Friday, 8 May 2009

မှန်

ဒါလီ ခေါင်းကိုက်နေတယ် မနေ့က သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ကမ်းခြေကို holiday ထွက်လာကြတာလေ မနေ့ ညက pub မှာ သောက်ပြီး ဒီနေ့တော့ ခေါင်းကိုက်တာနဲ့ လိမ္မော်ရည်ထိုင်သောက်နေလိုက်တယ် အေမီနဲ့ ဆာရာ ကတော့ တည်းခိုခန်းမှာ အိပ်ကျန်ခဲ့တယ်ဒါလီက သူ့ဘဝသူ မကျေနပ် ဖြစ်နေတယ် ရတဲ့လစာကလဲ နည်း holiday ထွက်တာတောင် ပိုက်ဆံကို ချင့်ချိန်နေရတော့ ဒေါသထွက်နေတယ် ဒီကြားထဲက ခေါင်းကလဲ တစစ်စစ်ကိုက်တော့ ပိုပြီးစိတ် မကျေမနပ်ဖြစ်နေတယ်လေ စိတ်ထဲမှာတော့ " ချမ်းသာတဲ့ယောက်ျားရရင် ပူစရာမလိုတော့ဘူး ငါချောတာပဲ ငယ်လဲငယ် တယ် အခုမှ ၂၃ ပဲရှိသေးတာ ဘီလျံနာကို ရှာယူမယ်"

အဲဒီအချိန်မှာ သူ့ဘေးနားကို အရိပ်တရိပ်ကျလာလို့ ကြည့်လိုက်တော့ အဘိုးကြီးတယောက် တုတ်ကောက်ကြီးကို အားပြုပြီး သူ့စားပွဲကို လျှောက်လာတယ် ပြီးတော့ ပြုံးပြီးတော့ " ဒီစားပွဲမှာ ထိုင်လို့ ရမလား" လို့မေးလိုက်တယ်
ဒါလီ ဝေ့ကြည့်လိုက်တယ် စားပွဲအလွတ်တွေ အများကြီးရှိရဲ့နဲ့ ဘာလို့များ သူ့ စားပွဲကို လာထိုင်ချင်ရတာလဲ ?ဒါလီ လဲ ယဉ်ကျေးစွာပဲ " ဟုတ်ကဲ့ ရပါတယ်" လို့ပြန်ဖြေလိုက်တယ် အဘိုးကြီးက အကောင်းစားရှန်ပိန်မှာတယ် စားပွဲထိုးကောင်လေးကို " ခွက်နှစ်ခွက် " လို့ပြောတယ် ဒါနဲ့ ဒါလီက " နေပါ ရပါတယ် ကျွန်မ ခေါင်းကိုက်နေလို့ အချိုရည်ပဲသောက်တော့မယ် " ဆိုပြီး ပြောတော့ အဘိုးကြီး က ခွက် ၁ ခွက်ပဲ မှာလိုက်တယ် ရှန်ပိန်ရောက်လာတော့ အဘိုးကြီးက ဒါလီ့ဘက်ကိုလှည့်ပြီး
" သေချာလား ရှန်ပိန်မသောက်ဘူး ဆိုတာ " လို့မေးတယ် ဒါနဲ့ ဒါလီ လဲပြုံးပြီး ခေါင်းညိမ့်ပြလိုက်တယ် အဘိုးကြီးက သူ့ကိုယ်သူ မိတ်ဆက်တယ် သူ့နံမည်က ဂျော့ တဲ့ အခု ပင်လယ်ကမ်းခြေမှာ အပန်းလာဖြေတဲ့ အကြောင်း လုပ်ငန်းတွေ ဘယ်လောက်ရှိတယ်ဆိုတဲ့ အကြောင်း ဒါလီ့ကို ပြောပြတယ် ဒါနဲ့ ဒါလီက လဲ သူ့ဘဝကို ရင်ဖွင့်ပြီးပြောတယ် သူက ဘယ်မှာ အလုပ်လုပ်တဲ့အကြောင်း အခု သူငယ်ချင်းနှစ်ယောက်နဲ့အတူ အားလပ်ရက်ထွက်လာတဲ့ အကြောင်း အလုပ်ကိုလဲ စိတ်ပျက်တဲ့အကြောင်း စသည်ဖြင့်ပြောတာပေါ့ ပြန်ခါနီးကျတော့ အဘိုးကြီးက ဒါလီကို သူ့ရဲ့ ဘန်ဂလိုကို လာခဲ့ဖို့ ညစာ လာစားဖို့ဖိတ်လိုက်တယ် ဒါလီလဲ ခေါင်းညိမ့် သဘောတူလိုက်တယ
်ညရောက်တော့ ဒါလီလဲ အကောင်းစား ညပွဲတက်တဲ့ ဂါဝန်ကို ဝတ်ပြီး အဘိုးကြီးရဲ့ ဘန်ဂလိုကို လာခဲ့တယ် အပေါက်ဝမှာ လူတယောက် က ကြိုနေတာကို တွေ့ရတယ် သူ့ကို တွေ့တော့ အဲဒီလူက အရိုအသေ ပေးပြီး
" ကျွန်တော့နံမည် ကယ်ဘင် လို့ခေါ်ပါတယ် ဆရာရှိတဲ့ နေရာကို လိုက်ပြပေးပါ့မယ် လိုက်ခဲ့ပါ " သူ့ကိုခေါ်သွားတယ် အဘိုးကြီးရဲ့ ဘန်ဂလိုဟာ ကမ်းခြေမှာရှိတဲ့ ဘန်ဂလိုတွေထက်အဆပေါင်းများစွာ ကြီးပြီးလှလဲ လှတယ် ဒါလီ အရမ်းသဘောကျသွားတယ် " ဒီဘန်ဂလိုကို ငါပိုင်ရင် " ဆိုတဲ့ အတွေးဝင်လာခဲ့တယ် အဘိုးကြီးနဲ့သူ နဲ့ ညစာစားပြီးတော့ အဘိုးကြီး က သူ့ရဲ့ ဘန်ဂလိုကို လိုက်ပြတယ် အခန်းတခန်းထဲရောက်တော့ မှန် အကြီးကြီးတချပ်ကို တွေ့တယ် ကိုယ်လုံးပေါ်မှန်ကြီးလေ ဘောင်တွေကွပ်ထားပြီး လှမှလှပဲ ဒါနဲ့ ဒါလီလဲ မနေနိုင်တော့ တာနဲ့ " လှလိုက်တာနော် " လို့ မနေနိုင်မထိုင်နိုင်ချီးမွမ်းမိတယ် အဘိုးကြီးက သူ့ကို မှန်ရှေ့ခေါ်သွားတယ် ပြီးတော့ သူ့ပခုံးပေါ်လက်တင်ပြီး
" ဒီမှန်က ငါ့အတွက် အရမ်းအရေးပါတယ် မင်းရဲ့ လှပ ပျိုနုတဲ့ ရုပ်ကို မှန်ထဲမှာ ကြည့်ကြည့်ပါ " လို့ပြောတယ် အဘိုးကြီးရဲ့ ဘန်ဂလိုက ထွက်လာပြီးတော့ ဒါလီ အရမ်းပဲ စိတ်ကြည်နူးနေတယ် ပျော်လဲ ပျော်မိတယ်
" ငါသာ အဲဒီလိုမျိုး ဘန်ဂလိုကြီးကို ပိုင်ခဲ့ရင် " ဆိုတဲ့ အတွေး ဒုတိယပ္မိ ပေါ်လာပြန်တယ်

