သူနဲ့ ကျွန်မနဲ့လက်ထပ်တော့ ကျွန်မ ၂၅ သူက ၃၅ ကျွန်မ့ထက် ၁ဝ ကြီးတဲ့သူ့ကို ကျွန်မ မချစ်ပါ မချစ်ဘူးဆိုရင်ဘာလို့ လက်ထပ်လဲ မေးမယ်နော် ကျွန်မပြောပြမယ်
ကျွန်မတို့ဖေဖေကုပ္မဏီက အရှုံးပေါ်ပြီး ဒေဝါလီ ခံရတော့မယ် အခြေအနေ အကြွေးတွေနဲ့ဘယ်လိုမှ နလန်မထူနိုင်အောင် ဖြစ်ခဲ့ရတယ် ကယ်တင်ရှင်ကတော့ ကျွန်မရဲ့ခင်ပွန်း ဖြစ်မယ့်သူပေါ့လေ ကျွန်မကို နားချလာတဲ့ မေမေ့ရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ပေါ့
" သမီး စဉ်းစားပါ မေမေ တို့အတင်းအကျပ်မတိုက်တွန်းပါဘူး သမီးရယ် သမီးဖေဖေကတော့ သဘောမတူချင်ဘူးတဲ့ ဒါပေမယ့် သမီးရယ် နိုင်ငံခြားမှာ ကျောင်းသွားတက်နေတဲ့ မောင်လေးနဲ့ ညီမလေးတွေ ပညာ ပြီးဆုံးအောင် မသင်ရဘဲ ပြန်လာရမယ့် အဖြစ်ကို သမီး တွေ့ချင်သလား အခုမေမေ တို့မှာ ဟန်သာရှိပြီး အဆံမရှိတော့တဲ့ ဘဝ နောက်ဆိုရင် ဟန်လဲ ရှိနိုင်တော့မှာမဟုတ်ဘူး သမီး ဆုံးဖြတ်ပါ သမီး ဆုံးဖြတ်တဲ့ အပေါ်မှာ မူတည်ပြီး မေမေတို့ လုပ်ပါ့မယ် သူက လဲ သမီးကို တွေ့ဖူးမြင်ဖူးနေတာပဲ ဧည့်ခံပွဲတွေမှာ သမီးကိုလဲ သဘောကျတယ်ဆိုတော့လေ "
ဒီလိုပြောလာတဲ့ မေမေ့ရဲ့ စကားကို ကျွန်မ မလွန်ဆန်နိုင်ခဲ့ဘူးလေ ဒါနဲ့ သူနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ် မင်္ဂလာပွဲကို သူ ကြီးကြီးကျယ်ကျယ်လုပ်ပေးခဲ့ပါတယ် သူငယ်ချင်းတွေက
" ဟယ် အားကျတာနော် နင်လေ သိပ်ကံကောင်းတာပဲ " တဲ့
ဘာကို ပြောတာလဲ ဒီလို မင်္ဂလာပွဲ ကြီးကြီးကျယ်ကျယ်လုပ်ရလို့ ကံကောင်းတယ် ပြောတာလား နံပါတ် ၃ မှာရှိတဲ့ စီးပွားရေးလုပ်ငန်း ရှင်ကြီးနဲ့ လက်ထပ်လိုက်လို့ အားကျတယ်ပြောတာလား ကျွန်မ ခေါင်းထဲမှာ မေးစရာ တွေးစရာတွေ အများကြီးကို မြိုသိပ်ကာ ပြုံးပြုံးလေးပဲ နေလိုက်ပါတယ်
ဒီလိုနဲ့ ကျွန်မရဲ့ နှုတ်ခမ်းနှစ်လွှာဟာ ဆိုရင် အမြဲ ပြုံးနေခဲ့တယ် ကျွန်မရင်ထဲမှာ ဘာပဲ ဖြစ်နေဖြစ်နေ လူတွေကို ပြုံးပြဖို့ ကျွန်မလေ့ကျင့်ခဲ့တယ် ဧည့်ခံပွဲတွေ သူနဲ့အတူလိုက်တက်ရင်း လူတွေကို ပြုံးပြတတ်တဲ့ ပညာကို ကျွန်မ တတ်လာခဲ့တယ် လူတွေက
