Saturday, 25 July 2009

လွမ်းစရာ ငယ်ဘဝ

ငယ်ငယ်က စာမရတဲ့အကြောင်းလေး ပြောပြမယ် အခုတော့ရယ်စရာပေါ့ဟာ အဲဒီတုံးက ကြောက်လိုက်တာ ဒူးကိုတုန်နေတာပဲ
မှတ်မှတ်ရရ ၁၀ တန်းတုံးကပေါ့လေ ရူပဗေဒ ဆရာအချိန်လေ ညီမတို့ သူငယ်ချင်းအဖွဲ့က အသေးလေးတွေဆိုတော့ ရှေ့ဆုံးမှာ ထိုင်တယ် ဒါနဲ့ ဆရာက ဝင်လာပြီးတော့ ငှက်ကိုလက်ညှိုးထိုးတယ်ပြီးတော့ ပြောတယ် ကဲ columb law ဆိုတဲ့ မှတ်မိကြသေးလား အဲဒါကြီိး အဲဒီ defination ကြီးက နဲနဲရှည်တယ် မနေ့တနေ့ကမှ ကျက်ထားတာ ရတော့ရတယ် ဒါပေမယ့် ဆရာက အဲဒီလို ကောက်ကာငင်ကာမေးလိုက်တော့ ငါလဲရပြီိးသားတွေ ထစ်ကုန်ရော (သေချာမရလို့နေမှာ ဟိဟိ ) ဒါနဲ့ဆရာက နောက်တယောက်ထ ခိုင်းတယ် ငှက်တို့လေ ဂြိုဟ်ဆိုးဝင်တယ် သိလား သူငယ်ချင်း ၄ ယောက်လုံး ဘယ်သူမှ စာမရဘူး အေးတာပဲ ဟဟဟ ဒါနဲ့ဆရာက တယောက်ပြီး တယောက်ဆိုခိုင်းတယ် ရတဲ့လူက အနည်းအကျဉ်းပဲ ရှိတယ် အားလုံးလိုလို စာမရဘူး ဟဲဟဲ နဲနဲတော့ပျော်သွားတယ် သိလား ဟဟ ယုတ်တာလေ အဲလိုမျိုး ဒါနဲ့ ဆရာက ဒေါကန်ပြီးတော့
" ဘာ ဒါ A ခန်းလား စာမေးပွဲဘယ်လိုဖြေမလဲ ငါက အေခန်းဆိုပြီးစာမမေးပဲထားတာ " ဘာညာဆိုပြီး ထွက်သွားရေ အဲဒီတော့မှ အလုံးကြီးကျတော့တယ် အဲဒီတုံးက ကြောက်လိုက်တာ ပြောမနေနဲ့ အဟီးးး အခုတော့လဲ ဒါတွေက လွမ်းစရာလေးတွေ ဖြစ်ကုန်ပါပြီ


နောက်တခုကတော့ ၈ တန်းတုံးက သင်္ချာ ၂ ဆရာမ က နဲနဲကြမ်းတယ် သူက တွက်ခိုင်းတယ် ညီမတို့ကလဲ အရှေ့မှာနေတော့ စာမေးခံရတာပေါ့နော်ထုံးစံအတိုင်း ဒီငှက်ပဲစမေးခံရတာ သူ က ပုစ္ဆာတပုဒ်ကို ဘုတ်ပေါ်မှာချပြီး ထွက်တွက်ခိုင်းတယ် ပုံနှိပ်စာအုပ်ထဲက သင်ပြီးသားကြီးလေ သင်္ချာ ၂ ကို သိပ်မုန်းတာပဲ ထပ်တူညီတာတွေ ဘာတွေနဲ့ရှုပ်နေတာပဲ ဒါနဲ့ ထွက် တွက်ပါတယ် တနေရာရောက်တော့ ထစ်နေရော ဆရာမ အဲဒီအထိ ဘာမှမပြောသေးဘူး နောက်တယောက် သူငယ်ချင်းကို ခေါ်ပြီးတွက်ခိုင်းတယ် အဲဒီ ကောင်မတွေကလဲ ငပိန်းတွေ အဲဒီအပုဒ်ကို သေချာကြည့်မထားဘူး ဒါနဲ့သူလဲ မတွက်တတ်ဘူး နောက်တကောင်မကျတော့ ဘာလဲဆိုတော့ နောက်တပုဒ်ကို ကြိုကြည့်ထားတယ် အဲဒါကိုကြည့်မထားဘူး ဒါနဲ့ ဘာပြောကောင်းမလဲ ၄ ယောက်လုံးဆူခံထိတာပေါ့
" ဘာာာာာ နင်တို့ စာမေးပွဲကဖြင့် ဖင်နားကပ်နေပြီ ဒါကို အခုထိ စာမရသေးဘူး ဟုတ်လား အေးနောက်နေ့ နင်တို့ ၄ ယောက် ငါမခေါ်ခင် ပုံနှိပ်ထဲက တွက်ချင်တဲ့ဟာကို ထွက်တွက်ကြ ငါခေါ်မှဆိုရင် အခက်တွေ နင်တို့ကိုမေးမယ်ဆိုပြီး " ကြိမ်းသွားတာ အလားလား ဒါနဲ့နောက်နေ့ မှာ သူငယ်ချင်း ၄ ယောက်သား သူမခေါ်ခင်ထွက်တွက်ရတယ် ဟိဟိ ဖြစ်ပုံကအဲဂလိုမျိုး

ဘာရယ်မဟုတ်ပါဘူး အသစ်တင်စရာလဲ မရှိတာနဲ့ သတိရတာလေး အမှတ်တရ ချရေးလိုက်တာပါ ကိုသားကြီးကို အားကျမခံလေ သူကလဲ ဆိုးတယ်ဆိုတော့ ဒီကလဲ မခေပါဘူးနော် စာမရဘူးဆိုတာ လေး ချရေးလိုက်တယ် အဟက်

14 comments:

ကိုလူထွေး said...

