၂၀၀၆
၁၀ တန်းပြီးတော့ မေမေက မေးတယ်
" ကားမောင်းသင်မလား ကွန်ပြူတာ သင်တန်းတက်မလား " တဲ့
" ကွန်ပြူတာ သင်တန်း တက်ချင်ဘူး မေမေ ကားမောင်းပဲ သင်မယ် " ဒါနဲ့ သိမ်ဖြူကွင်းမှာ အပြတ် ၁၀ ရက်သင်တယ်လေ ကားမောင်းသင်တန်းလဲပြီးသွားရော မောင်းချင်လိုက်တာမှ ယားနေတာပဲ လူကို
ဒီလိုနဲ့ တနေ့ ကျူရှင်က အပြန် ကားသမားဦးလေးကြီးကို
" ဦးလေး မီး ကားမောင်းချင်တယ် " ဆိုတော့ သူက
" အေး မောင်းလေ " ဆိုပြီး ပြောတယ် ဒါနဲ့တောင်ဥက္ကလာ လမ်းတလျှောက် မောင်းလာတာပေါ့လေ ဖြူးနေတာပဲ ဘာမှမဖြစ်သေးဘူး အဲဒီအချိန်အထိ
အယ် ပြသနာက အကွေ့မှာ စ တာပဲ အကွေ့ကို ဘယ်လိုယူရမလဲ မသိဘူး မမှန်းတတ်ဘူး အပေါက်နဲ့တည့်လား မတည့်လား ဆိုတာကိုလေ ဒါနဲ့ ကွေ့ချလိုက်တာ ဒုန်းးးး ဆိုတဲ့ အုတ်နံရံကို ဝင်တိုက်တော့မှပဲ ကားလဲ ရပ်သွားတော့တယ် အမလေးရင်တွေတုန်လိုက်တာနော် ရှေ့ဘန်ဘာ က ချိုင့်သွားတယ် အိမ်ရောက်ဖို့နဲနဲပဲ လိုတော့တာကို ဖြစ်ရတယ်လို့ ကားသမားဦးလေးကြီးကလဲ မျက်နှာမကောင်းဘူး ဒါနဲ့ သူပဲ ကားကို အိမ်အထိ ဆက်မောင်းလိုက်တော့တယ်
အိမ်လဲရောက်ရော
" မေမေ မီး ကားတိုက်လာခဲ့တယ် " လို့ပြောတော့ မေမေက
" ဟယ် လူတွေဘာတွေတိုက်မိသေးလား လူရော ဘာဖြစ်သွားသေးလဲ " တဲ့
" လူမတိုက်မိဘူး မေမေ အုတ်နံရံကို ဝင်ကျုံးခဲ့တယ် " ဆိုတော့
" အော် တော်သေးတာပေါ့ လူထိရင် ရှင်းရခက်တယ် ကားက ပြင်လို့ရတယ် " တဲ့ အဲလောက်ပဲပြောတယ် ဘာမှမပြောဘူး
ပြောချင်ဘူး ဆူခံရတာက မေမေ့ဆီက ဟုတ်ဘူး အကိုတော်ဆီကလေ သူက ပြန်လဲလာရော
" ဘာာာာ အုတ်နံရံကို ဝင်ကျုံးတယ် ဟုတ်လား နင်က ဘယ်လောက်တတ်သေးလို့ ကားကို မောင်းလာရတာလဲ နင့်မှာ လိုင်စင်လဲ မရှိဘဲနဲ့ ဖမ်းခံရရင်ဘယ်လိုလုပ်မလဲ " ဘာလဲ ညာလဲနဲ့ ဆူပါလေရော ဒါနဲ့ကိုယ်လဲ ကိုယ်မှားတာဆိုတော့ ငြိမ်နေလိုက်တယ် ဘာမှ ပြန်မပြောတော့ဘူး
ဖေဖေက ခရီးထွက်နေတော့
" စိတ်ပူနေလိမ့်မယ်တဲ့ ပြန်လာမှ မေမေကြည့်ပြောမယ် " တဲ့ ဒါနဲ့ ဖေဖေ ည ဖုံးဆက်တာတောင်မပြောဘူး
ဖေဖေပြန်လာတော့ မေမေ့ဆီက ပြောသံမကြားဘူး ဒါနဲ့ ဖေဖေ မသိဘူးမှတ်နေတာ
တနေ့ ဖေဖေ့ အမျိုးတွေ အိမ်သွားတော့ သူတို့က မေးတယ်
" ဘယ်လိုလဲ ကားမောင်း အတော် တတ်ပြီလား " တဲ့ ဒါနဲ့
" ဟုတ်ကဲ့ " လို့ပဲပြန်ဖြေလိုက်တယ် အဖေက ရယ်ပြီးတော့ ဘာပြောလဲဆိုတော့
