Saturday, 20 June 2009

shopping တခေါက်

အမှန်တော့ ဒီနေ့က အတန်းရှိတယ် ကိုကို ကတော့ မရှိဘူး
" နင်ဒီနေ့ တကယ် အတန်းဖျက်မှာလား "
" အေး ဖျက်မယ် ၁၀.၃၀ က အင်္ဂလိပ်စာရှိတယ် ၂ နာရီမှာက သင်္ချာရှိတယ် မတက်ချင်ဘူး ဟာ shopping ပဲထွက်မယ် လိုက်ပို့ ဒါပဲ "
အဲလိုပါဆိုနေ ကြားရတာက ဆောင့်ကန်ချင်စရာ လိုက်လဲလိုက်ပို့ရသေးတယ် အပေါ်စီးကနေလဲပြောသေးတယ် အရင်ဆုံး ဖိနပ်ဆိုင်ဝင်တာပေါ့လေ သိတဲ့အတိုင်းရယ် ဖိနပ်လိုချင်တာကိုးးး ရှာတယ် ဆိုဒ်ကြီးတယ် မရ ရှာတယ်ရှာတယ် နာရီဝက်လောက်ကြာမှ ညီမနဲ့ တော်တဲ့ ဆိုဒ်ရတယ် ဖူးးးး အကိုတော်က
" နင့်ရည်းစား သာ ဆိုရင် နင့်ကို စိတ်ရှည်မှာ မဟုတ်ဘူးနော် " တဲ့
သူပြောတာဟုတ်လဲဟုတ်တယ်လေ သူကတော့ စိတ်ရှည်ပါတယ် လိုချင်တာ လိုက်ရွေးပေးတယ် ညီမကလဲ ဂျီးများတယ် ဟိုအရောင်မကြိုက် ဒီအရောင်မကြိုက်လေ ကြိုက်ပြန်တော့လဲ ဆိုဒ်က မရနဲ့ လုံးလည်ချာလည်လိုက်နေတာပဲ အဲဒါပြီးတော့ Matalan ဝင်ပြီး အဝတ်အစားဝယ် ဘာထူးလဲ ဒါလဲ ရှာရတာမော နေတာပဲ အချိန်တော်တော်ပေးလိုက်ရတယ် ၁ နာရီကျော်ကျော်လောက်နေမှ ၃ ထည် ၄ ထည်တွေ့တယ် ခေါင်းတွေလဲ ကိုက်နေပြီ ဒါနဲ့
" ပြန်မယ်ဟာ " ဆိုတော့
" နင် ရွေးဦးလေ တော်ပြီလား "
" ခေါင်းကိုက်ပြီဟာ "
" အေးနောက်တခါ ထပ်လာလို့မရဘူးနော် အန်တီတို့ပြန်လာပြီ နော် " တဲ့
အန်တီတို့က တရားရိပ်သာဝင်တယ်လေ ဒါကြောင့် ကဲနေကြတာလေ အန်တီတို့ က မဝယ်ပေးဘူးမဟုတ်ပါဘူး ဒါပေမယ့် သူတို့က စိတ်တော့ သိပ်မရှည်ဘူး သိတဲ့အတိုင်းလေ ညီမရဲ့ ဆိုဒ် က ရွေးနိုင်မှ ရတာကိုး
အပြန်ကျတော့ Morrison ဝင်ပြီး စားချင်တာတွေ ဝယ်ကြတယ်လေ အန်တီတို့ က ကြက်သားနဲ့ ငါးပဲစားတယ် ဝက်သားက swine flu မဖြစ်ခင်ကတည်းက မစားဘူး ပုဇွန်ကျတော့လဲ ဦးလေး ယားလို့ဆိုပြီး မစားဘူးလေ ဒါနဲ့ ပုဇွန်မစားရတာကြာတော့ ခြင်းထဲ ပုဇွန်ဘူးတွေ ကောက်ထည့် ကြော်ဖို့က တမျိုး သုပ်စားဖို့က တမျိုး ချက်ရင်ဘယ်ဟာကကောင်းတယ် ဘာညာဆိုပြီး နှစ်ယောက်သားထင်တိုင်းကို ကဲနေတာလေ
" ကိုကို ကြက်သားယူဦးမလား "
" နင်နော် နာမယ် ဒီပစ္စည်းတွေ အကုန်နင်ရှင်းလိုက်တော့ဆိုပြီး ငါထားခဲ့ရမလား "