" လိုက်တယ်နော် ရွေးတတ်တယ်နော် နေနဲ့လ ရွှေနဲ့မြ ပဲ တကယ်ကို လိုက်ဖက်ပါတယ် " ဆိုတဲ့ စကားတွေ ရဲ့အောက်မှာ ကျွန်မ နေလာခဲ့တာ ဒီလိုနဲ့ တစ်နှစ် ရှိသွားပါပြီ သူက ကျွန်မကို ဂရုစိုက်ပါတယ် ဘာမှလိုသေးလေး မရှိအောင်ကို ဂရုစိုက်ခဲ့ပါတယ်
ကျွန်မ ပထမ သားဦးလေး ရတော့ သူက အရင်က ထက်ပိုပြီးတော့တောင် ဂရုစိုက်ပါသေးတယ်
ကျွန်မ သားဦးလေးကို မွေးဖွားခဲ့ပါတယ် ဆေးရုံမှာ နိုးလာတော့ သူက ကျွန်မရဲ့ဘေးနား မှာ ရှိနေပါတယ် ကျွန်မ အထိတ်ထိတ်နဲ့
" ကလေးရော " လို့မေးလိုက်ပါတယ် သူက
" ဒီမှာ " ဆိုပြီး ပုခက်ထဲက ထုတ်ပေးပါတယ် ဒီတခါတော့ သားလေးကို ကြည့်ပြီး ကျွန်မ နှစ်နှစ်သက်သက် ပြုံးလိုက်မိပါတော့တယ် သူကတော့ ထုံးစံအတိုင်း ပြုံးပြီးကျွန်မ့ကို ကြည့်နေတယ် ပြီးတော့ သူကပြောတယ်
"သားလေးက ညီမ နဲ့တူတယ်နော် ညီမနဲ့ တူတဲ့သားလေးကို မွေးပေးတာ ကျေးဇူးပါ " တဲ့ ကျွန်မသူ့ကို ရွှင်ရွှင်ပြပြ ပြုံးပြလိုက်မိပါတော့တယ်
သားလေးကိုပဲ ကျွန်မ အချိန်ပေးခဲ့တယ် ကျွန်မသူ့ကို မချစ်ဘူး ဒါပေမယ့် သားလေးကျတော့ ဘာလို့ ချစ်မှန်းမသိဘူး ဒါမိဘမေတ္တာပဲ ထင်တယ်နော် ဒီလိုနဲ့ သားလေး နှစ်နှစ်လောက်ကျတော့ ကျွန်မ ဒုတိယ သားလေးကို ထပ်ပြီး မွေးဖွားခဲ့ပါတယ် ဒီတခါတော့ကျွန်မ အရင်သားဦးလောက် စိတ်မလှုပ်ရှားတာ ဝန်ခံပါတယ်
ဒီလိုနဲ့ သားတွေလဲ အရွယ်ရောက် သူလဲ စီးပွားရေးကာ အနားယူကာ အိမ်မှာပဲ ဘဝကိုသက်တောင့်သက်သာ ဖြတ်သန်းခဲ့ပါတယ်
သားတွေလဲ အိမ်ထောင်ရက်သား အသီးသီးကျကုန်ကြပြီလေ သူလဲ လူ့လောက ကြီးကနေ အပြီးအပိုင် အနားယူသွားခဲ့တယ်
ရှေ့နေက သူ့ရဲ့ သေတမ်းစာထဲက အတိုင်း အကုန်လုံးကို လိုက်လုပ်ပေးခဲ့တယ် ထူးခြားတာက ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ကျွန်မ ကို ပေးခဲ့တာပဲ သားတွေ အတွက်တောင် သူ မချန်ထားခဲ့ပါဘူး
ပြီးတော့ စာတစောင်ကို ရှေ့နေက ကျွန်မပေးတယ် စာထဲမှာ
ညီမ ကိုယ် သိပါတယ် ညီမ အကို့ကို မချစ်ဘူးဆိုတာ
ညီမရဲ့ဘဝတခုလုံးကို စတေးပြီး အကို့ကို လက်ထပ်ခဲ့တာ ကိုယ်သိပါတယ်
ကိုယ်ထင်တာ ညီမ လက်ထပ်ပြီးရင် အကို့ကို ချစ်လာလိမ့်မယ်လို့
ဒါပေမယ့် ကိုယ်ထင်တာ မှားသွားတယ်
ညီမ ကို ကိုယ်ပျော်အောင် မလုပ်ပေးနိုင်ခဲ့ဘူး