" တတ်လဲတတ်ပြီ တိုက်လဲ တိုက်ပြီးပြီ " တဲ့
အဟိ ရှက်လိုက်တာနော် ဒါနဲ့ ဘာမှပြန်မပြောတော့ဘဲ သွားကြီးဖြီးပြီး အဟဲ ဆိုပြီးပဲငြိမ်နေလိုက်တော့တယ်
အဲဒီ အချိန်က စ ပြီး ကားမမောင်းတော့တာ အခုချိန်အထိပဲ အဟီး
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



23 comments:
တော်သေးတာပေါ့ကွယ်
လူဘာမှမဖြစ်ပေလို့ 
နောက်ဆို ကားကိုမောင်းတတ်အောင်သင်နော်
ခင်တဲ့
ကိုကြီးဝသန်မိုး
တတ်အောင်သင်ပါ=မလေး :)
ငှက်ကလေးရေ...အဲဒီလောက်ဆိုရင် F1 Racing ကို ကောင်းကောင်း ၀င်ပြိုင်လို့ရပြီ။.. ဟီး..ဟီး.။
yu ya
အစ်မလည်း ကြောက်တတ်ပေမယ့် ညီမလေးကိုတော့ အားပေးလိုက်ဦးမယ်။
ရဲရဲဝံ့ဝံ့ကားမောင်းနေမယ့် ညီမလေးပုံစံလေးက သိပ်ကြည့် ကောင်းမှာ....
ဒါဆို Formula One ၀င်ပြိုင်ကြည့်ပါလား..
ဆုရနိုင်တယ်နော....
ဟေ့ကောင် ငါသင်ပေးမယ်
ငါမောင်းတဲ့ကား တွေကရေလည် ဆွဲတယ် သိလား
ဓာတ်တိုင်ရှိတဲ့ဘက်ကို :P
နင်korea မှာမင်းသမီးဖြစ်ရင် နာ ဒရိုင်ဘာ လုပ်မယ်သိလား
ငါကတော့ ကားမမောင်းတတ်သေးဘူး ငှက်ရ ..
ဒီလိုပဲ ၁၀ တန်းအောင်ခါစ မြစ်ဘေးမှာ ကားမောင်းသင်တာ U turn ကွေ့တော့ နွားကြီးကို ဝင်တိုက်မိတော့မလို ဖြစ်သွားတာ .. ဒါနဲ့ နောက်ရက်တွေ မမောင်းဖြစ်တော့ဘူး ဟီ ဟိ :P
တော်သေးတာပေါ့ ငှက်ကလေးရယ်
ကားဘာမှ မဖြစ်သွားလို့
အော်ဟုတ်ပါဘူး လူဘာမှ ဖြစ်မသွားလို့
ပျော်ရွှင်ပါစေ
the fast and the furiousကိုအားကျတာလားမသိဘူး
ဒီမှာသူငယ်ချင်းတစ်ယောက်ရှိတယ်
သူ့ကားလိုက်ပြီဆိုရင်ပြုခဲ့ဖူးတဲ့ရှိစုမဲ့ကောင်းမှုတွေကို
အောင့်မေ့နေရတော့တာပဲ
မစီးချင်လည်းဒီတစ်စီးတည်းရှိတော့မတတ်နိုင်ဘူး
ပြောရဦးမယ်
ကိုငယ်ငယ်ကဖွတ်ချက်မောင်းဖူးတယ်
တတ်လို့မဟုတ်ဘူး ယားလို့ထမောင်းတာ
ဒုန်းကနဲအသံကြားရော ရှေ့ကပိန္နဲပင်ကြီးကျိုးသွားပါလေရော
ဟီး...ဟီး...ရှက်လိုက်တာ :P
တောင်ဥက္ကလာက ခလေးတွေက ဒီလိုပဲ..လိုင်စင်မရှိဘဲ ကားမောင်းကြတယ်.. ရဲနဲ့ တိုင်မယ်.. သတိထား..
၁၀ရက်ပဲ သင်တာပဲဟာ.. ထပ်သင်လေ၊ မမ ဆို စင်္ကာပူမှာ အကြာကြီး သင်ရတာ.. အဟက်
မမလဲ ကားမောင်းကြမ်းတာ၊ အရှိန်ရရင် မိုင်ကုန်ပဲ.... ဆရာကမေးတယ်.. မကြောက်ဖူးလားတဲ့၊ တခါမှတော့ တိုက်သေးဘူး၊
ကိုလူထွေးတို့ လမ်းထိပ်က အုတ်တံတိုင်းကြီး ပြိုသွားတာလဲ ငှက်ကလေး လက်ချက်ထင်တယ်...