" ဘာ နင် သူ့ကို လက်ထပ်မယ် ဟုတ်လား " ဒီစကားက အေမီနဲ့ ဆာရာ မတိုင်ပင်ပါပဲ ပြိုင်တူ ထွက်လာတဲ့ စကားပါ ဒါလီက သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်ပြီးတော့ " ဘာလို့ မဖြစ်နိုင်ရမှာလဲ " လို့မေးလိုက်တယ် အေမီက " နင်သေချာစဉ်းစားနော် သူက နင့်ထက် အသက် အများကြီး ကြီးတယ် ပြီးတော့ နင်နဲ့ သူနဲ့ က သိတာ လဲ ဘာမှကြာသေးတာမဟုတ်ဘူး "
ဒါလီက " သူက ချမ်းသာတယ်လေ ငါလိုချင်တာ ဘာမဆိုရမှာပဲ ဟာ "
ဆာရာ ကတော့ " ငါတော့ မစဉ်းစားတတ်တော့ဘူး ဟာ နင့် သဘောပဲလေ တားမရလဲ မတတ်နိုင်ဘူး " လို့ပြောတယ်
ဒါနဲ့ တပတ်ကြာတော့ ဒါလီ နဲ့ ဂျော့ လက်ထပ်လိုက်ကြတယ် အံ့သြစရာကောင်းလောက်အောင်ကို ဂျော့ ရဲ့ အိမ်ကြီးက ခန်းနားထည်ဝါလှပါတယ် သူတို့ အခန်းထဲမှာ မှန် ကြီးကို ချိတ်ထားတယ် ဂျော့ က ပြောတယ်
" ဒီမှန်ကို နေ့တိုင်းကြည့်ပေးရမယ် " လို့ပြောတယ် ဘာအဓိပ္ပါယ်မှန်းတော့ ဒါလီလဲ မသိဘူး မှန်ကြီးကလဲ လှ အိမ်ကြီးကလဲ လှတာပဲ သိတယ်
ဒီလိုနဲ့ တနေ့ကျတော့ ထူးထူးခြားခြား မှန်ထဲမှာ သူ့ရဲ့ မျက်နှာပေါ်မှာ အရေးအကြောင်းတွေကို တွေ့လိုက်ရတယ် ဒါလီ လန့်သွားတယ် " ဟယ် ဘယ်လိုဖြစ်တာလဲ ငါ့မျက်နှာပေါ်က အရေးအကြောင်းတွေက အရင်တုံးက ဒါတွေမရှိပါဘူး အခုကျမှ ဘယ်လိုဖြစ်ရတာလဲ " ဆိုပြီး သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေတယ်
" အရင်တုံးက နဲ့တော့ မတူ သေချာတယ် ခန္ဓာကိုယ်တခုလုံးလဲ ညောင်းညာကိုက်ခဲနေတယ် ဘာမှလဲမလုပ်ရပဲနဲ့ ဒုက္ခပဲ မနက်ဖြန်ဆိုရင် သူငယ်ချင်းတွေလာမှာ ဒီလိုရုပ်ကြီးနဲ့တော့မတွေ့ချင်ဘူး " ဆိုပြီး စိတ်ထဲမှာတွေးနေတယ် အဲဒီအချိန်မှာ ဂျော့ဟာ အားကစားလုပ်ပြီးရာကနေ ပြန်လာတယ် သူ့ကြည့်ရတာ အရင်ကထက်ပိုပြီး နုပျို သန်စွမ်းနေသလိုပဲ ဒါလီ မကျေနပ်နိုင်ဘူး ဖြစ်နေတယ်

