သင်္ချာ အချိန်ပြီးတော့ gym မှာ သွားဆော့တယ် ထုံးစံအတိုင်းပေါ့လေ အင်္ကျီလဲပြီးတော့ မျက်မှန်လေးကို စာအုပ်ပေါ်မှာ တင်ထားခဲ့တယ် ပြီးတော့ ၁ နာရီလောက် ကစားတယ်လေ (အဲဒီလောက်မှ မဆော့ရင်လဲ လူလဲလုံးတုတ်ဖြစ်နေပြီ သူငယ်ချင်းတယောက် ဒီလိုခေါ်တယ် ရှင်ဂွမ်းဂွိ တဲ့ လူကိုများ ဟင်းးး ) ခဏနေတော့ အကိုတော် ရောက်ချလာတယ် သူလဲဆော့တယ် သူလဲ ဝ တယ် မီး တို့အမျိုးတွေက ဝ မျိုးတွေလေ ဝ ကြတယ် အဟိ အကိုက နောက်မှရောက်လာတော့မပြီးသေးဘူး ဒါနဲ့သူ့ကို library စောင့်မယ်ဆိုပြီး အဝတ်အစားလဲပြီး library သွားတာပေါ့ ဟိုရောက်တော့မှ မျက်မှန်မပါမှန်း သတိရပြီး gym ကိုပြန်လာပြီး မျက်မှန်ရှာတာပေါ့လေ မတွေ့ဘူး ရှင်းနေတာပဲ ဘာမှကိုမရှိတာ မျက်မှန်နဲ့ တူတာဆိုလို့ အဲဒီက staff လေးကို
" ငါ့မျက်မှန်တွေ့မိလား ငါပျောက်နေလို့ " လို့မေးတော့ သူလဲ ကူရှာပေးမယ် မတွေ့ဘူး စိတ်ပျက်ပျက်နဲ့
" ဒါဆိုလဲ မျက်မှန်တွေ့ရင် သိမ်းထားပေးပါ " လို့ပြောလိုက်တယ်အကို့ကို ပြောတော့ အကိုက
" နင် သင်္ချာ အတန်းမှာ ကျန်ခဲ့လား မသိဘူး သွားကြည့် " တဲ့ ဒါနဲ့ သွားတော့ Martin ( maths tutor ) က နောက်တတန်းတောင် စ နေပြီ
" ငါ့မျက်မှန် ကျန်ခဲ့လား မသိဘူး တွေ့မိသေးလား " လို့မေးတော့ သူ က
" မတွေ့ဘူး Sky ပျောက်နေရင် reception မှာ သွားပြောထားလိုက်လေ " တဲ့ ဒါနဲ့ reception ကို ဒိုးရတာပေါ့ စိတ်ကို လေ တယ် ဂယ်ပဲ မျက်မှန်မရှိရင် လူက မမြင်ရဘူး အဝေးကြည့်ဆိုတော့ ပိုဆိုးတယ် အဲဒီနေ့က ကောင်လေး ချောချောလေး တွေကို ကောင်းကောင်းမငမ်းလိုက်ရဘူး (အဲလေ အမှန်တွေလျှောက်ပြောမိကုန်ပြီ)ခဏနေတော့ အန်တီတို့လာကြိုတယ် အန်တီိ့ကိုပြောလိုက်တယ်
" အန်တီ မီး မျက်မှန်ပျောက်သွားလို့ " ဆိုတော့ အန်တီက
" ဘယ်လိုလုပ်မလဲ စာမေးပွဲကလဲ နီးနေပြီ မျက်မှန် အသစ် ထပ်လုပ်ဖို့ appointment က ယူရဦးမှာ ကြာဦးမှာ ဒီကြားထဲ သမီးဘယ်လိုလုပ်မလဲ " တဲ့ လူလဲငိုချင်ရော ဦးလေးက
" ဘယ်မှာပျောက်တာလဲ " တဲ့
" gym မှာပျောက်တာ " ဆိုတော့
ကိုကို " နင်က သေချာလို့လား မသေချာပဲနဲ့ gym ပဲစွတ်ပြောနေတယ် " တဲ့
ဦးလေးကလဲ " ဟုတ်တယ် ဒီကောင်မလေးက ဘာမှသေချာတာဟုတ်ဘူး " တဲ့ ကဲ ကောင်းရော အဲလိုမျိုး မီးပြောသမျှကို ယုံကြတာ စိတ်ညစ်ရတဲ့ အထဲ ဒါနဲ့ ဘာမှပြန်မပြောတော့ဘူး အန်တီက အိမ်ရောက်ရောက်ချင်း ပဲ appointment လုပ်ပေးတယ် ဆရာဝန်နဲ့တွေ့ပြီး မျက်စိစစ်ဖို့က တပတ်လောက်နေမှတဲ့ အင်းး ဒီကြားထဲ ဘယ်လိုစခန်းသွားရမလဲ မသိ စိတ်ညစ်တယ်
နောက်နေ့ကျတော့ Bio tutor က Cell လေးတွေ အလုပ်လုပ်တာ ကို video ပြတယ်လေ မျက်မှန်မရှိဘူး မမြင်ရပါဘူးဆိုနေမှပဲ မနည်းလိုက်ကြည့်ရတယ် မှုန်တာ နော် နောက်ရက်ကျတော့ Paul (English tutor) အချိန် စိတ်ပိန်ပိန်နဲ့ (လူတော့ မပိန်ဘူး ) အတန်းထဲ အစောကြီးရောက်နေလိုက်တယ် ကိုကိုကတော့ ဘယ်မှာလဲမသိဘူး သိလဲမသိချင်ဘူး ခဏနေတော့ ကိုကိုကပြောတယ်
