ဘန်နဲ့ပီတာ ဟာ သူငယ်ချင်းတွေ ပါ။ ဒါပေမယ့် ဘန်ဟာ အမြဲတမ်း ပီတာ ကို မနာလိုဖြစ်နေပါတယ်။ ထိပ်ဆုံး စီးပွားရေးလုပ်ငန်းရှင်တွေ ထဲမှာ ပီတာပါလာတော့ ဘန် ဟာပိုပြီးတော့ မနာလိုဖြစ်တော့တာပါပဲ ဒါကိုတော့ ပီတာ မသိပါဘူး။ ဘန်က တော့ ကားပစ္စည်း ရောင်းဝယ်ရေးလုပ်တဲ့ လုပ်ငန်းအသေးလေး တခုပါပဲ သူကတော့ ပီတာလောက် မချမ်းသာတော့ အလိုလိုနေရင်းကို မနာလိုဖြစ်နေတာပါပဲ။ တနေ့မှာ ပီတာ ဘန့် ဆီကိုဖုံးဆက်ပြီး သူ့ရဲ့ အိမ်အသစ် ကို လာလည်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။
ဘန်ဟာ ပီတာ့ရဲ့ အိမ်ကို သွားလည်ခဲ့ပါတယ် သူ့ရဲ့ အိမ်ကြီးဟာ မြို့ပြင်မှာဖြစ်ပြီး အလွန်လဲကြီးလှပါတယ် လှလဲလှပါတယ် ပီတာက ဘန့်ကို ဧည့်ခန်းထဲ ခေါ်သွားပါတယ် အဲဒီ အချိန်မှာ ပီတာ့ရဲ့ ဇနီးဟာ ထွက်လာပါတယ် မနာလိုစရာကောင်းလှအောင်ကိုပဲ ပီတာ့ရဲ့ဇနီးဟာ ချောလှပါတယ် သူ့နံမည်က ကိတ် တဲ့ ကိတ်ကပြောတယ် " ရှင်တို့ယောက်ျားလေး တွေ ဝီစကီ မသောက်ကြဘူးလား ညနေစာ က နဲနဲကြာဦးမယ် ခြံထဲမှာ ဝီစကီလေးဘာလေး သောက်ပြီး စကားပြောပါလား " ဆိုတော့
ပီတာ " ဟင့်အင်း ငါ သူ့ကို ခြံထဲ လိုက်ပြလိုက်ဦးမယ် " ဆိုပြီး ခြံထဲကို လိုက်ပြပါတယ် ခြံရဲ့ အနောက်ဖက်ကိုရောက်တော့ ရေတွင်းပျက်ကြီး တခုကိုတွေ့ရတယ် ပီတာကပြောတယ်
" သူတို့တွေကပြောတယ် ဒါက ဆုတောင်းပြည့်ရေတွင်းတဲ့ မင်းလိုချင်တဲ့ ဟာကို ဒီမှာ ဆုတောင်းကြည့်ပါလား " လို့ ပြောတယ် ဘန်က " ပါးစပ်ကနေ အကျယ်ကြီး အော်ပြောရမှာလား " လို့မေးတော့
ပီတာက " မလိုပါဘူး စိတ်ထဲကနေပဲ ဆုတောင်းလို့ရပါတယ် " လို့ပြောတယ် ဒါနဲ့ ဘန်လဲ ပဲ စိတ်ထဲကနေ
" ပီတာ ပိုင်ဆိုင်သမျှပိုင်ဆိုင်ရပါလို၏ " လို့ဆုတောင်းလိုက်တယ် ပီတာကတော့ ဘာမှမသိဘူးပေါ့
" ပြီးပြီလား " တဲ့ ဒါနဲ့ ဘန်လဲ ခေါင်းညိမ့်ပြလိုက်တယ် ပီတာက ရေတွင်းရဲ့ဘောင်ကို မှီထားတယ် အဲဒီအချိန်မှာ ဘန့်ရဲ့ ခေါင်းထဲမှာ အကြံတခုပေါ်လာတယ်
" အခုချိန်မှာ ဘယ်သူမှမရှိဘူး " လို့ တွေးပြီး ပီတာကို ခြေထောက်နေကိုင်ဆွဲပြီး ရေတွင်းထဲ တွန်းချလိုက်တယ် ပီတာရဲ့ " ဟေ့ ဟေ့ မလုပ်နဲ့ ကယ်ပါ.... " ဆိုတဲ့ အသံက ရေတွင်းကနေ ပဲ့တင်ပြီး ထွက်လာတယ် ဘန်က ခဏလေး နားထောင်နေလိုက်တယ် ရေပွက်သံ ကြားတော့မှ ကသောကမြော ကိတ် ဆီပြေးသွားပြီး ပြောတယ် " ကိတ် ရေ ပီတာ ရေတွင်းထဲကျသွားလို့ အဲဒါ ကြိုးပေးစမ်းပါ သူ့ကို ကယ်ရအောင် " လို့ပြောတယ် ဒါပေမယ့် သူ့စိတ်ထဲမှာ သိနေတယ် ဘယ်လိုမှ ကယ်လို့မရတော့ဘူး ဆိုတာ
