Tuesday, 21 July 2009

သိသင့်တယ် ထင်လို့ပါ

Q: Email ကနေပို့စ်တွေ တင်လို့ရချင်ပါတယ်။
A : ပထမဆုံး Blog ကို Login ၀င်ဗျာ ...
ဝင်ပြီးရင် Posting, Setting, Layout တွေ့ရင် Setting ကို နှိပ်ဗျာ ...
နှိပ်ပြီးလို့ Basic, Publishing, ..., Email, OpenID, Permissions ဆိုတာတွေကို တွေ့ရင် Email
ကို နှိပ်ဗျာ ...
နှိပ်ပြီးရင် Mail-to-Blogger Address ဆိုတာတွေ့မယ်ဗျာ ...
သူ့ဘေးမှာ Username.Blank@blogger.com ဆိုတာတွေ့လိမ့်မယ်ဗျာ ...
Blank မှာ ကြိုက်တဲ့ စကားလုံးထည့်ဗျာ ... အဲ့စကားလုံးက Secret Word ပဲဗျာ ... ဘယ်သူမှ မသိ
စေနဲ့ ...
သိတော့ဘာဖြစ်လဲ ... သိတော့ ကိုယ့် Bolg ကိုသူများက ပိုစ့်တင်လို့ ရသွားရောဗျာ ...
Save Setting ကိုလည်းနှိပ် ဖို့ မမေ့နဲ့ဗျာ ...
ပြီးရင် Email ကိုဖွင့် ... To မှာစောစောက ကိုယ်ပေးထားတဲ့ Address (Username.SecretWord@blogger.com) ကိုထည့်ဗျာ ...
Subject မှာ Post Title ကိုထည့်ဗျာ ....
စာရေးတဲ့နေရာမှာ ကိုယ့်ထည့်ချင်တဲ့ ပိုစ့်ကို ရေးဗျာ ...
ပုံတွေ၊ ရုပ်ရှင်တွေ ထည့်ချင်ရင် ရိုးရိုး ပိုစ့်တင်တုန်းက အတိုင်းပဲ လင့်တွေထည့်ဗျာ ...
ပြီးရင် Send ကိုနှိပ်ဗျာ ...
ပြီးရင် Blog ကိုသွားကြည့်ဗျာ ... ပိုစ့်တက်လာရင် ကျွန်တော်ပြောတာမှန်တယ် ....
မဟုတ်ရင် မှားတယ်ပေါ့ဗျာ
မရှင်းရင် မှားရင် ပိုစ့်ပြန်တင်ဗျာ ... ဒီထက်ရှုပ်အောင် တတ်နိုင်သလောက် ပြောမယ် ...

ဟိုရှာ ဒီရှာကနေ တွေ့တာလေးပါ အဲဒီကနေ ယူပါတယ် ဂလိုဆိုရင် ဘလော့ဂ်ဖွင့်စရာမလိုတော့ဘူးပေါ့လေ မေးလ်ကနေ တဆင့် ဝင်လိုက်ရုံပဲ တချို့လဲ သိပြီးသားဖြစ်မှာပါလေ ညီမက အခုမှသိလို့ ပြန်ပြောလိုက်ရတာပါ အဟီးးးး ဆရာလုပ်တာဟုတ်ဘူးနော်

အခု ဒါလေးကို သူပြောသလိုမျိုးလေး စမ်းလုပ်ကြည့်လိုက်တာ ရတယ် ကွ ဝေးးးးး ကြော်လိုက်တာနော် အဟီးးးးး အောင်မြင်ပြီကွ ဟဟဟဟ

20 comments:

kyalkalay said...

one go two come ဆို လုပ်ပါအုံး ဘယ်က come မှာလဲ
ငါကတော့နင် ဘယ်လောက်ပေါပေါလာမှာပဲ

မေဇင် said...

ဟယ်..... ရလား အဲ့ဂလို...နောင့် သိဘူး.... လုပ်ကြည့်ဦးမယ်... ကျေးဂျုး

kyaw kyaw aung said...

ဘာမှသိဘူးဒါပေမယ့်
ဖတ်သွားတယ်ငါမှအဲ့ဒါတွေ
နားမလည်တာဘဲဟာ

Yu Ya said...

