ညီမ တခါမှ အမေ ပို့စ်ရော အဖေ ပို့စ် ရော မရေးဖူးပါဘူး ဘာလို့လဲ ဆိုတော့ အဖေ တယောက်တည်းချဉ်းပဲ သီးသန့်ရေးလို့ မရဘူးလေ အမေ ပါပါလာဦးမှာ ပြီးတော့ ညီမတို့ရဲ့ ဒုတိယ မေမေ (ကြီးကြီး အမေ့အမ ) တို့လဲ ပါသေးတယ် ဒါနဲ့ သက်သက် မရေးဖြစ်ဘူး အခုမှ တခါတည်း ပေါင်းပြီး ရေးမယ်လေ
ပြောရရင် ညီက မောင်နှမထဲမှာ ဒုတိယ အလတ်ပေါ့လေ သူများတွေလို လပ်မနေဘူး မေမေက အကုန်လုံးကို ဂရုစိုက်တယ် ဒီကြားထဲပိုဆိုးတာက ညီမ က ငယ်ငယ်ကတည်းက ချူချာ တယ် ကျန်းမာရေးမကောင်းဘူး ဆိုတော့ ပိုဆိုးတာပေါ့လေ ပိုပြီး ဂရုစိုက်ခံရတယ် ငယ်ငယ်ကဆိုရင် ဘယ်လောက်များလဲ ဆိုတော့ တလတခါလောက်ကိုပုံမှန်ဖျားတာ တခါတလေ ၂ ပတ် တခါ အဲဒါကြောင့်မို့တူပါရဲ့ လူက ညှပ်နေတာလေ အငယ်မလေးက ညီမထက် ပိုထွားတယ် အကိုလဲထွားတယ် ညီမပဲ အလယ်မှာ ညှပ်စိလေး ဖြစ်နေတာ ဟဟဟ ညီမ ဖျားပြီဆိုရင် မေမေ က မနေရတော့ဘူး လေ အကုန်လုပ်ပေးရတာ ည စောင့်အိပ်ပေးတာတို့ပေါ့လေ ဒီကြားထဲ ညီမကလဲ ဂျေးများသေးတယ် ခေါက်ဆွဲပြုတ်ဆိုရင် မစားချင်ဘူး ကြက်စွပ်ပြုတ်လုပ်ထားရင် အီတယ် မစားချင်ဘူးနဲ့ မေမေ့မှာလေ ချော့တလှည့်ချောက်တလှည့်နဲ့ ကျွေးရတာ ညီမ ကို ဒီကြားထဲ သိပ်လဲ မကျွေးရဲဘူး ညီမက မကျေနပ်ရင် ပြန်အန်ထုတ်တာကလဲ ပိုသေး အဲဒါကြောင့် ညီမ မကြိုက်တာဆိုရင် သိပ်မကျွေးရဲဘူး ကြောက်နေရတယ် ကြည့်ကျွေးရတယ် ငယ်ငယ်က ဆို ပိန်တာရိုးလေး ပိန်ပိန်လေး အခုမှသာ ဘယ်လိုဖြစ်ပြီး ဝ ချင်တိုင်း ဝ နေလဲ မသိပါဘူး အဟက်
မှတ်မှတ်ရရပေါ့ ညီမ အသက် ၁၈ မပြည့်ခင် တရက်အလိုမှာ ရင်ဘတ်တွေ ကျောတွေ အောင့်တယ် ဆိုပြီး ဆရာဝန်သွားပြတာ ညီမက ငယ်ငယ်ကတည်းက နှလုံးအားနည်းတဲ့ ရောဂါရှိတယ် နှလုံးရောဂါတော့မဟုတ်ဘူး ပေါ့လေ မွေးရာပါဆိုရမှာပေါ့လေ ဆရာဝန်က ဆေးရုံတင်ပါဆိုလို့လေ မေမေ့မှာ ပြာယာခတ်သွားတာပဲ တော်သေးတယ် ကြီးကြီးတို့ မမကြီးတို့က အိမ်မှာ လာစောင့်ပေးတယ်လေ ဒီကြားထဲ အငယ်မလေးကလဲ ၉ တန်းဆိုတော့ အိမ်မှာ ဝိုင်းကျူရှင် ဆရာမတွေ နဲ့ဆိုတော့ အကုန်လုံး အိမ်မှာ ရှိတဲ့ ဆရာမတွေ ဧည့်ခံတာတို့ ဘာတို့တွေ ကြီးကြီးတို့တွေ ပဲ လုပ်ပေးတာလေ ဒါကြောင့်လဲ မေမေ က ညီမကို ဆေးရုံမှာ လိုက်စောင့်ပေးနိုင်တာပေါ့ မဟုတ်ရင် ဗျာများနေရမှာ ဒါကြောင့်လဲ ကြီးကြီးတို့ ကျေးဇူးတွေ ရှိတယ်လို့ပြောတာ ကဲ ကြည့်ပါလား အခု မေမေ့ အကြောင်းပြောရင်းနဲ့ ကြီးကြီးတို့အကြောင်းတွေ ပါ ပါလာပြီလေ ဒါကြောင့် ညီမ က ပြောတာ သက်သက်စီရေးလို့မရဘူးဆိုတာ အကုန်လုံးက ဆက်စပ်နေတာ လေ ခေါင်းစဉ်ကသာ ဖေဖေ နဲ့ မေမေ တပ်ထားတာ ပါတာတော့ အကုန်လုံးပါတယ် အဟီးးး ဒါနဲ့ ဆက်ပြောမယ် ငှက်မ တို့စကားများတယ်လို့တော့ မပြောနဲ့နော် စ ပြီဆိုမှတော့ ပြောချင်တာ အဲလိုမျိုး အဲဒီ အချိန်မှာ ဖေဖေက မရှိဘူး နယ်သွားနေတယ် ကိုကိုလဲ လိုက်သွားတယ် ဒါနဲ့ ဖေဖေက ကိုကို့ကို ပြန်လွှတ်လိုက်ပြီး ညီမ အတွက် ခမည်းထည့်ပေးလိုက်တယ် အဟားးးး ဖေဖေ့ခမည်းကြောင့်ထင်တယ် ဆေးရုံကို နှစ်ရက်ပဲ တက်လိုက်ရတယ် ဒါနဲ့ အိမ်ပြန်ရောက်လာတယ်ပေါ့လေ သူငယ်ချင်းတွေကို မွေးနေ့မုန့်လိုက်ကျွေးမယ်ဆိုတာကို လဲ ဖျက်ပစ်လိုက်ရတယ်လေ လုပ်လိုက်ရင်အဲလိုချဉ်းပဲလေ အထိတ်ထိတ်အပြာပြာနဲ့ သူငယ်ချင်းတွေက ဖုံးဆက်ပြီး လှမ်းမေးကြတယ် ဟဲ့ဘယ်လိုလဲ နေကောင်းပြီလား ဘာညာပေါ့ ဘယ်လိုဖြစ်တာတုံးပေါ့ ဒါနဲ့ပြောလိုက်တယ် ငါလား ပျင်းလို့လေ ဆေးရုံမရောက်ဖူးလို့ သွားကြည့်တာဟယ် မစွံပါဘူး ဆရာဝန်ချောချော လေး တွေလဲ အရှိဘူးလို့ သူငယ်ချင်းတွေကတော့ ရယ်ကြတယ် နင်ဟာလေ ဖြစ်ရမယ် တဲ့ တကယ့်မှတ်မှတ်ရရပါ အဲဒါတွေ ပြီးတော့ ဘုန်းကြီး အရေးအခင်းတွေ ဖြစ်တာလေ ကဲပြောပြန်ရင်လဲ ညီမလွန်တယ်ဖြစ်ဦးမယ် အခုလဲ ဟိုရောက်ဒီရောက် နဲ့ပြောချင်တာ ဘယ်ရောက်မှန်းကိုမသိဘူး