ဟဟဟ သူက ကြက်သားမုန်းတယ်လေ သူအလုပ်လုပ်တာလဲ KFC မှာဆိုတော့ ကြက်သားတွေ ကိုင်နေရတာနဲ့ ပြီးတော့ အိမ်မှာလဲ ကြက်သားကို ကြော်တမျိုးချက်တမျိုး လုပ်စားတာဆိုတော့ မုန်းနေပြီလေ
" ဟိဟိ နင်ကလဲ ငါက စ တဲ့ဟာကို မစားဘူးဆိုလဲ ပြီးရောပေါ့ "
ဒါနဲ့ ပိုက်ဆံရှင်းဖို့သွားတော့ ကိုကို က
" အင်းးး နင့်များ ကံကောင်းတာနော် အလုပ်လဲ လုပ်စရာမလို လကုန်ရင် ဘဏ်ထဲကို tax မဖြတ်ပဲနဲ့ အလိုလို ပိုက်ဆံက ဝင် (သူမုန့်ဖိုးပေးတာကို ပြောတာ ) ကံများကောင်းလိုက်တာ " တဲ့ ဒါနဲ့
" အောင်မာ ငါ့ကို အားကျတယ်ပေါ့ ဟုတ်လား ဒါဆိုရင် မေမေ့ကိုပြောလိုက်လေ နင့်လို အကိုတယောက်လောက်မွေးပေးပါဆိုပြီးတော့ပေါ့ " ဆိုတော့ ခပ်ပြုံးပြုံးမျက်နှာနဲ့
" ဟင်းးးး နင်သိရင် ပြီးတာပါပဲ " တဲ့
အဟိ အဲလိုပဲ ညီမမှာက ဒီအကိုတယောက်ပဲ ရှိတာဆိုတော့ ချွဲရတာပေါ့လေ
ပြန်ရောက်တော့ ပုဇွန်သုပ်တယ် ဝက်သားကြော်တယ် တုံရမ်း ဟင်းချို လုပ်စားတယ် ကိုယ်လုပ်ချင်တာလုပ်ရတော့ ပျော်နေတယ် လူဆိုတဲ့ အမျိုးဟာလေမကောင်းဘူး ဟိဟိ အန်တီက ၁၀ ရက်စာ ကြက်သား ၃ ဘူးကိုင်သွားပေးတယ် ချက်စားဖို့တဲ့ ဟင်းတွေလဲ ချက်ပြီး freezer ထဲထည့်သွားပေးတယ် လေ နောက်နေ့ကျတော့ ကြက်သားပြုတ်ကြော်လုပ်တယ် ကြက်သားနဲ့ အာလူး ချက်တယ်
ရယ်ရတယ် ပြောရဦးမယ် ကြက်သားအာလူးချက်တာ အကိုကပြောတယ်
" ဟဲ့နင့်ဟာက ချဉ်လဲမချဉ်ဘူး " တဲ့ ဒါနဲ့ ကဲ
" ချဉ်စေသတည်း " ဆိုပြီး မန်ကျဉ်းသီးဖျော်ပြီး ထည့်ပေးလိုက်တယ် အေးတာပဲ
" ကဲဘယ်လိုလဲ ကောင်းသွားပြီလား " ဆိုတော့ သူ့ညီမအကြောင်းသိတယ် ဒီထက်ထပ်ပြောလဲ ရမှာမဟုတ်တော့ ကြိတ်မှိတ်ပြီး ကုန်အောင်တော့ စားသားပဲ ခွိခွိ
" ဝယ်လာတဲ့ ပုဇွန်တွေပစ် ရမယ်နော် နင်ပုဇွန်ချက်တတ်ရဲ့လား " တဲ့ ကဲ အဲလိုမျိုးကို အထင်ကြီးတာလူကို ဒါနဲ့ " နေဦး မေမေ့ဆီကို ဖုံးဆက်ပေး ဘယ်လိုချက်ရလဲ ဆိုတာမေးချင်လို့ " ဆိုပြီး ဖုံးဆက်ပြီး မေမေ့ကို မေးတယ် မေမေ ပြောတာကို မှတ်ထားပြီး ချက်လိုက်တာပဲ အမလေး ဘုရားသိကြားမ လို့ ကောင်းတယ် ပုဇွန်က ကိုကို က
" အယ် တော်တယ် ငါ့ညီမ ဒါကျတော့ ကောင်းအောင် ချက်တတ်တယ် " ဆိုပဲ
ဒီလိုနဲ့ နှစ်ယောက်သား စားချင်တာတွေ ချက်စား လုပ်ချင်တာတွေ လုပ်ပြီး အန်တီတို့ ပြန်လာခါနီးကျတော့ အိမ်ကို ရှင်းလိုက်ရတာ ဖတ်ဖတ်ကိုမောလို့ အဟိ

