Wednesday, 20 May 2009

သူငယ်ချင်း စုံတွဲလေး

" Hi " လို့ လာနှုတ်ဆက်လာသူကတော့ ပေါက်ဖော် လို့ မီးနံမည်ပေးထားတဲ့ သူပါပဲ ဒါနဲ့
" ဟဲ့ နင်က ငါ့ကို offline ကြီးနဲ့ ချက်နေတာလား " ဆိုတော့
" ဟိဟိ invisible ပါဟ " တဲ့
" အောင်မာ ဘာတွေများရယ်စရာ ရှိတုံး တဟိဟိ " နဲ့
" sis က သူ့ရဲ့ ရည်းစားပါ " တဲ့ ပေါက်ဖော်တခါပြောဖူးတယ် သူ့ရည်းစားက သူ့ထက် အသက်ကြီးတယ်တဲ့ ဒါနဲ့ " အော် မမလား နေကောင်းလား " လို့ နှုတ်ဆက်လိုက်တယ် အဲဒါကို
" ဟုတ်ဘူး sis က အခုမှ ၁၈ ပဲရှိသေးတာ " တဲ့ အယ် တခုခုတော့ မှားနေပြီ ငါပဲ မှားလား ဘယ်သူမှားလဲမသိဘူး ဆက်အစ်ကြည့်ဦးမှ ဆိုပြီး " ဟုတ်လား " လို့မေးလိုက်တယ် ကောင်မလေးက ပြန်မေးတယ် " sis ကရော ဘယ်နှနှစ်လဲ ကို့သူငယ်ချင်းဆိုတော့ ၁၉ ပေါ့နော် မမ လို့ခေါ်မယ်နော် " တဲ့ " အင်းရတယ် ကြိုက်သလိုခေါ် " လို့ပြောလိုက်တယ်
" ဟိုးတနေ့က တို့ကြောင့်ရန်ဖြစ်သေးတယ်ဆို " လို့မေးလိုက်တော့
" အဟီး ဟုတ်ပါဘူး မမရာ သူ့ကို ကောက်ကြည့်တာပါ " တဲ့
" အင်းလေ တို့က သူငယ်ချင်းတွေပါပဲ အထင်မလွဲပါနဲ့ " လို့ပြောလိုက်တယ်
" မမ ကို အလုပ်ရသွားပြီဆို ဟုတ်လား " တဲ့
" အင်း ဟုတ်တယ် သူပြောတယ် ညီမလေး "
" အရမ်းပင်ပန်းလား ဟင် ညီမ ကသူပင်ပန်းတာ မကြည့်ရက်ဘူး " တဲ့
" ဒါတော့ မသိဘူးညီမ အမကို ပင်ပန်းတယ်လို့မပြောဖူးဘူး " ပေါက်ဖော် ကောင်စုတ်သူ့ကောင်မလေးကို ချွဲတာနေမှာပေါ့ ဟိဟိ
" ညီမက အခုဘာတက်နေတာလဲ " ဆိုတော့
" အင်္ဂလိပ်စာ day တဲ့ " အင်းးး
" ဘယ်ကလဲ ရန်ကုန်ကပဲလား " ဆိုတော့ " ဟုတ်ကဲ့ " တဲ့ အဟား ပေါက်ဖော်ပြောတော့ သူ့မမ က ပြည်ကဆို အခုတော့ ရန်ကုန်တဲ့
" ညီမလေး နဲ့ဘယ်လိုတွေ့ကြတာလဲဟင် "
" chatting မှာတွေ့ကြတာ " တဲ့ ဟိုက် ရော ဒါလဲလွဲပြန်ပြီ ပြောတော့ လူကူးမျဉ်းကြားမှာ မကူးလို့ ဒဏ်ရိုက်ခံရတုံးက တွေ့တာဆို ဟုတ်နေပါပြီ ငပွေ လှေနံနှစ်ဖက်နင်းနေပြီ နေမှာပေါ့
" မ ညီမရဲ့ မေးလ်ယူထားလိုက်ဆိုပြီး " ပေးတယ် ကောင်မလေးနဲ့ ချက်ပြီးသွားတော့ ခင်တင်းတင်းရှိလှတာနဲ့ ပေါက်ဖော်ဆီ မေးလ်လှမ်းပို့ ပြီး ဆဲထားလိုက်တယ် စုံနေတာပဲ အဲဒီအကောင်ကို ဆဲထားတာမှ ကြာကူလီတွေရော ငပွေတွေရော အမှန်တော့ မီးနဲ့ ဘာမှမဆိုင်ပါဘူး ဒါပေမယ့် မျက်စိလည်အောင် လုပ်လို့ဆိုပြီး လှမ်းဆဲလိုက်တယ် ညရောက်တော့ မေးလ်လှမ်းပို့တယ် အဲကောင်က
" ဟဲ့ ငါရှင်းပြမယ် နင်အားတဲ့ နေ့ကျရင်ပြောသိလား " တဲ့ အဲလိုပြောပြီးတာနဲ့ လူလဲမအားတော့ဘူး ဘလော့ဂ် လုပ်ဖို့လုံးပန်းရ ကျောင်းတက်ရနဲ့ chatting မထိုင်ဖြစ်တာတော်တော်လေး ကြာသွားတယ် ၃ ပတ်လောက်ရှိမယ်ထင်တယ် တနေ့ chatting လေးထိုင်ဖြစ်ပါတယ်
