ဒီသီချင်းလေးက သီရိ့အတွက် တမင်များ စပ်ထားမလားမသိဘူး ဒီသီချင်းလေးကို နားထောင်လိုက်တိုင်း ရင်ထဲမှာ နင့်နေအောင် ခံစားရတယ် ဘာလိုလိုနဲ့ တနှစ်တောင် ကျော်သွားခဲ့ပါပြီ ဒါပေမယ့် သီရိစိတ်ထဲမှာ မနေ့တနေ့ကလိုပဲ မျက်လုံးထဲမှာ ပြန်ပြီးမြင်ယောင်နေပါသေးတယ်
၁၀ ဖြေပြီးတော့ သီရိ သူ့ကို အဖြေပေးခဲ့တယ်
သူ့ကိုမေးတယ် " နင်ဘာလုပ်မှာလဲ "
" ငါသြစတေးလျကို သွားမယ် Melbourne University မှာ ကျောင်းတက်မယ် " တဲ့ ဒါနဲ့ သူနဲ့ အတူ သီရိလဲ သင်တန်းတွေ လိုက်တက်ဖြစ်ခဲ့တယ် သင်တန်းမှာ သီရိတို့ စုံတွဲက သူများ အားကျစရာ ငေးလောက်စရာ စုံတွဲလေး ဖြစ်ခဲ့တယ်
သူ့ပါးပါးက သူ့သား ၁၀ တန်းပြီးတော့ Land cruiser ဝယ်ပေးခဲ့တယ် အဲဒီကားလေးက သီရိတို့ သွားချင်တဲ့ နေရာလေးတွေကို မညည်းမငြူနဲ့ လိုက်ပို့ပြီး တာဝန်ထမ်းဆောင်ပေးခဲ့တာပေါ့ ညနေဆို ရင် နှစ်ယောက်သား ကန်ဘောင်ပေါ်မှာ လမ်းလျှောက်ပြီးမှ ပြန်ကြတယ် ပျော်စရာ အချိန်လေးတွေကိုသီရိ ဘယ်မေ့မှာလဲ
၁၀ တန်းအောင် စာရင်းတွေ ထွက်တော့ သူ့ကို " ဘာတက္ကသိုလ် တက်မှာလဲ " လို့မေးတော့
" မတက်ဘူး စိတ်မဝင်စားဘူး " တဲ့ ဒါနဲ့ သီရိလဲ မတက်ဘူးလုပ်တာပေါ့ မေမေက
" သမီးရယ် နိုင်ငံခြားမသွားရရင် ဘွဲ့လေးတခုတော့ ရအောင် ယူပါ " ဆိုပြီး ချော့ပြောတယ် မေမေ က သီရိတို့ အကြောင်းသိတယ် မေမေ ဒီလောက်တောင် လိုက်လျော ထားပြီးမှပဲ သီရိ လဲ မေမေ့ဆန္ဒကို ဒီတခုလေးတော့ လိုက်လျောရမှာပေါ့မဟုတ်ဘူးလား ဒါနဲ့ အင်္ဂလိပ်မေဂျာ အဝေးသင်တက်ဖြစ်တယ် ကျူရှင်တက်တဲ့ရက်တွေမှာ သူလာကြိုရင် သူငယ်ချင်းတွေက အားကျတဲ့ မျက်လုံးနဲ့ ကြည့်ကြတယ် " ဟဲ့ ဟိုမှာ နင့်ဘဲလာပြီ "
" အော် အေး တာ့တာ နော် ဘိုင် " ဆိုပြီးသူတို့ အရှေ့ကနေ ထွက်လာခဲ့တယ်
သီရိ သိပ်ပျော်တယ် သူ နဲ့ သီရီနဲ့ကို လိုက်တယ်လို့ပြောကြတယ်
မနက်ကျရင် ဖုံးဆက်ပြီးလှမ်းနိုးရတယ် သူ့ကို သူကလဲ သီရိနှိုးမှပဲ အိပ်ယာကထတယ်
ဒီလိုနဲ့ သူနဲ့ သင်တန်းတွေလိုက်တက် တဖက်ကလဲ အဝေးသင် တက်ရင်းပေါ့
အဝေးသင်စာမေးပွဲတွေ ဖြေရမယ်ဆိုတော့ သူက " ငါလာကြိုပေးမယ်လေ " တဲ့
