Tuesday, 14 July 2009

မေမေ သို့

မေမေ လို့ ခေါ်လိုက်ပေမယ့် မေမေ က ပြန်မထူးခဲ့ဘူး
မေမေ ရယ်လို့ သမီး ခေါ်နေတယ် လေ
မေမေ သမီးသိပါတယ် မေမေ မကြားနိုင်မှန်း
မေမေ့ရဲ့ ဂရုစိုက်မှု တွေကို သမီးလွမ်းတယ် မေမေ
မေမေ့မှာ မွေးရာပါ နှလုံးရောဂါရှိရက်နဲ့ သမီးကို မွေးခဲ့တယ် ပြီးတော့ သမီးမှာလဲ အဲဒီ ရောဂါ ပါလာမှာစိုးလို့ ဆရာဝန်တွေနဲ့ ပြီး အထူး ဂရုစိုက်ခဲ့တာ လေ
ပြီးတော့ သမီး အိပ်ယာဝင်တိုင်း ပုံပြင်ပြောပြခဲ့တာ ကျောင်းသွားတော့လဲ လိုက်ပို့ခဲ့တာတွေ
သမီး ကြိုက်တဲ့ ဟင်းကို မေမေ သိတယ် သမီးလုပ်ချင်တဲ့ အရာမှန်သမျှကို မေမေ ဖြည့်ဆည်းပေးခဲ့တယ်လေ
သမီး မေမေ နဲ့ တသက်လုံး နေရမယ်လို့ ထင်ထားတာ ဒါပေမယ့် ကံကြမ္မာက ရက်စက်တယ် မေမေ့ကို လူ့လောက ကနေအပြီးအပိုင် ခေါ်သွားခဲ့တယ် အဲဒီတုံးက သမီး ၈ နှစ် ပေါ့

သမီးမှတ်မိပါသေးမယ် မေမေ ဆုံးပြီး ၆ လလောက်နေတော့ ဖေဖေက အန်တီတယောက်ကို အိမ်ခေါ်လာတယ်လေ ပြီးတော့ ပြောတယ်
" သမီးလေး ဒါက မေမေ အသစ်နော် " တဲ့ သမီးကို အဲဒီ မေမေ အသစ်က
" သမီးလေးက ချစ်စရာလေး " ဆိုပြီး သူ့ရင်ခွင်ထဲမှာ ဖက်ထားတယ် မေမေ မေမေ့ဆီက ရသလို သနပ်ခါးနံ့ မရဘူးမေမေ စူးရှလှတဲ့ ရေမွှေးနံ့ပဲ ရတယ်
သူများတွေကပြောတယ် မေမေ မိထွေး ဆိုတာ ရက်စက်တယ်တဲ့ နှိပ်စက်ခံရမှာတဲ့ အဲဒီအတွက်တော့ မပူပါနဲ့ မေမေရယ် သမီးရဲ့ မေမေ အသစ်က သမီးကို မနှိပ်စက်ပါဘူး သမီးလိုချင်တာ မှန်သမျှ ဝယ်ပေးတယ် မေမေ
ဒါပေမယ့် မေမေ့လိုတော့ ပုံပြင်ပြောပြ ထမင်းခွံ့ကျွေးတော့ မလုပ်ဘူးမေမေ
တခါတလေ မေမေ အသစ်က သူ့ရဲ့ သူငယ်ချင်းတွေ အိမ်ခေါ်လာပြီး ကစားကြတယ်မေမေ ဆူညံနေတာပဲ အဲလိုအချိန်မျိုးမှာ သမီးစာကျက်လို့လဲ မရဘူးမေမေ
မေမေ့ကို သိပ်လွမ်းတာပဲ မေမေရယ် စာရှင်းပြတတ်တဲ့ မေမေ့ကိုပေါ့
သမီး တယောက်တည်း နေတတ်တဲ့ အကျင့်ရလာတယ် မေမေ
ဖေဖေက လဲ သူ့စီးပွားရေးနဲ့ သမီးကို ဂရုမစိုက်ဘူး မေမေရယ်
သမီး တယောက်တည်း ကြိတ်ငိုရတဲ့ ရက်တွေ ဘယ်လောက်များပြီလဲ မေမေရယ်
အတန်းထဲမှာ သမီး ၁ ကနေ ၅ အတွင်း ဝင်တယ် မေမေ မေမေ မရှိတော့ပေမယ့် သမီး စာကြိုးစားပါတယ် မေမေ
ဒါပေမယ့် သမီးရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုပေးမယ့် မေမေမှ မရှိတာ သမီး အဲဒါတွေ ကို ဘာလုပ်ရမှာလဲ မေမေ

