Saturday, 9 May 2009

အချိန် ရွေးမနေနှင့်



အိုဘယ့် လူသား၊ ငမိုက်သား သင်ကား အဝိဇ္ဇာ ၊
ပိတ်ဖုံးကာရ်ျ၊ ငါးဖြာ အာရုံ၊ ဒုက္ခပုံကို၊ အကုန်မမြင်၊
အကောင်းထင်ကာ၊ ခင်မင် တပ်မက်၊ တွယ်ကာဖက်လျက်၊
အောက်ထက်သံသာ ၊ စုန်ဆန်ကာဖြင့် ၊ တဏှာ လက်သယ်(သည်)၊
ထင်တိုင်းခြင်ယ်ရ်ျ ၊ အေးတယ်မရှိ၊ ဆင်းရဲ ဖိသည် ၊
ဝဋ် ၏ သားကောင် လုံးလုံးတည်း။

ဝဋ် ၏ သားကောင် ၊ ဒုက္ခဘောင်မှ ၊ လွတ်အောင် ရုန်းရ်ျ၊
ချမ်းသာတွေ့ ဖို့ ၊ မမေ့ ရုပ်နာမ် ၊ ဖြစ်ပျက် ဟန်ကို ၊
အမှန် ဥာဏ်ညှိ၊ ဖြစ်တိုင်း သိလော့၊ ဝီရိ နှစ်တန်၊ ရှို့မြှိုက် တံဖြင့်၊
ဆယ်တန်ကိလေ၊ လောင်ကျွမ်း ကြေအောင် ၊ မသေမနာ ၊
မအိုပါခင် ၊ တက်သုတ် နှင်လျက် ၊ ဆောလျင် မြန်စွာ၊
ရှို့မြှိုက်ပါလော့ ၊ နောင်ခါကာလ ၊ ချိန်လွန်ရဟု ၊ နောင်တ တကြီး၊
သင် မညည်းလင့် ၊ ဇနီးမယား ၊ သမီး သား နှင့် ၊ လင်သား အိမ်ရာ၊
အဖြာဖြာကို ၊ ငဲ့ကာဖင့် နှေး ၊ အချိန်ရွေးက၊
သေဘေး သင့်ကို ၊ ဦးလိမ့် တည်း။
ကဆုန်လပြည့် ဗုဒ္ဓနေ့ အတွက် ချမ်းမြေ့ ဆရာတော် ဘုရားရဲ့ ဆောင်ပုဒ်လေး ပါ
နောက်လဲ ဖော်ပြပါဦးမယ်

4 comments:

Anonymous said...

တန်ဖိုးရှိတဲ့ အဆိုအမိန့်လေးပါပဲ .. ဒါပေမယ့် နှလုံးသွင်းနိုင်ဖို့ကို လူက ဖင့်နှေးနေတာ တကယ် အမှန်ပဲ ... ပြောင်းလဲနိုင်အောင်တော့ ကြိုးစားရမယ် ..

မယ့်ကိုး said...

ချမ်းမြေ့ တရားစခန်းဝင်တုန်းက ရွတ်ခဲ့တဲ့ ... လင်္ကာလေးပေါ့...
သိပ်တန်ဖိုးရှိတယ်။ ကျေးဇူးပဲနော် ညီမလေး...

ဝက်ဝံလေး said...

ဟယ်ဒါဆို မမ နဲ့ ညီမ က ဓမ္မ မိတ်ဆွေတွေပေါ့နော် မတွေ့ဖူးပေမယ့် တော်လိုက်ပြီ မမရေ မရဘူး ပဲ အတင်းကိုတော်မှာပဲ

မျက်မှန်လေး said...

တရားတော်တွေဝေမျှပေးတာကျေးဇူးပါနော်