ဖေဖေ့ နဲ့ ညီမအကြောင်းလေး ပြောပြမယ် ညီမက အဖေ့အသည်းလေ သိပ်ကဲတာပါဆိုနေ ငယ်ငယ်က ဖေဖေ ပုခက်လွှဲပေးမှ အိပ်တယ် ဖေဖေ ချော့သိပ်မှ အိပ်တယ် အဲဒီလောက်ထိပါဆိုနေ အဖေကို ပိုကပ်တယ် ငယ်ငယ်ကလေ ဒါနဲ့မေမေ က ဘာပြောလဲဆိုရင် ညည်းက ငါ့ဗိုက်ထဲက ထွက်တာမဟုတ်ဘူး ညည်းအဖေ ဗိုက်ထဲက ထွက်တာ နဲ့ အမြဲပြောတယ် ညီမကလဲ ဟုတ်တယ် သမီးက ဖေဖေ့သမီးလို့ ပြန်ပြောတယ် ဖေဖေကတော့ ရယ်နေတယ် ကြီးမှသာ အမေကို ကပ်ရမှန်းသိတာလေ ငယ်ငယ် က ဆိုရင် အမေ မပါဘဲနဲ့လဲ အဖေနဲ့လျှောက်သွားတာပဲ အဲလိုပါဆိုနေမှ
အငယ်မလေး မွေးတော့ ဖေဖေက ဘာလို့ မိန်းကလေး ဖြစ်နေရတာလဲ ယောက်ျားလေး ဖြစ်လိုက်ပြီးရော တဲ့ ညီမ ကိုတဦးတည်းသော သမီးဖြစ်စေချင်လို့တဲ့ ဒါနဲ့ မေမေ က ဘာဖြစ်လဲ မိန်းကလေး နှစ်ယောက်ဆိုတော့ အဖော်ရတာပေါ့ ဘာနဲ့ ပြန်ပြောထားတာတဲ့ မေမေ ပြန်ပြောပြတယ် ဖေဖေက ညီမလေးကို မချစ်လို့မဟုတ်ပါဘူး ညီမကို တဦးတည်းသော သမီးဖြစ်စေချင်တာ အဲလိုလေ ညီမ က အဖေ့အသည်းဆိုတော့လဲ တမျိုးလုံးတဆွေလုံးက ဘာမှမပြောရဲ ဒီအတိုင်းကြည့်နေကြတာလေ ဒီကြားထဲ ကျန်းမာရေးမကောင်းတာကလဲပါတော့ အဟီ ငှက်မတို့များ ဆိုးချင်တိုင်းကို ဆိုးနေတာလေ အိမ်မှာ ရှိတဲ့  ဖေဖေ့ရဲ့ ရေဒီယို ကတ်ဆက် နာရီ အကုန် ညီမ ဖျတ်တာနဲ့ ပျက်တာပဲလေ ဖေဖေက ဟေးး ဒီ ကတ်ဆက်ဘယ်သူလုပ်တာတုံးး ဒီမှာ ဒီလိုကြီးနဲ့ လို့ အော်ကြီး ဟစ်ကျယ် မေးတယ် ဆိုရင် ဖေဖေ သမီးလုပ်တာ လို့ တခွန်းးတည်းပြောလိုက် အော်အေး ဆိုပြီး လေသံလျှော့သွားရော အမေကဆိုရင် သိပ်ပြောတာ ဒီဖအေနဲ့ ဒီသမီးလိုက်လဲ လိုက်ပါ့ ဆိုပြီး
ညီမဒီလာတော့ မေမေက စိတ်မချဘူး ခရီးဝေးကြီးလေ ညီမ တခါမှ မိဘတွေမပါဘဲ ဘယ်မှ ခရီးမသွားဖူးဘူးဆိုတော့ ပိုဆိုးတာပေါ့ တော်သေးရဲ့ ကိုကိုနဲ့ အတူလာတာဆိုတော့ စိတ်ချလိုက်တာပေါ့နော် မေမေရယ်ပေါ့ ဗီဇာရတော့ သွားသွား အရှုပ်ထုပ် နှစ်ကောင် ငါ့ညီမလေးကို ဒုက္ခသွားပေးကြမယ်ပေါ့ ဘာနဲ့ ပြောပြီးတော့ လေယာဉ်ဆင်းခါနီး ကျတော့ တရှုံရှုံနဲ့ ညီမလေ စိတ်ကို မကောင်းဘူး ဖေဖေ နဲ့ မေမေ ထည့်ပေးလိုက်တဲ့ ပစ္စည်းကို ပြောပါဆိုရင် တော့ ဖေဖေ မေမေ ရယ် ညီမလေး ရယ် အသံသွင်းပေးလိုက်တဲ့ စီဒီရယ် မေမေထည့်ပေးလိုက်တဲ့ စောင်တထည်ရယ်ပေါ့ အဟီးး ရယ်ရတာ ပြောရဦးမယ် ညီမတို့ ဗီဇာဝင်တဲ့ အချိန်တွေ ဖေဖေက နယ်မှာလေ မရှိဘူး ဒါနဲ့ ဗီဇာရတော့ သွားရတော့မယ်ဆိုတော့ ပြန်လာတယ် ပြန်လာတဲ့ လမ်းမှာ ကလေးတွေကို ဆုံးမ စကားတွေ စီဒီ နဲ့ အသံသွင်းထည့်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာအုပ်နဲ့ ဘာတွေပြောမယ်ဆိုတာ ချရေးလာတယ် အဟက် နောက်တော့ အိမ်ရောက်တော့ ဆုံးမစကားခြွေပါလေရော မေမေကတော့ သိပ်မပြောပါဘူး လိမ်လိမ်မာမာနေ ဒီလောက်ပဲ ဖေဖေပဲ အရှည်ကြီး ဆုံးမစကားတွေ ပြောတာ
အဖေ အမေ မောင်နှမတွေ ဆွေမျိုးသားချင်းတွေက ညီမအတွက် ပထမ ဦးစားပေးပါ ပြီးမှ ဒုတိယ တတိယတွေလာပါတယ်
ကဲ ယောင်းမက်လေးရေ အချစ်ဆိုသည်မှာ ဘာလဲ တဂ်ရေးခိုင်းထားတယ်နော် တို့သိတဲ့ အချစ်ကတော့ အဲဒါပဲ သိတယ် ယောင်းလေး ပြောတာနဲ့ ဟုတ်ရဲ့လားမသိဘူး မဟုတ်လဲ ယောင်းရေ ကျေနပ်လိုက်တော့နော်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago



19 comments:
ခုကောနေကောင်းလား။ ကျန်းမာရေးဂရုစိုက်နော်။
မြန်မာစကားမှာ “လှလို့ဝလို့”ပဲရှိပါတယ်ကွယ်
“လှလို့ပိန်လို့”မရှိပါဘူး
ဝတာပဲကောင်းတယ် ငယ်ငယ်ကပိန်တာကိုပြောမနေနဲ့တော့
ဝချင်တိုင်းသာဝပါစေ :P
ဒီခေတ်မော်ဒယ်တွေကအရိုးစူးတယ်
ဖေဖေက ငှက်လေးကိုစကားများလွန်းလို့ချစ်တာဖြစ်မယ် :P
ပျော်ရွှင်စရာ မိသားစုဘ၀လေးပဲ ငှက်ကလေးရေ...
မိဘတွေကို စိတ်ချမ်းသာအောင်ထားနော် ညီမလေး (ဆရာလုပ်သွားတာ :D )
ဒီကလေးမနဲနဲတည်ငြိမ်လာသလိုပဲ
လူကြီးလုပ်ရတော့မယ်ဆိုတော့
အားပေးသွား၏
ငှက်ကလေးရေလာဖတ်သွားတယ်...ပျော်စရာကောင်းတဲ့မိသားစုလေးပဲနော်..ပျော်ရွင်ပါစေငှက်ရေ
ငှက်လေးရေ... ငှက်လေးကို အားကျလိုက်တာ အကို ရှိတယ်... ငယ်က အကိုလိုချင်တာလေ... မေ က မွေးပေးးဘူး...
