလား "
" တကယ်ပြောတာ မြေးရ အဘွားတို့က မြေးကို သတိရနေကြတာ " တဲ့
အဘွားတို့ နေမှ ကောင်းရဲ့လား မသိဘူး အော် ဘာရယ်မဟုတ်ပါဘူး သတိရလို့တင်လိုက်တာပါ ညီမလဲ ဘယ်လိုလဲမသိဘူး အဘိုးကြိး အဘွားကြီးတွေဆိုရင် ချစ်တယ် ဒါနဲ့ residential home (အဘိုးကြီးအဘွားကြီးတွေကို ထားတဲ့ မြန်မာလိုဆိုရင် နှင်းဆီကုန်းဘိုးဘွားရိပ်သာလို ဟာမျိုးပေါ့ ) မှာ အလုပ်လျှောက်ပါတယ် မရဘူး ရတယ် ဘာလဲ သိလား refusal letter နှစ်ခါလျှောက်တာ နှစ်ခါလုံး အဲဒါပေးလို့ စိတ်တိုလို့ အလုပ်မလျှောက်တော့ဘူး အေးတာပဲ

အခုတော့ အလုပ်လက်မဲ့ဗျိုးး သနားရင်အလုပ်လေးဘာလေး ပေးကြပါ ခိခိ

12 comments:

ဝက်ဝံလေး said...

ကိုနေဒေးသစ်ရေ အကို့အိမ်လာတာ comment လဲပေးလို့မရ စီဘောက်ကိုလဲ ဘာလုပ်ပစ်တုံးးးး အဲလိုလုပ်ရဘူးလေ ပြန်ထားလိုက်နော် စီဘောက်ကို သိလား ညီမ လာလည်တယ် သိလား ဘာမှရေးလို့အရလို့ ပြန်သွားတာ အဟင့် အဟင့် ဗြဲဟဲဟဲ ရွတ် (နှပ်ညှစ်သံ ) ဟားဟား

Anonymous said...

ဟဲ့..... experience မှာ အဲဒါတွေ ထည့်ရေးလေဟာ။ နောက်ပြီး volunteer အနေနဲ့ အရင်ဝင် အဲဒီက တာဝန်ရှိတဲ့သူနဲ့ အဆက်အသွယ်ရမှ အလုပ်လျှောက် ရကိုရစေ့မယ်။ ရိပ်သာဝင်တယ်ဆိုရင် ငါ့ထက် သာတယ်။ ငါဖြင့် ဒီအသက်အရွယ်ထိ ရိပ်သာကို အလည်ပဲရောက် ဖူးတယ်။ အသက်တော့ မမေးကြေး... :D :P

Mae said...

ှုငှက်မလေးက လိမ္မာသားပဲ၊ ရိပ်သာမှာ မှောက်အိပ်နေတယ်ဆိုတာတော့ ရယ်သွားတယ်

နေဒေးကို email ပို့လိုက်ပါလား? မ လဲ မေးတယ်၊ comment နဲ့ cbox ဖြုတ်တမ်း ကစားနေတာတဲ့

ကိုလူထွေး said...

ကိုလူထွေး ဘိုးဘွားရိပ်သာဖွင့်ဖြစ်ရင် ငှက်ကလေးကို မန်နေဂျာရာထူးပေးမယ်...

အခုတော့ ရိပ်သာမှာ ဘယ်သူတွေ လာတည်းခိုမလဲ ဆိုတာ ဘလော့တကာလှည့်ပြီး ကြော်ငြာလိုက်ဦးမယ်...

ခင်တဲ့...
းဝ)

မမမြူး said...

ငှက်လေးရေးး
ရိပ်သာမှာ လူထားဖို့ ရှာစရာမလိုပါ
ဈေးဦးဖောက်က ဦးလူထွေးကြီးအရင်ထားရမယ်
သူကရိပ်သာဝင်သင့်နေတာကြာပြီ
သူ့ အိမ်ကလဲပို့ နေတာာကာပြီ
ပို့ တော့မယ်ဆိုရင် ကုတင်အောက်၊
ရေခဲသေတ္တာထဲ၊ အ၀တ်လျှော်စက်ထဲတွေဝင်ပုံးပုံးနေလို့ တဲ့ မိရင်တော့ညလေးစီပို့ ပေးမယ်
စဖွင့်လိုက်တော့ ဒါနဲ့ အကိုရှိတယ်နော်
ရလား??????????

မယ့်ကိုး said...