အဟက် ဘာမှ ရေးစရာမရှိလို့ ရေးလိုက်ပါသည် ဟဟဟ

16 comments:

ဝက်ဝံလေး said...

ယောင်းမြူးရေ နောက်တခါ အန်တီတို့ ရိပ်သာဝင် ရင် ယောင်းဆီက ဟင်းချက်နည်းတောင်းမယ်နော် အကို့ကို ချက်ကျွေးရအောင် အို... ရှုပ်ပါတယ်လေ ယောင်းပဲ ချက်ကျွေးလိုက်တော့နော် ခစ်ခစ် ဟဟဟဟ

Anonymous said...

၁ ယူမလို့လာပါတယ် ဘာလို့ ထိပ်ကနေ ပိတ်အော်ထားတာလဲ :D

Anonymous said...

အင်း ချက်စားတဲ့ ဟင်းတွေ သွားရည်ကျခဲ့ပါတယ် ...

khin oo may said...

သူ့ဘာသာ (၁) တစ်ယူလိုက်တယ် အေးရော။

မင်းအိမ်ဖြူ Minn Eain Phyu said...

မှန်တယ် ၊၊ ကိုယ့်ဟာကိုယ်အော်သွားတယ်မကျေနပ်ပါ၊၊
ကောင်းလိုက်တဲ့ဘ၀ ၊၊ တကယ် စိတ်ရှုပ်ရင် ပုတုကွေး ဆီလာတယ် ၊၊ ရေဗူးတော့ ယူလာတယ် ၊၊ ဖတ်ပြီတာနဲ. ရေကိုအမြန်သောက်ရတယ် ၊၊ မောလို. ဟာဟ...

နောက်မှ ပုဇွန်ချက် လာစားမယ် ...

ပုတုကွေး ရေ ညီမရထားတဲ့ ဘ၀က ၀ှက်ဖဲတွေ ပေါ့ကွာ၊၊ ပုတုကွေးရဲ့ အစ်ကိုဆိုတာလဲ Joker ပဲလေ လိုရာသုံးလို.ရတယ် ပုတုကွေးရဲ့ ၊၊

minnay said...

အဲ .... :( ဗိုက်ဆာလာဘီ .....
အိမ်ပြန်ရမှာ ပျင်းပါတယ်ဆိုမှ ... ဟင်းချက်ပြနေတယ်

Mae said...

မမလဲ အဲ့လို ဗိုလ်ကျလို့ရတဲ့ အစ်ကိုတစ်ယောက်လိုချင်တယ်၊း(

ငှက်မလေး ဟင်းတွေ အသံကြားပြီး ဗိုက်ဆာသွားပြီ

သားကြီး said...

ကြည့်စမ်း မောင်နှမနှစ်ယောက်ကဲနေတာ
ပါးပါးကိုတောင်မခေါ်ဘူး
ပုဇွန်ဟင်းရော ကုန်ရှာပလား?
လာစားမလို့ :P:P:P

မယ့်ကိုး said...

စာမေးပွဲပြီးလို့  လွတ်လပ်ပေါ့ပါးနေတဲ့ ချစ်စရာညီမလေးအကြောင်းလေးတွေ ကို အားကျပျော်ရွှင်စွာ လာဖတ်တယ်နော်။:)

ယောင်းမြူး said...

ယောင်းလေးရေးးးးးးးးးးးးး
စိတ်သာချ သိနေတယ်လေ ပထမမရမှာကိုပေါ့
ဒါကြောင့် နောက်ဆုံးပိတ်မယ် စိတ်ကူးပြီးလာတာလေ
ဟီးဟိ ပိုင်တယ်နော် ကိုကို့ အကြိုက်လေးတွေ ပြေားပြအုံးနော်ရွှေယောင်းလေး
ကြက်သားကြိုက်ဖူးတဲ့လား
ဆိုးပ့ နော်ယောင်းလေး
ချက်သာကျွေးပလိုက် မန်သီးများများနဲပသိလား
သွားပြေားနဲပနော် စိတ်ဆိုးသွားနေအုံးမယ်သိလား

ချစ်တဲ့
ယောင်းမြူး

Anonymous said...

