၂၀၀၆ ခုနှစ်
သူ့ကို ပိုး စ ပြီးသတိထားမိတဲ့ နေ့
အဲဒီနေ့က ပိုး ကျူရှင်နောက်ကျတယ်လေ သူလဲ အတူတူပဲ သူက
" ဒီနေ့နောက်ကျတယ်နော် " လို့ နှုတ်ဆက်စကား ဆိုလိုက်တယ် ပိုးလဲ သူ့ကို ခေါင်းညိမ့် ပြုံးပြပြီး ဝင်ထိုင်လိုက်တယ် ကျူရှင်ဆရာမက နံမည်ခေါ်တော့ သူ့နံမည်ကို မှတ်ထားလိုက်မိတယ် "စောလုံ "တဲ့ တိုင်းရင်းသားနံမည်လေးပဲ ကရင်ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်မိတယ် ၉ တန်းဆိုတော့ ကျူရှင်က တနေကုန်လေ မိုးလင်းကနေ မိုးချုပ် ထမင်းစားချိန် တွေ break time တွေမှာ တွေ့ရင် ပိုးကို ပြုံးပြတတ်တဲ့ သူ့ကို ခင်နေမိတယ် ပိုးလဲ ပြန်ပြုံးပြပါတယ် ပိုးမှာ သူငယ်ချင်း ၃ ယောက်ရှိတယ် ဖူးဖူး ဆွေဇင် ရယ် ချိုလဲ့ရယ်ပေါ့ ပိုး သူ့ကို ပြုံးပြတာ များလာတော့ ချိုက
" ပိုး နင်သူ့ကို စိတ်ဝင်စားနေလား "
"ဘာလို့လဲ ချို "
" နင် အရင်က အဲဒီလိုမှမဟုတ်တာ ယောက်ျားလေးတွေနဲ့ သိပ်ရောရော နှောနှော မရှိပါဘူး မလိမ်နဲ့နော် နင်သူ့ကို စိတ်ဝင်စားတယ်မလား " ပိုးလဲ ဘာမှမပြောနိုင်ပါဘူး ရယ်ပဲနေလိုက်တယ်
ဘာလို့လဲ သူ့ရဲ့အပြစ်ကင်းလှတဲ့ မျက်လုံးလေးတွေကြောင့်ဖြစ်မယ်ထင်တယ်
ပိုးတို့သူငယ်ချင်းတွေက ဒဂုံ (၁)ကလေ သူကတော့ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းကပေါ့ ကျောင်းမတူတော့ ကျူရှင်မှာပဲ တွေ့ခွင့်ရှိတယ်လေ
၅.၇.၂၀၀၆
အဲဒီနေ့က ပိုးအတွက် အမှတ်တရဖြစ်စေခဲ့တယ် ပျော်လဲပျော်ခဲ့သလို နဲနဲလဲ စိတ်ကသိကအောက်ဖြစ်ခဲ့ရတယ်
ဒီနေ့ စောပြီး ကျူရှင်ကိုရောက်နေနှင့်တယ် မေမေက သွားစရာရှိလို့ ဝင်ချသွားရင်းနဲ့လေ သူလဲ စောရောက်နေတာကို သတိပြုလိုက်မိတယ် ပိုးလဲ စာဖတ်နေလိုက်တယ် ခဏနေတော့ သူက ပိုးကို ချိုချဉ်လေး တလုံးလာပေးတယ် အသဲပုံချိုချဉ်လေး
" ရော့နင်စားဖို့" တဲ့ ပိုးမော့ကြည့်ပြီး သူ့ကို ပြုံးပြလိုက်တယ် ပြီးတော့
"ကျေးဇူးပဲ " လို့ပြောလိုက်တယ် အဲဒီတုံးက အသဲပုံချိုချဉ်လေးတွေခေတ်စားတယ်လေ ချိုချဉ်အခွံမှာ စာလေးတွေရေးထားတာလေ ပိုး ပျော်သွားတယ် သူ့ဘက်က ဇာတ်လမ်းတော့ စ ပြီဆိုပြီးတော့ပေါ့ ပိုးရဲ့ အပျော်တွေ ကြာကြာမခံလိုက်ပါဘူး ဖူးဖူးက တွေ့သွားပုံရတယ် ပိုးရဲ့ ဘေးနားမှာလာထိုင်ပြီးတော့
" ဒီချိုချဉ်ဘယ်သူပေးတာလဲ ပိုး "
" သူပေးတာ" ဆိုပြီး မေးငေါ့ပြလိုက်မိတယ် ဖူးဖူးက
" ဖူး စားချင်တယ် ပိုး " တဲ့ ဟာ ဘလိုင်းကြီးပါလား ဘယ်လိုကြီးလဲ ပိုးကို ပေးတဲ့ချိုချဉ်ကို ဖူး က စားချင်တယ် ဘာကြီးလဲ ပိုးက ဒီချိုချဉ်လေး တလုံးအတွက်နဲ့ ရန်မဖြစ်ချင်ဘူး သူငယ်ချင်း အချင်းချင်း အခင်အမင်လဲ မပျက်ချင်ဘူး နောက်ပြီး ဟင့်အင်းမစားနဲ့ အဲဒါ သူငါ့ကို ပေးတာဆိုပြီး အရှက်မရှိလဲမပြောချင်ဘူး ပိုးထင်တာ ဖူးဖူး စနေတာထင်နေတာနဲ့
" ဖူး စားချင်လဲ စားလေ " လို့ပြောလိုက်မိတယ် ချိုချဉ်ကို ဇာတ်ခနဲ ယူပြီး စားလိုက်တာကို တအံ့တသြ တွေ့လိုက်ရတယ် ပိုးလေ ဖူးဖူးကိုတော်တော် လေး ချဉ်သွားတယ် အဲဒီအကြောင်းတွေကို ဆွေဇင်နဲ့ ချို့ကိုပြောပြတော့ သူတို့က မကျေနပ်ကြဘူး
" ဟာ ဒီဟာမ က ဘလိုင်းကြီး ဘာကြီးလဲဟ စားချင်ရင် သူ့ဟာသူ ဝယ်စားပါလား ပိုး နင်ကလဲဘာလို့ သူ့ကို ပေးစားတာလဲ အတင်းပြန်လုပါလား ငါတို့သာဆိုရင် ပြန်လုမှာ ဟွန်းးးးး " တဲ့ ပိုး လဲ
" မဟုတ်ပါဘူး ဟာ သူငယ်ချင်းအချင်း အခင်အမင်မပျက်ချင်တာရယ်ကြောင့်ပါ ဘာမှတန်ဖိုးမရှိပါဘူး ဒီချိုချဉ်လေးက ဒါပေမယ့် သူ ဒီလိုလုပ်ဖို့တော့မကောင်းဘူးထင်တယ်နော် "
ဒီကိစ္စက ဒီမှာတင်ပဲပြီးသွားလိမ့်မယ်လို့ ပိုး ထင်ထားခဲ့မိတယ် ဒါပေမယ့် မှားသွားခဲ့တယ်
၁၃.၁၀.၂၀၀၆
အဲဒီနေ့ကို ပိုး ဘယ်လိုမှမေ့မရခဲ့ဘူး ဖူးဖူးက ဝမ်းသာအားရ ပိုးဆီလာပြီးတော့