ညီမ အမြဲပြုံးနေပေမယ့် ညီမ ရင်ထဲမှာ မပျော်ဘူးဆိုတာ အကို သိပါတယ်
အဲဒီ အတွက် အကို စိတ်မကောင်းပါဘူး ညီမ
ဒါပေမယ့် ညီမ နှစ်နှစ်သက်သက်ပြုံးလိုက်တဲ့ အချိန်ကို ကိုယ်မမေ့ပါဘူး
သားကြီး မွေးပြီးတဲ့အချိန်လေ
ကိုယ့်လက်ထဲမှာ ကင်မရာ မရှိတာနဲ့ ညီမ ပြုံးနေတဲ့ပုံကို မရိုက်ထားမိလိုက်ဘူး
ဒါပေမယ့်လေ ကိုယ်အဲဒီ အပြုံးကို ချစ်တယ်
ကျေးဇူးပါ ကိုယ့်အပေါ်မှာ မယားဝတ္တရား ကျေပွန်တဲ့ ညီမကို နောက်ဘဝ မှာ ဆုံချင်ပါသေးတယ်
အဲဒီ အခါကျရင် ညီမ ကိုယ့်ကို ချစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျွန်မ စာကို ဖတ်ပြီး မျက်ရည်တွေ ဒလဟော အတားမဆီးမရှိ ကျလာပါတော့တယ်
ချစ်သူတိုင်း ညားကြပါစေ
ညားသူတိုင်း လဲ ချစ်ကြပါစေ
မမဝါရဲ့ ချစ်တိုင်းလဲ မညား ပို့စ်လေးကို ဖတ်ပြီး အိုင်ဒီယာလေး ရ လို့ ရေးဖြစ်ပါတယ်
သည်းခံပြီး ဖတ်ပေးကြသော စာဖတ်ပရိတ်သတ်များအား ကျေးဇူးအထူးတင်ရှိပါတယ်
ဒီပို့စ်လေး အတွက် မမဝါရေ ကျေးဇူးပါ
မမမယ်ကိုးရေ မမလောက်တော့ ဝတ္ထုရေးတာ မကောင်းဘူးမမရယ် ကြိုးစားရဦးမယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



21 comments:
ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်သွားပါတယ် .....
များများရေးနိုင်ပါစေ ....
ကောင်းပါတယ် ညီမလေးရယ် ...တကယ်ကောင်းတာပါ။
စာအရေးအသားလည်း တည်ငြိမ်တယ်။ ( လူတတ်ကြီး မဟုတ်ပါဘူး ညီမလေးရေ..ခံစားရသလို ပြောမိတာပါ)
အမြဲအားပေးနေတယ်နော် ...ညီမလေး
ကြိုးစားပါ...ကြိုးစားပါ.... ငှက်ကလေးရေ ... အတော်တော်တာပဲ စာရေးကောင်းလိုက်တာ..များများလေးရေးနော် .....အမြဲလာပြီး ခံစားပေးပါ့မယ်
ကိုဇော်
ဖတ်လို့ တကယ်ကောင်းတယ်။
လုပ်ပြောတာဟုတ်ဖူးနော်။
မျက်ရည်တောင်ဝဲ သွားတယ်။
အားပေးနေတယ်နော်။
ရီနို
ဌက်ကလေးရေ ငါလဲ နင့်ကိုမှီအောင် ကြိုးစားရအုံးမယ်ဟ :)
ဖတ်လို့ကောင်းတယ် ငှက်မလေးရေ.. ရေးတာတော်တယ်
ခေါင်းစဉ်မဲ့ကို ဖန်တီးတဲ့ Idea လေးနဲ့ presentation လေးကို အင်မတန်မှ နှစ်ခြိုက်မိပါတယ်။
ဝတ္ထုရေး တော်တော်ကောင်းပါလား
လေးစာပါတယ်ခင်ဗျာ
Salute ....
