လသာသော ညတည
မြေခွေးများရဲ့ ဆွဲဆွဲငင်ငင် အူလိုက်တဲ့ အသံဟာဆိုရင် ကြားရသူအဖို့ကျောချမ်းစရာ ကောင်းလှပါတယ် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ည ကို ဖြိုခွင်းလိုက်ပါတယ်
လူနှစ်ယောက်က အလောင်းတခုကို ထမ်းလာပြီး မြေကြီးပေါ်ကို ချလိုက်ပါတယ် အနောက်မှာလဲလူတွေ လိုက်ပါလာကြတယ် သူတို့တွေက တိရိစ္ဆာန်တွေရဲ့ အရေခွံကို အဝတ်အဖြစ်ချုပ်ဝတ်ထား ပြီး မျက်နှာမှာလဲ ဆေးရောင်စုံတွေ ခြယ်သထားကြတယ် လမ်းတလျှောက်လုံးလဲ ဝမ်းနည်းဖွယ်ရာ သီချင်းတွေကို သီဆိုလာခဲ့ကြတယ်
သူတို့သယ်လာတဲ့အလောင်းက သူတို့ ဘရင်ရဲ့အလောင်းဖြစ်ပြီး နောက်မှာ ဘုရင့်ရဲ့သားတော်က ခေါင်းငိုက်စိုက်ကျစွာ လိုက်ပါလာတာကိုတွေ့ရတယ် သားတော်ရဲ့ဘေးမှာတော့ သူတို့ကိုးကွယ်တဲ့ ဆေးဆရာက လိုက်ပါလာတယ် တနေရာအရောက် သူတို့မြေကြီးကိုတူးကြတယ် ပြီးတော့ ဘုရင်ကြီးကို မြုပ်လိုက်ကြတယ် ဘုရင့်ရဲ့ဘေးမှာ ကျောက်တုံးနဲ့လုပ်ထားတဲ့ ဇွန်းရယ် ရေခရားရယ် ထည့်ပေးလိုက်တယ် နောက်ဘဝ မှာသုံးရအောင် ဆိုတဲ့အယူနဲ့ပါ ဘုရင့်သားတော်ကတော့ ငိုနေတယ် ဆေးဆရာကတော့ မှော်စကားတွေ ရွတ်ဖတ်ပြီး ဘုရင်ကြီးကို မြေမြုပ်လိုက်တယ် ပြီးတော့ သူတို့ပြန်လာခဲ့ကြတယ် အပြန်လမ်းမှာ သားတော်က ဆေးဆရာကို
" အခု ငါ့အဖေ ဘယ်မှာလဲ "
" သူဝိဥာဏ်လောက ကိုလျှောက်လှည့်လည်သွားလာနေတယ် မပူပါနဲ့ တနေ့ကျရင် သူရဲ့ဝိဥာဏ်နဲ့ သူများ ခန္ဓာကိုယ် ကို ယူပြီး သူအိမ်ပြန်လာမှာပါ "
" ဘယ်တော့လဲ " လို့ သားတော်က စိုးရိမ်တကြီးမေးလိုက်တယ်
" သူမင်းကို ဒုက္ခမပေးနိုင်ပါဘူး နောင်နှစ်ပေါင်းအတော်ကြာပြီးမှပါ " လို့ပြန်ဖြေတယ် ဒီလိုနဲ့သူတို့အိမ်ပြန်လာကြတယ် အဲဒီညက သူတို့ စားပွဲသောက်ပွဲကြီးကို ကျင်းပကြတယ် နှစ်တွေ တစ်နှစ်ပြီး တစ်နှစ်ကုန်လွန်သွားပြီး နှစ်ပေါင်း ၂ဝဝဝ ကြာသော် အခါမှာ........