ငှက်ကလေး... အချစ်ဆိုတာ ဘာလဲ ကိုရေးသွားတာ ကောင်းလိုက်တာ....ငှက်ကလေး သိတဲ့အချစ်က မေတ္တာဘတ်နွယ်တာပေါ့နော်...
လှလှဝဝလေးပဲကောင်းတယ်နော် မိသားစုလေးက ပျော်ဖို့ကောင်းလိုက်တာ.
အမလည်းဒီလိုပဲ ဖေဖေ မေမေ ပြီးရင် အဒေါ်တွေက ကိုယ့်ရဲ့ မမွေးရရုံတမယ်အမေတွေ။ ခုတော့ ၂ ယောက်ဆုံးလို့ ၁ ယောက်ပဲကျန်တော့တယ်။
ဝတာလေးပဲကောင်းပါတယ်ငှက်ရယ်
ညီမလေးရေ... အချစ်ဆိုတာ ဘာလဲ ခေါင်းစဉ်အောက်မှာ ရေးသွားတာ ကြည်နူးစရာ။
ပြီးတော့ ဒီအရွယ်မှာ ခဏတော့ ဝတတ် တယ်ထင်တယ်။ စိတ်မညစ်ဘဲ ပျော်ပျော်ရွှင်ရွှင်ပိန်အောင်လုပ် ... ကိုယ့်ညီမလေး ချစ်စရာလေးကို ပိုလှစေချင်လို့ ပါကွယ်။
ဒါလဲ အချစ်ပါပဲ...း)
ဆိုင်ဆိုင်မဆိုင်ဆိုင် ကလေးက ငယ်သေးတယ် ဆိုတော့ အချစ်ဆိုသည်မှာကို ဒီလို မိသားစုနဲ့ နှိုင်းရေးသွားတာ ကျေနပ်ပါတယ်......
ကောင်မလေးနော်...ဟင်းဟင်း.....ရည်းစားထားဖို့ အရွယ်မရောက်သေးဘူးနော်..စာကြိုးစား..ဒါပဲ... ဟဲဟဲ..... :P
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘယ်မိဘမဆို ကိုယ့်သားသမီးကိုတော့ ချစ်ကြစမြဲပါ။ ဘယ်သူ့ကို မှ ဘာကြောင့် ပိုချစ်တယ်ဆိုတာ မရှိပါဘူး။ အချစ်တွေကတော့ အတူတူပဲ။ အကြောင်းတစ်ခုခုကြောင့် ပိုပြီး ဂရုတစိုက်ရှိတာနဲ့ မရှိတာပဲ ကွာသွားတာပါ။
ကျန်းမာရေးဂရုစိုက်ဗျနော်
ကျနော်လဲ ကျနော့်အဖေနဲ့ အမေကို လွမ်းသွားတယ်ဗျာ။ =)
ငှက်လေးက အဖေတူသမီးဖြစ်ရမယ်..
ဆုံးမစကားတွေ အရှည်ကြီး ပြောတတ်လို့...
းဝ)
ဝတာကောင်းတယ်
ဘာလို့လည်းဆိုတော့ ဒို့လည်းဝလို့
အဟီး
အရှည်ကြီးကို အကြာကြီး လာဖတ်သွားတယ်
ှုငှက်မလေးတို့ မိသားစုက ပျော်စရာကြီး။ မမလဲ ဖေဖေ့သမီး (တကယ်လဲ သမီးတစ်ယောက်တည်း).. ခုတော့ မေမေမနာလို မဖြစ်အောင် အရင်ဖုန်းဆက်တယ်၊ ချူချာတာခြင်းလဲ တူတယ်၊ စောင်တစ်ထည် ယူလာတာလဲ တူတယ်.. အဟတ်
ကောင်းပါ့လေ့ ငှက်လေးရေ
ပျော်ရွှင်ပါစေး)
သတိရ လိုက်တာကွား) အပြောကတော့ချောနေတာပဲ
ဒါနဲ့ အဲ့ဒီ့cd ကိုရောထုတ်နားထောင်ဖြစ်ရဲ့လား။ ငါတော့မထင်း)
Post a Comment