ဆရာ့ နံမည်က ဦးသိန်းမြင့်တဲ့ ဆရာက ရယ်စရာတွေပြောတယ် အရမ်းရယ်ရတယ် ဆရာက ၉ တန်း သင်္ချာ သင်တယ်လေ သူသင် တာ နားလည်မလည်တော့ မသိဘူး ကောင်းကင်တို့ သူငယ်ချင်းတွေက တော့ သူ့အချိန်ဆိုရင် အရမ်းပျော်တာပဲ
ဆရာကပြောတယ် စာကို စာမေးပွဲ နားနီးမှ ကျက်တာထက်စာရင် အခုကတည်းက လုပ်ထားတော့ ကောင်းတာပေါ့တဲ့ ဆုံးမတယ်
သူတို့ အိမ်ဘေးနားက ကောင်လေး တဲ့ ၁၀ တန်း သင်္ချာ မဖြေခင် တညလုံး သင်္ချာထိုင်တွက်တာတဲ့ မနက် မိုးလဲလင်းရော ဂေါက်သွားတာ ပုဆိုးကြီး ကွင်းသိုင်းပြီး အိမ်ပတ်ပြေးနေတယ်တဲ့ သူ့အမေက ပြောတယ် သူ့သားကို ရွာသူ နှောင့်ယှက်တယ်တဲ့ ဆရာက ဘာပြောလဲဆိုတော့ သူ့သား ဒီလို ပုဆိုး ကွင်းသိုင်းကြီးနဲ့ ဘယ်ရွာသူမှ သူ့အနားမကပ်နိုင်ဘူး တဲ့ အဟိ
ဟုတ်လဲ ဟုတ်တယ် ဆရာပြောတာ ရွာသူ ရှက်သွားမှာပေါ့နော် ကပ်ချင်ရင်တောင်
ရယ်လိုက်ကြတာ ကျောင်းသားတွေ ဆို ဝက်ဝက်ကွဲ ပဲ ဟဟဟဟဟ
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



3 comments:
ဟဟဟ အဲဒီလိုရယ် သွားတယ်ဗျ
ငှက်ကလေး အနားမှာ မရှိလို.ပေါ့နော်
မဟုတ်ရင် ရှက်နေရမှာ
ဟာဟ စတာနော်
ငှက်ကလေးလား
ဝက်ကလေးလား
ရှုပ်ကုန်ပြီ။
ဒါဖြင့် ၀က်ကလေးကော
တစ်ညလုံး သင်္ချာထိုင်တွက်ဖူးလား။းဝ။
ပျော်ရွှင်ပါစေ။
Post a Comment