Friday, 8 May 2009

Isle of Wight ကို စ ရောက်ကြောင်းလေး

၂၉.၄.၂၀၀၈


" ဘယ်သူပြောလဲ ဟ အင်္ဂလန် ရာသီဥတုက အေးတယ် လို့ " ကိုကို က လေယာဉ်ပေါ်မှာပြောတယ် ကောင်းကင်လဲ သူပြောတာလက်ခံရမလိုပဲ အိုက်တောင်အိုက်တယ် ဒါနဲ့လေယာဉ်ပေါ်ကလဲ ဆင်းရော အမလေး မိုးလေးတွေဖွဲဖွဲကျပြီး အေးလိုက်တာ ပါးစပ်ကတောင် အငွေ့ထွက်တယ် ဒါနဲ့ အကိုတော် ကို " ဟဲ့ဘယ်လိုလဲ နင်ပြောတော့ ပူတယ်ဆို ဒီမှာ ငါ့ပါးစပ်က အငွေ့ထွက်နေပြီ " ဆိုတော့ သူက " အေးနော် လေယာဉ်ပေါ်မှာ တုံးက heater ဖွင့်ထားတာ မသိဘူးလေ ဟာ ဒါကြောင့်မို့လို့ပြောတာပေါ့ " ဒါနဲ့ ကောင်းကင်တို့တွေ immigration ကိုဖြတ်ရတာပေါ့လေ ကျောင်းသားဆိုတော့ စစ်ဆေးနေတာလေ ရှေ့မှာလဲ တန်းကြီးကအရှည်ကြီးပဲ ကောင်းကင်တို့ အလှည့်ရောက်တော့မြန်ပါတယ် ပါလာတဲ့ ဆေးစစ်ချက်လေးတွေပြပြီး နှစ်ယောက်သားထွက်လာကြတာလေ လေယာဉ်က ၇ နာရီကျော်ကျော်လောက် ဆိုက်တာကို အပြင်ကို ၈ နာရီခွဲ ကျော်ကျော်လောက်မှ ရောက်တယ် ဒါနဲ့ အိတ်တွေရွေးပြီး ထွက်လာခဲ့ကြတာ အန်တီတို့က ရောက်တောင် ရောက်နှင့်နေပြီလေ

ကားပေါ်ရောက်တော့ အန်တီက " သမီးတို့ seat belt ပတ်ကြ " တဲ့ အယ် အဲကျမှ ပဲ seat belt ပတ်ကြတယ် နှစ်ယောက်သား ဟုတ်တယ်လေ မြန်မာမှာ တုံးက ပတ်မှမပတ်တာ ကို

London Hethroe လေဆိပ်ကနေ Southampton အထိ အန်တီမောင်းတယ်လေ Southampton ရောက်တော့ Red funnel ကြီးစီးရတယ် အန်တီက Isle of Wight မှာနေတာလေ အဲဒီကို ရောက်ချင်ရင် အဲလိုပဲ မြန်မာအခေါ် ဇာတ်နဲ့ ဖြတ်ရတယ်ပြောမလားပဲလေ အဲဒါကြီးကို၁ နာရီနီးပါးစီးရတယ် ပြီးမှ အန်တီနေတဲ့ Isle of Wight ကိုရောက်တာလေ

လိုအပ်တာလေးတွေ အန်တီက လိုက်ဝယ်ပေးပြီးတော့ အိမ်ပြန်လာကြတာ အိမ်ရောက်တော့ စားသောက်ပြီးတာ နဲ့ မောင်နှမနှစ်ယောက်လုံး ဒေါင်းတာပဲလေ ဟုတ်တယ်လေ စဉ်းစားကြည့် လေယာဉ် ၁၃ နာရီကျော်ကျော်လောက် စီးလာရတာ မပြိုင်းပဲနေမလား နော့်


နောက်နေ့ ကျတော့ ကျောင်းက မတက်ရသေးတာနဲ့ အိမ်မှာပဲလေ အင်တာနက် က connection ကောင်းတယ်လေ ဒါနဲ့ အစွမ်းကုန် ဗြင်းကြတာပေါ့ အဟိ


နောက်နေ့ ကျောင်းကို အန်တီက လိုက်ပို့ပေးတယ် Tutor တွေ့ပြီးလိုက်အပ်ပေးတယ် ဒါနဲ့ စာ စ သင်ဖြစ်တယ်