းဝ)
ငှက်သာကားမောင်းမယ်ဆိုရင်
အပြင်ကအမှတ်တမဲ့ကြည့်လို့ကတော့
လူမပါဘဲကားကြီးရွှေလာတယ်လို့ထင်
တော့မှာဘဲ
ငါကတော့ အုတ်နံရံလေးကို ကမ္မည်းတင်ပေးချင်တယ် ဒီလိုလေးလေ ‘ဌက်ဝင်တိုးသော အုတ်နံရံ’ ဆိုပြီးတော့လေ :P
ဟဲ့...ကောင်မလေး...
ဖြည်းဖြည်းမောင်းလေ။
မောင်းရင်မမူးနဲ့ မူးရင်မမောင်းနဲ့။
လက်မထုတ်ရ။
ကပ်မလိုက်ရ။
အကွေ့၇ှိသည် ဖြည်းဖြည်းမောင်းပါ။
ကဲ... မောင်ချင်ဦးဟဲ့...
ယားချင်ဦးဟဲ့....ကားမောင်းဖို့ ...........
ဟဟားးးးးးးးးး
ချစ်လို့ လာပေါသွားခြင်းပါ။
ငှက်ကလေး က 10 ရက်ထဲအပြတ် ဆိုတာကို..... ဒီလောက်တော့ ရှိမှာပေါ့.....ဆက်မောင်း ငှက်ကလေး ဘာမှ ဖြစ်ဘူး... ဘေးနားမှာ ငှက် ကိုကို ကိုထားပြီးမောင်း... ဟိဟိ ချွန်ပေးတာ....း)
ဆက်လုပ်ပါ ငှက်လေး အစပဲ ဒီလောက်တော့ရှိမှာပေါ့ ။ လုပ်လုပ် ဒါပေမယ့် ဖြေးဖြေးပေါ့။ လူကိုမထိအောင်နော်။
ဟားဟားး
ငှက်လေးကတော်သေးတယ်။
ဒို့ဆိုရင်ကားမောင်းတတ်ခါစက လိုင်စင်တော့ရှိတယ်။
ဘုရင့်နောင်တံတားပေါ်မှာ ရှေ့ဆုံးကဘရိတ်ဆောင့်အုတ်လိုက်တာနောက်ကကား၎ စီးဆင့်တိုက်ပါလေရော။လူတော့ဘာမှမဖြစ်ဘူး။
ကိုယ်ကရှေ့ဆုံးကဆိုတော့လျော်လည်းလျော်ရဘူး။နောက်ကကားကကိုယ့်ကားကိုလျော်ရတယ်.
နောက်ဆုံးကားကတော့ အဆိုးဆုံးဘဲ။ပြီးတော့သူတို့ကားကမာစီးဒီးကြီး
ဟီး၂
ဟယ် ..... တော်လိုက်တာ ..
ဒုန်းးးးးး ဆို ပြီး တချက်တည်း နဲ့ 
ကားမောင်း တတ်သွား သတဲ့ လား ??
နှစ် ဒုန်းးးးး ဆိုရင်တော့ သေချာတယ် ။။
တက်သွား မှာပဲ .. နတ်ပြည်ကို ။။ ဟိဟိ
မောင်းချင်တယ် အရမ်းမောင်းချင် တယ် ဒါပေမယ့်.. ရန်ကုန်မှာလို မောင်းစရာ ကားက မရှိဘူး... ငှက်ကလေး နဲ့တော့ သူမသာ ကိုယ်မသာ လောက်မောင်းတက်တယ်.. ဟားဟား
မမ သင်ပေးမယ် ငှက်ကလေးရေ
အပိာ တို့ လည်းတူတူပဲ ငှက်ကလေးရေ သိလား၊ ပာိုတလောတုန်းကကားအိမ်ရှေ့မှာထားထားတာ အနောက်ကိုနည်း၂ ရွေ့ခိုင်းတာကို မစီမဆိုင် ဂိုထောင်အခန်းကို သွားတိုက်ထည့်လိုက်တာ ပီားးး ကားရှေ့မီးနည်း၂ စောင်းသွားတယ် :P
နင်ကတော့နံမည်ဖျက်ပြန်ပြီငါ့ကို။ ဒီလောက်ပြောတာ
တောင်နင်က နင်လုပ်ချင်တာလုပ်တုန်း။အမောတောင်
ဆို့သွားတယ်ပြန်လာလာခြင်းး) နင်လုပ်တာနဲ့ငါ့ကား
လဲအော်ကြောလေးတွေတော်တော်ကုန်သလောက်
ဖြစ်သွားပါပြီး)
Post a Comment