ဒီနေ့ဟာ မိုးမရွာခဲ့ဘူး အန်တီတို့လဲ အပြင်မသွားခဲ့ဘူး ဆိုရင် ဒီလိုဖြစ်လာစရာ အကြောင်းမရှိပါဘူး
ဂျိုးဂျိုးမှာ အမရှိတယ် သူ့နံမည်က ဆူး တဲ့ ဂျိုးဂျိုးထက် ၂ နှစ်ကြီးတဲ့ အပြင် ဂျိုးဂျိုးက သူ့ကိုကြောက်ရတယ် သူ ဘာခိုင်းခိုင်း လုပ်ပေးရမြဲပါပဲ အခုလဲ သူ ခေါ်လို့ ဂျိုးဂျိုး တို့ ထပ်ခိုးပေါ် ရောက်ခဲ့ကြတာပါပဲ သိတဲ့အတိုင်းပဲ ထပ်ခိုးက မသုံးတာ ကြာတော့ ဖုံတွေနဲ့လေ ဆူး က ရှေးဟောင်း သေတ္တာ ကြီးကို ဟိုမွှေဒီမွှေ လုပ်နေတယ် အဲဒီ သေတ္တာ က အဘိုးရဲ့ သေတ္တာပါ။ အဘိုးက ခရီးသွားရတာ ဝါသနာ ပါတယ်လေ သူ ခရီးက ပြန်လာရင်လဲ တခုခုတော့ ပါလာစမြဲပါပဲ ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာလဲ ဝါသနာပါတယ်လေ ဂျိုးဂျိုးက ဘာသိမှာလဲ ဒါနဲ့ ရပ်ကြည့်နေတာပေါ့ ဆူး ဘာလုပ်နေလဲဆိုတာ ခဏနေတော့ အရုပ်တရုပ်ထွက်လာတယ် ဒါနဲ့ ဂျိုးဂျိုးက မေးတယ် " အဲဒါ ဘာလဲ ဆူး" ဆူးက အရုပ်ကိုသေချာကြည့်ပြီး
" ငါထင်တာ မမှားဘူးဆိုရင် ဒီအရုပ်ဟာ ဗူးဒူး အရုပ်ပဲ"
ဂျိုးဂျိုးက " အဲဒီ ဗူးဒူး အရုပ်က ဘာလုပ်လို့ရလို့လဲ ဆူးရ"
" ခဏနေဦး အရေးကြီးတဲ့ ဘယ်လိုအသုံးပြုရလဲဆိုတာ ရှာလိုက်ဦးမယ် " ဆိုပြီး ဆက်ပြီး မွှေနေတယ် ခဏကြာတော့ ဆူး က " ဟေးးး တွေ့ပြီဟေ့ ဒါကအရေးအကြီးဆုံးပဲ"
စာက ဟောင်းနေပါပြီ ဒါပေမယ့် ဖတ်လို့တော့ ရပါသေးတယ် စာထဲမှာ ဘာရေးထားလဲဆိုတော့
" ဗူးဒူး အရုပ်ပေါ်ကို အသုံးပြုချင်တဲ့ လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ကို ကပ်ပြီး အသုံးပြုရမှာဖြစ်ပါတယ် " အဲလိုရေးထားတယ် ဒါနဲ့ ဂျိုးဂျိုးက " ဆူး အဲဒါ ဘာဆိုလိုတာလဲ " ဆိုတော့ ဆူးက မဲ့ပြုံးပြုံးပြီးတော့ ဂျိုးဂျိုး ကို ခိုင်းတယ် " ဂျိုးဂျိုး သွား အန်ကယ် ဟန်နရီ ရဲ့ ခေါင်းပေါ်က ဆံပင်မွှေး နဲနဲ သွားယူလာခဲ့ "
ဂျိုးဂျိုး လဲ ဆူး ရဲ့ စကားကို မလွန်ဆန်နိုင်တာနဲ့ အန်ကယ်လ် ဟန်နရီ ဆီကို ထွက်လာခဲ့တယ် သူက အိမ်ရဲ့ မာလီပါ အန်ကယ်လ် ဟန်နရီ အနောက်ကနေ သူ့ဦးထုပ်ကို ဆွဲချွတ်လိုက်တယ်
အန်ကယ်လ်က " ဟေ့ ကလေးမ ငါ့ ဦးထုပ်ပြန်ပေး " ဆိုပြီး လိုက်တောင်းတယ် ဒါနဲ့ ဂျိုးဂျိုးလဲ ဦးထုပ်မှာ ကပ်နေတဲ့ ဆံပင် ၃ ၄ ပင်ကို မသိမသာ ယူပြီးတော့ အန်ကယ်လ့် ကို ပြန်ပေးလိုက်တယ် ပြီးတော့ ဆူး ဆီပြန်လာပြီး ပေးလိုက်တယ် ဆူးက အဲဒီ ဆံပင်ကို ဗူးဒူးအရုပ်ရဲ့ ရင်ဘတ်မှာ ကပ်ပြီး အပ်လေးနဲ့ အရုပ်ရဲ့ ခြေထောက်ကိုထိုးလိုက်တယ်ဆိုရင်ပဲ အန်ကယ်လ် ဟန်နရီက " အားးးးး " လို့အော်ပြီး ဒူးကွေး ကျသွားတယ် ဒါနဲ့ ဂျိုးဂျိုး လဲ အရမ်းလန့်သွားတယ် ဆူး ကတော့ အောင်မြင်သူ ပြုံးတဲ့ အပြုံးနဲ့ ပြုံးနေတယ်