အဟက်ဟက်...
အခုရောစာတွေကို အလွတ်အော်ကျက်သေးလား...

kyalkalay said...

22222222222

kyalkalay said...

ငှက် မ

မဖွနဲ့ ငြိမ်ငြိမ်နေ

ငါ မုန့်ဝယ်ကြွေးမယ်နော်
feel ပြက်တယ်

Lucifer said...

အော်... ဘာတွေပါလိမ်လို့နော်...

mae said...

မမတော့ ပထဝီတွေမရလို့ အဆူခံရတယ်၊ အဟတ်

Yu Ya said...

စာမရလို့ ရိုက်ခံရတာ ကိုရေးပါ နိုက်တင်ဂေး ငှက်ကလေးရေ...he..he..

yu ya

နွေဆူးလင်္ကာ said...

ဟီဟိ ကျွန်တော်ဆို စာမေးခံရမှာကြောက်လို့ တကယ့် လူဝကြီး သူငယ်ချင်းဘေးမှာ ကပ်ထိုင်ပြီး ပုန်းတယ်။ အဲဒါမှ မေးရင်လည်း မဖြေနိုင်ဘူး။ အဲဒါ တချိန်လုံး မတ်တတ်ရပ်နေရရော။ နောက်လဲ စာရနေရင်တောင် မဖြေတော့ဘူး။ ဟဲဟဲ နပ်သွားတာလေ.. မှတ်မိသွားတဲ့ ဆရာတွေက နောက် ဘယ်တော့မှ မမေးတော့ဘူး။ သနားလို့လား .. ဒီကောင့်ထိုက်နဲ့ ဒီကောင့်ကံ ကျလည်း သေပါစေဟ ဆိုပြီး မမေးတော့တာလား မသိဘူး ...

လင်းကြယ်ဖြူ said...

ငယ်ဘ၀ကို တစ်ခါတစ်လေ ခေါင်းထဲပြန်ပြန်ဝင်တာတတ်တယ်နော်...

မေဇင် said...

တော်တာတွေ ပရိတ်သတ်ကြီးကို ချပြနေတာပဲ ကြည့်စမ်း...ငှက်ကလေးက...

မယ်ကိုး said...

ငယ်ငယ်လေးနဲ ငယ်ဘဝပြန်ကြည့်နေတဲ့ ညီမလေးရဲ့  စာလေး လာဖတ်သွားတယ်နော်။

သားကြီး said...

ငှက်လေးရေ
သားကြီးဆိုတဲ့ဘဲဘဲကကျောင်းမှာထိုင်ရင်တောင်
ခုံတန်းနောက်ဆုံးကိုတမင်ရွေးထိုင်တာ
ကျောက်သင်ပုန်းနဲ့ဝေးလေကောင်းလေပဲဆိုပြီးတော့လေ
လွယ်အိတ်ထဲမှာလား
ရည်းစားစာပါတယ် ဘောပင်ရယ် ဗလာစာအုပ်ပါးပါးလေးတစ်အုပ်ပဲပါတယ်
လွယ်တဲ့လွယ်အိတ်ကလည်း ကချင်လွယ်အိတ်ပိစိကွေးကလေး အဲဒါကိုတောင် မှင်ဖျက်ဆေးနဲ့ အက်ဆစ်အခွေရဲ့အမှတ်တံဆိပ်ပုံစံကိုကိုယ့်ဘာသာကို
ဆွဲထားသေးတယ် ဆရာမအားလုံးရဲ့အော့ကျောလန်ပေါ့ ဟီးးး
ဘာပဲပြောပြော ကိုယ့်ညီမက ကိုယ့်ထက်အများကြီးသာတာပေါ့
ပျော်ရွှင်ပါစေနော်
rainဆိုတဲ့ကိုးရီးယားကသေနာကြီး ငှက်ကလေးကိုအနှောက်အယှက်ပေးရင်ပြောဦးနော်
ရှာပြီးဆော်ပလော်တီးပေးမလို့ :P

Angel Shaper said...

ငှက်ရေ... နာ့မလဲနော်။ ကိုသားကြီးနောက်လိုက်ကို ဖြစ်လို့ ဘယ်အိမ်သွားသွား သူ့ နောက်။။ ဟင်းးးးးးးးးးး
အစောကြီးကတည်းက မန့်မလို့ ပါ။ ကွန်ကြိုးပြတ်ပြီး ပြင်ရ။ သူငယ်ချင်းဆေးရုံတင်ရနဲ့ နာ့မှာ ဒွတ်ခရောက်နေလို့ ခုမှရောက်တယ်ဟယ်။ စာမရတာတော့ ကျောင်းသားတိုင်းရဲ့ အလုပ်ပါ.. အဲ..ဟုတ်ဘူး ကျောင်းသားတိုင်းဖြစ်နေကျပါလို့ ။
ပျော်ရွှင်ပါစေနော်။

လူရိုင်းလေး said...

ငါကတော့ ကျောင်းမှာ စာလိုက်မရေးဘူး ဟီ ဟီ မုန့်ခိုးစားတယ် ပြီးတော့ စကားထိုင်ပြောတယ် နောက်ဆုံးကျတော့ ခုံပေါ်တက်လက်မြှောက်ပေါ့ဟာ :P

s said...

ပီားကောင်းပါ့ ပိုစ်တစ်ပုဒ်ဖြစ်သွားရေား)