နှစ်ပေါင်း ၂ဝဝဝ တောင်ကြာပြီလို့ Dave တွေးလိုက်တယ်
" အိုးးး အတော်ကြာပြီပဲ " ဖန်ခေါင်းထဲရှိ အရိုးစုကို ငုံ့ကြည့်ပြီးတွေးလိုက်တယ် Stone Age Tony လို့တံဆိပ်တပ်ထားတဲ့ ဖန်အခေါင်းထဲမှာ ကျောက်တုံးနဲ့လုပ်ထားတဲ့ ဇွန်း ရေခရားနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို ပါ အရိုးစုနဲ့အတူတွေ့လိုက်ရတယ် အခေါင်းထဲ ထည့်ထားတဲ့ မြေအစိုင်အခဲတွေက အလောင်းကို ပျက်စီးယိုယွင်းခြင်းမှ ကာကွယ်ပေးထားတယ် သူ့ရဲ့အသားအရေက အညိုရောင်ပဲ မျက်လုံးတော့မရှိတော့ဘူး မျက်တွင်းဟောက်ပက်ကြီးပဲ ကျန်ခဲ့တော့တယ်
Dave ဟာ ပြတိုက်မှာ အလုပ်လုပ်ရတာကို သဘောကျတယ် ကျောင်းကထွက်ပြီးတော့ အခုမှ အလုပ်ဝင်ကာစ အလုပ်သမားလေးပေါ့Dave ကဒီလို ရှေးဟောင်းနှောင်းဖြစ် ရုပ်ထုရုပ်ကြွင်းတွေကို စိတ်ဝင်စားတယ် လေ ဒီပြတိုက်ထဲ ရှိတဲ့ အရာအားလုံးကို သူသဘောကျတယ် စိတ်ဝင်စားတယ် အဲဒီအထဲမှာတော့ ဒီ Stone Age Tony ကြီးကို သူအကြိုက်ဆုံးပဲ ဒီအရိုးခြောက်ကြီးက တော်တော် အသက်ဝင်တယ်လို့ သူထင်တယ် သူတင်မဟုတ်ပါဘူး ပြတိုက်ကို လာကြတဲ့ ဧည့်သည်တွေလဲ အဲလိုပဲ ထင်ကြတယ် ဒါကြောင့်လဲ တခြားနေရာတွေထက်စာရင် ဒီနေရာမှာ လူတွေ ဝိုင်းအုံပြီး ကြည့်နေကြတာ အမြဲတမ်းလိုလိုပါပဲ အခုတော့ ဧည့်သည်တွေလဲ ပြန်ကုန်ကြပြီ ၆ နာရီထိုးလို့ ပိတ်ချိန်လဲရောက်ပြီ သူ့သူဌေးတောင် ပြန်ပြီလေ သူလဲ သိမ်းဆည်းပြီး တံခါးပိတ်ပြီး ပြန်တော့မယ်
" ကောင်းသောညပါ " လို့ အရိုးစုကြီးကို ငုံ့ပြီး နှုတ်ဆက်လိုက်တယ် သူအမြဲတမ်းလိုလိုပြောနေကြပါ ဒီလိုပြောလဲ ဘာအဖြေမှမရဘူးဆိုတာကို သူ သိပါတယ် မိန်းတံခါးကြီးကို ပိတ်ပြီး ထွက်တော့မယ့်ဆဲဆဲ အသံလိုလိုကြားတာနဲ့ ခဏရပ်ပြီးနားထောင်နေလိုက်တယ် Stone Age Tony ဆီကလာတဲ့အသံပါပဲ ကြက်သီးမွေးညှင်းများ ထသွားပြီး ခဏလေး နားစွင့်လိုက်တယ် ဘာသံမှမကြားရတော့တာနဲ့
" အော် စိတ်က ထင်တာနေမှာပါ " ဆိုပြီး သော့ခတ်ကာ ထွက်သွားခဲ့တယ်
မနက်ကျတော့ တံခါးဖွင့်လိုက်တော့ Dave စိတ်ထဲမှာ မတင်မကျနဲ့ တမျိုးကြီးပဲ ဒါနဲ့ အခန်းထဲကို ဝင်လိုက်တော့ တယောက်ယောက်က လှုပ်ရှားနေတဲ့ အသံတွေကို ကြားလိုက်ရတယ်