" ပိုးရေ ဒီမှာ ကြည့်စမ်း စောလုံ ငါ့ကို စာပေးတယ် " လူကို ဘယ်လိုကြီးဖြစ်သွားမှန်းမသိဘူး ဖူးဖူးက ဖတ်ပြတယ် ကဗျာလေးပါ ဘယ်လိုလဲဆိုတာ ပိုး မမှတ်မိတော့ဘူး ဒါပေမယ့် ပိုး သိလိုက်တဲ့ ကဗျာရဲ့ အဓိပ္ပါယ်က သူ့ကို လွမ်းရင် လမင်းကြီးကို မော့ကြည့်ပါ သူကလဲ ဖူးကိုလွမ်းရင် လမင်းကြီးကို မော့ကြည့်မယ် တို့နှစ်ယောက်ရဲ့ အကြည့်တွေက လမင်းကြီးဆီမှာ ဆုံကြမယ် တဲ့ ပိုးရဲ့မာနကို အချိုးခံလိုက်ရသလိုပါပဲ ဒါဆိုသူက ငါ့ကို ကြိုက်တာမဟုတ်ဘူးပေါ့ ဒါဆိုရင် သူငါ့ကို ဘာလို့ကြည့်သေးလဲ ငါ့ကို ဘာလို့ချိုချဉ်ပေးသေးလဲ စတဲ့အတွေးပေါင်းများစွာနဲ့ ရင်ထဲမှာ ဗလောင်ဆူနေခဲ့တယ် ဒီအကြောင်းကို ချိုတို့ကို ပြောပြတော့ သူတို့က
" ငါတို့မယုံဘူး စောလုံကို နင်မေးကြည့်ပါလား ပိုး "
" ဘယ်တော့မှမမေးဘူး ငါအောက်တယ် ပြီးတော့ တကယ်လို့ ဟုတ်ပါတယ် ငါဖူးဖူး ကို စာပေးတာ ဟုတ်တယ်လို့ ပြောလိုက်မှာကို ငါမကြားချင်ဘူး နင်တို့လဲ မေးဖို့မကြိုးစားနဲ့ ငါ ရင်ထဲမှာ သူ မရှိတော့ဘူး အခုချိန်က စ ပြီးတော့ ဒါပဲ ငါ့ကို သူ့အကြောင်းမပြောနဲ့တော့ ဟာ ဒီနေ့က စပြီးတော့ "
အဲဒီနေ့က စ ပြီး ပိုး သူ့ကိုတွေ့ရင် ခပ်တည်တည်ပဲ ပြုံးလဲမပြတော့ဘူး သူ ပြုံးပြလဲ မျက်နှာလွှဲနေလိုက်တယ် ဒီလိုနဲ့ အတန်းတင်စာမေးပွဲကြီး ဖြေဆိုမယ့်အချိန်ကိုရောက်လာခဲ့တယ် ကျူရှင်တွေလဲပိတ်ပြီး သူနဲ့ မတွေ့ရတော့ဘူး
နွေရာသီဟာ ပိုးအတွက် တော်တော်လေးကို ပူလောင်ခဲ့ပါတယ် ပိုးရဲ့ရင်ထဲမှာ နွေဆယ်စင်း ပူနေသလို ခံစားခဲ့ရတယ် အပြင်မှာ ပူတာထက် ပိုးရဲ့ ရင်ထဲမှာ ပိုပြီးပူနေခဲ့တယ် သူ့အကြောင်းကို မတွေးဘူးလို့ဆုံးဖြတ်ထားပေမယ့် ရောက်ရောက်လာခဲ့တယ် စဉ်းစားလိုက်တိုင်း ပိုးရဲ့မာန ကို ရိုက်ချိုးလိုက်သလို ခံစားရတယ် မေမေက
" သမီး ဒီကျူရှင်ပဲ ဆက်တက်မလား " တဲ့ ပိုး သူနဲ့မတွေ့ချင်တော့ဘူး ဒါနဲ့
" အဲဒီကျူရှင် က အိမ်နဲ့ဝေးတယ်မေမေ သွားရလာရနဲ့ အိမ်နဲ့နီးနီးနားနား ကျူရှင်ပဲ တက်ချင်တယ် စာကျက်ချိန်ရအောင်လို့ " ဆိုတဲ့အကြောင်းပြပြီး အိမ်နားက ကျူရှင်မှာပဲ ပိုး တက်ခဲ့တယ် ဆွေဇင်နဲ့ ချိုလဲ့က တော့ အဲဒီကျူရှင်ပဲဆက်တက်ခဲ့ကြတယ် သူတို့ပြောပြချက်အရ စောလုံလဲ ကျူရှင်မတက်တော့ဘူးဆိုပဲ
