Friday, 8 May 2009

ကိုယ့်ကိုယ် ကို မိတ်ဆက်ခြင်း

ဘာရေးရမယ်မှန်း မသိတာနဲ့ ငယ်ငယ်က ရေးပေးပါ ရေးခိုင်းတာ သွားသတိရသွားတာနဲ့ ချရေးလိုက်တာပါ



အမည် ကောင်းကင်
သူငယ်ချင်းတွေက ဒီလိုခေါ်တယ် Chucky (အင်္ဂလိပ်သူငယ်ချင်းတွေက Sky တဲ့ )
မွေးသက္ကရာဇ် ၁၈.၉.၁၉.. (မွေးနေ့ပြောပြပြီးပြီနော် လက်ဆောင်ပေးရမယ် မွေးနေ့ရောက်ရင် ဒါပဲ)
ကိုယ်ဒီမှာ နေတယ် အဒေါ်အိမ်မှာကပ်နေတယ် (ကပ်ပါးပေါ့လေ အဟိ)
ကိုယ့်ကို ဆက်သွယ်ချင်ရင် ၀၇၇၁၂၃၄၅၆၇၈ (မယုံရင်ဆက်ကြည့် ur no is not avaliable ဆိုပြီးပြောလိမ့်မယ် အဟီး)

ကိုယ့်အကြိုက်ဆုံးတွေက

အရောင် အပြာ (ဘယ်လိုမျိုးမဆိုကြိုက်တယ် ရင်ရင့် နုနု မိုးပြာရောင်းလေးဖြစ်ဖြစ်)
ပစ္စည်း ဖိနပ် (တလတခါလောက်ဝယ်ရမှ ကျေနပ်တယ် ဒီမှာတော့ မဝယ်နိုင်ပါဘူး အဟိ)
အစားအစာ ကုလားအစားအစာကလွဲရင် အားလုံးကြိုက်တယ် (ကုလားအစားအစာထဲမှာတော့ အာလူးပူတီကို ကြိုက်တယ် )
အဆိုတော် အာဇာနည်ပေါ့ (သူတို့ဆိုတာကောင်းရင်လဲ ကြိုက်တာပါပဲ လေ)
သီချင်းအမျိုးအစား R&B and POP
မင်းသား ကိုရီးယားမင်းသားတွေကို ကြိုက်တယ် ဒါပေမယ့် သတ်သတ်မှတ်မှတ်ရယ်လို့ မရှိဘူး (သိတယ်နော် အဲလိုမျိုှး ပြည်တွင်းဖြစ်ကို အားပေးတာလေ)
မင်းသမီး ကိုရီးယားမင်းသမီးတွေကို ကြိုက်တယ် (မြန်မာမတွေကို ကြည့်လို့ ကို အရဘူး အေးတာပဲ အဲဒါလေ)
စာရေးဆရာ မင်းလူ မစန္ဒာ တက္ကသိုလ် ဘုန်းနိုင် မိုးမိုးအင်းလျား
ဝတ္ထု ကံ့ကော်နီ ဆဌဂံ သူငယ်ချင်းလို့ပဲ ဆက်ရူ် ခေါ်မည် ခိုင်
အားကစား တင်းနစ် ကြက်တောင် ဘိလိယက်
အားကစားသမားများ Nadal(tennis player), Carter (Snooker)
အပျော်ဆုံးနေ့ နေ့တိုင်းလိုလိုပျော်နေတာပါပဲ
ဝမ်းအနည်းဆုံးနေ့ မသိဘူး နောက်မှမှတ်ထားလိုက်မယ်လေ
ကိုယ့်ကိုယ်ကို ဒီလိုမြင်တယ် ချစ်ဖို့ကောင်းတယ် (ဘယ်သူမှမပြောလို့ ကိုယ့်ဟာကိုပြောတာလေ) အော် ပြီးတော့ရှိသေးတယ် သူများကို အရမ်း စ တတ်တယ် ငိုအောင်ကို စ တာ စိတ်ဆိုးအောင်ကို စ တာ
ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ် ပျော်ပျော် နေ သေခဲ


ဖတ်ပေးတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ဖတ်ပြီး comment မပေးသူများ လူပျိုကြီး အပျိုကြီးများ ဖြစ်ကြပါစေသောဝ်

8 comments:

မယ့်ကိုး said...

