Tuesday, 26 May 2009

အနာဂတ်သို့ အလည်တခေါက်

ကျွန်တော် အနာဂတ်ကာလကိုရောက်ဖူးတယ် အဲဒီမှာ နေ့လည်စာစားဖူးတယ် ဘာတွေရှိလဲဆိုတာကို တွေ့ခဲ့ရတယ် ဖြစ်နိုင်ရင် အဲဒီကနေပြန်မလာသင့်ဘူး
ကျွန်တော့နံမည် က ပရော်ဖက်ဆာ ဂျိမ်း။ အချိန်တွေရွေ့လျားပြောင်းလဲတာကိုလေ့လာတယ် မနှစ်က အချိန် ယန္တယား တခုကို ကျွန်တော် တီထွင်နိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ အခန်းထဲမှာ ကျွန်တော့်လိုပဲ ပရော်ဖက်ဆာ တယောက်ရှိတယ် သူ့နံမည်က ဟယ်တန် တဲ့ သူကတော့ လေဆာ လက်နက်ကိုစမ်းသပ်တီထွင်ဖို့ လုပ်နေခဲ့တယ်။
ဟယ်တန်က " မင်း ငါ့ရဲ့ လေဆာလုပ်ငန်းမှာ ကူသင့်တယ် မင်းရဲ့ ယန္တယားကြီး က အသုံးဝင်မှာ မဟုတ်ဘူး ဘာမှဖြစ်လာမှာလဲ မဟုတ်ဘူး အဲဒါကြီးနဲ့ အချိန်ကုန်မနေနဲ့ " လို့ သူကကျွန်တော့ကို ပြောတယ် သူမှားတယ် ကျွန်တော်မှန်တယ်ဆိုတာကို ယန္တယားကြီး တီထွင်ပြီးသိခဲ့ရတယ်။
ကျွန်တော့်ရဲ့ ယန္တယားကြီးကို Kronite X နဲ့ အသုံးပြုပြီး တီထွင်ခဲ့တာ ဖြစ်တယ် မကြားဖူးလို့ မအံ့သြပါနဲ့ ကျွန်တော်လဲ အဲဒီ atom ကို တခြားအာကာသ တခုကနေရခဲ့တာပါ ဒီကမ္ဘာပေါ်ကမဟုတ်ပါဘူး။ ကျွန်တော်ကံကောင်းတယ်လို့ပြောရမယ် အဲဒါက တခုပဲရှိတယ်။ တခြားယန္တယားတွေလိုပါပဲ စက်ထဲဝင်သွား ပြီး သွားချင်တဲ့ ခုနှစ် ရက်ကို နှိပ်လိုက်ရုံပါပဲ။ ဒါနဲ့ ကျွန်တော် ယုန်လေးနဲ့ စမ်းသပ်ကြည့်ခဲ့တယ်။ တနာရီအချိန်စောပြီး start ခလုတ်ကိုနှိပ်ခဲ့တယ်။ ရုတ်တရက် ယန္တယားကြီးပျောက်သွားတယ်။ ကျွန်တော်တနာရီကြာအောင် စောင့်နေခဲ့တယ် တနာရီပြည့်တော့ ပြန်ပေါ်လာတယ်။ အထဲက ယုန်လေးကလဲ ဘာမှမဖြစ်ဘူး ကျွန်တော့ကိုတောင် နှာခေါင်းလေး ရှုံပြီး ကြည့်နေတယ်။ ဒါနဲ့ ဒီယန္တယားကြီး အလုပ်လုပ်တယ်ဆိုတာကို ကျွန်တော်သိလိုက်ရတယ် ချက်ချင်းပဲ ဆိုင်းငံ့မနေပဲ စက်ထဲဝင်ပြီး သက္ကရာဇ် ၃၀၀၀ ကိုနှိပ်လိုက်တယ် စက်ထဲမှာစက်လှေကား သွားနေသလိုမျိုးခံစားလိုက်ရတယ် ပြီးတော့ အောက်ကို အရမ်းကြီးထိုးကျသွားတာကို သိလိုက်ရတယ် ခုနှစ်တွေက တရွေ့ရွေ့နဲ့ ၃၀၀၀ လဲရောက်ရော ရပ်သွားတယ်။ ဒါနဲ့ ကျွန်တော်လဲ ခန်းဆီးလေး ဖယ်ပြီး အပြင်ကိုကြည့်လိုက်တယ်။