" ဟယ် ဒါလီ နင်ဘယ်လိုဖြစ်တာလဲ ဟယ် နင့်ရုပ်ကလဲ အိုစာသွားလိုက်တာ ဟာ မတွေ့ရတဲ့ ဒီတလအတွင်းမှာကို နင်နေရောကောင်းရဲ့လား " ဆိုပြီး ဆာရာက မေးတယ
်ဒါလီက " ကောင်းပါတယ် လာ လေ ငါ့ရဲ့ အိမ်ကို လိုက်ပြမယ် " ဆိုပြီးခေါ်သွားတယ် သူတို့အခန်းထဲလဲရောရော အေမီက " ဟဲ့ ဒီမှန်ကြီးက ဘယ်လိုကြီးလဲ ကြောက်စရာကြီးပါလား ခြောက်ခြားစရာကြီးနော် " လို့ပြောတယ် ဒါလီက " လှပါတယ် ဘာဖြစ်လို့လဲ "
အေမီက " မသိဘူး ဒီမှန်ကြီးကြည့်ရတာ စိတ်ထဲမှာ တမျိုးကြီးပဲ ဘာလို့မှန်းကိုမသိဘူး " လို့ပြောတယ် ဒါနဲ့ သူငယ်ချင်း ၃ ယောက် နေ့လည်စာ အတူစားပြီး ညနေကျတော့ အေမီနဲ့ ဆာရာ ပြန်သွားကြတယ် နောက်နေ့မနက် ဒါလီသွားတိုက်တော့ သွားတချောင်းကျွတ်သွားတာကို တွေ့ရတယ် ဒါနဲ့ သွားဆရာဝန်ဆီ ဒါလီသွားခဲ့တယ် ဆရာဝန်က ဒါလီကို သွားပြန်တပ်ပေးပြီး " ဒီလိုအသက် အရွယ်မှာ ဖြစ်တတ်ပါတယ် သတိထားပါ " လို့ပြောတယ်
ဒါနဲ့ဒါလီက " ဆရာ ကျွန်မက အခုမှ ၂၃ ပဲ ရှိသေးတဲ့ဟာကို သွားက ကျွတ်ပြီလား " လို့မေးတယ် ဆရာဝန်က သူ့ကို တချက် စောင်းငဲ့ ကြည့်တယ် ပြီးတော့ ဘာမှမပြောပဲ ဝယ်ရမယ့်ဆေးစာ ကိုရေးပေးလိုက်တယ် အပြန်လမ်းမှာ ဒါလီ့ကိုပြောတဲ့ ဆရာဝန်စကား ကို ပြန်စဉ်းစားပြီး မကျေနပ်နိုင်ဘူး ဖြစ်နေတယ် တနေ့တခြား ဒါလီ့ရဲ့ရုပ်က အိုစာသွားသလိုပဲ တနေ့တခြား ဂျော့က နုပျိုလာတာကိုတွေ့ရတယ် အိပ်ယာပေါ်မှာ ထိုင်ပြီး မကျေမနပ်နဲ့ ဂျော့ ကိုပြောတယ် " ဂျော့ ငါ တနေ့တခြား အိုလိုက်လာတယ် နင်ကျတော့ နုပျိုနေတာပဲနော် " ဆိုတော့ ဂျော့က " ငါက အမြဲတမ်း နုပျိုနေတာပါ " လို့ပြန်ပြောတယ်
ဒါနဲ့ ဒါလီလဲ စိတ်တိုတိုနဲ့ လက်ထဲရှိတဲ့ ဘီးနဲ့ မှန် ကြီးကိုပစ်ပေါက်မယ်လုပ်တော့ ဂျော့ က အတင်းတားပြီး
" မလုပ်နဲ့ အဲဒီမှန်က ငါ့အတွက် အရမ်းအရေးကြီးတယ် " လို့ပြောပြီး သူ့လက်ထဲက ဘီးကို အသာချော့ယူပြီး မှန်တင်ခုံပေါ်တင်ထားလိုက်တယ်