ရဲတွေက ဘန့်ကို မယုံကြဘူး ဒါပေမယ့် ကိတ်ကတော့ ဘန်ဟာ ပီတာ့ကို ကယ်ဖို့ကြိုးစားသေးတယ် လို့ယုံကြည်တယ် ဈာပန အခန်းအနား တလျှောက်လုံးမှာလဲ ဘန် ဟာ လိုသေးလေးမရှိအောင် အကုန်လုပ်ပေးတယ် ပီတာ့ရဲ့ ဈာပန လဲပြီးတော့ သူနဲ့ ကိတ် ဟာ မကြာခဏ ဆိုသလိုတွေ့ဖြစ်ကြတယ် တညနေ ကိတ်ရဲ့ အိမ်မှာ ညနေစာ စားရင်းနဲ့ ကိတ်ကပြောတယ်
" ကျွန်မ တယောက်တည်း အထီးကျန်ဆန်နေတယ် " တဲ့ ဒါနဲ့ ဘန် လဲ ကိတ်ကို ပွေ့ဖက်ရင်းနဲ့ ပဲ နှစ်သိမ့်လိုက်တယ် ပီတာ ကွယ်လွန်ပြီး တလအကြာမှာ ဘန် နဲ့ ကိတ် ဟာ လက်ထပ်လိုက်ကြတယ် အခုဆိုရင် ဘန်ဟာ ဘာမှလုပ်စရာမလိုတော့ဘူး ပီတာ့ရဲ့ ရှယ်ယာ တဝက်ကို ရောင်းပြီး သူ့ရဲ့ အိမ်အကြီးကြီးမှာ သူ့ဇနီးနဲ့ အတူနေတယ် ဘန့်ရဲ့ ကားလုပ်ငန်းလဲမလုပ်တော့ဘူး ဒီလိုနဲ့ သူ့ရဲ့ ဆန္ဒပြည့်ဝ လာခဲ့တယ်
များမကြာမီမှာ သူတို့ သမီးလေး တယောက်ကို မွေးခဲ့တယ် အဲဒီသမီးကို ဘန် အရမ်းချစ်တယ် စတေလာ လို့ နံမည်ပေးထားတယ် ကလေးလေး မူကြိုနေတဲ့ အရွယ်ရောက်တော့ ကျောင်းထားတယ် ကလေးက အရမ်းတတ်တယ် ကျောင်းမှာသင်တဲ့ ကဗျာတွေကို လူကြီးတွေကို ရွတ်ပြတယ် စကားတွေလဲ တီတီတာတာနဲ့ပြောတယ်
ဒါနဲ့တနေ့ပေါ့ ဘန့်ရဲ့ သူငယ်ချင်းတွေ အိမ်ကိုလာလည်ကြတဲ့ အခါမှာ ဘန်ကပြောတယ်
" သမီးရေ ဦးဦးတို့ကို ကဗျာရွတ်ပြလိုက်ပါဦး " ဆိုတော့ ကလေးက ရွတ်ပြတယ်
" Dingo bell dingo bell Peter in the well " ဘန်အရမ်းလန့်သွားတယ် သူ့သူငယ်ချင်းတွေကတော့ တဟားဟား ရယ်ကြတယ် ပြီးတော့
" ဆက်ဆိုလေ သမီး ပီတာ ဘာဖြစ်လဲ " လို့မေးတယ် ဒါနဲ့ ဘန်လဲ
" တော်တော့ " ဆိုပြီး သူ့သမီးကိုငေါက်လိုက်တယ်
ဒါနဲ့ စတေလာလဲ သူ့အဖေကို ကြည့်ပြီး ငိုပါလေရော
ညအိပ်တော့ ဘန် အိပ်မပျော်နိုင်ဘူး ဖြစ်နေတယ်
" ငါ့သမီးက ပီတာ ရေတွင်းထဲမှာ ရှိတာဘယ်လိုလုပ်သိတာလဲ မကောင်းဆိုးဝါးတွေက ပဲ သမီးပါးစပ်ထဲကို ဝင်ပြီးပြောခိုင်းတာလား " ဆိုတဲ့ အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ အိပ်ပျော်သွားတယ်
အိမ်မက်ထဲမှာ ပီတာက ရေတွင်းထဲကနေ ရေစိုကြီးနဲ့ တက်လာပြီး သူတို့ အခန်းတံခါးကို လာခေါက်တယ် ပါးစပ်ကလဲပြောတယ်
" စတေလာ ကငါ့သမီး ဖြစ်သင့်တယ် ငါ စတေလာ ကိုခေါ်သွားမယ် " ပြောတယ် ဒါနဲ့ ဘန်လဲ
" ဘယ်သူမှ စတေလာ မခေါ်ရဘူး " လို့အော်ပြောတယ် ကိတ်က ဘန့်ကို လှုပ်နိုးတယ်
" ဘန် အိမ်မက်ဆိုးတွေမက်နေတယ် ထင်တယ် ဘယ်သူမှ သမီးလေးကို မခေါ်ပါဘူး " လို့ပြောတယ် အဲဒီ အချိန်က စ ပြီး ဘန်ဟာ စတေလာကို မျက်ခြေမပြတ်စောင့်ကြည့်နေတော့တယ်