သူ့သူ ဘာပဲဖြစ်နေနေ ပိုး နဲ့ မဆိုင်ဘူး မသိချင်ဘူး သွား
ဒီလိုနဲ့ ၁၀ ကျောင်းတွေပြန်ဖွင့်ခဲ့ပြီ အစပိုင်းတော့ တက်လိုက်နဲ့ နှစ်လယ်လောက်ရောက်တော့ ပျက်လိုက်ပေါ့ ဒီလိုနဲ့တနေ့ ချို့နဲ့ ဆွေဇင် ဆီက မမျှော်လင့်တဲ့ စကားကို ကြားလိုက်ရတယ် အဲဒီအချိန်မှာ ပိုး အရာအားလုံးနောက်ကျသွားခဲ့ပြီဆိုတာကို သိလိုက်ရတယ်
" ပိုး သေချာနားထောင်နော် ငါတို့ မနေ့က မျိုးဇင်နဲ့ စကားပြောဖြစ်တယ် " ပိုး မျက်နှာ ပျက်သွားမှန်း သူတို့ သိတယ် မျိုးဇင်ဆိုတာ စောလုံရဲ့ အခင်ဆုံးသူငယ်ချင်းလေ အမြဲတမ်း တတွဲတွဲပေါ့ ဒါနဲ့
" ငါတို့ ဆက်ပြောမယ် နင်သေချာနားထောင် ငါတို့မျိုးဇင်ကိုမေးတယ် စောလုံရောဆိုတော့ မသိဘူးတဲ့ ကျောင်းပြောင်းသွားပြီတဲ့ ဖုံးဆက်တာလဲ မရဘူးတဲ့ သူတို့ဒီလောက်ခင်တာကို သူ့ကိုတောင် ပြောမသွားလို့ သူတောင် တင်းနေတယ် ဒါနဲ့ သူကပြောပြတယ် စောလုံက ပိုးကိုကြိုက်နေတာ နင်တို့ သိလားတဲ့ ဒါနဲ့ ငါတို့က ဘာမှအပိုတွေလာပြောမနေနဲ့ နင့်စောလုံက ဖူးဖူး ကိုစာပေးတယ်ဆို အဲဒီကိစ္စကြောင့် ပိုး က စောလုံကို တင်းနေတာဆိုတော့ မျိုးဇင်က ဘာရယ် ဘာစာလဲ ဘာစာမှ စောလုံမပေးဖူးဘူး ဘယ်လိုမျိုးစာလဲ ဟိုလေ ကဗျာလေဟာ ဆိုတော့ သေပါလား စောလုံကဗျာလုံးဝမရေးတတ်တာ ငါအသိ နင်တို့ကို ဖူးဖူး နှပ်လိုက်ပြီနေမှာပေါ့ သူတကယ်ချစ်တာ ပိုး ပါဟာ ငါအသိဆုံးပါ တဲ့ "
အဲဒီစကားတွေကြားပြီး ပိုးဘယ်အချိန်ကတည်းက မျက်ရည်တွေ ကျနေမှန်းမသိဘူး ချိုနဲ့ ဆွေဇင်ကို ဖက်ပြီး ငိုမိတယ်
" ငယ်ကချစ် အနှစ်တရာ " တဲ့ အဲဒီစကားက ပိုး အတွက်တော့ အရမ်းမှန်ခဲ့တယ် ပိုး သူ့ကို တနေ့ မှမေ့မရခဲ့ဘူး ရင်ထဲမှာ အမြဲရှိခဲ့တယ် သူရယ် အခုချိန်မှာ ဘာတွေလုပ်ပြီးဘာတွေဖြစ်နေပြီလဲ
" ငါ နင့်ကို တွေ့ချင်တယ် စောလုံရယ် အခုချိန်မှာ ပြန်တွေ့ခဲ့ရင် ငါရဲ့ မာနတွေကို ခဝါချပြီး နင့်ကို ချစ်ကြောင်းငါပြောတော့မယ် အဲဒီ မာန တရားကြီးကို ငါမုန်းတယ် ငါ့ရဲ့ မာနကြောင့် နင်နဲ့ ငါနဲ့လွဲခဲ့ရတယ် "