အပျိုကြီး ဖြစ်မှာစိုးလို့  comment ပေးတာ မဟုတ်ဘူးနော် ညီမလေး...ညီမလေးစာရေးထားတာလေးက ကလေးလေးလို သိပ်ချစ်စရာကောင်းတယ်။
ညီမလေးနဲ့ အစ်မ အရောင်ချင်းကြိုက်တာလည်း တူတယ်။မွေးရက်လည်း တူတယ်။

ဝက်ဝံလေး said...

ပထမဆုံး comment ပေးတဲ့ မမ ယောက်ျားချောချော ရပါစေရှင်
ကျေးဇူးအများကြီးတင်ပါတယ် မမရေ

thihanyein said...

ဒီကောင်မလေး ဒိန်းကြားပဲ
ကွန်မန်းမပေးတဲ့သူ လူပျိုအပျိုကြီးဖြစ်ခိုင်းနေတယ်
ဝေးဝေးရှောင်မှပဲ တော်ကြာ ဖြစ်နေဦးမယ်
ကျနော့်ကိုတော့ အပေါ်ကလို ဆုမပေးနဲ့ဦးဗျနော့်
း)စာရေးထားတာလေးက ကလေးလေးကျနေတာပဲလေ
ဒါကြောင့် ...း)း)

Anonymous said...

အားတော်တော်ဆိုးတာပဲ .. အဲ့ဒီ ဆုတောင်းကြီးကိုတော့ အကြောက်ဆုံး .. လူပျိုကြီးတော့ မဖြစ်ပါရစေနဲ့ .. မိန်းမရခါနီးမှ ဘယ့်နှယ် တော်တော်ဆိုးတဲ့ ကလေး :D ... စစချင်းတော့ ကောမန့်မပေးပဲ ကျော်သွားမလို့ ဆုတောင်းကြီးကြောက်လို့ ဝင်ပေးလိုက်ရပြီ ဟဟ ... စာရေးကောင်းပါတယ် .. တကယ်ခင်ဖို့ ကောင်းမယ့် ညီမလေး တစ်ယောက်လိုပဲ .. လုပ်ပါ အားပေးနေပါတယ် ဆက်ရေးပါ ..

ဝက်ဝံလေး said...

ပျော်တယ်ဟေ့ ပျော်တယ်ဟေ့ comment တွေရလို့ ပျော်တယ်ဟေ့ ပလိုဂျိ

ဝသန်မိုး said...

မြန်မြန်ဝင်ကောမန့် မှ
တော်ကြာလူပျို ကြီးးဖြစ်နေဦးမယ်
အားပေးနေတယ် ညီမရေ
ဆက်လက်ပြီးရေးပါ ။
မကြာမကြာလာလည်ပါ့မယ်.။

မျက်မှန်လေး said...

ပေးပြီနော်။အာဘွား+ကွန်မန့်

သူကြီးမင်း (တုံးဖလား) said...

"မွေးသက္ကရာဇ် ၁၈.၉.၁၉.. (မွေးနေ့ပြောပြပြီးပြီနော် လက်ဆောင်ပေးရမယ် မွေးနေ့ရောက်ရင် ဒါပဲ)" တဲ့။

ဒါဆို ဘွားဘွားဝက်လို့ ခေါ်ရမလိုဖြစ်နေပြီ။ ၁၉ ခုဘွားတဲ့။ ပထမကမ္ဘာစစ်နှင့်ဒုတိယကမ္ဘာစစ်ကို ကောင်းကောင်းမီလိုက်ပုံရတယ်။

ဟဲ ဟဲ။
စတာနော် ၀က်ကလေး။

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။