ညီမလေးရေးထားတာလေးတွေ ဖတ်ပြီး ချမ်းမြေ့ရိပ်သာဝင်ခဲ့တဲ့ နေ့ ရက်လေးတွေကို သတိရလွမ်းဆွတ်မိတယ်။
ဆရာတော်ကြီးနဲ့  စောင့်ရှောက်ကြတဲ့ ဆရာတော်တွေရဲ့  ကျေးဇူးက သိပ်ကြီးတာပဲ။
ဒါနဲ့  ...ဘိုးဘွားရိပ်သာမှာ အလုပ်ဆက်လျှောက်နော် ညီမလေး...ဇွဲမလျှော့နဲ့...

Anonymous said...

ညကလေး Bird ... အဟီး .. ဒီအကို နောက်ကျတာ ခွင့်လွှတ် ... ဒီလိုပဲ လမ်းသွားရင်းနဲ့ မော်တော်ကား ဘီးပေါက်တာ လက်နာသွားလို့လေ ..အဲ ဘာမှလည်း ဆိုင်ဘူး :D အခုမှ ဟယ်လီကော်ပတာ အားတာနဲ့ တက်လိုက်လာတာ ... မကြီး Mae ပြောသလိုပဲ စီပုံးက အပျင်းပြေ ဖြုတ်တမ်း တပ်တမ်း ကစားနေတာ ... :D မရောက်တာ ကြာလို့ Bird ကလေးကို သတိရနေတာ ... ပိန်များပိန်သွားပြီသွားလို့ ... အဟီး ... ဒီရောက်တော့ အတန်းဖော်သူငယ်ချင်း ပို့စ်ကို အပြေးကြည့်ရတယ် Bird ကလေး ပိန်သေးဘူးကိုး ..... :D တော်သေးရဲ့ .. တရားတွေ များကြီး အားထုတ်နဲ့နော် .. ပိန်သွားရင် မကောင်းဘူး Bird ပိန်ပိန်လေးဆို ကြည့်လို့ ကောင်းဘူး ... ခုလိုဝဝလေးပဲနေ .... အလုပ်မရှိတာများ မပူနဲ့ ... ဒီမှာ အပျင်းပြေ ဂေါ်လီရိုက်ပြိုင်ပွဲရှိတယ် ကြီးကြပ်ရေးမှုးခန့်မယ် .. လာလျှောက်လှည့် ... လုပ်အားခကတော့ တစ်လကို လေထိုးတံ တစ်ချောင်း .. ဘာလုပ်ဖို့လည်း ဆိုတော့ Bird လေး ပိန်သွားရင် လေထိုးပြီး ဖောင်းအောင်လုပ်ဖို့ ... :D

မျက်မှန်လေး said...

ဟဟ...
ညီမလေးကအရမ်းလိမ္မာတာဘဲ။
အစ်မလည်း Heartmuseum လိုဘဲတစ်ခါမှရိပ်သာမ၀င်ဖူးဘူး။
စကားမစပ်..ငှက်လေးတို့အောင်မြင်ပုံများ။။
မ သူငယ်ချင်းတွေကငှက်လေးနဲ့ခင်ချင်လို့ပါတဲ့။
မ ဘလော့ခ်ဝင်ကြည့်ရင်းသူတို့ ငှက်လေးဘလော့ခ်ပါရောက်သွားတယ်ထင်တယ်။

ဝသန်မိုး said...

ငှက်ပိစိလေးရေ
အကို ရောက်လာပါပြီ
အလုပ်မရှိတာများမပူနဲ့ 
တိုကျို က တိရစ္ဆာန် ရုံမှာ
ဆင်တွေကို ရေချိုးပေးတဲ့ အလုပ်ပေါ်နေတယ်
ညီမ လုပ်မလား
း)
ခင်မင်စွာနဲ့ 
ကိုကြီးဝသန်

နွေးနေခြည် said...

ညီမလေးက လိမ္မာလိုက်တာ... ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာတရားနဲ့ နီးစပ်ခွင့်ရတာ ကံကောင်းတယ်။ ကြိုးစား ကြိုးစား တချိန်တော့ ဖြစ်လာမှာပါ (ဘာလဲတော့ မသိဘူးး) )

WWKM said...

ခေါင်းစဉ်ဖတ်ပြီး လန့်သွားလယ်.း))))

Dream said...

အလုပ်မရှိတာများ ပူနေရသေးတယ်... ထိုင်စားရတဲ့ကုသိုလ်က နည်းတာမှတ်လို့..အဟီးးး
:P