Saturday, 18 July 2009

အိမ်

သူတို့ ကုပ္မဏီကို သူမ ဒီနေ့အလုပ် စ ဝင်ခဲ့တယ် သူနဲ့ အတူတူ အလုပ်တွဲလုပ်ရတယ် သူက အစစ အရာရာ သူမ ကို ကူညီပေးခဲ့တယ် ထမင်းစားချိန်တွေ မှာ သူငယ်ချင်းတွေနဲ့အတူတူ သူပါအပါအဝင် ပျော်ရွှင်စွာ စားခဲ့ကြတယ် ဒီလိုနဲ့ သူတို့နှစ်ယောက် နီးစပ်ခဲ့တယ် ဆိုပါတော့ ချစ်သူသက်တမ်း ၁ နှစ်ပြည့်တော့ သူက သူမ ကို လက်ထပ်ခွင့်တောင်းခဲ့တယ် သူမ က
" ကျွန်မတို့ တအိုးတအိမ် ထောင်ပြီး နေချင်တယ် မိဘတွေ အိမ်မှာ မနေချင်ဘူး " လို့ပြောတယ်
ဒါနဲ့ သူတို့နှစ်ယောက် အိမ်လေး တအိမ်ဝယ်နိုင်အောင် ကြိုးစားခဲ့ကြတယ် သူကလဲ လက်ဖက်ရည်ဆိုင်မထိုင်ဘဲ ပိုက်ဆံကိုသာ ခြစ်ခြစ်ခြုတ်ခြုတ် စုခဲ့တယ် သူမ ကလဲ အဝတ်အစားအသစ်တွေ ခေတ်ပေါ်ရေစီးကြောင်းတွေ နောက်မလိုက်ပဲ အိမ်လေး တလုံးဝယ်နိုင်အောင် ကုတ်ကပ်စုခဲ့ကြတယ်
ဒီလိုနဲ့ သူတို့တွေ စမ်းချောင်းမှာ တိုက်ခန်းလေး တခန်းကို ဝယ်နိုင်ခဲ့တယ် ကံကောင်းချင်တော့ အိမ်ရှင်က ဗိုက်နာတာနဲ့ကြုံနေတော့ သူတို့ သက်သက်သာသာနဲ့ရလိုက်တယ် ဒီလိုနဲ့ မင်္ဂလာပွဲကို အကျဉ်းရုံးပဲ ရုံးတက်လက်မှတ်ထိုးပြီး သူငယ်ချင်းတွေကို မုန့်ကျွေးပြီး ပြီးသွားခဲ့တယ်
သူတို့ အလုပ်ကနေ ဘယ်လောက်ပဲ မောပန်းပြီး ပြန်လာပါစေ ခြောက်လွှာကြီးကို မောမောပန်းပန်းနဲ့ တက်ရပါစေ အိမ်လေးထဲရောက်ရင် အမောတွေ ပြေသွားသလိုခံစားရတယ် ဒီလိုနဲ့ အိမ်ထောင်ပရိဘောဂတွေကို ဝယ်စုဖို့ကြိုးစားကြပြန်တယ် သူကပြောတယ်
" ကိုယ် ညကျရင် တက္ကစီ မောင်းမယ် အပိုဝင်ငွေလေး ရအောင် " တဲ့
" ကိုရယ် အရမ်းပင်ပန်းပါတယ် " ဆိုတော့
" အိမ်လေးကို တင့်တင့်တယ်တယ် ဖြစ်စေချင်တယ် ပြီးတော့ သားတွေ သမီးတွေ ရရင်လဲ စုရဦးမယ်လေ " တဲ့
သူ့ကို သူမ မတားနိုင်ပါဘူး သူပြောတာလဲ မှန်တာပဲ ဒါနဲ့ သူက ရုံးပိတ်ရက် စနေ တနင်္ဂနွေဆိုရင် သူတက္ကစီ ထွက်ဆွဲတယ် တဖြေးဖြေးနဲ့ အိမ်ထောင်ပရိဘောဂ တွေ စု လိုအပ်တာလေးတွေ ဝယ်နဲ့ အိမ်လေးက တော်တော်လေးကို နေချင့်စဖွယ်ဖြစ်လာတယ်
သူမ ကလဲ ဘယ်လောက်ပဲ ပင်ပန်းပါစေ အိမ်သန့်ရှင်းရေး လုပ်ပြီးမှ အမြဲအိပ်တယ် အဲဒီလောက်အထိ အိမ်လေးကို သူတို့ ဂရုစိုက်ခဲ့ကြတယ်