" ရတယ် မလိုဘူး ငါ့အိမ်က ဒရိုင်ဘာဦးလေးကြီးကို ကြိုခိုင်းလိုက်မယ် ဒဂုံက ပူကပူနဲ့ တခါတခါသွားရလာရတာမလွယ်ဘူး ငါ ဦးလေးကြီးကို စောင့်ပြီးကြိုခိုင်းလိုက်မယ် " လို့ပြောလိုက်တယ် သူလေ သိပ်တာဝန်ကျေချင်တာပဲ
ဒီလို နဲ့ နောက်ဆုံး စာမေးပွဲကြီး ဖြေပြီးတော့ အခန်းထဲကထွက်တော့ ဖုံးဖွင့်လိုက်တယ် သူခေါ်ထားချင်ခေါ်ထားမှာဆိုပြီးတော့ သူငယ်ချင်းတွေက
" ဘယ်လိုလဲ ဖြေနိုင်ရဲ့လား "
" အေးဟ ဖြေခဲ့တာပဲ အောင်မယ်ထင်တာပဲ စာရွက်အပြည့်ဖြေခဲ့ပေးတယ် "
" အေးလေ ဒါဆိုရင်အောင်မှာပေါ့ " တီတီ နဲ့ ဖုံးလာတယ် အော် သူဖုံးနံပါတ်ပဲ ဒါနဲ့ ကိုင်လိုက်တယ်
" ဟယ်လို " လို့ ထူးတာ သူ့အသံလဲမဟုတ်ဘူး
" ဟယ်လို ဒီဖုံးပိုင်ရှင်နဲ့ ဘာတော်လဲ မသိဘူး " ဘာကြီးလဲဟ
" သူ့သူငယ်ချင်းပါ " လို့ ဖြေလိုက်တယ်
" ဒီဖုံးပိုင်ရှင် ကားတိုက်လို့ အဲဒါ ကျွန်တော် တို့ SSC ဆေးရုံကို ပို့မလို့ အဲဒါလိုက်ခဲ့ပါ သက်ဆိုင်တဲ့ လူတွေကိုလဲ အကြောင်းကြားပေးပါ " သီရိ ဘယ်လိုကြီးဖြစ်သွားလဲမသိဘူး နေရာမှာတင် ကြောင်ပြီး ရပ်နေမိတယ် သူငယ်ချင်းတွေက
" ဟဲ့ဟဲ့ ဘာဖြစ်တာလဲ ဘာတဲ့လဲ "
" သူ.. သူ.. ရယ် ကားတိုက်လို့တဲ့ ဆေးရုံတင်မလို့တဲ့ ဖုံးဆက်တယ် "
" ဟဲ့ လိုက်သွားလေ ဘာလုပ်နေတာလဲ သွားသွား " ဆိုမှ သတိရလာပြီး အမြန်ကားပေါ်ကို တက်ပြီး ဦးလေးကြိးကို SSC ကိုမောင်းခိုင်းရတယ် သူ့အမေဆီကို ဖုံးဆက်လိုက်တယ်
" အန်တီ သူရယ် ကားတိုက်လို့ အဲဒါ SSC ကိုလိုက်ခဲ့ပါ သမီးလဲ အခုသွားနေပြီ " ပြီးတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိတာနဲ့ သူငယ်ချင်းတွေဆီပါ ဖုံးဆက်လိုက်တယ် မြန်မြန်ရောက်ပါတော့ ကြာလိုက်တာ
ဟိုရောက်သွားတော့ အန်တီက ကြိုရောက်နှင့်နေပြီ
" အန်တီ သူရော "
" ခွဲခန်းထဲမှာ သမီး "
" ဘာမှမဖြစ်ပါဘူးနော် အန်တီ "
" မသိဘူးသမီးရယ် အန်တီလဲ စိတ်ပူတယ် " ဆေးရုံတင်ပေးတဲ့ လူတွေကို သူ့အဖေက ဘယ်လိုဖြစ်တာလဲမေးနေတယ်