အချိန်တွေကိုသာ နောက်ပြန်ဆုတ်လို့ ရရင် နင်နဲ့ ငါနဲ့ မျက်နှာချင်းဆိုင်ပြီး အဲဒီကိစ္စ ကိုဖြေရှင်းလိုက်မယ် အချိန်တွေရယ် နောက်ပြန်ဆုတ်ပေးပါ
ဝေဝါးခဲ့သော ခြေရာလေး
နင်ဟာ ငါပိုင်ဆိုင်ခွင့်မရှိတဲ့
ငါ့ရဲ့ ဒုတိယဘ၀ ဆိုတာ ယုံကြည်စေချင်တယ်။
ဖြားယောင်းမှုမရှိ၊ လှည့်စားမှုမရှိ
ပကတိရိုးစင်တဲ့ ချစ်ခြင်းမေတ္တာ သက်သက်နဲ့သာ
နင့်ကို ချစ်မိခဲ့တာပါ။
ရွေးချယ်နိုင်ခွင့်တွေ သိပ်ပြီးနည်းပါးလာတဲ့ဘ၀မှာ
နင့်ကိုချစ်တယ်ဆိုတာ ယုံပါ။
တကယ်တော့ တယောက်နဲ့တယောက်
မာနတရားတွေ တင်းခံပြီး
ညှိနှိုင်းယူဖို့ မကြိုးစားခဲ့ကြတာ ဆုံဆည်းခွင့်မရှိလို့ ပဲပေါ့။
ဆုံဆည်းခွင့်မရှိဘူးဆိုရင်လဲ ဒါဟာကံကြမ္မာပေါ့။
အတိတ်အကြာင်းကို ပြန်တွေးမိတိုင်း မျက်ရည် ၀ဲမိတတ်တဲ့
ငါဟာ နင့်ကို ဘယ်လိုမှ မေ့လို့ မရပါလား။
ကြည့်စမ်း ခုအချိန်ထိ နင့်ကိုငါ အမြင်ကတ်စရာကောင်းလောက်အောင်
ချစ်နေသေးတယ်နော်။
တော်ပါပြီ... တို့ နှစ်ယောက်ရဲ့ဆုံနိုင်ခွင့် ကိုတော့
ငါမယုံကြည် မမျှော်လင့်ရဲတော့ပါဘူးဟာ။
တချိန်ကမင်းရဲ့
............
ချစ်ခြင်းများစွာဖြင့်
ကဗျာလေးကို ဒီကနေ ယူပါတယ် ဖော်ပြခွင့်ပေးတဲ့ မမအိန်ဂျယ်ကျေးဇူးပါနော်
ဇာတ်လမ်းကို ဇာတ်လမ်းလိုပဲ ဖတ်ပေးကြပါနော် အပြင်မှာ အဲဒီဇာတ်ကောင်တွေ မရှိပါဘူး စိတ်ကူးယဉ် သက်သက်မျှသာ ဖြစ်ပါတယ်
ဆက်လက်ပြီး ကြိုးစားသွားပါဦးမယ်
ကျေးဇူးတင်ပါတယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 months ago



14 comments:
ဟေးးးးးးးးးးးးးးးးးးးး ၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁
ယောင်းလေးရေးးးးးးးးးးးးးးးး
ယောင်းမြူးရောက်တယ်နော်
တ့ာတာာာာာာာာာာာာာာာာာာာာာ
ချစ်တဲ့
ယောင်းမြူး
ဇာတ်လမ်းကောင်းလေးကို လာအားပေးတယ် ညီမလေးရေ... ဆက်ပြီး ကြိုးစားပါ့မယ် ဆိုတော့ နောက်ဇာတ်လမ်းလေးတွေကို စိတ်ဝင်တစားလည်း မျှော်နေတယ်။
အမြဲအားပေးလျက်
စာလာဖတ်တယ် ညီမရေ..