ဝတ္ထုကောင်းတာကို ဂုဏ်ပြုရင်း တို့တ္ဂေ တစ်ခ္ဂက်လောက် ချလိုက်ကြရအောင်....
ကော်ဖီ...
Cheers...
တယ်ပာုတ်ပါလား၊ မိုက်တယ်ငှက်ကလေးရေ ဆက်ရေးနော်၊ မီး၂ တောင် မရေးတက်ဘူး အပိာ တကယ်ပြောတာ။ အားပေးနေမယ်။ တဂ်ရေးပြီး၂နော် လာကြည့်ပေးလှည့်..း)
စီဗောက်စ်ကလေ ငှက်ကလေး စီဗောက်စ် တစ်ခုထဲမပာုတ်ဘူး တချို့ ဘလော့ဂ်တွေလည်းအဲလိုပဲ သိလား URL blocked တဲ့၊ ဆုဆီကပဲ ဖြစ်တာလား ဘာလုပ်ရမလည်း မသိပါဘူး။
ပုတုကွေးကွ ( မကွနဲ.နော် မာန်ထည့်ပြီးအားပေး လိုက်တာ )
ကောင်းတယ် ခေါင်းစဉ်မဲ့ဆိုတော့ ဘာမှ မဖ၇ှိရှာဘူး ဆိုပြီး အပြေးအလွှားလာဖတ်ရတာ ၊၊ ဒီတခေါက် ရေဘူး ပဲပါတယ် ၊၊ လိုတာက တစ်ရှူး ၊၊ နောက်တစ်ခေါက်တော့ အစုံ ခြင်းတောင်းလေးနဲ. ထည့်ထားမယ် ၊၊ သူများမေးရင်ပြောလိုက်မယ် ပုတုကွေး ခြင်းလို. ၊၊ ရေဘူးရယ် တစ်ရှုးရယ် နောက်ဆို ဘာဆောင်ထားရမလဲသိဘူး...D:
တကယ်ကောင်းတယ် အဟုတ် ၊ သင်ပေးအုံး ရေးနည်းရယ် တွေးနည်းရယ် ၊၊
ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ
ကောင်းတယ်ဗျ
heartထိတယ် ဟဲဟဲ
ငှက်ကလေးရေ
တယ်ဟုတ်နေပါလားဟ။။။
မင်းကတော့လေ ငါ့ရင်ထဲခံစားသွားအောင် ထပ်ထပ်လုပ်တယ်။ လူဆိုး...
တကယ်ခံစားရတယ်။။။
ညားတဲ့သူဟာ ချစ်သူပဲ ဖြစ်ပါစေကွယ်။
ပော့...