" ကို့ ကိုမေးစရာရှိတယ် "
" ဘာလဲ "
" ကို့ကို သူငယ်ချင်းတွေကပြောတယ် အမျိုးသမီး တယောက်နဲ့ တွဲနေတယ်ဆို ဟုတ်လား "
" သူများပြောတိုင်းယုံရလား မြတ်စွာ ဘုရားကပြောတယ် ပြောတိုင်းမယုံရဘူးတဲ့ မျက်စိနဲ့မြင်ရင်တောင် တဝက်ပဲ လက်ခံရတယ်တဲ့ မသိဘူးလား အဲဒါကို "
" ဒီမယ် ကို မြတ်စွာဘုရားကို ဆွဲမထည့်ပါနဲ့ မယုံပါဘူး သူများပြောတာ ဒါနဲ့ လိုက်ချောင်းတာ တန်းမိတယ်လေ ဘာပြောမလဲ ကျွန်မကိုတောင်မမြင်ဘဲနဲ့ ရှင် အကြည်စိုက်နေတယ်လေ သူနဲ့ "
" မင်းမဟုတ်တာ မပြောနဲ့ " သူ့အသံတွေ မာလာခဲ့ပြီ
" အင်းလေ လူတွေက ဟုတ်တာပြောရင် မကြိုက်ချင်ကြဘူး "
" မင်းနော် ငါတို့က ရိုးရိုးသားသား "
" ရိုးရိုးသားသားဆိုရင် ဘာလို့ စားသောက်ဆိုင်မှာ နှစ်ယောက်တည်း ချိန်းတွေ့လဲ "
" သူ့ ကိစ္စကို ငါလိုက်ကူပေးနေတာ မင်းမသိဘဲလျှောက်မစွတ်စွဲနဲ့ "
" အင်းပေါ့လေ ခိုးတဲ့လူက ကိုယ်ခိုးပါတယ်လို့တော့ ဘယ်ဝန်ခံပါ့မလဲ နော် "
" မင်းနော် မင်းတော်တော် တရားလွန်ပြီနော် "
" ဒီတော့ ရှင်က ဘာလုပ်ချင်လို့လဲ ရှင့်ဟာမကို ပြောတော့ နာတယ်ပေါ့လေ ဟုတ်လား "
" မင်းးးး" ဖြန်းးး သူရဲ့ လက်က သူမရဲ့ ပါးပေါ်ကို ကျသွားခဲ့တယ်
" အော် ရှင် က အခုတော့ ဒီကောင်မ အတွက်နဲ့ ကျွန်မကို ရိုက်ပြီပေါ့လေ ဟုတ်လား ဒီမယ် ကျွန်မ ရှင့်ကို လက်ထပ်ထားတာ ရှင်နှိပ်စက်တာ ခံဖို့မဟုတ်ဘူး "
" မင်းမကျေနပ်ရင် အိမ်ပေါ်က ဆင်းသွားလို့ရတယ် "
" အော် ရှင်က ဒီစကားအခုတော့ပြောလာပြီပေါ့လေ ဟုတ်လား ရတယ် မနက်ဖြန်ကျရင် ရှေ့နေ့ နဲ့တွေ့ပြီး အမြန်ဆုံး ကွာဖို့လုပ်တာပေါ့ ကျွန်မကို စိန်မခေါ်နဲ့နော် ဒူးထောက်ပြီး တောင်းပန်မယ့် အမျိုးအစားထဲမှာ ကျွန်မ မပါဘူး "
ဒီလိုနဲ့ အခြေအနေက တင်းမာသွားခဲ့ပါတယ်
ရှေ့နေနဲ့ တိုင်ပင်ပြီး ပစ္စည်းတွေ တဝက်ခွဲဖို့လုပ်ကြတယ် ဒီအိမ်လေးက တော့ အဓိကပေါ့လေ ဒါနဲ့ သူတို့ ဒီအိမ်လေးကို မြန်မြန်ရောင်းပစ်လိုက်ကြတယ် အရင်က သူတို့ ဝယ်ထားတဲ့ ဈေးလောက်တောင် မရပါဘူး ဒါတွေ သူတို့ဂရုမစိုက်ဘူး သူတို့လိုချင်တာ ကွာရှင်းပြီး တယောက်နဲ့ တယောက်မပတ်သက်ဖို့ပါပဲ
ဒီလိုနဲ့ သူတို့ အနှစ်နှစ်အလလ ထည့်သိမ်းထားတဲ့ မေတ္တာတွေ အကြင်တွေနဲ့ အိမ်လေးဟာဆိုရင် အခုတော့ဖြင့် တကိုယ်တည်းထီးထီးကြီး အဖော်မဲ့စွာ ကျန်ရစ်ခဲ့ပါတော့တယ် .......