နောက်နေ့ကျောင်းသွားတော့လဲ ဆူး ဟာ အဲဒီ အရုပ်ကို အိတ်ထဲ ထည့်သွားတာ တွေ့ရတယ် ဒီနေ့နေ့လည်ကျတော့ ကေသီက နေမကောင်းလို့ ဆေးခန်းလိုက်ပို့ရတယ်လို့ ကြားလိုက်ရတယ် ကေသီဆိုတာ ဆူး တို့အတန်းထဲက စာတော်တဲ့ တယောက်ပါ ချောလဲချောတယ် ဒါနဲ့ ဂျိုးဂျိုးလဲ ချက်ချင်းပဲ ဆူး ဆီသွားပြီး
" ဆူး အဲဒါ နင်လုပ်တာလား " လို့မေးတော့
ဆူးက " ဒီကိစ္စ နင်မပြောရင် ဘယ်သူမှမသိဘူး နင်ငြိမ်ငြိမ်နေပါ နင့်ပါးစပ်ကို ပိတ်ထား နင့်ကို ငါမနာကျင်စေဘူး " လို့ပြောတယ်
ဂျိုးဂျိုးလဲ ဘာမှ ဆက်မပြောနိုင်တော့ဘူး ဒါပေမယ့်တော့ ဆူး ဒီလိုလုပ်တာကိုတော့ မကျေနပ်ဘူးပေါ့ နောက်နေ့တွေ နောက်နေ့တွေ သတင်းတွေ မရိုးအောင် ကြားနေရတယ် ဘယ်သူက ဘာဖြစ်ပြန်ပြီ အိမ်ပြန်သွားပြန်ပြီ ဆေးခန်းလိုက်ပို့ရပြန်ပြီဆိုပြီး နားနဲ့ မဆန့်အောင် ကြားနေရတယ် ဂျိုးဂျိုးဘာတတ်နိုင်မှာလဲ ဆူး ကိုကြောက်ရတာကိုး ဆူး ရဲ့ ရုပ်ကလဲ တနေ့တခြား ပြောင်းလဲလာသလိုပဲ မျက်စိထဲကြည့်ရတာ မကြိုက်ဘူး အရင်ကလို အပြစ်ကင်းစင်တဲ့ ဆူး မဟုတ်တော့ဘူး တနေ့တခြားပြောင်းလဲသွားပြီ
ဒီလိုနဲ့တနေ့ပေါ့ ဦးလေးက ဆူး ကိုရိုက်တယ် စာမေးပွဲအမှတ်တွေမကောင်းလို့ တဲ့ ဆူး က ဘာမှပြန်မပြောဘူး မျက်လုံးကြီးနဲ့စိုက်ကြည့်နေတယ် ကြောက်စရာကောင်းလိုက်တာ ဂျိုးဂျိုး အရမ်းကြောက်တာပဲ ဆူး ရယ်ဘာတွေဖြစ်နေတာလဲ ညကျတော့ ဦးလေး အခန်းထဲက အော်သံကြားလိုက်ရတယ် မနက်ကျတော့ ဦးလေး ဆေးရုံတင်ထားတယ်တဲ့ အန်တီက ပြောတယ် ဂျိုးဂျိုး အရမ်းအံ့သြသွားတယ် ဒါပေမယ့် ဘယ်သူလုပ်တာလဲ ဆိုတာ သိနေတယ် ပြောမထွက်ခဲ့ဘူး
တပတ်နေတော့ ဆူး က အမှိုက်ပုံးထဲက ခြေသည်းလက်သည်းတွေကို လိုက်ကောက်နေတာတွေ့တယ် ဂျိုးဂျိုးက " ဆူး ဘာလုပ်နေတာလဲ " ဆိုတော့
ဆူးက " ဒါက အန်တီရဲ့ လက်သည်း နင်နဲ့ အန်တီနဲ့ မနေ့က လက်သည်းညှပ်ထားတာ ငါသိတယ် ဒါကတော့ နင့်ရဲ့ လက်သည်း မနေ့က အန်တီ ငါ့ကို ဆူတယ် ငါမကျေနပ်ဘူး မနက်ကျလို့ အသံကြားရင် သွားမကြည့်နဲ့ အံ့သြစရာလဲမရှိဘူး " ပြောတဲ့ စကားတွေက ဆူး မှ ဟုတ်ပါလေစလို့ စိတ်ထဲက ထင်လိုက်မိတယ် ဂျိုးဂျိုး အရမ်းလဲ လန့်သွားတယ် ဒါနဲ့ ပြောလိုက်မိတယ်