မြက်ခင်းစိမ်းစိမ်းစိုစိုနဲ့ သစ်ပင်တွေ ဒရယ်တွေ ပြေးလွှားနေတာကို တွေ့လိုက်ရတယ်။ မြင့်မားလှတဲ့ ငွေရောင်အဆောက်အအုံကြီးတွေ တလက်လက်တောက်ပနေတာကို တွေ့လိုက်ရတယ်။ ဘာကားသံမှလဲ မကြားရပါလား အိုးးးး ငွေရောင်သဘောင်္ကြီး ကောင်းကင်ပေါ်မှာ ရွက်လွှင့်နေပါ့လား ဘာသံမှလဲမကြားရဘူး။ မထင်မှတ်စရာပါလား ကျွန်တော်ထင်ထားတဲ့ နောက်နှစ်ပေါင်းမှာ ဖြစ်လာမယ့် လန်ဒန်ရဲ့ ပုံစံဟာဆိုရင် လူသူထူထပ်ပြီး ကားသံတွေ ဆူညံနေလိမ့်မယ်လို့ထင်ထားတာ။လူတယောက်က ကျွန်တော့ဆီကိုရွေ့လာတာကိုတွေ့လိုက်ရတယ် သူ့ခြေထောက်က မြေကြီးကို ထိထားရုံပဲ လေထဲမှာ စကိတ်စီးနေသလိုပဲ။ အရပ်ရှည်ပြီး ခန့်ညားတဲ့ လူတယောက်ပဲ ဒါပေမယ့် သူ့အသားက ညိုတယ်
သူက " မင်းက ပရော်ဖက်ဆာ ဂျိမ်း ဖြစ်ရမယ် ဟုတ်လား တွေ့ရတာ ဝမ်းသာပါတယ် " တဲ့ ကျွန်တော်အံ့သြစွာနဲ့ သူ့ကို စိုက်ကြည့်လိုက်မိတယ် သူ ဝတ်ထားတာက အမဲရောင် ကုတ်အင်္ကျီနဲ့ ရွှေရောင် ဖိနပ်ကို စီးထားတယ် အဲဒီရွှေရောင် ဖိနပ်က မြေကြီးနဲ့ထိမနေဘူးနဲနဲလေး ကွာနေတာကို တွေ့လိုက်ရတယ်။
" ကျွန်တော့်နံမည်ကို ဘယ်လိုလုပ် သိနေတာလဲ " လို့အံ့သြစွာမေးလိုက်မိတယ်
သူက " ခန့်မှန်းကြည့်တာပါ ကျွန်တော် ခင်ဗျားရဲ့ စာအုပ်တွေကို ဖတ်ဖူးတယ်လေ "
" စာအုပ်ဘာစာအုပ်လဲ ကျွန်တော် ဘာစာအုပ်မှမရေးဘူး " ဆိုတော့
သူက " အခုတော့မဟုတ်သေးဘူးလေ ခင်ဗျားဒီကနေ ပြန်သွားပြီးရင် ရေးမှာ " တဲ့ ပြီးတော့ သူက သူ့ကိုယ်သူမိတ်ဆက်တယ် " ကျွန်တော့နံမည်က ချားလ် တဲ့ ကျွန်တော် ဒီမြို့မှာ နေပါတယ် " ဆိုပြီး ငွေရောင် အဆောက်အအုံကြီးတွေကို လက်ညှိုးထိုးပြတယ် " မြို့အနှံ့လျှောက်ပြရမလား " တဲ့ ဒါနဲ့ကျွန်တော်လဲ ခေါင်းညိမ့်လိုက်တယ် ကျွန်တော်တို့တွေ လယ်ကွင်းတွေကို ဖြတ်ပြီးသွားခဲ့ကြတယ် သူကတော့ သူ့ရဲ့ ရွှေရောင်ဖိနပ်လေးနဲ့ လျှောတိုက်ပြီးသွားတယ် မြို့ထဲလဲရောက်ရော အဆောက်အဦးကြီးတွေကလှမှလှ ရေပန်းလေးတွေ သံစဉ်လေးတွေနဲ့ သာယာနာပျော်ဖွယ်ကောင်းလှတယ် လူတွေက သူတို့ရဲ့ ရွှေရောင်ဖိနပ်လေးတွေနဲ့ လျှောတိုက်ပြီးသွားကြတယ် သူတို့အကုန်လုံး အသားက အညိုရောင်ပဲ အားလုံးကျန်းမာသန်စွမ်းပြီး ပျော်ရွှင်နေကြတယ် သူတောင်းစားလဲမတွေ့ရဘူး ဆင်းရဲသားလဲ မတွေ့ရဘူး လူတွေက ကျွန်တော့်ကိုကြည့်နေတာနဲ့ ချားလ် က
" ဒါပရော်ဖက်ဆာ ဂျိမ်းလေ သူက ငါတို့ဆီကို လာလည်တာ " လို့ မိတ်ဆက်ပေးတယ် လူတွေက ကျွန်တော့်ကို ပြုံးပြပြီးလက်ပြနှုတ်ဆက်ကြတယ်
" ဘာမြို့လို့ ခေါ်လဲ " လို့မေးတော့ သူက
" New London " တဲ့
" ဟင် ကျွန်တော် သိတဲ့ လန်ဒန်နဲ့လဲမတူပါလား "
" အင်းကျွန်တော်တို့ အရင်က ဟာတွေကို ဖျိုဖျက်ပြီး အသစ်ဆောက်ထားတာ ကြာပြီ " လို့သူကပြောတယ်
" လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ တုံးက Old London ကိုကျွန်တော် စာအုပ်ထဲမှာပဲ ဖတ်ဖူးတယ် စိတ်ဝင်စားစရာကောင်းတဲ့နေရာပဲ " လို့သူကပြောတယ်
" ဟုတ်တယ် " လို့ပြန်ဖြေလိုက်တယ် " နေ့လည်စာစားရအောင် " ဆိုပြီး ဆိုင်တဆိုင်ရဲ့ အပြင်ဖက်မှာ ဝင်ထိုင်လိုက်ကြတယ် သူက " grilled zerg ကိုစားကြည့် အရမ်းကောင်းတယ် " လို့ပြောတယ် ပြီးတော့သူက ဆက်ပြီးတော့ " ခင်ဗျားမှာ မေးစရာ မေးခွန်းတွေ အများကြီးရှိတယ်မလား "
" အင်း သိချင်တာတွေအများကြီးပဲ ကျွန်တော်သိချင်တာက ဒီမှာ သက်ကြီးရွယ်အိုတွေ မရှိဘူးလား "
" ရှိတယ် ကျွန်တော့်ကို ဘယ်လောက်လဲလို့ ခန့်မှန်းကြည့်စမ်းပါ နောက်နှစ်ဆိုရင် ကျွန်တော် အသက် ၁၅၀ ပြည့်ပြီ " တဲ့ သူ့ကို ကြည့်လိုက်တယ် မျက်နှာမှာ အရေးအကြောင်းလဲမရှိဘူး ၃၅ အပြင်မပိုဘူး
" မဖြစ်နိုင်တာ " ဆိုတော့ သူက
" ကျွန်တော်တို့ ဆေးတမျိုးကို ရှာတွေ့ခဲ့ကြတယ် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ် ဒီမှာရှိတဲ့လူတိုင်း အသက် ၃၀၀ အထိနေနိုင်တယ် " လို့သူကပြောတယ်
" ဒါပေမယ့် ဖျားတာ နာတောရော "
" ဒီမှာဘယ်သူမှ မဖျားဘူးသေလဲမသေဘူး နားလဲမလေးဘူး ကန်းလဲမကန်းဘူး ကျွန်တော်တို့ရဲ့ လက်တွေခြေတွေ တခုခုဖြစ်ရင် ခွဲခန်းထဲမှာ အသစ်တခုထပ်လုပ်ပေးတယ် "
