Thursday, 9 July 2009

ဆေးလိပ်နဲ့ ကျန်းမာရေး

" ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည် " လို့ ကိုယ်တို့ ငယ်ငယ်က ကြော်ငြာတာ တွေ့ခဲ့ရတယ် ဒါပေမယ့် ဘယ်လိုပဲ ကြော်ငြာ ကြော်ငြာလေ ရောင်းတဲ့လူက ရောင်းပြီး ဝယ်တဲ့လူက ဝယ်နေကြတာပဲလေ ဘယ်သူ့ကို အရေးယူလို့ ဘယ်သူ့ကို တရားစွဲမှာလဲ ကဲ ပြောကြည့် တွေးကြည့်ကြလေ

ကိုယ်က သိပ္ပံ သမားဆိုတော့ Bio သင်ရတာပေါ့လေ အဲဒီအထဲမှာ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေလဲ သင်ရတယ်လေ ဘာမှကောင်းကျိုးမပေးတဲ့ ဒီဆေးလိပ်ကို ဘာလို့ သောက်နေကြပါလိမ့်နော် ပိုက်ဆံကုန်တာပဲ ရှိတယ်လေ
သင်ရတဲ့ အထဲမှာတော့ ဆေးလိပ်ထဲမှာ ဘေးအန္တရယ် ဖြစ်စေနိုင်တဲ့ chemical ၁၇ မျိုးကျော်ကျော်ပါတယ်တဲ့ အဲဒီ အထဲက nicotine က လူကို စွဲလန်းစေတယ်တဲ့ ဆေးလိပ်သောက်ခြင်းဖြင့် အဆုတ်ကင်ဆာ နှလုံးသွေးကြောကျဉ်း သွားဖုံးကင်ဆာ ပါးစောင် ကင်ဆာတွေ ဖြစ်စေနိုင်တယ် နောက်ပြီးတော့ လေဖြတ်တာလဲ ဖြစ်နိုင်တယ် တချို့ဆိုရင် လေဖြတ်လို့ ခြေထောက်ဖြတ်ပစ်လိုက်ရတာမျိုးလဲ ရှိတယ်လေ ကဲ အဲဒီတော့ ဆေးလိပ်က လူကိုဘာများကောင်းကျိုးပေးပါသလဲ ?????

ကိုယ်တွေ့ တခုပြောပြမယ် အဖေက လေ ဆေးလိပ်အရမ်းသောက်တာ အရင်ကပေါ့လေ တနေ့ကို တဘူးနှုန်းသောက်တာ ပြီးတော့ ကော်ဖီလဲ ၇ ခွက်လောက်သောက်တာလေ ဒါနဲ့ နှလုံးသွေးကြောကျဉ်းတယ် ဆိုပြီး ICU ထဲမှာ ၃ ရက်လောက်နေလိုက်ရတာ မေမေ ကဆိုရင် မရတော့ဘူး ထင်တာ တော်တော်လေးကို ကံကောင်းတာနဲ့ ပြန်ပြီးကျန်းမာလာတာလေ ဒါနဲ့ အဖေလဲ အခုတော့ ဆေးလိပ်ပြတ်သွားပါပြီ မသောက်တော့ပါဘူး ဒါပေမယ့် တခု စိတ်မကောင်းတာက ကိုကိုကတော့ သောက်တယ် အစကတော့ ကိုယ်လဲ မသိဘူးပေါ့နော် နောက်တော့ သူ့အိတ်ထဲမှာ မီးခြစ်တွေ့မှ တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အယူနဲနဲသီးတယ် အဖေ အဲလိုမျိုးဖြစ်ထားတော့လေ ဆေးလိပ်သောက်တဲ့လူတိုင်းကို အဲလိုဖြစ်မယ် ချဉ်းပဲ ထင်တယ် တော်သေးတးယ် ဘုရားသိကြားမလို့ အခု ကိုကိုက ဆေးလိပ်မသောက်တော့ဘူးလေ ပြတ်သွားပြီ သူလဲ ဒီရောက်တော့
ကိုယ်က အငယ်ဆိုတော့ ပြောလို့ မရဘူးလေ ပြောရင် ဆရာကြီးလုပ်တယ် ထင်တယ်

အော် ပြောချင်တာက စိတ်မကောင်းတာလေးပါ ဘာလို့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်သူငယ်ချင်းတွေက ဆေးလိပ်သောက်လဲ မသိပါဘူးလေ အခုလဲ ကိုယ်ချစ်တဲ့ သူငယ်ချင်း ၂ ယောက် ဆေးလိပ်သောက်တယ်ဆိုတာ သိရတော့ တော်တော်လေးလဲ စိတ်မကောင်းဖြစ်မိတယ် ကိုယ်ဘာများ ပြောနိုင်မှာလဲ မဟုတ်ဘူးလား ဒါသူတို့ရဲ့ လွတ်လပ်ပိုင်ခွင့် လုပ်ပိုင်ခွင့်လေ ဒီတော့ လဲ သိပ်မသောက်နဲ့နော် လျှော့ သောက် ရောဂါဖြစ်မယ်လို့ ပြောရုံမှ တပါး..........

