Wednesday, 27 May 2009

စံပါယ် ၄ ရုံ

စံပါယ် တဲ့ ၄ ရုံ
ပျိုတို့ မောင် မပန်ခိုက်
ပန်းပြတ်ခိုက်ကြုံ
အပွင့်ရယ် စုံ
၁ ငုံဖြင့် ကျန်ပါသေး
ပန်ချင်သူ ပျို့မောင်ကြီး ရယ်
ဆံပင်ကို ပျော့ပျော့ပျောင်းအောင်
ခေါင်းဖီးခဲ့လေး

ငယ်ငယ်က ကျက်ခဲ့ရတဲ့ ကဗျာလေးပေါ့ ဒါပေမယ့် အဓိပ္ပါယ် နားမလည်ပါဘူး ဆရာမတွေကလဲ ကျက်လို့ပဲပြောတယ် ဘာရယ်လို့ သေချာရှင်းမပြခဲ့ဘူး နောက်ပိုင်း ရိပ်သာဝင်မှ ဦးသုစိဏ္ဏက (ချမ်းမြေ့ ) တရားဟောရင်းရှင်းပြမှပဲနားလည်တော့တယ်
ဘုရား ၄ ဆူပွင့်သွားခဲ့ပြီ ဖူးဖို့ကံမပါလိုက်ဘူး အခုပွင့်မယ့် ဘုရား ကျရင် ဖူးခွင့်ရအောင် ကောင်းမှုကုသိုလ်တွေ လုပ်ကြဆိုပြီး ဟောမှပဲ ဒီကဗျာလေး တော်တော် အဓိပ္ပါယ် ရှိပါလားလို့ အဲဒီကျမှပဲ သိတော့တယ်

ဘာရယ်မဟုတ်ပါဘူး မနေ့က အန်တီတို့နဲ့ တရားအကြောင်းဆွေးနွေးကြရင်းနဲ့ အဲဒါလေး သတိရသွားလို့ တင်လိုက်တာပါ

7 comments:

Anonymous said...

ဒီအတိုင်း ဖတ်မိရင်တော့ တရားနဲ့ဆိုင်တဲ့ ကဗျာလို့ တွေးမိဖို့ တော်တော်ခက်မယ် ထင်တယ် ... ညီမရှင်းပြထားတာ ဖတ်မိတော့မှ ဒါလည်း ဟုတ်တာပဲ ဆိုပြီး တွေးမိတော့တယ် .. တစ်ခုတော့ ရှိတယ် ... အပေါ်က ဘုရားလေးဆူ ပွင့်ပြီးတာ နဲ့ နောက်ထပ်ဘုရားတစ်ဆူ ပွင့်ဖို့ ကျန်သေးတာကို ဖွဲ့ထားတာကတော့ ဟုတ်ပါပြီ " ဆံပင်ကို ပျော့ပျော့ပြောင်းအောင် ခေါင်းဖီးခဲ့လေး " ဆိုတာကျတော့ တစ်မျိုးကြီး ဖြစ်နေသလိုပဲ ... ဖြစ်နိုင်ချေရှိတာကတော့ ဆံပင်ဆိုတာ စိတ်ထားကို ညွှန်းချင်တာလား မသိဘူး ... ထင်မိတာကတော့ နောက်ဆုံးပွင့်တော့မူမယ့် ဘုရားရှင်ကို ဖူးမျှော်ခွင့်ရချင်တယ် ဆိုရင် မိမိစိတ်ထားကို ဖြူစင် မြင့်မြတ် ကောင်းမွန်အောင် အရင်ဆုံးကြံဆောင်ရမယ်လို့ ဆိုလိုချင်တာမျိုး ဖြစ်မယ် ထင်တယ်နော် .. မဟုတ်ရင်လည်း ပြန်ပြင်ပေးဦး .. တွေးမိတာလေး ပြောကြည့်တာ .. :)

Craton said...

ဟုတ်.. အဲဒီကဗျာလေးရော အဓိပ္ပါယ်ရော ကြားဖူးနားဝတော့ရှိခဲ့ပါတယ်.. ကဗျာကောင်းလေး ပြန်ဖတ်ရတာပေါ့..

Anonymous said...