နိုက်တင်ဂေး ငှက်ကလေးရေ... ကျေးဇူးပဲ ဖတ်သွားပါတယ်ခင်ဗျာ.။

yu ya

Anonymous said...

သူများဆီက ကူပြီးများ ဆရာလုပ်နေသေးတယ် .. ငှက်တို့များ..... ဟဟဟ

ကြည်ဖြူပိုင် said...

ဘာပဲ ဖြစ်ဖြစ်ဗဟုသုတ တခုတိုးလို့မှတ်ထားလိုက်ပြီ။ ကျေးဇူးပါဖြူဖြူကျော်သိန်းရေ..

kiki said...

အိုးမိုင် ငှက်(စ်) ...

မိုင် လစ်တဲလ် ဘာ့ဒ် ...

ခုမှ သိအုံးဟယ် .. သိအုံးဟယ်..
ရွှစ် ..ရွှစ်စ်စ် ..( ကြိမ်လုံးဖြင့် ရိုက်သံ)
တိန် .. ( ဂေါင်းခေါက်သံ )
ဗြန်း .. ဗြန်း ( ရင်ဘတ် စည်တီးသံ)

ခစ်ခစ် ..( ကျေနပ်စွာ ရီလိုက်သံ )

အဟက် ( မခို့  တယို့  ရီသံ )

ဖလတ် ..ဖလတ် ( ငှက် ပျံ သံ )

သားကြီး said...

သိတာတော့ကြာပြီ ဒါပေမယ့်မလုပ်ဖူးဘူး
ပိုစ်တင်ရင်ဘလော့ဖွင့်ပြီးတင်ရမှကျေနပ်တာ
ပြီးမှပဲစမ်းရတော့မယ်ငှက်ကလေးရေးးး
ပျော်နေပါစေ :)

mae said...

ကျောင်းပိတ်ထားမှန်း သိပါတယ် ကလေးမရယ်..

ကိုလူထွေး said...

တော်တီးတီးတော်တယ်...

လူရိုင်းလေး said...

ငါလဲ သိသွားပြီနော် ကျန်တဲ့သူတွေကို ဆရာထပ်လုပ်လိုက်အုံးမယ် ဟဲ ဟဲ

Angel Shaper said...

ကြားဖူးပေမယ့် မလုပ်ဖူးဘူး။ နောက်မှစမ်းကြည့်ရမယ်။ ကျေးဇူးငှက်လေးရေ.. ပျော်ရွှင်ပါစေနော်။

မျက်မှန်လေး said...

ဟေး....ဒါမှတို့ဒေါ်ဒေါ်ငှက်ကွ...

မင်းနေ said...

ဖတ်သွားတယ် ... စမ်းကြည့်လိုက်အုံးမယ် :P
ပျက်သွားရင် လေးခွနဲ့ ငှက်လာပစ်မယ် ... ;D

maylay said...

ပေါငှက်လေးရေ မေလေးတော့ အဲဒါတွေ သိဘူး ဒါပေသည့် မှတ်စရာတခု ရသွားတာပေါ့ ကျောင်းပိတ်တယ် ပျံချည်းမနေနဲ့။ဂွမ်းဂွိတဲ့ သူ့ကိုယ်သူ သိတယ်။ ငှက်အမျိုးအမည် ကုန်သေးဘူး ထပ်ယူဖြည့်အုံးနော် (စ တာနော်)

Dream said...

အင်း..မှတ်ထားတယ်...း)

မြန်မာရောက်ရင်လုပ်လို့ရတာပေါ့...း)

မင်းအိမ်ဖြူ said...

ကျေးဇူးတင်ပါတယ်ဗျာ

မီးမီးချစ် said...

မသိဘူး.. အသစ်ပဲ..ရန်ကုန်က လူတွေ ဆို အသုံးဝင်မယ်နော်..ကျော်ခွပြီး ဝင်ဖတ်ခိုင်းချင်ရင် ဘီလိုလုပ်ရ မလဲ

khin oo may said...

စမ်းတော့စမ်းကြည့်ထားရမယ်
ကျေးဇူး

khin oo may said...

စမ်းကြည့်လိုက်တယ်။အောင်မြင်သွားပြီ။ကျေးဇူး