ဒီနေ့ကတော့ မေမေဆုံးတာ ၂ နှစ်ပြည့်ပဲ မေမေ
သမီးအိပ်ခန်းထဲမှာလေ မေမေ့ ဓာတ်ပုံကို တင်ထားပြီး မေမေကြိုက်တတ်တဲ့ မုန့်နဲ့ ဖယောင်းတိုင် ထွန်းထားပေးတယ်
မေမေ မြင်ရဲ့လား ဟင်
သမီး အခုတလော နေမကောင်းဘူး မေမေ ရင်ဘတ်ထဲက စူးစူးပြီး အောင့်နေတယ်
ဖေဖေက လဲ အနားမှာ မရှိဘူး သမီး မေမေ အသစ်ကိုမပြောချင်ဘူး မေမေ
အခု မေမေ့ အကြောင့် စဉ်းစားရင်းနဲ့တောင် ရင်ဘတ်ထဲက စူးစူးလာတယ် မေမေရယ် သမီး ရောဂါ ရနေပြီလား မပြောတတ်ပါဘူး မေမေရယ်
သမီး ရင်ထဲမှာ အောင့်နေတယ် ပြောချင်တဲ့ စကားလုံးတွေ အများကြီးမေမေရယ် အော်ဟစ်ပေါက်ကွဲပြီး ငိုလိုက်ရရင် ကောင်းမှာပဲ
အခုတော့လေ သမီး ရင်ထဲမှာ ဆို့ဆို့ကြီး ဘယ်လိုကြီးမှန်း မသိဘူး မေမေရယ်
ဟော ပြောရင်းဆိုရင်း ရင်ခုန်သံတွေ တဒိုင်းဒိုင်း မြန်လာပြီ မေမေ
သမီး နေလို့ မတတ်တော့ဘူး ရင်ဘတ်ကြီး တခုလုံး ပေါက်ကွဲ ထွက်မတက်ပဲ မေမေရေ
သမီး လေ မေမေ့နောက်ကို လိုက်လာပြီနော် မေမေ စောင့်နေပါနော် သမီးကို မေမေရေ မေမေရေ မေ.........

25 comments:

Lucifer said...

ဟဲးဟဲး .. စာတော့ဖတ်ရသေးဘူး.. comment အရင်ပေးချင်လို့..

Lucifer said...

အမေချစ်တဲ့ သမီးလေး.. လိုက်မသွားနဲ့အုံးလေ..

Yu Ya said...

စာကို ဆုံးအောင်ဖတ်ပြီးတော့ အငဲသီချင်းလေးကို ဆိုမိသွားတယ်။

yu ya

kyaw kyaw aung said...

တိုတိုလေးနဲ့ထိပါတယ်

မင်းနေဝေး said...

အဲ့ .....
စပ်ဖြဲဖြဲနဲ့လာတာ ငိုမဲ့မဲ့နဲ့ပြန်သွားတယ် :(

လူရိုင်းလေး said...

လိုက်မသွားပါနဲ့အုံး ငယ်ချင်းရေ။

mae said...

အဲ.. အဲ့ဒါမျိုးတွေ ဖတ်ရရင် တကယ်ရင်ဘတ်ထဲက အောင့်တယ်

သားကြီး said...

ဝေးးးးးးးးးးးး
ဘာလဲဟ?
ဝတ္တုလား? တကယ်လား?
လိုက်တော့မသွားနဲ့ဦးလေကွယ်
ဇီးသီးထုပ်ဖို့လုပ်ရဦးမယ်လေ
နောက်ပြီး “သူလာသောအခါ”ဆိုတဲ့ပိုစ်ထဲကလူကြီးမလာသေးဘူးလေဟာ

မယ့်ကိုး said...

စာလေးက တိုပေမယ့် ဆွဲဆောင်မှုရှိုတာ တကယ်...
ညီမလေးရေ ... ဇာတ်လမ်းဆုံးသွားမှန်း သိပေမယ့် ဆက်ရန်တောင်ရှိစေချင်တယ်။

ကိုလူထွေး said...

ခွိခွိတွေ ဟဟဟ တွေ မပါတော့ တကယ့်အဖြစ်လား ရင်ထိတ်မိတယ် ညီမရယ်...

စိတ်မကောင်းမိတာတော့ အမှန်ပါ...

အမေနောက်ကို လိုက်လာမယ်ဆိုတာကလဲ မကောင်းဘူး...

ဘဝဆိုတာ ရှင်သန်ဖို့ပါ...

လင်းကြယ်ဖြူ said...

အားပေးသ္ဂားတယ်နော်..စာလေးက ဆ္ဂဲဆောင်မှုရှိတယ်
စိတ်ကူးလား..တကယ်လား ဆိုတာမသိရပေမယ့်
ခံစားမှုတ္ဂေကိုတော့ လက်တ္ဂေ့ မြင်လိုက်ရတယ်..
ရဲဘော်ရေ ဆက်လုပ်...

Angel Shaper said...