" ဆူး ရယ် အန်တီက အမေလိုပဲ မိဘတွေ မရှိကတည်းက ငါတို့ကို ထိန်းခဲ့တာပဲ ဘာလို့...." ပြောလို့တောင်မဆုံးသေးဘူး မျက်လုံးစူးကြီးနဲ့ ဂျိုးဂျိုးကို ကြည့်ပြီး
"ဂျိုးဂျိုး ငါ့ဆီမှာ နင့်ရဲ့လက်သည်းလဲ ရှိတယ်နော် နောက်တခါ နင့်အလှည့်မဖြစ်ချင်ရင် ငါ့ကို ဘာမှလာမပြောနဲ့" ဂျိုးဂျိုး အဲဒီ ညက အိပ်လို့မပျော်ဘူး မနက်ရောက်မှာ ကြောက်နေတယ် ည ၂ နာရီလောက်တော့ တခုခုလုပ်မှ ဖြစ်မယ်ဆိုပြီး ဆူး အခန်းထဲကို ဝင်သွားတယ် ဆူးကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေရဲ့ သူ့ စားပွဲပေါ်မှာ စာရွက်လေးတွေနဲ့ သူမုန်းတဲ့လူတွေရဲ့ ခန္ဓာကိုယ်ပေါ်က ပစ္စည်းအချို့ကိုတွေ့လိုက်ရတယ် တွေ့ပါပြီ " မေရီ" လို့ရေးထားပြီး မီးခြစ်ဆံဘူးထဲမှာထည့်ထားတဲ့ လက်သည်းအချို့ ကိုတွေ့လိုက်ရတယ်ဂျိုးဂျိုးလဲ ပါလာတဲ့ လက်သည်းညှပ်နဲ့ ဆူး ရဲ့လက်သည်းတွေကို ညှပ်လိုက်ပါတယ် ပြီးတော့ အန်တီ့ရဲ့ လက်သည်းကို ဆူး ရဲ့ လက်သည်းနဲ့ လဲထားလိုက်တယ် " ခွင့်လွှတ်ပါ ဆူး ရယ် ဒီလိုမှ မလုပ်ရင် နင့်ကို ဘယ်လိုမှ ထိန်းလို့မရတော့လို့ပါ "
နောက်နေ့ကျတော့ " အားးးးးးးးး " ဆိုတဲ့ အသံကြီးကို ကြားလိုက်ရတယ် အန်တီနဲ့ ဂျိုးဂျိုး ရော အန်ကယ်လ် ဟန်နရီရော ဆူး အခန်းထဲ ဝင်သွားလိုက်တဲ့ အချိန်မှာတော့ ဆူး ဟာ ဗူးဒူး အရုပ်ကို လက်က ကိုင်ထားပြီး သတိလစ်နေတာကို တွေ့လိုက်ရပါတယ်
အခုတော့ ဆူး ဟာဆိုရင် ဆေးရုံမှာ Coma နဲ့ ကုတင်ပေါ်မှာလဲလျောင်းနေပါတယ် ဘယ်တော့ သတိပြန်ရလာမလဲ ဆိုတာ ဘယ်သူမှမသိပါဘူး ဒါပေမယ့် ဘာဖြစ်တယ်ဆိုတာကိုတော့ ဂျိုးဂျိုးက လွဲလို့ ဘယ်သူမှမသိပါဘူး
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



5 comments:
ဂျိုးဂျိုးက ပြန်မပြောပြဘူးလား
ရေးသားထားတာကောင်းပါတယ်
ခင်တဲ့အကို
ဝသန်မိုး
ဝန်ခံချက်
ဖတ်ဖူးတဲ့ ဘာသာပြန်ကို ပြန်ပြီး ဘာသာပြန်တာပါ ခွိခွိ
ဖတ်ပေးတဲ့ အတွက် ရှဲရှဲ နီနော်
စိတ်ဝင်တစားဖတ်သွားတယ်နော် ငှက်ကလေး...
ငှက်လေးရေ..
သူလုပ်တာသူ့ကိုပြန်ထိတာဘဲ။
မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးဆက်ကပြန်ကိုထိတာ။
အမလဲ စာလာဖတ်တယ် ငှက်ကလေးရေ၊ ညီမလေးက လင့်မထားခဲ့တော့ ရှာပီးလာတာ စီဘောက်ကလဲ ရေးလို့မရဘူး ဖြစ်နေတယ်
Post a Comment