Friday, 3 July 2009

လုံ့လကြိုးကုတ်


အရိုးပေါ်တွင် ၊ အရေတင် ၊ အကြောမျှင်သာ ကျန်ပါစေ ။
သွေးသား ခန်းခြောက် လူရုပ်ပျောက် ၊ ပိန်ခြောက်ပြားခြပ် ဖြစ်ပါစေ ။
အမြတ်ဆုံး ၊ သုခ မရက ၊ မထတမ်းပဲ ရှု မလေ ။
စတုရင်္ဂ ၊ ဝီရိယ ၊ ဗုဒ္ဓမြတ်စွာ ၊ ဟောမိန့်ချွေ။
မြဲမြံ ဝီရိယ ၊ လျော့မကျ ၊ မချဝန်ကို ထမ်းရွက်နေ ။
ဝပသ် ဥာဏ်ရင့် ၊ မြင့်ထက်မြင့် ၊ မဂ်ဆင့် ဖိုလ် ဆင့် ၊
တက်နိုင်ပေ။
အဟဲ ဟိုတခါ မနွေးဘလော့ဂ်မှာလေ ဘာတင်တုံးကလဲ မသိဘူး ဘယ်သူကလဲ မသိဘူး (အယ် တိကျ သေချာတာနော် ဘာတွေကို ရှုတ်နေတာပဲ အဟက် ) ဒီလိုပြောဖူးတယ်
" အပျိုကြီးတွေ တရားဘက်လိုက်နေကြတယ် " တဲ့ အဟီးးးး ကဲ အပျိုကြီး ငှက်ကလေး လဲ တရားဘက်လိုက်လိုက် ဦးမယ် နော် အပျော်တွေ လျှော့ပြီးး တော့လေ ခစ်ခစ်
ဒီတခါ ဆားချက်တာ ဟုတ်ဘူးနော် သိရား စာအုပ်ထဲက ကူးထားတာ အဟဲ အလွတ်မရလို့နော် :P

16 comments:

မေဇင် said...

ညီမလေး ကအပျိုကြီးဆို..မမ တို့က ဘာလဲဟင်..အားငယ်သွားပြီ..း( . စတာနော်.. ကြီးတယ် ငယ်တယ် မဆိုင်ပါဘူး ညီမလေး ရယ်..ဘယ်အချိန်လုပ်လုပ် ကုသိုလ်ရပါတယ်..။ ညီမလေး လဲကုသိုလ်တွေ အများကြီး ရဦးမှာ..။

မျက်မှန်လေး said...

ဟဲဟဲ...
ဒီမှာ မိငှက် (ပြင်းထန်သောလေသံဖြင့်)
အပျိုကြီးတွေတရားဘက်လိုက်တယ်ဆိုတော့
ညီးပြောတာကျုပ်တို့အိမ်ထောင်သည်တွေကမတရားဘက်
လိုက်တယ်လို့ဆိုလိုတာလား ပြောစမ်းဘာာာာာ...
ပြောလိုက်စမ်းဘာာာာာာ


ဟီး၂
ကြောက်သွားလား။မကြောက်ပါနဲ့။
ဗိုလ်အောင်ဒင်ပုဆိုးချွတ်တာရေချိုးမလို့ပါ။

နွေးနေခြည် said...

သာဓု သာဓု သာဓုပါ ညီမလေးရေ

ဘာသာရေး အသိတရားရှိတာကောင်းတယ် ညီမလေး

maylay said...

ငှက်လေးရေ သာဓုသာဓုသာဓုနော်။ တို့ညီမလေးကို ဘယ်သူ အတွေးပေါက်အောင် သင်ပေးသွားလဲ မသိတဲ့ အဲဒီဘာကိုလည်း ကျေးဇူးပါလို့။

maylay

mae said...

ငှက်မလေးစပ်တဲ့ ကဗျာများလားလို့

မယ့်ကိုး said...

ကဗျာလေးကော ဆရာတော်ကြီးပုံတော်ရော တင်ပေးတာ ကျေးဇူး...

Yu Ya said...

ငှက်ကလေးရေ... တရားဘက်လိုက်ပြီး တရားပေါက်သွားရင်တော့... ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော်။

သားကြီး said...

တရားလာနာ...အဲလေ.... ပိုစ်လာဖတ်သွားပါဒယ်လို့ :P
ပြန်ပြီနော် ဘိုင့်ဘိုင် :D

ကိုလူထွေး said...