16 comments:

သီဟသစ် said...

ဆေးလိပ်တော့မကြိုက်ဘူး ကောက်ဖီတော့ကြိုက်တယ်

ကော်ဖီအကြောင်းလေးပါရေးအုံး

ခင်မင်စွာဖြင့်
သီဟသစ်

သားကြီး said...

ဆေးလိပ်ကိုတစ်သက်လုံးသောက်မှအသက်ကခုနှစ်ရက်စာလောက်
တိုတာပါကွယ် တန်တယ်ထင်ပါတယ်
ထမင်းစားပြီးစခါးတွင်းချဉ်ပြီးဆေးလိပ်သောက်ရတဲ့အရသာ
အိမ်သာတက်တဲ့အချိန်ဆေးလိပ်သောက်တဲ့အရသာ
တကယ်ပါပဲကွယ် သိကြားမင်းစည်းစိမ်နဲ့တောင်မလဲတော့ပါဘူး :P
..............
အလကားသက်သက်လျှောက်ရေးထားတာနော်
တကယ်မမှတ်နဲ့ဦး ဆေးလိပ်ဆိုတာကောင်းကျိုးကိုမပေးတာဗျ ဒီကြားထဲဈေးကလည်းကြီးရသေး
ရောဂါကိုဈေးကြီးပေးပြီးရှိုက်နေသလိုပဲဗျ
အဖေကတော့ပြောတယ် ဆေးလိပ်သောက်တယ်ဆိုတာသက်သက်မဲ့ပိုက်ဆံကိုမီးရှို့ပစ်တာနဲ့အတူတူပဲတဲ့
သားကြီးလည်းဖြတ်ဖို့ကြိုးစားနေပါကြောင်း (ဆေးလိပ်)
......
သြော်...ဆေးလိပ်....ဆေလိပ်...
မရှိမကောင်း ရှိမှကောင်း၏
မရှုလည်းခက် ရှုရင်မက်စွာ
ဟီးဟီး ဆော်တီး
လျှောက်ရေးနေမိပြန်ပြီ :P
ငှက်ကလေးရေးးးးးးးးးး တာ့တာ :P

လင်းကြယ်ဖြူ said...

ဆေးလိပ်ဟာ သောက်သူကိုရော ဘေးကရှုမိတဲ့ သူကိုရောပါ ရောဂါရစေနိုင်တာမို့..Designated Smoking Areas တ္ဂေမှာသာ သောက်တတ်သူများက သောက်သင့်ပါတယ်...တစ်ချို့နေရာတ္ဂေမှာ လုံးဝBanပြစ်သစ်ပါတယ်...
အဲ...ကော်ဖီကတော့ ကောင်းတယ်...သောက်တယ်..မ Ban သင့်ပါဘူး..ဟဲ..ဟဲ..ပျော်ပါစေ

မယ့်ကိုး said...

ညီမလေးငယ်ငယ်လေးနဲ့  တရားလည်းဟော ပညာပေးတွေလည်း ရေးနေပြီပေါ့...ဘာပဲဖြစ်ဖြစ် ကောင်းတယ်။

Lucifer said...

ညီမလေး... ကောင်းတယ်ဆက်ရေးနော်

နွေးနေခြည် said...

အဖေ့ကိုလည်း ပြောမနိုင်ဘူး.. စိတ်ညစ်တယ်း(

မင်းအိမ်ဖြူ Minn Eain Phyu said...

တော်တော် ဆရာလုပ်တဲ့ ငှက် ကလေး P:

တော်ပြီ နောက်ကိုလာမဖတ်ဘူး ဟီဟိ မသိအောင်လာမယ် .............

နောက်တာ ၊ အဲဒီမှာဆေးလိပ်ဈေးကြီးလား

ဒီမှတော့ ၁၀ ၀န်းကျင် ၊ ဟိုတစ်နေ့က အိုဘားမားက ဆေးလိပ် ဆန့်ကျင်ရေး လုပ်တယ်ကြားလိုက်တယ်

တော်ပါပြီ သူနဲ့လည်းသူငယ်ချင်းလုပ်တော့ဘူး P: အကြံလာတောင်းလည်းပေးတော့ဘူး

အိမ်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ် ၊ ဟီဟိ အိမ်မှာ ဆေးလိပ်သောက်တဲ့သူ ၂ ယောက်ရှိလို့ အိမ်ပြောင်းမယ်တဲ့လေ..........