မစန္ဒာရဲ့ မြေပိုင်ချင်သူများ အကြောင်းလေးကို အခြေခံပြီး ရေးဖွဲ့ထားတာပါ အဲဒီ ဝတ္ထုထဲမှာတော့ အဘိုးကြီး အဘွားကြီး နှစ်ယောက် မြေလေး ဝယ်ပြီး အိမ်ဆောက် နောက်တော့ အဘိုးကြီး နေမကောင်းဖြစ် ဆေးရုံတက်ရတော့ အိမ်လေးကို ရောင်းလိုက်ရတဲ့အကြောင်းလေးပေါ့ ညီမ က မစန္ဒာနဲ့ သိပ်တော့ မတူပါဘူး ဒါပေမယ့်  သူ့ ဝတ္ထုကို အခြေခံပြီး ရေးဖွဲ့ထားတာပါ ပြီးတော့ ဟန်ထွန်းနဲ့ တင်ဇာမော်ရဲ့ အိမ် သီချင်းကို တင်ချင်တာလဲ ပါပါတယ်



အဟီးအခုတလော မမများအဖွဲ့နဲ့ ချက်နေရတာနဲ့ အိုင်ဒီယာ သိပ်မထွက်ဘူးရယ် မကောင်းလဲသည်းခံပြီးဖတ်ပေးကြပါနော် စာလဲရေးစရာမရှိတော့ဘူးရယ် လေတယ် ဂယ်ပါပဲ ဖူးးးးးးးးးးးတော်ပြီ သူများတွေကိုသာပြောတယ် ကိုယ်လဲ ဘလော့ဂ်ဂါ မလုပ်တော့ဘူးကွယ် လိုက်လျှောက်ပဲဖတ်တော့မယ်

22 comments:

kyaw kyaw aung said...

ငှက်နဲ့ပေါ့ပေါ့ပါးပါးလေးကပိုလိုက်တယ်
လို့ထင်တယ်။ ငှက်ဆိုတဲ့အတိုင်းပေါ့ပါးလန်း
ဆန်းနေပါစေဗျာ

Yu Ya said...

နိုက်တင်ဂေး ငှက်ကလေးရေ... သီချင်းဆိုရင် ပိုကောင်းမယ်ထင်တယ်နော်...

yu ya

ကိုလူထွေး said...

မမတွေနဲ့ ချက်လိုက်
အိမ်ပြန်ချက်လိုက်နဲ့
အဆင်ကိုပြေလို့

ဟဟာဟ

သားကြီး said...

တခါတခါကိုတို့မြို့လေးမှာ လူမနေတော့တဲ့အိမ်လေးတွေရှိတယ် ကိုဆိုရင်ဘာကြောင့်မသိ အဲလိုအိမ်တွေရဲ့ တချိန်ကကိုလိုက်စပ်စုတာဝါသနာပါတယ်
အကြောင်းကြောင်းကြောင့်ပိုင်ရှင်မဲ့သွားရတဲ့အိမ်လေးတွေရဲ့
ဇာတ်လမ်းကလည်းအမျိုးစုံလို့ပါပဲ
တချိန်ကရယ်သံမောသံတွေ အကြင်နာတရားတွေနဲ့ လုံးထွေးရစ်ပတ်ချည်နှောင်ဖွဲ့တည်ခဲ့တဲ့အိမ်လေး နောက်ဆုံးတစပြင်လိုခြောက်ကပ်တိတ်ဆိတ်နေတာ ဝမ်းနည်းစရာပါပဲ စွန့်ပစ်ခဲ့ရသူပိုင်ရှင်အဖို့တော့ ဘယ်ပြောကောင်းတော့မလဲ ကိုယ်ပိုင်အိမ်မပြောနဲ့ ခဏငှားနေတဲ့အခန်းကိုတောင်ကြာရင်သံယောဇဉ်ရှိကြတာပဲ
ခုငှက်လေးရဲ့ပိုစ်ကိုဖတ်ပြီး မြို့လေးထဲက တချိန်ကလူသူမရှိတဲ့အိမ်လေးတွေကို သတိရသွားတယ်
တခုခုကိုအခြေခံပြီး ဇာတ်လမ်းဆင်ရေးဖွဲ့ရာမှာ ငှက်ကလေးတော်ပါတယ်
ပါးပါးရဲ့သမီးလို့မပြောရဘူး ဟီးးးးးး
သက်သက်နောက်တာ :P