ဒိဋ္ဌိကြီးကို ချွတ်ချင်လို့လား...

းဝ)

လင်းကြယ်ဖြူ said...

သာဓု...သာဓု...သာဓု

Anonymous said...

ငှက်မလေးက ဟောက်တယ်ဟာ..... :D
ဒုက္ခ စရိယာ ကျင့်တာ ဘုရားမဖြစ်လို့
မှန်မှန်စား မှန်မှန်အိပ် မှန်မှန်ရှုမှ
ဘုရားဖြစ်တာပါ။
အရိုးပေါ်တွင် ၊ အရေတင် ၊ အကြောမျှင်သာ ကျန်ပါစေ ။
သွေးသား ခန်းခြောက် လူရုပ်ပျောက် ၊ ပိန်ခြောက်ပြားခြပ် ဖြစ်ပါစေ ဆိုတာ ကျင့်နည်း အမှားကြီးပါ။ မလိုက်နာပါနဲ့။

ဆောင်းမြူခိုး said...

ချမ်းမြေ့က အရမ်းစည်းကမ်းတင်းကျပ်တယ်ဟ။ ပြီးတော့ တချိန်လုံး လက်အုပ်ချီထားရတာ။ ဘုန်းဘုန်းတရားဟောရင် စာအုပ်နဲ့ လိုက်မှတ်ရင်မှတ်၊ လိုက်မှတ်စရာမရှိရင် လက်အုပ်ချီပဲ။ စ၀င်ဝင်စနေ့ ဆို လက်တွေတောင်ညောင်းတယ်။ ငါ ၆ တန်း ၇ တန်း ၈ တန်း နွေရာသီဆို ကျောင်းကလုပ်ပေးလို့ ဝင်ဖြစ်တယ်လေ။ ငါတော့ မဟာစည်ကို ပိုကြိုက်တယ်။ ဟီးးး ချမ်းမြေ့ထက်နည်းနည်းလေး တင်းကျပ်မှုလျော့တယ်လေ။ ငှက် မဟာစည် ရောက်ဖူးလား

Dream said...

အော်...ပြာတာလူး ငှက်မလေး
အပေါ်က မယ်သီလရှင် လေးကိုမြင်တော့ သီလရှင်များ ၀တ်သွားတာလားလို့ ...အဟိ... :p

kyalkalay said...

ဪ ဒါကြောင့် ဒီနေ့မိုးရွာတာကိုး

Anonymous said...

ပုံထဲက သိက္ခာရှင်လေးက ငှက်ကလေးများလား........................................

ဝက်ဝံလေး said...

မမမေဇင်ရယ် များကို များကိုယ်များ ပြောပါတယ် ဟဟ မမတတို့ပါဘူးနော်

မမမျက်မှန်လေးရေ အိမ်ထောင်သည်တွေ အကြောင်းပါဘူးနော်ရယ် ခိခိ

မမနွေးရေ ဟုတ်တယ် လုပ်ထားမှ ဒါပဲ ကိုယ့်နောက်ပါမှာ လေ ဟုတ်ဘူးလား နော့်

မမmay သိဘူးနော် အဒူသင်ပေးလဲ

မမမေ အယ် လုပ်တော့မယ် အဟုတ်ဘူးလေ ညီမ အဲလို ကဗျာစပ်ဖို့ဝေးသေးးးးး

မမမယ်ကိုးရေ google ကနေရှာလိုက်တယ်လေ ဆရာတော့် ပုံကို

ကိုယုယရေ ဘာလဲ လွမ်းနေမှာမို့လား

fallen ရေ တရားလာနာတာကျေးဇူးးနော်

ကိုလူထွင်းရေ ဘာရယ် အမလေး ဘာကို ချွတ်ရမှာတုံး ကလူထွင်းရဲ့

ကိုဖြူကြီးရေ နာနာထုလား ဟတ်လားး

ဦးဟတ်ကြီးးရေ မှတ်ထားပါ့မယ် နော်

ဆောင်းရေ မဟာစည် ရောက်ဖူးတယ် မဝင်ဖူးဘူး

ယောင်းမက် ရေ အဲဒီသီလရှင်က များဟုတ်ဘူးနော် ရယ်

ကိုကြယ်လေးရေ ဘာဆိုင်လို့လဲ ဟင် မိုးမရွာတာနဲ့ ဟီးးများက နဲနဲ ပိန်းတယ်

ခရေတွန်ရေ အဲဒီ သီလရှင်က ငါဟုတ်ဘူးနော် ရယ်