" ဘယ်သူလဲ " ဘာသံမှမကြားရဘူး Stone Age Tony ကြီးဆီက လာတဲ့အသံပါပဲ ဒါနဲ့ သု့အခန်းရှိရာကို ပြေးသွားပြီးကြည့်လိုက်တယ်ဆိုရင်ပဲ Dave သူ့မျက်လုံးကို သူမယုံနိုင်လောက်အောင်ပါပဲ Stone Age Tony ရဲ့ ခေါင်းကြီးက နဂိုစောင်းနေရာကနေ အခုမျက်နှာကြက်ကို စိုက်ကြည့်နေတယ် သူ့ရဲ့လက်တွေကလဲ နေရာတွေပြောင်းနေတယ် သူ့ရဲ့အသုံးအဆောင်ဖြစ်တဲ့ ဇွန်းတို့ ရေခရားတို့ကလဲ နေရာတွေပြောင်းနေတာကို တအံ့တသြတွေ့လိုက်ရတယ် ကြက်သီးများ တဖြန်းဖြန်းထသွားပြီး ကျောက်ရုပ်ကြီးလို မလှုပ်မယှက် ရပ်နေမိတယ် နောက်တော့ သတိရလာပြီး နောက်ဆုတ်နောက်ဆုတ်နဲ့ အပြေးအလွှားထွက်လာခဲ့မိတယ် ဒုန်းးးးးးးး ဆိုပြီး တစုံတယောက်နဲ့တိုက်မိပြီး Dave ကြောက်လန့်တကြား အော်မိတယ် အားးးးးးးးးးးး
" ဘယ်လိုဖြစ်တာလဲ " လို့သူ့သူဌေးက မေးတယ်
" ဟို.... ဟိုမှာ Stone Age Tony ကြီးလှုပ်တယ် နေရာတွေ ချိန်းနေတယ် "
" ဘာတွေလျှောက်ပြောနေတာလဲ " ဆိုပြီး သွားကြည့်တယ် သူ့သူဌေးလဲ မြင်မြင်ချင်းလန့်သွားတယ်
" ဘယ်သူလုပ်တာလဲ "
" ဘယ်သူမှမရှိဘူး သူ့ဟာသူ ရွေ့ပြီး နေရာတွေချိန်းနေတာ " ဆိုပြီးကြောက်လန့်တကြားပြန်ဖြေတယ်
" မရူးစမ်းပါနဲ့ကွာ သူသေသွားတာဖြင့် နှစ်ပေါင်း ၂၀၀၀ ကျော်ပြီဟာကို တယောက်ယောက်က ရွေ့သွားတာ နေမှာ မနေ့က ဘာထူးခြားသေးလဲ မနေ့က "
"တံခါးပိတ်ခါနီး အသံလိုလို ကြားလိုက်သလိုပဲ "
" အဲဒါပဲ နေမှာပေါ့ တယောက်ယောက်က ပုန်းပြီး ဒီအရိုးစုကို လျှောက်လုပ်တာ နေမှာပေါ့ "
" ဒါဆို ဘာလို့ အဲဒီလုပ်တဲ့သူက မနက်က ကျွန်တော်မတွေ့တာလဲ "
" မင်းမလာခင်ကတည်းက ထွက်သွားတာ နေမှာပေါ့ "
" ဒါဆိုရင် သူကဘာရည်ရွယ်ချက်နဲ့ ဒီအရိုးစုကို လျှောက်ရွေ့ထားတာလဲ "
" လူရွှတ်လူနောက်တွေ နေမှာပေါ့ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ သော့ခတ်ရင် သတိထားကြားလား " ဆိုပြီးထွက်သွားတယ်
အခန်းတိုင်းကို စုံစေ့နေအောင် လိုက်စစ်ပြီးပြီ ဘာမှမရှိဘူး ဒါနဲ့
" Good night Tony " ရေလို့ ပြောပြီး တံခါးပိတ်ထွက်ခွာခဲ့တယ်
မနက်တံခါးဖွင့်တော့ စူးရှရှ အနံ့ကြီးကို ရလိုက်တယ် စိုစိုစွတ်စွတ် မြေကြီးနံ့ပါပဲ ဒါနဲ့ Stone Age Tony အခန်းကို အပြေးလေးသွားကြည့်လိုက်တယ် အခေါင်းက ပွင့်နေပြီး မြေအပိုင်းအစတွေ ကြမ်းပြင်ပေါ်မှာ ပျံ့ကြဲနေတာကို သူ တွေ့လိုက်ရတယ် သူ့ သူဌေးလာတော့
