ကျွန်တော်တို့ ချစ်သူ သက်တမ်း ၁ လ ကျော်ကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ် ကံကြမ္မာက ဘာလို့ ကျွန်တော်တို့ကို မျက်နှာသာမပေးတာလဲ သူမ မှာ သွေးကင်ဆာ ဖြစ်နေတယ်ဆိုတာ သိလိုက်ရချိန်မှာ ကျွန်တော် ဘာများလုပ်ပေးနိုင်မလဲ လို့ အပြေးအလွှားစဉ်းစားခဲ့တယ် အခုချိန်မှာ ရိုးတွင်းခြင်ဆီ ရှာဖို့က လဲ အရမ်းနောက်ကျခဲ့ပါပြီ သူမရဲ့ ကင်ဆာ ဆဲလ်တွေက ပျံနှံ့နေပါပြီ ဘယ်အချိန်က စ ပြီးဖြစ်နေလဲ မသိပါဘူး သိလိုက်တဲ့ အချိန်မှာတော့ အရမ်းနောက်ကျခဲ့ပါပြီ
ဒီလိုနဲ့ သူမ သွေးသွင်းတဲ့ အချိန်တွေ ဆေးရုံတက်ရတဲ့ ရက်တွေမှာ ကျွန်တော် အနားကနေ လိုက်စောင့်ပေးခဲ့ပါတယ်

ကျွန်တော်ရဲ့ ရင်ထဲက စကားတခွန်းကို သူမ ကိုပြောလိုက်တယ် " ငါနင့်ကို လက်ထပ်မယ် " သူမရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေအပြည့်နဲ့ ကျွန်တော့်ကို စိုက်ကြည့်ခဲ့တယ် ကျွန်တော်သူမ ကို ပွေ့ဖက်ထားခဲ့တယ်
အောက်စီဂျင်ပိုက်တန်းလန်း နဲ့ ကျွန်တော့်ရဲ့ သတို့သမီး ဟာ ကျွန်တော့်အတွက်တော့ အစဉ်အမြဲလှပခဲ့ပါတယ် အရိုးပေါ်အရေတင် အသားအရေကို တွေ့လိုက်ရတော့ ကျွန်တော် စိတ်မကောင်း ဖြစ်ခဲ့ရတယ်
မင်္ဂလာပွဲမှာ သီချင်းတွေ ဆိုနေတဲ့ သူငယ်ချင်းများနဲ့ ကျွန်တော့်ကို ပျော်ရွှင်စွာ ကြည့်နေတဲ့ သူမ ဘယ်အချိန် လောကကြီးကနေ ထွက်ခွာမလဲ ?
သီချင်းတွေ ဆိုပြီးလို့ သူများတွေ ကနေချိန်မှာတော့ သူမ မတ်တပ်ရပ်နိုင်စွမ်းမရှိပါဘူး ကဖို့နေနေသာ နာကျင်လွန်းလှတဲ့ ဒဏ်ကို အံကြိတ်ပြီး ခံနေခဲ့ပါတယ် ကျွန်တော်သူမ ကို ဘာများလုပ်ပေးနိုင်ပါသလဲ အဲဒီ နာကျင်မှုကနေ လွတ်မြောက်အောင်
ကျွန်တော့်ရဲ့ သတို့သမီးလေးဟာ ကျွန်တော်နဲ့အတူ လက်ထပ်ပြီး ငါးရက်အကြာမှာ လူ့လောက ကနေအပြီးပိုင်စွန့်ခွာခဲ့ပါတယ် ကျွန်တော် သူမ နဲ့ အတူနေတဲ့အချိန်လေးတွေကို မေ့မှာမဟုတ်ပါဘူး " နောက်ဘဝဆိုတာ ရှိခဲ့ရင် ငါနင့်ကိုလက်ထပ်မယ် ပြီးရင် ငါတို့မခွဲအတူ နေကြမယ် " လို့ကျွန်တော် တီးတိုးပြောဆိုနေတာကို သူမ ကြားနိုင်ပါစေforward mail ကနေတဆင့် သူငယ်ချင်းပေးတာလေးကို ရေးဖွဲ့ထားတာပါ သူက " နင်ဝတ္ထုရေးရအောင် " ဆိုပြီးပို့ပေးခဲ့ပါတယ် ပြီးတော့ မေးတယ်
" နင့်မှာ အဲဒီလိုမျိုး ချစ်သူရှိရင်နင်ဘာလုပ်မလဲ " တဲ့ ညီမ ဖြေလိုက်တယ်
" ငါသူ့ကို သေသွားတဲ့အချိန်ထိ ချစ်နေမယ် သူ့ဘေးနားမှာ အမြဲပြုစု စောင့်ရှောက်နေမယ် " လို့ပြန်ဖြေလိုက်ပါတယ်
ဒီပို့စ်လေး ကို ဖတ်ပြီး သူငယ်ချင်း သားငယ် ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်
ရေးထားတာလေးတွေ မကောင်းရင် သည်းခံပြီး ဖတ်ပေးကြပါ
အမေရိကန်မှာ တကယ်ဖြစ်သွားတဲ့ စုံတွဲပါ ညီမ ရေးတာ မကောင်းရင် ဗွေမယူပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်
ငှက်ကလေး ရဲ့ ကောင်းကင်ပြာ




13 comments:
ဒီပုံတွေ တွေ့ဖူးတယ်...