Angel Shaper said...

ငှက်ကလေးရေ... သတိရလို့ ရောက်လာပါတယ်နော်။
အိမ်လေးဖြစ်လာဖို့  ပင်ပင်ပန်းပန်း ကြိုးစား အနစ်နာခံ၊ ဒုက္ခခံခဲ့ကြတာ အနှစ်နှစ်အလလ၊
ဖြိုခွဲလိုက်ကြတော့လဲ တစ်ရက်တည်းနဲ့ ဟူးးးးးးးးးးးး
ရင်မော စိတ်မကောင်းဖွယ်ပါကွယ်။
ညီမလေးက ဇာတ်လမ်းဆင်တယ်ပြောပေမယ့် တကယ့်အပြင်လက်တွေ့ မှာ အများကြီးတွေ့ ရလို့  စိတ်မကောင်း ဖြစ်မိတယ်။
အားလုံးသော အိမ်လေးများ ပျော်ရွှင်ဖွယ်အသံများနဲ့ ဖုံးလွှမ်းလို့  ငြိမ်းချမ်းစေချင်ပါဘိ။
ညီမလေးလဲ ပျော်ရွှင်ပါစေနော်။

Angel Shaper said...

ငှက်ကလေးရေ... သတိရလို့ ရောက်လာပါတယ်နော်။
အိမ်လေးဖြစ်လာဖို့  ပင်ပင်ပန်းပန်း ကြိုးစား အနစ်နာခံ၊ ဒုက္ခခံခဲ့ကြတာ အနှစ်နှစ်အလလ၊
ဖြိုခွဲလိုက်ကြတော့လဲ တစ်ရက်တည်းနဲ့ ဟူးးးးးးးးးးးး
ရင်မော စိတ်မကောင်းဖွယ်ပါကွယ်။
ညီမလေးက ဇာတ်လမ်းဆင်တယ်ပြောပေမယ့် တကယ့်အပြင်လက်တွေ့ မှာ အများကြီးတွေ့ ရလို့  စိတ်မကောင်း ဖြစ်မိတယ်။
အားလုံးသော အိမ်လေးများ ပျော်ရွှင်ဖွယ်အသံများနဲ့ ဖုံးလွှမ်းလို့  ငြိမ်းချမ်းစေချင်ပါဘိ။
ညီမလေးလဲ ပျော်ရွှင်ပါစေနော်။

လင်းကြယ်ဖြူ said...
This comment has been removed by the author.
လင်းကြယ်ဖြူ said...
This comment has been removed by the author.
လင်းကြယ်ဖြူ said...

အခုတလော အရမ်းကို ချက်နေတယ်ဆိုပါတော့
အိမ်လေးကို ဖျက်လိုက်ကြတာ ခဏလေး..
ပြန်ဆောက်ရင်မလ္ဂယ်ဘူးနော်..
ဘာကိုတ္ဂေးမိလဲဆိုတော့ မဆီမဆိုင် လူသားတိုင်းရဲ့
Friendship ကို တ္ဂေးမိတယ်..ဖျက်လိုက်ရင်ခဏလေး
ပြန်ဆောက်ရင် မလ္ဂယ်ဘူးနော်...

kyalkalay said...

post အသစ်တင်ဖို့ လုပ်လိုက်တာ
ကွန်မန့် တွေ ပျက်သွားတယ်ဗျာ

စိတ်မဆိုးပါနဲ့နော်

ပြင်တာပြက်သွား တယ် ဟီး

မယ့်ကိုး said...

inspiration က ဆရာမ မစန္ဒာဆိုပေမယ့် ကိုယ့်ဇာတ်လမ်းနဲ့ ကိုယ် ရေးသွားတာ ကောင်းပါတယ်။သီချင်းလေးကိုလည်း ကြိုက်တယ်။
အားပေးလျက်နော် ညီမလေး...