" ကြည့်ပါဦး ဒီတခါတော့ သူတို့တွေ အလောင်းကြီးကို အပြင်ထုတ်ခဲ့ပုံပေါ်တယ် "
" ငါမင်းကို ပြောသားပဲ မနေ့က သေချာ စစ်ပါဆိုတာကို "
" ကျွန်တော် သေချာစစ်တယ် ဘာမှမရှိဘူး တနေရာရာကနေ ဖောက်ပြီး ဝင်တာဖြစ်မယ် " လို့ Dave ကပြောတယ် သူ့သူဌေးက
" ငါတို့ ရဲကို အကြောင်းကြားရအောင် " ရဲတွေရောက်လာပြီး ကြည့်ရှုစစ်ဆေးတယ် ဖောက်ထွင်းထားတဲ့ အရိပ်အယောင်လဲမရှိဘူး ရိုက်ချိုးထားပုံလဲမပေါ်ဘူး
" တယောက်ယောက်က ဒီအထဲမှာ ရှိနေတာနေမှာ ဒီ ည ခင်ဗျားတို့ စောင့်ကြည့်ပါလား " လို့ရဲသားတယောက်ကပြောတယ်
" ကျွန်တော် လုပ်မယ် " လို့ Dave ကပြောတယ် သနားစရာ Tony ကို ဘယ်သူများ လျှောက်ရွေ့ပြီး ထုတ်ဖို့ကြိုးစားလဲ သူသိပ်သိချင်တယ် ဧည့်သည်တွေ ပြန်သွားပြီး အခန်းထဲမှာ သူတယောက်တည်းပဲ ကျန်ခဲ့တော့တယ် အပြင်ဘက်မှာ လကြီးကလဲ ထိန်ထိန်သာနေလေရဲ့ သူ့လက်ထဲမှာ လက်နှိပ်ဓာတ်မီး တလက် ဒီညတော့ ရအောင်ဖမ်းရမယ် ဒီလိုနဲ့ တနာရီ ပြီး တနာရီ ကျော်လွန်သွားပြီ Dave အခန်းတွေထဲကို လျှောက်လှည့်ကြည့်နေတယ်
၂ နာရီ..........
တစုံတယောက် လှုပ်ရှားသံကို ကြားလိုက်ရတယ် Stone Age Tony ရဲ့ အခန်းကိုပြေးသွားခဲ့တယ် လက်နှိပ်ဓာတ်မိးနဲ့ ထိုးလိုက်တယ်ဆိုရင်ပဲ အသက်ရှုဖို့ မေ့နေခဲ့တယ် Stone Age Tony ကြီးမရှိတော့ဘူး ဒါဆိုဘယ်ရောက်သွားတာလဲ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ Dave တယောက်ကျောက်ရုပ်ကြီးလို ရပ်နေမိတယ် ခဏနေတော့ မိန်းခန်းမကြီးထဲက လမ်းလျှောက်သံတွေကြားလိုက်ရတယ် မိန်းတံခါးကြီးကိုဦးတည်ပြီးလျှောက်သွားနေတဲ့ လူတယောက်ကို သူ တွေ့လိုက်ရတယ်
" ဟေးးး " လို့ Dave အော်လိုက်ပြီး သူ့ဆီကို အပြေးသွားလိုက်တယ် တံခါးဖွင့်ဖို့ကြိုးစားနေတဲ့ လူက Dave ဆီကို လှည့်ပြီးလျှောက်လာတယ် လက်နှိပ်ဓာတ်မီးနဲ့ ထိုးလိုက်တယ် မျက်လုံးဟောက်ပက်နဲ့ Stone Age Tony ကို အံ့သြစွာတွေ့လိုက်ရတယ် Dave ကြောက်လန့်တကြား ထွက်ပြေးခဲ့တယ် တနေရာအရောက် သူ့ရှေ့မှာ နံရံကြီးပဲ ရှိတော့တယ် Stone Age Tony ကြီးက သူ့ကိုမီလာပြီ အရိုးခြောက်ကြီးက စကားတိုးတိုးလေး ပြောလိုက်တယ် Dave နားမလည်ဘူး သူပြောတဲ့ ဘာသာစကားကို Dave ရဲ့ ပခုံးကို ဆွဲကိုင်လိုက်တယ် အေးစက်သွားတာကို ခံစားလိုက်ရတယ် သူ့ရဲ့ မျက်လုံးဟောက်ပက်ကြီးနဲ့ စိုက်ကြည့်နေတယ် အော်ဖို့နေနေသာသာ ရုန်းကန်လှုပ်ရှားဖို့တောင် Dave ကြောက်လန့်နေတယ် ရီဝေရီင်္ဝေ ခေါင်းထဲမှာ ချာချာ လည်သွားပြီး အရာအားလုံး အမှောင်ကျသွားတယ်