ဘလော့တစ်ခုမှာပဲ
ဘယ်မှာလဲမေ့သွားပြီ...
ဘာတတ်နိုင်မှာလဲ ညီမရယ်။ မနေရတော့ဘူးဆိုတော့လဲ...
ကျန်ခဲ့တဲ့သူတွေအတွက်တော့ ခံစားကြရတာပေါ့...
ရေးထားတာ ကောင်းပါတယ်...
ကောင်းတယ်းးးးးးးးးးး
အဲလိုချစ်သူတယောက်တော့လိုချင်သားနော်ညလေး
တွေ့ ရင်အကြောင်းကြားနော် မျှော်နေမယ်သိလား
ညီမလေးရဲ့  ဘာသာပြန်ပုံလေးက ကောင်းပါတယ်။ဒီလို ခံစားမှုရသလေးတွေနဲ့  ပိုလိုက်သလိုပဲ။
လူကို မျက်ရည်မကျကျအောင်လုပ်နေကြတယ်
အိမ်ထောင် ပျူ့သွားလဲမျှော်လင့်နေအုံးမှာ
သေသွားလဲချစ်နေအုံးမှာ
တကယ်ကို ကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်လေးပဲနော်။
ခံစားရပါတယ်ဗျို့ ငှက်ငယ်လေးမှာအဲလိုကြေကွဲစရာအဖြစ်မျိုး ဖြစ်မလာနိုင်ပါဘူးနော် .....
ရင်နင့်စဖွယ်ဇာတ်လမ်းလေးနဲ့ မွန်မြတ်တဲ့ချစ်ခြင်းလေးပါပဲ...
ရေးတာကောင်းပါတယ်..။
စိတ်မကောင်းလိုက်တာကွယ်။ ဖြစ်ရလေတယ်။ ရေးတာကောင်းပါတယ်။ ဆက်ရေးပါ။ အားပေးနေပါတယ်။
ဒီ အကြောင်းကို မရွှေပြည်သူ ဘလော့မှာ .. တစ်ခါ ဖတ်ဖူးတယ် .. ဒီလင့်မှာပါ ညီမလေးရေ http://www.shwepyithu.com/2009/04/blog-post.html ဒါဒုတိယတစ်ခေါက် ထပ်ဖတ်ဖြစ်တာပါ .. ဘာသာပြန်ခံစားသူ ၂ ယောက်ရှိပေမယ့် တစ်ယောက်ခြင်းဆီကနေ ရသတစ်မျိုးစီ ရရှိခဲ့တာပါပဲ ...
သဘောကျတယ် .... သူတို့ရဲ့ ချစ်ခြင်းမေတ္တာတရားကို ..
အားကျတယ် .. သူတို့ရဲ့ စွမ်းဆောင်နိုင်မှုကို ..
ဝမ်းနည်းရတယ် . သူတို့ရဲ့ တိုတောင်းလွန်းတဲ့ ရပိုင်ခွင့်ကို ...
ဘဝဆိုတာ ဒီလိုပါပဲလေ ....
နေဒေးသစ်။
စိတ်မကောင်း ဖြစ်ရတယ်...
အဲလိုမျိုးတွေ ဖတ်ရ ရင် ရင်ဘတ်ထဲက အောင့်အောင့်လာတယ်...
ရင်ဘတ်ကြီးနဲ့ ခံစားပီး ဖတ်သွားလို့ ထင်တယ်... :(
ညီမလေးလည်း ကိုယ်ချစ်ရတဲ့သူနဲ့ တသက်လုံး မခွဲမခွာ အနားမှာ အမြဲ နေသွားနိုင်ပါစေနော်...
:)
ကျေးဇူးပဲ ကိုနေဒေးသစ်ရေ အဲဒီ လိုရေးထားတာရှိတယ်လို့ ပြောဖူးတယ် ဖတ်ဖူးချင်နေတာ
တူနေမှာစိုးလို့ တော်သေးရဲ့ မတူလို့
သူငယ်ချင်းပို့ တဲ့ မေးလ်လေးပါ သူက ရေးပါဆိုလို့ ညီမ ကအဲလို ပို့တဲ့မေးလ်တွေ သိပ်ရေးချင်တာမဟုတ်ဘူး အတင်းတိုက်တွန်းလို့သာရယ်
အားပေးတဲ့အတွက် ကျေးဇူးပါ
သနားပါတယ် .. ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ လူတိုင်းဝေးနိုင်သမျှ ဝေးပါစေ
Post a Comment