" ကောင်းတာပေါ့ ဒါနဲ့ ဒီကလူတွေအကုန်လုံးအသား ညိုတယ်နော် ဘာလို့လဲ "
" လူမျိုးတွေ ရောကုန်ပြီလေ အမဲနဲ့အဖြူတွေရပြီး အညိုလေးတွေ မွေးလာကြတာလေ ခင်ဗျားတို့ဆီမှာ အသားအရောင်ခွဲခြားမှုရှိတယ် ဒီမှာမရှိဘူး " လို့သူကပြန်ဖြေတယ် " အိုး grilled zerg ရပြီ "
အဲဒီ grilled zerg ကိုရွှေပန်းကန်နဲ့ထည့်ထားပြီး လာချပေးတယ် အသားနဲ့တူတယ် လှီးပြီးစားကြည့်တော့ တော်တော်စားလို့ကောင်းတာပဲ ကျွန်တော်စားဖူးသမျှထဲမှာ ဒီအစားအစာက စားလို့အကောင်းဆုံးပဲလို့ မှတ်ချက်ချလိုက်မိတယ်
" ဘာသားနဲ့လုပ်တာလဲ "
" အသား ကျွန်တော်တို့ တိရိစ္ဆာန် တွေရဲ့ အသားကို မစားဘူး မမျှတဘူးထင်လို့ သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့ အပင်ကနေရတဲ့ဟာလေ အသားနဲ့အရသာတူတယ် အခုဆိုရင် ကျွန်တော်တို့က အသားစားဖို့အတွက် တိရိစ္ဆာန်လေးတွေကို သတ်စရာမလိုတော့ဘူး " လို့သူကပြောတယ် စားသောက်ပြီးတော့ ကျွန်တော်က ခုံပေါ်မှာ မှီပြီးစားမြုံပြန်နေလိုက်တယ် နေရောင်က မျက်နှာပေါ်ကို ကျလာတာနဲ့
" ဘာလို့ဒီလောက်တောင် နွေးနေရတာလဲ အခုက ဆောင်းရာသီမဟုတ်ဘူးလား ကျွန်တော်တို့ အချိန်နဲ့ အတူတူပဲမလား "
" ကျွန်တော်တို့ ရာသီဥတုတွေကို ထိန်းချုပ်လိုက်ပြီလေ အချိန်တိုင်းနေသာတယ် မိုးက ညကျမှရွာတယ် ခရစ်စမတ်ကျရင် နှင်းကျတယ် "
အိုးးကောင်းလိုက်တာ ဒီမှာ အဖျားအနာလဲမရှိ ဆင်းရဲမှုလဲမရှိ လူမျိုးခွဲခြားမှုလဲမရှိ နဲ့တော်တော်လေး နေချင်စရာကောင်းတာပဲ လို့ကျွန်တော် တွေးလိုက်မိတယ်
" စစ်တွေဘာတွေကော မဖြစ်ဘူးလား " ဆိုတော့
" ကျွန်တော်တို့ စစ်မဖြစ်တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်ကပဲလေ "
ဟ ဒါဆိုရင် ဟယ်တန်တီထွင်နေတဲ့ လေဆာလက်နက်က အလကားပဲ ဘာအတွက်လဲ သူကမှအသုံးမကျတာ လို့စိတ်ထဲကတွေးလိုက်ပြန်တယ် ပြီးတော့ သူ့ကို
" ဒီမှာ တော်တော် လေး နေလို့ကောင်းမယ့်ပုံပဲ ကျွန်တော်ဒီမှာနေချင်တယ် " ဆိုတော့သူက