ကောင်းကင် ရဲ့ နံမည်ကို မခေါ်တတ်ဘူး ဒါနဲ့ပြောလိုက်တယ် " ငါ့ရဲ့ နံမည် အဓိပ္ပါယ်က Sky " လို့ဆိုတော့ သူတို့တွေ sky လို့ခေါ်ကြတယ် ဒါနဲ့" ဘယ်ကလာတာလဲ " တဲ့ " မြန်မာက " လို့ပြောတော့ မသိဘူးတဲ့ အယ် ခက်ပြီ ဒါနဲ့ ထိုင်းနဲ့ တရုတ်ကြား က လို့ပြောတော့ အော် သိပြီတဲ့ သူတို့ သိတာ ထိုင်းနဲ့ တရုတ်လေ မြန်မာကို မသိဘူး

ဂျပန်မ တယောက် က ဘာထပြောလဲဆိုတော့ " အော် သိပြီ Miss Aung San Su Kyi ရှိတဲ့ နိုင်ငံလား " တဲ့ ဒါနဲ့ အကိုကလဲ ဟုတ်တယ်လို့ပြောလိုက်တယ်

နောက်ရက်ကျတော့ အာဂျင်တီးနားက မိန်းမ နဲ့တွေ့တယ် သူ ကဘာပြောလဲဆိုတော့ " အော် ဟိုတလောက ဘုန်းကြီးတွေ နဲ့ အရေးခင်းဖြစ်သွားတဲ့ နိုင်ငံမလား " တဲ့ ကဲ ဒါနဲ့ အကိုလဲ စကားကို ဟိုရောက် ဒီရောက်နဲ့ လက်စသတ်လိုက်တယ်

ကိုယ့်နိုင်ငံကို မသိလို့ စိတ်တိုရနဲ့ သိပြန်တော့လဲ အောင်ဆန်းဆုကြည် နဲ့ ဘုန်းကြီးသတ်တာတဲ့ ကဲ ကောင်းကြသေးရဲ့လား စိတ်ကို လေ သွားတာပဲ လူကို ဟင်းးး ပြောတော့ အရင်တုံးက မြန်မာဆိုရင် ကမ္ဘာက သိတယ်ဆို အခုကျတော့ ကော စိတ်ကို ပိန်ပါတယ် တကယ်ပဲ ပြောချင်ဘူး


ဆရာ ဆရာမတွေက ဖော်ရွေပါတယ် ဒီ ကောလိပ်က အနိုင်ကျင့်တာ လက်မခံဘူးလေ ပြီးတော့ ကောင်းကင်တို့က international student တွေဆိုတော့ ဂရုစိုက်ပါတယ် ကောင်းကင်တို့ အတန်းက လူစုံတယ်လေ : ဂျပန် တရုတ် ထိုင်ဝမ် စပိန် တာကီ ပြင်သစ် အီတလီ ဂျာမနီ ဘိုလာရု(ရုရှား) ထိုင်း အီဂျစ် သီရိလင်္က္ကာ အစုံပဲလေ ကောင်းကင်တို့က အင်္ဂလိပ်စာ တက်မယ်ဆိုပြီး လာတော့ အင်္ဂလိပ်စာ သင်ရတာပေါ့ ပျော်ဖို့ကောင်းပါတယ်

အဲဒါပါပဲ ရေးချင်လို့ သာ လျှောက်ရေးတာ ဘာတွေမှန်းကိုမသိဘူး ဟိုရောက်ဒီရောက်ပဲ အဟိ

3 comments:

Anonymous said...

အတွေ့အကြုံလေးတွေ ဖတ်ရတာ ဗဟုသုတရပါတယ် .. များများ မျှဝေပါနော် အဆင်ပြေပါစေ .. အောင်မြင်ပါစေဗျာ ..

ဝက်ဝံလေး said...

လာဖတ်တဲ့ အတွက် ကျေးဇူးပါပဲ ရှင်

နွေးနေခြည် said...

ကိုယ့်နိုင်ငံကို မသိဘူးဆိုတော့ စိတ်မကောင်းလိုက်တာ.. တတ်နိုင်သလောက်ရှင်းပြပေးပါ ညီမလေးရေ