တော်တော်တော်တယ်ကွာ
ရင်မှထိသွားတာပဲ
နာလဲရေးဦးမယ်
ခင်တဲ့
ကိုကြိး
အရမ်းကောင်းတယ် စာဆုံးသွားတာတောင်သိလိုက်ဘူး
မျောသွားလို့
ကိုမင်းနေ ရယ် စိတ်မကောင်းတော့မဖြစ်ပါနဲ့ ဇာတ်လမ်းပါနော်
မမမယ်ကိုးရေ အားပေးတာကျေးဇူးးပါနော်
ကိုဇော် စာရေးကောင်းတယ်ဆိုလို့ မြောက်နေပြီ ဟဟ ဆွဲချကြပါဦးးး ဟိဟိ
ကိုရီနိုမာန် မျက်ရည်ဝဲတယ် တစ်ရှုးယူဦးမလားဟင် အဟင့် ရွတ်
အရိုင်းရယ် အဲလောက်လဲ မဟုတ်ပါဘူးဟာ နင်ကလဲ မြှောက်နေပြန်ပါပြီ
မမမေ ကျေးဇူးးနော် ဖတ်လို့ ကောင်းတယ်ဆိုလို့
ကိုယုယ အိုင်ဒီယာလေး ကြိုက်တယ်ဆိုလို့ ရှဲရှဲ
ကိုလင်းကြယ်ဖြူ အော်တော်ပါသေးရဲ့ ကော်ဖီကယ်လို့ ဒီက ဘီယာဆိုရင် တဂျားလောက်မှ အဲလေ မသောက်ကိုမသောက် တာ ဟဟဟဟ
ဆုငယ်ရယ် နေတောင်မနေတတ်တော့ဘူး အဟီးး လာမယ် သူငယ်ချင်းး
ကိုမင်းအိမ်ဖြူ ဟဟဟ တကယ်ကိုမြောက်နေပြီတော့ လူက ရေးတာက စာအုပ်တွေ ဖတ်ပြီးတော့ အိုင်ဒီယာ ရပြီးရေးတာလေ အဟီးး လူတတ်ကြီးဟုတ်ပါဘူး ရယ်
ကိုသားကြီးး ဘာဖြစ်သွားသေးလဲ ဟင် ထိသွားတယ်ဆိုတော့ ဆေးခန်းလေးဘာလေး ပြဦးလေ ခိခိ
လမင်းငယ် ရေးရေး လာအားပေးမယ်နော် ပြီးရင် ခေါ်လိုက်နော် ခစ်ခစ်
ရောင်ပြန် တော်သေးတာပေါ့ ဘုတ်နဲ့ မတိုက်မိလို့ မျောသွားတယ်ဆို :P
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ရှင်
အကိုရေ...... အေးအေး သက်သာနဲ့ စိတ်ချမ်းချမ်းသာသာ
သွားပါ။ ကလေးကို ကျွန်တော် မိဘမဲ့ဂေဟာ ပို့ပြီး သေသေချာချာ စောင့်ရှောက်လိုက်ပါ့မယ်။ အကို့ အမျိုးသမီးကိုတော့ စောင်မ ကြည့်ရှု့လိုက်ပါ့မယ်။ ထားခဲ့တဲ့ အမွေတွေ မကုန်မချင်း...... :D :P
ငှက်လေး ခဲနဲ့ မထုခင် အမြန်လစ်မှ......ဒိုးပြီ.. တာ့တာ....
ဦးဟတ်ကြီး နာမယ် ဟွန်းးးး ဒါပဲပြောမယ် ဟင်းးးး
တော်လိုက်တား))
နောက်ကျပြီး ဖတ်မိပေမယ့် ပို့စ်ရဲ့ အဆုံးမှာ တကယ် မျက်ရည်လည်မိတယ် ....
ယောကျာင်္းတိုင်းမဟုတ်ပေမယ့် တစ်ချို့ယောကျာင်္းတွေမှာ တကယ်ကို စစ်မှန်နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာ ရှိကိုရှိရမယ်လို့ ယုံကြည်ပါတယ် ...
ဖြစ်ရပ်မှန် ဟုတ်မဟုတ် မသိပေမယ့် ဒီလို စာမျိုးလေး ဖတ်ရတာ အားရှိတယ် ...
ယောကျာင်္းဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရပေမယ့် အမျိုးသမီးကိုလည်း အပြစ် မတင်မိပါဘူး ..
နားလည်ပေးနိုင်ပါတယ်လေ ...
heart ထိသွားပြီ .....
နေဒေးသစ်။
အမယ်..အမယ်..တယ်ကောင်းပါလား..
ကလေးက လူတတ်ကြီးလုပ်လို့..း)))
တော်တယ်.. မမ က တကယ်များလားလို့ ယုံထင်ကြောင်ထင် ဖြစ်သွားသေးရဲ့..အဟတ်
ပျော်ပါစေ ညီမလေး..
အချိန်မှန်မှန်မလာလည်နိုင်တဲ့ မမ၀ါကို အမှတ်တရလေး
တွေဖြစ်ကျန်နေအောင် ရေးတတ်ပါပေတယ်.
မမ၀ါ
တော်တယ်ဟ....ငါ့ညီမ
Post a Comment