မသောက်တာ ကောင်းပါတယ် ၊၊

ငှက်ကလေးကို ကျေးဇူးတင်ပါတယ် ၊၊

maylay said...

ဆေးလိပ်ရဲ့ဆိုးကျိုးကို ဒီ့ထက်ပိုပြီးဖော်ပြဖြစ်ရင် ပိုကောင်းမယ်နော်။ ခုလည်း ကောင်းပါတယ်။ ဆေးလိပ်သောက်သူနဲ့ မသောက်သူမှာ ကွာတာ အမောလုံ မလုံ ဆိုတာပဲ။ တော်ရုံထက်ပိုတဲ့ လှုပ်ရှားမှုတွေ..အသက်ပြင်းပြင်းရှူရတဲ့အခါတွေမှာ ဆေးလိပ်သောက်သူက သိပ်ခံနိုင်ရည်မရှိဘူးတဲ့။ ကိုယ်တော့ မသောက်လေ ကောင်းလေပဲ။ ကျေးဇူး ငှက်ကလေးရေ။ ဆက်ရေးပါ။
maylay

မေဇင် said...

ဆေးလိပ်သောက်တဲ့သူက နံတယ်.. ဟိဟိ...။ သောက်တဲ့သူများ ဖတ်မိရင်.. ဆော်တီးပါ..။

ဝက်ဝံလေး said...

အီးးး ဂလိုဆို များ ချစ်တဲ့ သူငယ်ချင်းက ၂ ယောင်တောင်ဟုတ်ဘူး ၄ ယောက်တောင် သောက်ကြတယ်ပေါ့လေ ဟတ်လား အီးးးဟီးးးများကတော့ ရေးလိုက်ရတာ နော်

ကဲပြောကြဦး ဘယ်သူတွေ သောက်သေးလဲ စာရင်းထဲ ထည့်မယ် အခု ၂ ယောက်ကနေ ၄ ယောက် ဖြစ်ပီ နောက်လဲ ထပ်ထည့်မယ် ပြောကြ ဟွန်းးးးးးးးးးးးးးးးးးးး

နွေဦး said...

ကဲကြားကြလား ဌက်ကလေးကပြောနေပြီ မသောက်ကြနဲ့ ကလေးပြောတာနားထောင်ကြ

သုဏော်စိုင်း said...

မဖြတ်နိုင်တာညံ့လို့ ပဲပေါ့...ပြောရင်းနဲ့ ခံတွင်းတောင်ချဉ်လာပြီ

မီးမီးချစ် said...

ကော်ဖီ မကောင်းကြောင်းလဲ ရေးပါအုံး ငှက်ကလေး
ဖြတ်မလို့ ..း))

ဝက်ဝံလေး said...

ကဲဖောင်ပိတ်ပြီ ချစ်သူငယ်ချင်း ၂ ယောက်ကနေ ၆ ယောက်က ဆေးလိပ်သောက်ကြကြောင်းပါ
အမည်များ
မင်း
ဆောင်း
ကော်ကျို
ကိုသားကြီး
ကိုမင်းအိမ်ဖြူ
ကိုသုဏော်စိုင်း တဲ့ဗျားးးးးးးးးးးး ကဲသဘောရှိသလောက်သာ သောက်ကြတော့ ဖင်အခိုးထွက်အောင် သောက်ကြတော့ဟေးးးးး နာ ပြောတော့ဘူး ပြောလို့လဲရဘူးလေ ဟွန်းးးး

ကော်ဖီအကြောင်းလေး... အယ် ဒုက္ခပဲ အဲဒါမှ များက ကော်ဖီအကြောင်း လုံးလုံးလဲ မသိဘူး ပြားပြားလဲမသိဘူးရယ် ဒါတော့ ဆော်တီးနော် အဟဲ

အားလုံး ကျန်းမာ ပျော်ရွှင် ကြပါစေရှင်

Yu Ya said...

အာ... ဖောင်ပိတ်သွားပြီတဲ့...။
ဒုက္ခပါပဲ မန့်မလို့ဟာကို...
ဒါဆိုရင်လည်း...ပီးရော။ မမန့်တော့ဘူး... အဟီး။

ကိုလူထွေး said...

ဆေးလိပ်သောက်တာ မကျန်းမာ
ရွံ့လဲ ရွဲစရာ
ငွေကုန်သပြာ ချောင်းတွေဆိုး
သောက်ဟဲ့သေချင်းဆိုး...

လို့ ဆရာကြီး ဦးတင်မိုးကရေးခဲ့တာ..

သူက ဒီမိုကရေစီ အစိုးရလက်ထက်ကျရင် ဆေးလိပ်ဗူးခွံမှာ အဲဒီကဗျာကို ကပ်မယ်လို့ စိတ်ကူးခဲ့တယ်လေ...

းဝ)