တနေ့ပေါ့ ဘန် ဟာ ခြံထဲမှာ သတင်းစာ ဖတ်နေတယ် ကိတ်နဲ့ သမီးလေးနဲ့ က မီးဖိုချောင်ထဲမှာလို့ သူက ထင်တာပေါ့ ကိတ် က ဘန့်အတွက် ကော်ဖီလာပို့ပေးရင်းနဲ့ ပြောတယ်
" သမီးကို တယောက်တည်း လွှတ်ထားတာလား " လို့ပြောတယ် ဒါနဲ့ ဘန်က
" သမီးက မင်းနဲ့ အတူရှိတာမဟုတ်ဘူးလား " လို့ပြောတယ် ပြီးတော့ ချက်ချင်းပဲ ဝုန်းကနဲ ထရပ်ပြီး သမီးလေးကိုရှာဖို့ပြေးသွားတယ် ကိတ်က
" ဖြေးဖြေးသွားပါ သမီးလေး က သိပ်ဝေးဝေးလံလံမသွားနိုင်လောက်ပါဘူး " လို့အော်ပြောတယ် ဘန်က ရေတွင်းဆီကို ပြေးသွားခဲ့တယ် သမီးလေးက စပ်စုပြီး ရေတွင်းဘောင်ပေါ်လျှောက်ဆော့ရင်း လိမ့်ကျသွားမှာစိုးလို့ပါ ရေတွင်းဆီရောက်တော့မှ သူ သက်ပြင်းချနိုင်တယ် ရေတွင်းက သမီးလေး အရပ်နဲ့မမီဘူးလေ ဒါနဲ့သူလဲ ရေတွင်း ကြီးကို ငုံ့ကြည့်ပြီး ဆုတောင်းလိုက်တယ်
" သမီးလေး ဘာမှမဖြစ်ပါစေနဲ့ " လို့ အဲဒီအချိန်မှာ ကိတ်ရဲ့ အသံကို ကြားလိုက်ရတယ်
" ဘန်ရေ သမီးလေးကို ပြန်တွေ့ပြီ ပြန်လာခဲ့တော့ " တဲ့
ရေတွင်းထဲ မှာ အရိပ်တရိပ်ကို သူ တွေ့လိုက်တယ် သူ သေချာကြည့်နေတုံးမှာပဲ အဲဒီ့အရိပ်ရဲ့ လက်က ဆန့်ထွက်လာတာကိုတွေ့လိုက်ရတယ် ဒါနဲ့သူ နောက်ကို အမြန်ဆုတ်လိုက်တယ် မရပါဘူး လက်က သူ့ရဲ့ လည်ပင်းကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားပြီး သူ့ကို ရေတွင်းထဲကို ခေါ်သွားခဲ့တယ် ပြီးတော့ ပြောတယ်
" ငါ့ရဲ့ ဆန္ဒက အခုမှ ပြည့်တယ် မင်းကိုစောင့်နေတာကြာလှပြီ "
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



11 comments:
သဲထိတ်ရင်ဖိုလေးနဲ့ဇာတ်သိမ်းထားပါလားဗျ
မကောင်းတာလုပ်ရင်မကောင်းတာခံရတာပဲပေါ့
အရမ်းကောင်းတဲ့ ပုံပြင်လေးပါလားကွ...
မကောင်းမှုတွေ တသီကြီးလုပ်ထားတဲ့ သူတွေ သတိထားကြလေရော့...
ငှက်ကလေးက အရေးအသားကောင်းတယ်...
အစအဆုံး သေသေချာချာ ဖတ်ပစ်လိုက်တယ်...
ညကို တယောက်ထဲ မအိပ်ရဲရင် သူ့ကြောင့်..... :D
ဒီစာလေးကောင်းပါတယ်...နောက်ဆို ညီမလေးဖတ်တဲ့ library မှာ စာကောင်းလေးတွေ ထပ်တွေ့ ပါစေလို့  ..
တော်လိုက်တာနော်...
အမြဲအားပေးနေတယ်နော်
စိတ်ဝင်တစား ဖတ်သွားတယ် ညီမလေးရေ ဖတ်လို့ကောင်းလိုက်တာ
ကောင်းတယ်
နောက်ထပ်ဒါမျိုးလေးတွေ လုပ်ပါအုံး
ကံကံ၏အကျိုးပေါ့နော် ဒီသဘောထင်တယ်
ညီမလေးရေ .. ဖတ်သွားတယ် .. စိတ်ဝင်စားဖို့ကောင်းတယ် .. နောက်လည်း ရေးပေးဦးနော် ..း)
ဘာသာပြန်တာအရမ်းကောင်းတာဘဲ။
ဘာသာပြန်စာကောင်းလေးတွေကိုထပ်မျှော်နေပါ့မယ်
ယောင်းလေးကတော်လိုက်တာ.. ဘာသာပြန်တာ တော်တယ်..... အားပေးပါတယ်..
Post a Comment