" ကားက ပြည်လမ်းမ ကြီး တလျှောက် အရှိန်နဲ့မောင်းလာတာ ကျွန်တော်တို့ တွေ့တယ် လမ်းလျှောက်နေရင်းနဲ့ အရှေ့က ကားကို ကျော်လိုက်တာ ဟိုဘက်က လာတဲ့ ကုန်တင်ကားနဲ့ တိုက်မိတာ ပဲ ကုန်တင်ကားဒရိုင်ဘာက လဲ သောက်ထားပုံရတယ် နဲနဲ မူးနေတယ် အဲဒီ ဒရိုင်ဘာလဲ ဆေးရုံမှာပဲ ရဲတွေကတော့ စစ်ဆေးနေတယ် " တဲ့ သီရိသူတို့ပြောတာတွေ ကြားတချက်မကြားတချက် သူငယ်ချင်းတွေကို ဖက်ပြီး သီရိ စိုးရိမ်နေမိတယ် ခဏနေတော့ ဆရာဝန်ထွက်လာတယ် သီရိ အပြေးလေး သွားပြီး
" ဆရာ ဘယ်လိုနေလဲ ဟင် ဘာမှမဖြစ်ဘူးမလား " ဆရာဝန်က
" မရတော့ဘူး တော်တော်လေးပြင်းတယ် ကားတိုက်တဲ့ အရှိန်က ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ပါတော့ " တဲ့ သီရီ မိုက်ခနဲ ဖြစ်သွားတယ် အန်တီ့ရဲ့ " သမီး လေး " သူငယ်ချင်းတွေရဲ့ " ဟဲ့ဟဲ့ " ဆိုတဲ့ အသံတွေကို ကြားလိုက်သလိုလို နဲ့ မေ့သွားခဲ့တယ်
သူ့အသုဘမှာ သီရိမငိုခဲ့ပါဘူး ကျစရာမျက်ရည်လဲမရှိတော့ဘူး ထင်ပါရဲ့
" ငါလဲ တနေ့ကျရင် နင့်နောက်လိုက်ခဲ့မှာပါ " လို့ ပန်းစည်းလေးကို တင်ပေးရင်းနဲ့ ပြောလိုက်မိတယ်
" ပျောက်သောသူ ရှာရင်တွေ့ သေသော သူ ကြာလျှင်မေ့ " တဲ့ သီရီသူ့ကို ဘယ်အချိန်မှမေ့နိုင်မှာလဲ သီရိအနားမှာ သူရှိနေတယ်လို့ ခံစားနေရတယ်
စာကြွင်းး။ ။ GCE တက်တုံးက ကောင်လေးတယောက် ကားတိုက်ပြီး သေသွားဖူးတယ် ဆရာမပြောပြလို့ သူ့သူငယ်ချင်းတွေဆိုရင် ငိုကြတယ်တဲ့ သူ့ကို မြင်လဲမမြင်ဖူးပါဘူး သိလဲမသိဘူး ဆရာမပြောပြလို့သာ
သူ့မှာရည်းစားရှိလားလဲမသိဘူး စိတ်ကူးယဉ်ပြီး ရေးလိုက်တာပါ သိတဲ့အတိုင်းလေ ကြေးရတက် မိသားစုတွေဆိုတော့ ကားအကောင်းစားတွေကို အရှိန်နဲ့မောင်းပြီး ယာဉ်တိုက်မှုတွေ ဖြစ်ကုန်ကြတာပေါ့လေ မမမယ်ကိုး က ဟိုးတခါ ခွဲမသွားပါနဲ့ အချစ်ရယ် ရေးတုံးက ညီမလေးနဲ့ အဲဒါမျိုးလိုက်တယ်ဆိုလို့ အဟား ရေးလိုက်တာ ငှက်ကလေးတို့က အမြှောက်မခံဘူး မြှောက်ပေးရင်လေ ဟီးဟီးး မပြောတော့ဘူး ဟဟဟဟ
သီချင်းတင်ဖို့ ကူညီပေးတဲ့ ကိုနေဒေးသစ်ရေ ကျေးဇူးပါပဲ
မကောင်းရင်လဲ သည်းခံဖတ်ကြပါနော်
ကျေးဇူးအများကြီးတင်ပါတယ်





25 comments:
ငါ့ညီမတို့ကတော့ စံပြပဲ..
အလွမ်းဇာတ်ရေးတာတောင် တဟီးဟီးတဟားဟားနဲ့ ဟီးလေးထနေနိုင်သေးတယ်...
အရေးအသားကောင်းတယ်...
ခေါင်းစဉ်မှာကတဲက hint ပေးခဲ့တော့ ဘာဖြစ်မလဲ ကြိုသိနေတယ်...
