၁၀ ပြီးတော့ GCE O level တက်တယ်လေ အဲဒီမှာ သူငယ်ချင်းတွေ အများကြီးနဲ့တွေ့တယ် ပျော်ဖို့လဲကောင်းတယ် သူငယ်ချင်းတွေက ကောင်းကင်ကို ဖြူဖြူကျော်သိန်းတဲ့ အဟက် ရယ်ရတယ် လူကလဲစုံသား အကုန်လိုလို ခင်ဖို့ကောင်းတယ် တရုတ်တွေ များတယ် အဲဒီတရုတ်သူငယ်ချင်းနံမည်က "နေလင်းအောင် " တဲ့ သူက အင်္ဂလိပ်ကျောင်းက အင်္ဂလိပ်စာတတ်တယ် တရုတ်လိုလဲ တတ်တယ် မြန်မာလိုတော့ သိပ်တော့အကျွမ်းကြီးမဟုတ်ဘူးပေါ့လေ
ပြောပြမယ်သူ့အကြောင်း ကောင်းကင်တို့ Chemistry ဆရာမနံမည်က " ဒေါ်စောမြင့် "တဲ့ ဆရာမတော်တယ် စာသင်တာလဲကောင်းတယ် လက်တွေ့လဲလုပ်ပြတယ် ပြီးတော့သူက ကလေးတွေ ပျင်းနေမှာစိုးလို့ဆိုပြီး ချိုချဉ်ကျွေးတယ် အိပ်ငိုက်ပြေပေါ့ လေ
တနေ့ ဆရာမက " ငါ့ကလေးတွေ အတွက် အောင်ကိုရေ ချိုချဉ်ဝေပေးလိုက်ပါဦး " လို့ပြောတယ် ဒါကို တရုတ်ကြီးက " ဆရာမ ချိုချဉ်မစားချင်ဘူး ချိုချိုတိုက် " တဲ့ ရော်ခက်ကုန်ပြီ ဒီတရုတ်ကြီးနှယ် ဘာတွေလျှောက်ပြောမှန်းမသိ အကုန်လုံးက တဝါးဝါးနဲ့ ဝိုင်းရယ်တော့ ဘာမှန်းမသိသေးဘူး အဲဒီကောင်က ဒါနဲ့ သူ့သူငယ်ချင်းက ရှင်းပြတော့မှ ရှက်သွားသေးတယ် ကိုယ်တော်က
သူပြောချင်တာက အချိုရည် တိုက်လို့ပြောတာ ဒါကို ရေလည်အောင်မပြောတတ်တော့ အဓိပ္ပါယ်က တမျိုးပေါက်သွားတာပေါ့ တော်သေးတယ် ဆရာမ သူ့အကြောင်းသိလို့
ဟိဟိ ရယ်ရတယ် အဲလိုပါဆိုနေမှ ပျော်ဖို့လဲကောင်းတယ် တကယ်ပါ ကောင်းကင် ကတော့ ကျောင်းတက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ရတာပျော်တယ် ကျောင်းပျော်လေးပေါ့ အဟဲ
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



6 comments:
ရယ်ရတယ်...ညီမလေးက စာရေးသွက်တယ်။ အဲဒီလို စာလေးတွေ အများကြီးရေးပေးနော်.
လူရိုင်းလေးကတော့ ဌက်ကလေးဆီကို လာလည်တာဆိုတော့ ဌက်သိုက်ပဲ စားတော့မယ်နော် :P
ဟီး၂.။။ငှက်လေးရေးတာသဘောကျလို့ ကျောင်းအကြောင်းရေးထားတာ။
warrrrr harrrrr harrrrr harrrr :
) :P
သူငယ်ချင်းနာမည်ကလဲ ဖြူဖြူကျော်သိန်းတဲ့လား...
ထပ်ရှုပ်ကုန်ပြန်ပြီ။
ကောင်းကင်လား
ငှက်ကလေးလား
ဝက်ကလေးလား
ဒါနဲ့..
စကားမစပ်.. ဆရာမက ချိုချို တိုက်လိုက်ရောလား (အချိုရည်ကိုပြောတာနော်)းဝ
Post a Comment