" ဘာလို့မဖြစ်ရမှာလဲ ခင်ဗျားနေချင်ရင်နေပေါ့ " တဲ့ ဒါနဲ့ကျွန်တော်လဲ စဉ်းစားလိုက်တယ် အင်းဘာလို့မဖြစ်ရမှာလဲ ဟုတ်သားပဲ ငါ့မှာ မိသားစုလဲမရှိ ဒီမှာနေတာကမှ ပိုကောင်းမယ်လို့ တွေးလိုက်မိတယ် ပြီးတော့သူ့ကို " ကျွန်တော်ဒီမှာနေမယ် ဒါပေမယ့် ကျွန်တော် ပြန်သွားချင်သေးတယ် " ဆိုတော့ သူက
" ဘာလို့လဲ "
" တခြားသိပ္ပံပညာရှင်တွေကို ကျွန်တော် လုပ်နိုင်ခဲ့ကြောင်းကြွားချင်သေးတယ် "
" အဲဒီတော့ "
" ပရော်ဖက်ဆာ ဟယ်တန်ကို ကျွန်တော့်ရဲ့ အောင်မြင်မှုကို သိစေချင်တယ် ကျွန်တော် အချိန်ဖြုန်းနေတာ မဟုတ်ပါဘူး ဆိုတာကို လက်တွေ့ပြချင်တယ် "
" ခင်ဗျား မဟာအမှားကြီးကို လုပ်တော့မှာပဲ ဒါပေမယ့် မတားပါဘူး " ဆိုပြီး ကျွန်တော့ကို ယန္တယားကြီးဆီကို လိုက်ပို့ပေးတယ် သူ့ကို နှုတ်ဆက် အထဲဝင်ပြီး ကျွန်တော်တို့ အချိန်ကို နှိပ်လိုက်တယ် ခုနှစ်တွေ တရွေ့ရွေ့ပြုတ်ကျလာတာကို တွေ့လိုက်ရတယ် နောက် ပေါက်ကွဲသံကြီးကြားလိုက်ရပြီး ခတ္တအဆက်အသွယ်ပြတ်သွားခဲ့တယ် ကျွန်တော် နိုးလာခဲ့တယ် ဆေးရုံရောက်နေတာကို သိလိုက်ရတယ် ဟယ်တန်က ကျွန်တော့်ဘေးမှာ " ဘယ်လိုလဲ သက်သာရဲ့လား " ကျွန်တော့်ရဲ့ခြေထောက်တွေလက်တွေ နာနေတယ် ခြေထောက်မှာလဲကျောက်ပတ်တီးအဖွေးသားနဲ့
" ဘာဖြစ်တာလဲ " လို့မေးလိုက်တယ်
" ကျွန်တော်လဲ ခင်ဗျားကို အဲဒီအကြောင်းမေးမလို့ " တဲ့ဟယ်တန်ကပြောတယ် " ကျွန်တော့်ရဲ့ လေဆာနဲ့ လက်တွေ့ခန်းထဲမှာ စမ်းသပ်နေတုံး ရုတ်တရက် ခင်ဗျားရဲ့ စက်ကြီးပေါ်လာတယ်လေ ပြီးတော့ ပေါက်ကွဲသွားတာပဲ ကျွန်တော့်ရဲ့ လေဆာလဲ အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီ"
" ကျွန်တော့်ရဲ့ ယန္တယားရော "
" သူလဲပေါက်ကွဲသွားပြီ ခင်ဗျားအသက်ရှင်နေတာ ကံကောင်းတယ်မှတ်ပါ " ကျွန်တော် မျက်စိကို စုံမှိတ်ထားလိုက်မိတယ်
ဟယ်တန်က " အဆင်ပြေရဲ့လား ကျွန်တော် ဘာလုပ်ပေးရဦးမလဲ "
" ကျွန်တော့ကို ထားခဲ့ပြီးထွက်သွားပေးပါ " လို့ကျွန်တော် တောင်းဆိုလိုက်တယ်
ဟယ်တန်ထွက်သွားပြီ
ကျွန်တော့်ရဲ့ ယန္တယားကြီးကို ဘယ်လိုမှ ပြန်ဆောက်လို့မရတော့ဘူး kronite X ကမရှိတော့ဘူး ကျွန်တော်ပြန်မလာသင့်ဘူး အဲဒီမှာပဲနေသင့်တယ်