အဲလိုသိမထားဘူးဆိုရင်တော့ ပိုပြီး အရှိုက်ကို ထိစေမယ့် စာတစ်ပုဒ်ပါ...
ညီမအိမ်လာတာ အစ်ကိုငိုပြီး ပြန်သွားရပြီ
ဟီးဟီးဟီး.... ဟားဟားဟား... ဟိုးဟိုးဟိုး
(ခွိခွိခွိ)
ခင်တဲ့
းဝ)
အရင်ဦးဆုံးမန့်ဖို့ ပြေးလာတာ အခုတော့ ကိုလူထွေးက ဦးသွားပြီ
ဟီဟီးဟီး ဗြဲ ရွှတ် ဖတ်...
းဝ)
ညီမရေ အပေါ်ကချစ်ကိုဂျီးပြောသွားသလိုပဲ
အလွမ်းဇာတ်မှာတောင် ဟာသရသ က ပါသွားသေးတယ်
အကိုလည်းငိုပြီးပြန်ပြီကွာ
ဟီးးး
ဟားးးး
ဟက်က်က်က်
ခစ်ခစ်
ိခိခိ
ခွိခွိ
အပေါ်က ကိုဝသန်ပါ
ညီမရေ
အပေါ်က ကိုဝသန်နဲ့ ကိုလူထွေးပြောသလိုပဲ ညီမလေးရေ...
အစ်မလဲ စာကို အဆုံးထိ စိတ်ဝင်တစားဖတ်သွား ...
လွမ်းတော့မလိုရှိတုန်း ရယ်မိတယ်။
စိတ်မရှိနဲ့ဦး ညီမလေးရေ...ဆက်ကြိုးစားနော်။
အစ်မ အမြဲအားပေးနေတယ်...သိလား။
အဲ လတ်စသတ်တော့ လူကြီးတွေကို နောက်ထားတာကိုး .. တကယ်များလားပေါ့ .. သနားနေတာ ... ထင်တော့ထင်တော့ လန်ခရူဆာ ဝယ်ပေးကတည်းက မဟုတ်တော့ဘူးလို့ ... :D လွန်းထားထားရေးတဲ့ ဇာတ်ကောင်ကျနေတာပဲ .. ချမ်းသာလိုက်ကြတာ လိုက်လို့ကို မမှီတော့ဘူး :) နောက်ဆို ပို့စ်မရေးနဲ့ ... လွန်းဌက်ဌက် ဆိုပြီး ဝတ္ထုရေးနော် Bird ... :D
ဟဟဟ တကယ်ပါ အဲဒီ ဇာတ်လမ်းက တကယ်ဖြစ်သွားတာ ဆရာမပြောသွားတုံးက မျက်ရည်တောင် ဝဲခဲ့သေးတယ် သူတို့ ဘောစိတွေဆိုတော့ လုပ်ပေါ့လေ
ကိုနေဒေးသစ်ရေ တကယ်ကောင်လေးကားကကောင်းတယ် ဘာအမျိုးအစားမှန်းတော့မသိဘူး တကယ် ပွဲချင်းပြီးပဲ သေသွားတာ
သူတို့မိဘတွေက ဘာမှသိတာ မဟုတ်ဘူး ပိုက်ဆံတွေက ပေါနေတော့ သားသမီးတွေ လိုချင်တာဝယ်ပေးတာပေါ့
ပြောရင်ယုံမှာလား မွေးနေ့လက်ဆောင် နာရီဝယ်ပေးရတာနဲ့ ဟင်းးးးး ပြောကိုပြောချင်ဘူး မွေးနေ့ပွဲ Sedona မှာလုပ်ရတာနဲ့ အလုပ်ကို ရှုပ်နေတာပဲ ဟင်းးးးးး
ှမှတ်ချက်။ ။ အဲဒီ အထဲမှာ ငှက်ကလေး မပါဘူး နော် ငှက်ကလေး ကလိမ္မာတယ် ဂျ ဘာသိလို့လဲ ခိခိ
ငှက်လေးရယ် ငိုတော့မလို တည်းတည်းလေးပဲလိုတော့မယ်
အရေးကောင်းပါတယ် ညီမလေးရဲ့
ငှက်လေးစာတွေ ဖတ်ရတယ် ချစ်စရာကောင်းတယ်
ငှက်မလေး.. ရည်းစားထားဖူးတယ်ထင်တယ်။ စိတ်ကူးယဉ်တာ ကွက်တိပဲ၊ ဖတ်ပြီး စိတ်မကောင်းဘူး၊