တော်တော် လေးကြာတော့ Dave နိုးလာတယ် သူလဲလျောင်းနေတာပဲ ဒါနဲ့ ထဖို့ကြိုးစားတယ် မရဘူး သူ့ကို ပြုံးပြီး ငုံ့ကြည့်နေတဲ့ လူက အလိုသူပါပဲလား Dave သိလိုက်ပါပြီ Stone Age Tony က သူ့ရဲ့ ခန္ဓာကိုယ်နဲ့ လဲခဲ့တာပဲ အခုတော့ Dave က Stone Age Tony ရဲ့အခေါင်းထဲမှာ လဲလျောင်းနေတယ် Stone Age Tony က
" Good night Tony " ရေလို့ သူ့ကိုပြောတယ်
" သူငါ့ရဲ့ အသံကို ပါ ယူသွားတာပဲ " လို့တွေးလိုက်တယ် Stone Age Tony က သူ့ရဲ့ ခန္ဓာကိုယ် ကိုယူသွားပြီ သူတယောက်တည်းသာ အခေါင်းထဲမှာ ကျန်ခဲ့တယ် ညတွေ တညပြီး ကုန်လွန်ခဲ့တယ် ပြတိုက်ထဲမှာ လူတွေ တဖွဲဖွဲရောက်လာပြီး Stone Age Tony အခေါင်းထဲရှိ Dave ကို ကြည့်ကြတယ် Stone Age Tony ကတော့ ပြတိုက်ကို ပြန်မလာတော့ဘူး
" သူ ငါ့ရဲ့ ခန္ဓာကိုယ် ကို ယူသွားပြီး ဘာလုပ်မလဲဆိုတာ သိချင်လိုက်တာ " လို့ Dave ကတွေးတယ် ဒါပေမယ့် သူ့မှာ အဲဒီလိုသိနိုင်မယ့်အခွင့်အရေးမရှိပါဘူး
ဒီလိုနဲ့ တနေ့ပြီး တနေ့ တညပြီး တည ဖြတ်ကျော်ပြီး...........
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



16 comments:
၁ မယူတာကြာပြီ .. ၁ ယူလိုက်ဦးမယ် :D
Dave သနားပါတယ် .. ဇာတ်လမ်းက ကျောချမ်းစရာကောင်းပြီး စိတ်ဝင်တစားနဲ့ အဆုံးကိုရောက်သွားတယ် ... ခန္ဓာလဲသွားတဲ့ သူက တကယ်ပြန်မလာတော့ဘူးလား ... သြော်ဒါက ဇာတ်လမ်းတိုပဲလေ ... တော်သေးတာပေါ့ ...
နေဒေးသစ်။
ဘာသာပြန်ကောင်းကောင်းလေးတွေစောင့်မျှော်နေပါသည်
ယခုဇာတ်လမ်းလေးဆက်ရန်ရှိသေးသည်ဟုမျှော်လင့်မိပါသည်။
ဘာသာပြန်တာလေးညက်သည်
ကောင်းလေစွ :)
ငှက်မလေး.. ဘာသာပြန်တာတော်တယ်၊ မမဆို မြန်မာ-အင်္ဂလိပ်ပဲ ရတယ်၊ ဟားး
ယောင်းလေး
ဖတ်သွားတယ်
ညနေပြန်လာဖတ်မယ်သိလား
အိပ်ချင်လို့လေ ပြန်အိပ်လိုက်အုံးမယ်
တ့ာာာာာာာာာာာာာာာာာာာာာာာ
ခင်တဲ့
ယောင်းမြူး
တော်တယ်ဗျ ၊၊ ဇာတ်လမ်းတစ်လျှောက်လုံး ဆွဲခေါ်သွား တယ် ၊၊ ၀ိဥာည် တွေ ရဲ့ အံသြဖွယ်ရာ နော်..