ကြယ်ကလေး က အသစ်မတင်ဘူးလားဆိုလို့ တင်လိုက်တာပါ
အမှားအယွင်းရှိရင်လဲ ပြင်ဖတ်ပေးပါဦးလို့
အားလုံးကို ကျေးဇူးတင်ပါသည်
ငှက်ကလေး ရဲ့ ကောင်းကင်ပြာ

6 comments:

မယ့်ကိုး said...

စာလေးက ကောင်းပါတယ်။ ရေးရင်းနဲ့  ညီမလေးနဲ့  ဘာသာပြန်ပုံ တွေ ပိုလိုကောင်းလာမယ်လို့  ယူဆအားပေးနေမှာပါ။

ဝသန်မိုး said...

ကောင်းတယ် ညီမရေ
ဆက်ရေး
ရေးရင်းရေးရင်းနဲ့ 
ဘာသာပြန် တာတွေ ပို ကောင်းလာလိမ့်မယ်

ဝက်ဝံလေး said...

အားပေးတဲ့အတွက် ကျေးဇူးပါ မမမယ်ကိုးနဲ့ ကိုဝသန်ရေ

Anonymous said...

အားပေးနေတယ် ဆက်ရေးပါ
ငှက်ကလေးရေးးးးးးးးးးးးးးးးးးးး

Anonymous said...

ညီမရေ ... နာမည်စိမ်းစိမ်းတွေ ပါနေလို့သာ ဘာသာပြန်မှန်း သိသာစေတာ . တစ်ခြားနာမည်တစ်ခုခုသာ ထည့်ရေးမယ်ဆိုရင် ကိုယ်တိုင်ရေးထားသလားလို့တောင် ထင်ရမလားသိဘူး .. ဒီပို့စ်လေးကို ဖတ်ရတော့ ဒဂုန်ရွှေမျှားရေးတဲ့ ဝတ္ထုတစ်အုပ်ရယ် ( နာမည်တော့ မမှတ်မိတော့ ) အဲ့ထဲမှာလည်း ဒီလိုပဲ အချိန်ကို ရွှေ့တဲ့ အကြောင်းရေးထားတယ် ... နောက်ပြီး မင်းလူရဲ့ အီးကော်လာ သူလည်း ဒီလိုမျိုးပဲ .. သာမာန်ဖြစ်ရိုးဖြစ်စဉ်တွေကနေ ကွဲထွက်ပြီး အတွေးအခေါ် ပုံစံသစ်လေးနဲ့ ရေးထားတယ် .. ညီမလေး ဘာသာပြန်တာ ကောင်းတယ် ... ဖတ်ရတာလည်း ချောတယ် .. ဘာသာပြန်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကိုယ်ပြန်ရမယ့် ဘာသာစကားမှာ ကျွမ်းကျင်နှံ့စပ်ဖို့လိုသလို ကိုယ့်မိခင်ဘာသာစကားကိုလည်း ကျွမ်းကျင်ပိုင်နိုင်ထားဖို့ လိုတယ် .. ညီမက အဲဒီ့ အရည်အချင်းတွေနဲ့ ပြည့်စုံနေပြီပဲ ... ရေးမှာသာရေး .. အားပေးနေတယ် ...

ဝက်ဝံလေး said...

အဟား ကိုနေဒေးသစ်ကြီး မြှောက်တာနဲ့လူတောင် အတော်မြောက်နေပြီ ဒဂုန်ရွှေမျှားဟာတော့ မဖတ်ဖူးဘူး မင်းလူရဲ့ အီးကော်လာတော့ ဖတ်ဖူးတယ် အကိုရေ အခုလိုအားပေးလို့ ကျေးဇူးတင်ပါတယ် library ထဲရောက်ရင်လေ စာအုပ်တွေရှာ ပြီးတော့ တကုတ်ကုတ်နဲ့ ဘာသာပြန်နေတာ ငှက်ကလေးရယ်ပေါ့ သူများတွေကတော့ ထင်မှာ စာကြိုးစားနေတယ်လို့ အဟိ
ဖတ်ဖူးတာတွေတော့ အများကြီးပဲ အဲဒါတွေ ပြန်ရရင် အချိန်ပေးရတယ်အကိုရ ဒါကြောင့် မို့လို့
ခိခိ အခုလို ကိုကို မမတွေ အားပေးတာကို ဖတ်ရတော့ အားတက်တယ်ဗျိုးးးးး
အားလုံးကို ကျေးဇူးတင်ပါတယ် ရှင်