" ဟဲ့ နင့်မျက်မှန်ကို gym mananger ဆီမှာ သွားယူလိုက် သူ ငါ့ကို ပြောတယ် ပြန်တွေ့ပြီတဲ့ " ဒါနဲ့ gym ကို အပြေးအလွှား သွားတာပေါ့ gym mananger က
" ရော့ နင့်မျက်မှန် သူများ အိတ် ထဲရောက်နေတာ သူက လာပြန်ပေးသွားတယ် " တဲ့ ဒါနဲ့သူ့ကို ကျေးဇူးတင်စကားပြောပြီး reception ကိုသွားလိုက်တယ် ဟုတ်တယ်လေ မျက်မှန်ပြန်တွေ့ကြောင်း သတင်းပေးရဦးမယ်လေ ဟုတ်ဘူးလား
အဲလိုပါဆိုနေမှ ကိုယ့်မျက်မှန် တခုလုံး သူများအိတ်ထဲပါ သွားတာလေ ကိုကိုကတော့ ပြောမဆုံးဘူး
" နင်ဟာလေ လူတွေအကုန်လုံးကို ဒုက္ခလိုက်လျှောက်ပေး သိလား " တဲ့ ဘာပဲပြောပြော တော်သေးတယ် မျက်မှန်ပြန်ရလို့ မဟုတ်ရင် မြင်ရမှာ မဟုတ်ဘူး ခွီးခွီး
အဲဒါ အဖေကသိတော့ ပြောပါလေရော " သမီးအဲလိုနမော်နမဲ့မလုပ်ရဘူးလေ ကိုယ့်ပစ္စည်းကိုယ် သေချာသိမ်းမှပေါ့ " တဲ့
မမမျက်မှန်လေး ရေ အမက မျက်မှန်လေးအကြောင်းရေးတော့ ညီမကလဲ မျက်မှန်ပျောက်တဲ့အကြောင်းရေးတယ် မမရေ အဟ ဘာမှတော့မဆိုင်ဘူး ဒါပေမယ့် ရေးစရာမရှိလို့ ဟိဟိ
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



9 comments:
အခုကောမျက်မှန်လေးကိုရှာတွေ့ ပြီလား
ပြော
း)
တွေ့ပြီ ကိုဝသန်ရေ အခုတော့ ကြည်ကြည်လင်လင်မြင်ရပြီ ဗျိုးးးးး
ညလေးရေ လေးလုံးလေးလား
မမမြူးလဲ ကားမောင်းရင်တတ်ရတယ်
အဝေးမုံလေးပေါ့...စာလေးဖတ်သွားတယ်
ပျော်ရွှင်ပါစေညလေး တာ့တာ
အော်....လေးလုံးလေးပေါ့..ခစ်ခစ် :P
နောက်ဆိုလည်ပင်းမှာ ဆွဲထားနော်...ဒီတခါဆို မလွယ်ဘူး... :P
ငှက်ကလေးနဲ့ မျက်မှန်ပျောက်နေပုံလေး က ချစ်စရာလေး...
နောက်တခါ မျက်မှန်လေးကိုလဲ
ဖုန်းတလုံးဝယ်ပေးထားလေ
ပျောက်ရင် ဖုန်းခေါ်လို့ရအောင်း)
ဒါမှ မဟုတ် GPS တက်ထားလိုက်လေ
ညီမလေး မျက်မှန်ရှာနေပုံကြည့်ရတာ
လုံးတုံး လုံးတုံးနဲ့ နေမယ် စည်ပိုင်းလေး လိမ့်လာသလိုပေါ့။
ခင်လို့စသွားတယ် မကျေနပ်ရင် လာပြန်စ ဒါဖဲ
တားတားယေးက နယ်နယ်ယေးဖဲ ရှိတေးတယ် မမရ :D
16 နှစ်ကို တရက်လားဖဲ ကျော်တေးဒယ်ရော်
ခင်တယ် မောင်ယေး ဖိုးဂျယ်
မနက်လေးကတင်ရောက်သေးတယ် ခုတော့ သူက ဒီဇိုင်းသစ်နဲ့ အိမ်ကို ဆေးတွေဘာတွေသုပ် .... အမိုးတွေ ဘာတွေမိုးလို့ .. လှချင်တိုင်းကို လှနေတာပဲ ..အရင်က စာကို လာသာဖတ်ရတာ အမှန်အတိုင်းပြောရရင် ဖတ်ရတာ သိပ်အဆင်မပြေချင်ဘူး .. မျက်လုံးကလည်း သိပ်မကောင်းဘူးလေ .. အနီးမှုန် အဝေးကန်း :D ခုလိုမျိုးလေး ဆိုဒ်ကိုချဲ့ ၊ ဖောင့်တွေပါကြီးပေးလိုက်တော့ တော်တော်လေး အဆင်ပြေသွားတယ် .... နောက်ဆို အေးဆေး ဖတ်လို့ရပြီ ... စကားမစပ် ဒီကရေး တော်တော်ဆိုး .. ကိုယ့်မျက်မှန်ကို ကိုယ်သေချာ သိမ်းဘူး .. နောက်ဆို နာမယ် ကြိမ်လုံးကြီးကြီးနဲ့ ရိုက်ခံရမယ် :D
ဟားဟားး။။
နောက်တခါဆိုရင် မျက်မှန်လေးကို မျက်စိအောက်က အပျောက်ခံနဲ့နော်
စာရေးကောင်းတယ်ဗျ
Post a Comment