ှုငှက်မလေး
နင်ကတော်တော်ကံကောင်းတာပဲ
နင့်ဆီကပာင်းချက်နည်းတွေသင်ဦးမယ်ဗျာ။
ပာားပာား
ပုဇွန်ချက်နည်း

ခင်မင်လျက်
ကိုကြိး.... :)

Anonymous said...

ဖိနပ်အသစ် ဝယ်တယ်ဆိုတော့ ငှက်မအရပ် ရှိရင်းစွဲထက် ၆" မြင့်သွားပြီဆိုပါတော့....... :D
ပုဇွန်တော့ လုံးဝလုံးဝ မကြိုက်..... ဈေးကြီးလို့.... :P
စတာပါဟာ..... တကယ်မကြိုက်ဘူး။

မျက်မှန်လေး said...

သင်ပေးသင်ပေး
ပုဇွန်ဟင်းချက်နည်း။
မချဉ်ရင်မန်ကျည်းရည်ထည့်.
မှတ်သားလောက်ပါတယ်မှတ်သားလောက်ပါတယ်။ဟဟ

မေလေး said...

ညီမလေးရေ
နောက်တစ်ခါချက်ရင် ဖုန်းဆက်လိုက်နော် လာစားမလို့
ခင်တဲ့
မေလေး

ဝက်ဝံလေး said...

ကိုနေဒေးးရေ ညီက admin ပဲ လုပ်ချင်တာ လုပ်တယ် ဘာဖြစ်လဲ အွန်းးးး

မမကွန်ရေ ဘယ်သူမှ မမန့်သေးလို့ ကိုယ့်ဟာကိုယ်မန့်လိုက်တာ ဟဟဟ

ကိုမင်းအိမ်ဖြူ ပုဇွန်လားးး အခုမချက်သေးဘူး အန်တီတို့ ရိပ်သာမသွားသေးဘူးရယ် အဟက်

ကိုမင်းနေ ဗိုက်ဆာရင် ရေသောက် ဟဟဟ မကျေနပ်ရင် ဘီယာသောက်လို့ရတယ် ခိခိ

မမမေ ညီမလဲ ဗိုက်ဆာတယ် ဗျိုးးးးးးမမမေရေ ဘာချက်တုံးးး

ကိုသားကြီးး ကုန်ပြီပေါ့ ကြာပြီ တနားတယ် ဟဟဟ နောက်ချက်ရင်ပြောမယ်နော်

မမမယ်ကိုးးရေ အမြဲတမ်းအားပေးတဲ့အတွက် ကျေးဇူးး အထူးပါနော်

ယောင်းမြူးရေ အကို က အာလူးအရမ်းကြိုက်တယ် သိလားနောက်ကျရင် ပြောပြမယ်နော် ခစ်ခစ်

လမင်းငယ် အယ် ဘယ်လိုခေါ်ရမလဲ မသိဘူး သူတို့ နှစ်ယောက်ဆိုတော့
ဟဟ ဟင်းချက်နည်းလာသင်ရင်တော့ ဟိဟိ တတ်ဦးတော့မယ် ငှက်မများ ဆရာတင်လို့ ငါးပါးမှောက်တော့မှာပဲ

ဦးဟတ်ကြီးရေ ဟုတ်တယ် တချို့က မကြိုက်ဘူး ယားလို့တဲ့ ဦးလေးလိုပေါ့လေ

မမမျက်မှန်လေး ဘာလဲ မမအမျိုးသားကို ချက်ကျွေးမလို့လားး ဟီးဟီးး

မမမေလေးရေ နောက်တခါ အန်တီတို့ ရိပ်သာဝင်ရင်ပြောမယ် သိလားး အခုတော့ သူတို့ အိမ်မှာရှိတယ် အဟက်

Anonymous said...

ပုဇွန်ဟင်းလေး ကောင်းလိုက်တာ ကလေးရေ။ ကိုကြီးကို အင်း အဲလိုမှ ချက်ကျွေးပါ့မလားလို့။