ဒီတခါတော့ ပုတီးယူခဲ့တယ် ဟာဟ
ပုတုကွေးက ရသစုံပေးနိုင်တယ်....
စိတ်ဝင်စားဖို့ ကောင်းတယ် ညီမလေးရေ...ဘာသာပြန်ကလည်း သေသေသပ်သပ်လေးနဲ့ ဆွဲခေါ်သွားတယ်။
အားပေးလျက်နော် ညီမလေး
ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ မှော်မှန်ချပ်ကြီးလိုပဲနော် ... လူချင်းလဲသွားတာ ... :D အဲတာနဲ့ မှန်တောင် မကြည့်ရဲဝူး .. :P ... ခုလည်း ပြတိုက်မသွားရဲတော့အောင်ပဲ ... သြော မေ့လို့
ကျွန်တော့်မြို့မှာ ပြတိုက်မှ မရှိပဲ ဟီးဟီး ...
တကယ်တော့ ငါတို့ကိုယ်တိုင်က အငှားခန္ဓာနဲ့ နေနေရတာပါ .. တနေ့ ပိုင်ရှင်ရောက်လာရင်....
ဟယ်.. ဆက်ရေးလေ.. ဆန့်တစ်ငံ့ငံ့နဲ့ ထားခဲ့တယ်...။
ဝဋ်လိုက်တတ်တယ် သိလား..။
ကိုနေဒေးရေ ဘယ်သူမှမလုပါဘူး အေးဆေးပေါ့လေ ဟုတ်ဘူးလား ဇာတ်လမ်းပါနော်
ကိုသားကြီး ဆက်ရန်ရှိတော့ဘူးရယ် ကုန်ပြီ စာအုပ်ထဲမှာ အဲဒီအထိပဲလေ သူခန္ဓာအလဲ ခံလိုက်ရတယ်လေ ဒါပဲ
မမမေ အဲလောက်ကြီးလဲ မဟုတ်ပါဘူး ရှင်
ယောင်းမြူးရေ အိပ်ရေးဝဝ အိပ်နော် သိလား
ကိုမင်းအိမ်ဖြူရေ အားပေးတာကျေးဇူးနော်
မမမယ်ကိုး အားပေးတဲ့အတွက် ရှဲရှဲပါနော်
ကိုမင်းနေဝေးရေ မှန်အကြောင်းရေးထားတာရှိတယ်လေ ရှာဖတ်ကြည့်ပါလား
မင်းရေ နင်ကလဲ သံဝေဂ စကားတွေ ပြောနေပြန်ပါပြီ
ကိုဘွိုင်းဇ် ရေ ဇာတ်လမ်းက ပြီးပြီ ရှင့် အားပေးတာ ကျေးဇူးနော်
ညီမစာရေးကောင်းတာကို အကိုဝန်ခံပါတယ်...
းဝ)
ဘာသာပြန်ဆရာမငှက်ကလေးလို့ ကင်ပွန်းတပ်လိုက် မယ်နော် စာအရေးကလဲ တယ်ကောင်းပါလားဝေ့
ကိုလူထွင်း ပြောတာနဲ့ လူတောင် တော်တော်လေးမြောက်နေပြီ ဟဟဟ
ကိုဇော်ရေ မနေတတ်တော့ဘူးရယ် အဟားးး အဲလောက်ကြီး မဟုတ်ရပါဘူးနော် ခိခိ
ကောင်မလေး ဘာသာပြန်အလွန်တော်၏။
ဆက်ကြိုးစား... နောက်ထပ်ဖတ်ဖို့ စောင့်နေတယ်။
ဘာသာပြန်တာဂွတ်ရှယ်ဘဲဗျို့။
Post a Comment