သူ့ရဲ့ ခန္ဓာကိုယ်ကို ထမ်းစင်ပေါ်တင်ပြီး ခေါ်သွားကြပြီ ဆရာဝန်တွေက သတ်မှတ်တယ် " ဒီအသက် အရွယ် ဆိုတော့ ဦးနှောက်သွေးကြောပြတ်ပြီး သေတာ " တဲ့
ဒါလီပြောချင်နေတယ် သူဟာ အခုမှငယ်ငယ်လေး ပဲ ရှိသေးတယ် ဦးနှောက်သွေးကြောပြတ်တာ မဟုတ်ပါဘူး ဆိုတာ ကို လူတွေကို ရှင်းပြချင်တယ် ဒါပေမယ့် သူ ဘာတတ်နိုင်မှာလဲ အခုချိန်မှာ သူဟာ သေလူဖြစ်နေပြီပဲ

ဂျော့ရဲ့ ရုပ်ဟာဆိုရင် တကယ့်ကို ၂၀ ကျော်ကျော်လေးအတိုင်းကို နုပျိုသွားတာပါ သူ့ကို ဘယ်သူက မှ အသက် ၇၀ ကျော်အဖိုးကြီးဆိုတာ ယုံမှာလဲ ဂျော့ က သူ့ကိုယ်သူ မှန်ထဲမှာကြည့်ပြီးတော့ ကျေနပ်နေတယ် ကယ်ဘင်က " ဆရာ ဒီမှန်ကြီး ကို သိမ်းထားလိုက်ရတော့မလား " လို့မေးတော့ ဂျော့ က " အေး သိမ်းထားလိုက်ဦး အခုလောလော ဆယ် ငါမလိုသေးဘူး " မလိုသေးဘူးလို့ ပြန်ဖြေလိုက်တယ်

3 comments:

Anonymous said...

ခုနလေးကမှ ပြန်သွားတာ ဘလော့ link မှာ update တက်တာတွေ့လို့ ပြန်လာလိုက်တာ .. လျှို့ဝှက်ချက်တွေရှိနေသလိုပဲနော် .. တစ်ခုခုတော့ ရသွားခဲ့တယ် .. ငွေရဲ့ဖျားယောင်းနိုင်မှုလား .. ယောကျာင်္းတစ်ယောက်ရဲ့ ပြုစားနိုင်မှုလား .... မိန်းမတစ်ယောက်ရဲ့ လိုအင်ဆန္ဒလား ... ဒါမှမဟုတ် အားလုံးများလား .. ဘာသာပြန်ကောင်းပါတယ် ..

ဝက်ဝံလေး said...

အင်း အဘိုးကြီး ဆွဲဆောင် ကောင်းတာနေမှာပေါ့လေ အဲဒီမှန်မလိုချင်ဘူးလား ဟင် အမြဲတမ်းနုပျိုနေမယ့် မှန်လေ ဟဟဟဟ တို့တော့ မလိုချင်ဘူး သူများရဲ့ နုပျိုမှုနဲ့ ကိုယ့်ရဲ့ အိုမင်းခြင်းကို လဲလှယ်ပြီးတော့လေ

ကျေးဇူးပါ အားပေးတဲ့အတွက်

မယ့်ကိုး said...

ညီမလေး ဘာသာပြန်တာ ကောင်းတယ်။ အားပေးနေမယ်နော်။