အားပေးမယ်နော်..း)
ကိုရင်နော်
ဇတ်လမ်းကို ဇတ်လမ်းလိုပဲဖတ်သွားပါတယ်း)
ကောင်းတယ်.. ငှက်လေးရေ... အားပေးနေတယ်
ဘာသာပြန်တွေလဲကောင်းတယ်။
(စာလည်း ကြိုးစားဦးနော်)
ဇာတ်လမ်းလိုရော ၊ ကဗျာ လိုရောဖတ်သွားပါတယ် ၊၊ တော်တော်အကျင့်ပုတ်တာပဲ ၊၊ ပေးမဆုံဘူး ၊ သူများ ချစ်ခြင်းကို ခွဲတယ် ၊၊ စောလုံက ၊ စလုံး မှာ ၊ စက်ပြင် နေတယ် ဟုတ်ပေါင်ယောင်လို့ စက်မှုအင်ဂျင်နီယာ ကြီးလုပ်နေတယ် ၊၊ ဖူးဖူးကိုလွမ်းလို့တဲ့ ညညဆို လမင်းကြီးကို ကြည့်ကြည့်ပြီး စကားတွေ ပြောနေတယ် (သူ့ကောင်မလေးနဲ့လေ ဟာဟ )
ဇာတ်လမ်းကောင်းလေး ၊ နောက်ထပ် အသစ်တွေ စောင့်မျှော်နေပါကြောင်း...
ဂွတ်ရှယ်ဘဲ၊ဖတ်လို့ကောင်းလိုက်တာ
ကောင်းတယ် ..... အားပေးနေပါတယ် ...
ငှက်ကလေးရေ
အရမ်းကောင်းတာပဲကွယ်....
အမြဲအားပေးနေမယ်။
စောလုံကခုဆို ကလေးအဖေ ဖြစ်နေပြီ ရန်ကုန်မှာ...ဟီဟီးးးးးးးးးးးးး
ပေါ်ကုန်ပြီ......
ငှက်မလေး.. အချစ်အကြောင်းတွေ ရေးလှချည်လား? ခံလဲ ခံစားတတ်တယ်၊ ဖတ်လို့ကောင်းတယ်၊ တကယ်ပဲ စိတ်ကူးယဉ်ထားတယ်ဆိုတာ ချင့်ယုံတော့မယ်၊
ဟီးးးးး ... ဝိုင်း မျှောက်နေကျတာ ငှက်ကို ...
တော်သေးတာပေါ့ .. အပြင်က တကယ့်ဇာတ်လမ်းသာဆို heart attack ဖြစ်လောက်ပြီ ... bird ကလေးရေ ...
ကောင်းတယ် သဘောကျတယ် .. တွေးတတ်တယ် ... များများလေး ရေး .. အမြဲ အားပေးမယ် ...
နေဒေးသစ်။
အချစ်စာရေးဆရာလုပ်စားတော့မယ်ထင်တယ်
ကို့ညီမလေးတော်၏
ယောင်းမြူးရေ ဘယ်သူမှမလုပါဘူး အေးဆေးပေါ့ ဟုတ်ဘူးငှားးးးး
မမမယ်ကိုး အမြဲတမ်းအားပေးနေတယ် ဆိုလို့ ကျေးဇူးတင်ပါသည်
ဦးနော်လဲ ကျေးကျေးပါနော် လာဖတ်တဲ့ အတွက်
မမနွေး စာမေးပွဲပြီးလို့ ကဲနေတာလဲ အဟားးးး
ကိုမင်းအိမ်ဖြူ အခု စောလုံကဘယ်မှာလဲတော့ညီမလဲ မသိပါ ဇာတ်လမ်းပါ နော်
မမမျက်မှန်လေး လာအားပေးတာ ကျေဇူးပါရှင့်
မမအိန်ဂျယ် အဟီးး ဟုတ်လား စောလုံက အခုအဲလိုလား သိဘူးလေ မမပြောပြမှပဲ သိတော့တယ် အဟက်
မင်း ဘာလဲ မနာလိုဖစ်နေတာလား ဟွန်းးး
ကိုနေဒေး နှလုံးရောဂါတော့ မဖြစ်ပါနဲ့နော် တော်နေ ငယ်နဲ့ ပြသနာရှင်းနေရမှာ စိုးလို့ အဟီးးးး
ကိုသားကြီးရယ် လိုပါသေးတယ် စာရေးဆရာမဖြစ်ဖို့ အဟီးးး အမြှောက်ကိုမခံတာ ငှက်တို့ ဟဟဟ
Post a Comment