ဟဲ့ ကောင်မလေး
လန့် သွားတာပဲ....ကွယ်
တကယ်လား... စိတ်ကူးလေးလား မသိရဘူး....
ငှက်ကလေးလုပ်လိုက်ရင်လေ ရင်ထဲ ထိအောင်ကို လုပ်တတ်တယ်နော်။ ခံစားမှုလေးတွေ ပေါ်လွင်အောင်ရေးတတ်တယ်၊ အရမ်းကောင်းတယ်။
အရမ်းတော်တဲ့ ငှက်ကလေးရေ........
ဆက်လုပ်နော်....
ပျော်ရွှင်ပါစေကွယ်။
ဘာပဲဖြစ်ဖြစ် လိုက်တော့မသွားစေချင်သေးဘူးကွယ်။
ကိုသားကြီးနဲ့  ဇီးသီး အရင်ထုတ်ကြဦးစို့။
မအိုကေမှ လိုက်ကြမယ်လေနော်။

kyalkalayw said...

ငါလာငိုတယ်


ငါနင်ငိုဖို့ရေးထားတာ
သူများတွေလာဖတ်ပီးပီ
နင်ပဲကျန်တော့တယ်
နင်မလာလို့အသစ်တင်မရဘူး

နွေးနေခြည် said...

ရင်ကို ထိတ်သွားတာပဲ... ဒါလဲရသပေးတာပဲပေါ့း)

မလိုက်နဲ့ဦးနော်... ကိုရီးယားမင်းသားတွေပါ ငိုကုန်ဦးမယ်

မေဇင် said...

ညီမလေး...တကယ်မဟုတ်ဘူး မဟုတ်လား ဟင်...။ ပျော်ပျော်လေး ပဲ စာတွေ ရေးပါညီမ ရယ်

maylay said...

ငှက်လေးက ရေးတတ်လိုက်တာ ။ တော်တယ်။ တကယ် မဟုတ်ပါဘူး။အပေါ်က မမတို့၊ကိုကိုတို့ရေ။ ဖတ်သူရင်ထဲထိအောင် ရေးတတ်တဲ့ ငှက်လေးရဲ့အစွမ်းပါ။ (ကြော်ငြာပေးထားတယ်နော်) ။ ငှက်လေးကို ပုံစံတစ်မျိုးနဲ့မြင်ရတာပေါ့နော်။ ပျော်ရွှင်ပါစေ ညီမလေး။
maylay

ခြေလှမ်းသစ် said...

ငှက်ကလေးက အရယ်ပဲတတ်တယ်ထင်တာ အခုတော့ အငိုတတ်တာပါ ယုံသွားပြီ

lovely ghost said...

Don't fly away my little bird ! !
Carry on laughing between us . Hee hee

:((
KiKi

သိင်္ဂါကျော် said...

ငှက်ကလေးရေ
လာဖတ်ပြီး ခံစားသွားပါတယ်...
တကယ် ခံစားရတယ်...

မိုးခါး said...

ငိုချင်အောင်လုပ်တဲ့ ငှက်မလေးပဲး)

khin oo may said...

အဟုတ်အောက့်မေ့လို့

Lunn said...

ငှက်လေးရေ.. ဇာတ်လမ်းကြောရိုးလေးက.. တစ်စုံတစ်ယောက်သောသူရဲ့.. တစ်စုံတစ်ခုသောဖြစ်စဉ်
လေးနဲ့.. တိုက်ဆိုင်မှုရှိနေလို့.. ပိုခံစားရတယ်..
ကြိုက်နှစ်သက်ပါတယ်.. ဆက်လက်အောင်မြင်ပါစေ..
အားပေးနေလျက်ပါ..

Tony said...

ငှက်မလေး.. ပါးစပ်(ဟောင်းလောင်း)နဲ့ဖတ်ဖြစ်တယ်.. မေကြီး၊
(မေလေး) ဇာတ်လမ်းကိုပါ.. ဆက်ရေးလို့..
(ကြာကြာ)ဖတ်ရရင်.. ကိုယ့်ရဲ့နှလုံးသားလေးဟာ..
(ဘော်လုံးလေး) လို ခုန်နေတော့မှာ.. (မင်း) သိ
လား.. (ကော်ကျို) ကတိုတိုကြိုက်ပေမယ့်.. ဇာတ်
လမ်းလေးက.. (နွေဦး) လိုသွေ့ခြောက်လို့မနေပါဘူး.. အရေးအသားလဲ
(ပိုင်) ပါပေတယ်.. (စနေ) ကျရင်ဆက်ရေးပါ
အုန်း.. လွန် (လွန်း) တယ်လို့မအောက်မေ့ပါနဲ့
ဗျာ..

s said...

ဝမ်းနည်းစရာကြီးး(

ရယ်အောင်လည်းရေးတက်တယ် ၊ ငိုအောင်လည်းရေးတက်တယ်နော် ၊း)

မျက်မှန်လေး said...

ငှက်လေးရေ...အားတင်းထားနော်
ငှက်လေးဘက်မှာ အမြဲတမ်းရှိတယ်။
လိုက်သွားရဘူးနော်
လိုက်သွားရဘူး