မမလဲ ငယ်ငယ်ရွယ်ရွယ်လေးတွေ သေရင် ကျန်ခဲ့တဲ့လူတွေကို ကိုယ်ချင်းစာပြီး စိတ်မကောင်းဘူး၊ ငါဆိုရင် ဘယ်လို ဝမ်းနည်းမှာ ဆိုပြီးတော့
မမမေ တူများကို စွတ်စွဲတယ် များက ယင်ဖိုတောင် မသမ်းဖူးတဲ့လူကိုနော် ဟွန်းးးးးး
ဓာတ်ပုံပို့စ်မှာ တင်ထားတယ် မမရ
မရှိပါဘူး မမရာ ပြောရင်လဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာကျမယ် တော်ပြီ ပြောတော့ဘူး
မမကလဲ ဒီအတိုင်း ကားတိုက်ပြီးသေတယ်ဆိုတာ ရေးရင် ဘယ့်နှယ့် ဖတ်ကောင်းပါ့မလဲနော့် အခုတော့ ဝေဝေဆာဆာ ဖြစ်သွားတာပေါ့လေ ဟိဟိဟိ ဟုတ်ဘူးနား ဟုတ်တယ်နော် အရပ်ကတို့ရေ
ဘယ်သူမှမဟုတ်လဲ ဟုတ်ရမယ် ဒါဗြဲ ဟွန်းးးးး
ဖြေရှင်းတာလဲ အတင်းကြီးပဲ၊ ဒီမှာရော ဟိုမှာရော၊ မမက စတာပါ၊ ဟားဟ
အင်းပေါ့၊ အခုမရှိတာ ကောင်းတယ်၊ သမီးမေမေ သဘောကျတဲ့ တစ်ယောက်တွေ့တော့ ထားပေါ့၊ အခုတော့ ကျမကို ကြိုက်ရင် အမေ့ကို ပြောပါလို့.. နော်
ဟဟ။။။ဒေါ်ကြီးငှက်တို့တော့လုပ်ချလိုက်ပြန်ပြီ
သမီးကဒီိလိုအလွမ်းဇာတ်မျိုးလည်းရေးတတ်သားကို ပါးပါးကြီးဂုဏ်ယူပါ၏ :P
ဌက်ကလေးရေ ကောင်းပါ့ဗျာ။ အရိုင်းလဲ ကြိုးစားပြီးရေးနေတယ် သိလား။
မှတ်သားစရာ တခုပေါ့လေ။
မိဘဖြစ်တဲ့အခါ ဆင်ခြင်ပါ့မယ်။
ကံကောင်းလို့ မဒီကညာလေး ရရင်ပေါ့လေ..... :D
အဲ..... သားသမီး လိုချင်တာ ဝယ်ပေးနိုင်တဲ့ ဘောစိ များ ဖြစ်ရင်ပေါ့လေ.......ဟီးးးးးးးး အခုတော့ ဆန်ပြုတ်တောင် မနဲမှန်အောင် သောက်နေရတယ်ဗျ။ :P
သနားပြီး ထမင်းခေါ်ကျွေးရင်
ဒါမှမဟုတ်
အလှူအိမ်လေး ဘာလေး လမ်းညွှန်ရင်တော့ သာဓု..နော်....
ကိုယ့်ညီမက ကိုလူထွေးအိမ်မှာလာပြီး ရက်စက်သွားတယ်ပေါ့...
ဘာတဲ့...
ကောင်းလိုက်တာ (စိတ်ပျက်ဖို့)... တဲ့။
ဟုတ်လား...
အဟင့်ဟင့်ဟင့်
ဟီး...........
ဗြဲ............
ရွှတ်.........
ငိုပြီးပြန်သွားပြီ............
ခင်တဲ့
းဝ)
ကိုယ့်ညီမက ကိုလူထွေးအိမ်မှာလာပြီး ရက်စက်သွားတယ်ပေါ့...
ဘာတဲ့...
ကောင်းလိုက်တာ (စိတ်ပျက်ဖို့)... တဲ့။
ဟုတ်လား...
အဟင့်ဟင့်ဟင့်
ဟီး...........
ဗြဲ............
ရွှတ်.........
ငိုပြီးပြန်သွားပြီ............