" မရေ " တဲ့ သူ့ကောင်မလေးက လှမ်းနှုတ်ဆက်တယ် " မတွေ့ရတာကြာပြီ လွမ်းလိုက်တာ မရယ် " တဲ့
" အင်း မမလဲ လွမ်းတယ် မအားလို့မတက်ဖြစ်တာ "
" မမ ကို မေးစရာရှိတယ် "
" မေးလေ ညီမလေး "
" သူ့မှာ နောက်ကောင်မလေး တယောက်ရှိတယ် ဆို ဟုတ်လား " ဟိုက်ရှာလပတ်ရည် သူများရည်းစားကြားထဲ ဖြစ်နိုင်ရင် ကိုယ်က ပါချင်တာ မဟုတ်ဘူးတော်နေ ကိုယ်ပြောလိုက်လို့ ပြတ်သွားရင် ပြသနာတက်ဦးမယ်
" ဒါနဲ့ ဘယ်သူပြောတာလဲ ညီမလေး ရ မရှိပါဘူး သူ့မှာ "
" မညာပါနဲ့ မ ရာ သူ့သူငယ်ချင်းတယောက်ကပြောတာ " တဲ့ ခက်ကုန်ပါပြီ ဘာလုပ်ရမှန်းမသိပြောရမှာလား မပြောရဘူးလားမသိဘူး အဲဒီအချိန်မှာပဲ ကိုယ်တော်က
" ဟဲ့ နင်ဘလော့ဂ်တွေ ရေးနေတာလား မပင်ပန်းဘူးလား " တဲ့ လာပြောတာနဲ့
" နင့်ကောင်မလေး ငါ့ကို နင့်စော် အကြောင်းမေးနေတယ် ပြောရမှာလား "
" မပြောနဲ့ ဘာမှမပြောနဲ့ " တဲ့
" အေးအေး " လို့ပြန်ဖြေတယ် ဒါကို
" sis အဲဒီ account က ညီမဝင်နေတာ " တဲ့ အယ် ခုဏက ပေါက်ဖော်ပါ အခုဘယ်လိုဖြစ်တာလဲ စဉ်းစားလိုက်တော့ အော်သိပြီ သူနဲ့ သူ့ကောင်မလေးနဲ့က သူ့ account ကို ပြိုင်တူဖွင့်ထားတာ ပေါက်ဖော် ကောင်းကင် ဆီကို စာလှမ်းရိုက်တာတော့ ကောင်မလေးကမမြင်ဘူး ကောင်းကင်က ရိုက်လိုက်တာတော့ မြင်ပြီးပြောတာ ဒါနဲ့ ကောင်မလေး account ကိုသွားပြီးတော့
" ညီမရေ မမကို မျက်စိလည်အောင်မလုပ်နဲ့တော့ ပြောပြမယ် " ဆိုတော့
" ဝေးးး ဒါမှတို့မမတဲ့ ကွ "
" ဟုတ်တယ် သူ့မှာ မမရှိတယ် သူ့ထက် ၄ နှစ်ကြီးတယ် "
" အင်း ဒါတော့ သိတယ် ဘယ်ကလဲ ရန်ကုန်ကလား အင်္ဂလန်ကပဲလား "
" ပြည်က "
" ဘယ်လိုချစ်သွားတာလဲဟင် အခုရော ချစ်နေတုံးပဲလား ပြတ်သွားပြီလား " တဲ့
" မသိဘူး ညီမလေး မမလဲဒီလောက်ပဲသိတယ် သူနဲ့ သိပ်မရင်းနှီးဘူး " အမှန်တော့သိတယ် တော်ပြီလေ ဒီလောက်ပြောပြီးရင် ဟုတ်တယ်မလား
" မမ သူ့မှာ တခြား account ရှိသေးတယ် အဲဒါ မ သိလား " တဲ့ အမှန်တော့ သိတယ် ပေါက်ဖော် ပြသနာတက်မှာစိုးတာနဲ့
" မသိဘူး ညီမလေး ဒါပဲရှိတာမဟုတ်ဘူးလား မမကိုလဲ ဒါပဲပေးထားတာ လေ ဟုတ်ဘူးလား " ဆိုတော့
" ဟုတ်ဘူး နောက်တခုရှိသေးတယ် သူက သိပ်ပိရိတယ် မမရ ညီမသိတယ် " တဲ့ အိရား မလွယ်ပါလား ဟရိုးးး မိန်းကလေးတွေက လည်တယ်နော် တကယ်မလွယ်ဘူး ဒါနဲ့
" အင်း မမတော့ ဒါပဲသိတာပါဆိုပြီး " ဘူးးခံငြင်းလိုက်တယ် မလွယ်ကြောပဲ ကြာရင် အကုန်ပေါ်တော့မယ် ဆိုပြီး
" ညီမလေးရေ မမ မနက်ဖြန်စာမေးပွဲရှိသေးလို့တာ့တာ နော်" ဆိုပြီးလစ်ထွက်လာလိုက်တယ်
အမလေးနော် ပေါက်ဖော် ရည်းစားနှစ်ယောက်ထားတာ ကိုယ်ပါကြားထဲက အချောင် မျက်စိတွေလည်ပြီး ခေါင်းတွေကိုက်နေပြီ