မေဇင် said...

ဇတ်သိမ်း ဇတ်သိမ်း....ဟင့်...အဲ့ဒီ ဖောက်ပြန်တဲ့ကောင် အိမ် မရှိ ရာမရှိ ပါစေနဲ့... သူ့နောက်တစ်ယောက်ကလဲ သူ့ကို ထားသွားပါစေ... ဟိဟိ



ခင်တဲ့
မေဇင်

မီးတောင် said...

ငှက်ရယ် အဲဂလိုလုပ်ပါနဲ့ ...
စိတ်ရှိရင်တော့ ရေးပါ ....း)

maylay said...

ပေါ့ပေါ့လေးတွေ ရေးပါကောင်မလေးရယ်။ ငှက်လေး က ပေါ့ပါးနေမှ ပျံနိုင်တာလေ။ မမတို့ ကုန်ကြမ်းရှာပေးပါ့မယ်နော်။ ငှက်လေး ပျော်ရွှင်ပါစေ။

s said...

ပိာတ်ငှက်ကလေး ... အစအဆုံးသေချာဖက်သွားတယ်ဆိုးဘူး ကောင်း၏။
အန်တီဆုလို့တော့ခေါ်တာကြိုက်ပါဘူး နှစ်လလေးကြီးတာကိုး အပာင့် :P

မင်းနေဝေး said...

အိုင်ဒီယာမထွက်လို့ပဲနော် ..
ထွက်များထွက်ရင် မလွယ်ဘူး ... :P
ငှက်ကလေး ဆီလာရင်း ငှက်ငယ်လေးဆီ မျက်စိလည်သွားတယ် ... ဟီးဟီး ... ညီအမလားမသိ ...

မျက်မှန်လေး said...

ဟုတ်တယ် ငှက်လေးရေ..
တခါတလေတော့လည်းဘာမှမ၀ယ်တာကောင်းတယ်
ဝယ်ရင်အလုပ်ရှုပ်တယ်

သိင်္ဂါကျော် said...

ဒါမျိုးဟာ တကယ်တော့ အဆန်းမဟုတ်ပါဘူး။
အချစ်နဲ့ စခဲ့တဲ့ အိမ်ထောင်တွေလည်း အဲဒီလိုပဲ အမျိုးသားဘက်က ဖောက်ပြန်မှုကြောင့် ပျက်ကြတယ်။
တို့ အပြင်မှာ အများကြီးပဲ တွေ့ဖူးတယ်။

kiki said...

နောက်ဆို ဗိုက်နာလို့ ရောင်းတဲ့ အိမ် မဝယ် မိစေနဲ့ နော်။။

ဘာလို့ လည်းဆိုတော့ သူ့  အလှည့် ကျ လည်း အဲလို ပဲ ပြန်ရောင်း လိုက် ရတာ ..

ဟီးး အိမ်ပွဲစား ။ ခြံမြေ ပွဲ စား လုပ်ပါလား ငှက်ရာ ..
မမ တွေ အဖွဲ့  ကဆို သတင်းစုံ တယ်မို့ လားး
အလုပ်ဖြစ် မယ် နော် ..

ဖွားကိ..

မင်းအိမ်ဖြူ Minn Eain Phyu said...

အိမ်ဇာတ်လမ်းလေးလာဖတ်ပါတယ် ကောင်း၏

Lucifer said...

ငှက်လေးရယ် သတိထားပြီးမောင်းရင်ဖြစ်ပါတယ်..
ပြန်မောင်းကြည့်ပေါ့

ballonlay said...

ို ခက်ခက်ခဲခဲယုယုယယ တည်ဆောက်ထားတဲ့အိမ်လေး အပြိုအပျက်မြန်တာ.. စိတ်မကောင်းစရာပါပဲ..