ကိုဒေးးးးးးးးးးးးးးးကြိး ရေ ရှင့်မန့် တာကလဲ
ငှက်ကလေးရဲ့ ပိုစ်ထက်တောင်ရှည်သေးဟီးးးးးးးးးးးးးးးး
ငှက်လေးရေးးးးးးးးးးးးးးးမမမြူးရောက်တယ်ကလေး
ကိုဒေးးးးးးးးးးးးးးးကြီးလိုတော့တတ်ဖူးဂယ် လျှော့မှ
သူ့ လောက်နည်းပါဖြစ်နေပြီ တာ့တာာာာာာ

မျက်မှန်လေး said...

ဟဟ ဆံပင်ကိုပျော့ပျောင်းအောင်ဖီးခဲ့ဆိုတာ စိတ်ကောင်းကောင်းထားလို့ ပြောတာဘဲလို့ကိုယ်ကတော့ထင်တယ်
ဟုတ်တယ်မလားငှက်လေးရေ..

ဝသန်မိုး said...

ကောင်းလိုက်တဲ့ စာသားလေးပဲပေါ့ ငှက်ကလေးရယ်
တော်တော် လေးကို အဓိပ္ပါယ် ရှိပါတယ်
ဆံပင်ကိုပျော့ပျော့ပျောင်းအောင်
ခေါင်းဖီးပါ့မယ်

ဝက်ဝံလေး said...

ဆံပင်ကိုပျော့ပျော့ပျောင်းအောင်ဆိုတာ တင်စားပြီး ပြောတာထင်တယ် ဦးဇင်းကတော့ သေချာပြောပါရဲ့ ညီမကအိပ်ငိုက်နေတော့ အဟိ သိပ်မသိလိုက်ဘူး ယေဘူယျသိလိုက်တာကတော့ ကုသိုလ် လုပ်လို့ပြောချင်တာထင်တယ် ကွန့်မန့်ပေးတဲ့ ကိုကို မမ တွေ အားလုံးကျေးဇူးပါ :P

ဝက်ဝံလေး said...

အဖြူရောင် မေတ္တာ http://sonesiyar.blogspot.com/ သူကပြောတယ်
ဘုရား တစ်ဆူဆူ ပွင့်ဖို့ ဆိုတာက ကြားကာလမှာ အချိန်တွေ အများကြီးကြာတယ်၊ ဘ၀ပေါင်း မရေမတွက်နိုင်အောင် ကြာတယ် ဆိုတာ သိပြီ့းသား ဖြစ်မှာပါ။ အရိုးပုံ ၁၃ မိုင် တက်တယ်လို့ စာမှာတော့ လာပါတယ်။ ဒါကို နောက်ဘုရား ပွင့်တာကို ဖူးဖိုရည်ပြီး ကုသိုလ်ပြုရင်တော့ သံသရာ ရှည်ကြောင်း ဆုတောင်းသလို ဖြစ်ပါလိမ့်မယ်။ အဓိကက ယခုဘ၀ လူလာဖြစ်တုန်း၊ ဘုရား သာသနာနဲ့ကြုံတုန်းမှာ ခန္ဓာအစဉ် ပြတ်အောင် အားထုတ်ဖို့ပါ။ လှူမယ် ဆိုရင်တောင် နောင်ဘုရားကို ဖူးဖို့ မရည်ပဲ နိဗ္ဗာန်ရည်ပြီး လှူဖို့ အကြံပေး ပြောပါရစေ။ နိဗ္ဗာန် ရည်မှန်းပြီးပဲ လှူဒါန်း သင့်ပါတယ်။ နောင် ဘုရား ပွင့်တာကို ဖူးဖို့ ရည်ပြီး မလှူဒါန်းသင့်ပါဘူး။ ကျွန်တော်တို့တတွေ ဘုရားအဆူဆူနဲ့ လွဲခဲ့ပြီးပါပြီ။ နောင်ဘုရား ပွင့်တဲ့ အချိန် ကိုယ်က သုဂတိဘုံမှာ မရှိဘဲ အပါယ်ဘုံ ရောက်နေရင် ဘယ်လို လုပ်မလဲ အစ်မ။ စဉ်းစားကြည့်ဖို့ပါ။ .. ခင်မင်စွာဖြင့်.. ဖိုးသား

သူပြောတာ မှန်ပါတယ် ဒါပေမယ့် ညီမတို့ ပုထုဇဉ်လူသားတွေက သံသရာကနေမလွတ် နိုင်ကြသေးတော့ ကောင်းမှုကုသိုလ်လုပ်လို့ပြောတာပါ ဒါမှ နောက်ဘုရားကို ဖူးနိုင်မယ်လို့ပြောတာ ပါ သဘောထားတွေ ကွဲလွဲသွားရင် ဆော်ရီးပါပဲ