အရိုင်းရေ ငါလဲနင့်ကို အားကျလို့ ဒီပို့စ်လေး တင်လိုက်တယ်ဟေ့
ပေါက်ဖော် ငါ့ကို စိတ်မဆိုးနဲ့နော် သိလား သူငယ်ချင်း

4 comments:

မယ့်ကိုး said...

ခုကာလ သားသမီးတွေ ဒီလိုချည်းပဲလို့ ပြောရမလား...:D

လူရိုင်းလေး said...

ဌက်ကလေးရေ အရိုင်းတို့က အဲ့ဒီလို မရှုပ်ဘူးနော် အရိုင်းအကြောင်းကိုတော့ လုပ်ကြံပြီး ရေးမနေနဲ့အုံး :P

ဝက်ဝံလေး said...

ဟုတ်ပါ့ မမမယ်ကိုးရေ အဲဒီအထဲမှာ ညီမ မပါဘူးနော် အဟိ ကြိုပြောထားတာ
ဟေ့ဟေ့ ဒါ လံကြုတ်ဇာတ်လမ်းမဟုတ်ဘူး အတည် တကယ်ဖြစ်တဲ့ဟာ မယုံရင် ပေါက်ဖော် ကိုမေးကြည့်လေ အရိုင်းရ

ဝသန်မိုး said...

ဘာတွေလဲဟင်
လိုက်မမှီတော့ဘူး
ကွယ်