ခင်တဲ့
းဝ)
တကယ်မှတ်လို. အားပါးပါး သနားနေတာ
နောက်ဆုံးကျမှ .................
ဟာဟ ဒါပေမယ့် တော်တယ် တကယ်ပြောတာ
မျောသွားတာပဲ ကံကောင်းလို. မော်တော်ဘုတ်နဲ့ တိုက်မိတော့မလို.
အီယားးးး တကယ်ဖြစ်တာပါဆိုမှ မယုံဘူးးးး အီးဟီးးးးးး ကောင်လေး တကယ်သေသွားတာ ဗျ
ပျောက်ဆုံးသွားမယ့် တိမ်တိုက်တစ်ခုပါလားးးးးးးးးးးး
သြော်......
ငှက်ကလေးရေ..ဟိုကြည့်ဒီကြည့်နဲ့ မင်းရဲ့ဘလော့လေး ကိုဖတ်လိုက်မိတယ်...တော်တော်ကောင်းတယ်...
အကြွေစောသွားတဲ့အကြောင်းရေးလိုက်တော့ တို့ငယ်သူငယ်ချင်းလေးကိုသတိရလို့ မျက်ရည်ဝဲမိသေးတယ်....
သူနဲ့ တို့ ကကျတော့ ရည်းစားမဟုတ်ဘူး...
တည့်ကိုမတည့်တာ...စတွေ့ သူစဟောင်ပဲ..ဟဟားးးးး
သူကနိုင်ငံခြားကို ကျောင်းသွားတက်တယ်...
သူကျောင်းပိတ်ပြန်လာတော့ တို့နဲ့ထူးထူးခြားခြား စကားအကောင်းပဲ ပြောဖြစ်ကြတယ်...
အဲဒီလိုသူနဲ့အလံဖြူပြပြီးမှပဲ သူသွားတဲ့လမ်းမှာ ဖျားလို့ဆုံးသွားတယ်...သူ့ ကိုသူ့ မိဘတွေက လေယာဉ်နဲ့တောင်အလောင်းကိုပြန်သယ်လာရတယ် သိလား....အဲလိုဖြစ်မယ်မှန်းသိရင်..............
ဟင်းးးးးးးးးးးးးး
အတိတ်ကိုပြန်ဆွပေးတဲ့ငှက်ကလေးရေ
မင်းတော်ပါတယ် တို့ စိတ်ကိုပြန်ဆွေးစေတယ်.... မေ့နိုင်အောင်ကြိုးစားခဲ့တာသိလား....
ငှက်ကလေးရေ...မင်းကိုတို့ အပြစ်တင်တာမဟုတ်ပါဘူးကွယ်...
တောင်းပန်စရာ မလိုပါဘူး...
တိုက်ဆိုင်သွားလို့ ပါဟာ....
စိတ်မကောင်းမဖြစ်နဲ့ နော်...
နောက်လဲလာလည်ပါ့မယ်...
များများရေးနော်...
ငှက်ကလေးကတော်တယ်...တကယ်ပြောတာ
စိတ်မကောင်းမဖြစ်ပါနဲ့ ...
ရတယ်တို့ ဘာမှမဖြစ်ဘူး
အဆင်ပြေတယ်နော်...
ဟေ့းးးးးးးးးးးးးးးးးးးးးးးးးးယောင်းလေး
ရှာပေး အဲဒါမျိုးလေးပဲရချင်တယ်နော်လို့
ကြိုက်သွားပြီသိလား
ငိုရင်ရီသွားတယ်ဒီနေ့ဟောလီဝူဒ်သွားဖူးလား
ကီနူးရ်ရေဖ့်ကိုတွေ့ ရင်ပြေားပေးနော်
မြူးစောင့်နေတယ်လို့လေ
တ့တာ ကို့အကြောင်းတွေသိချင်နေတယ်နော်
လာပြေားပြ အမြဲကြားချင်တယ်နော်လို့
ရွှေယောင်းKelly ငှက်လေးကို
ခင်တဲ့
ရွှေယောင်းမြူး
အဲဒီအဖြစ်လေးကို ကြားဖူးတယ်...
သနားစရာ ကောင်းတဲ့ဇာတ်လမ်းလေးပါပဲ...
အဖြစ်ချင်း ဆင်တူများ ဖြစ်နေမလား မသိဘူးနော်... :) အရေးအသားက ကောင်းတော့ လူကို မျှောသွားတယ်...
Post a Comment