Friday, 17 July 2009

လာပါပြီနော် အဆက်

ကဲ comment တွေအများကြီးထဲက မှ မောင်နှမတွေရဲ့ comment လေးတွေကို တခု စီဖော်ပြလိုက်ပါတယ် နော် ကျေနပ်မယ်ထင်ပါတယ်

Ko Boyz said...
ပထမဦးဆုံး ဘလော့ဂ်တာတော့ မဟုတ်လောက်ဘူး...။ ဘလော့ဂ်အဟောင်းပြောပြပါ။
ဒါက ကိုဘရဲ့ ပထမဦးဆုံး မန့်ခြင်း ဒါပြီးတော့ မမန့်တော့ဘူး ညီမကိုစိတ်ပျက်သွားလို့တဲ့ ဟဟဟ

မယ်ကိုး said...
အပျိုကြီး ဖြစ်မှာစိုးလို့  comment ပေးတာ မဟုတ်ဘူးနော် ညီမလေး...ညီမလေးစာရေးထားတာလေးက ကလေးလေးလို သိပ်ချစ်စရာကောင်းတယ်။
ညီမလေးနဲ့ အစ်မ အရောင်ချင်းကြိုက်တာလည်း တူတယ်။မွေးရက်လည်း တူတယ်။
မမမယ်ကိုးရဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ခြင်းမှာ ရတဲ့ ကွန့်မန့်

thihanyein said...
ဒီကောင်မလေး ဒိန်းကြားပဲ
ကွန်မန်းမပေးတဲ့သူ လူပျိုအပျိုကြီးဖြစ်ခိုင်းနေတယ်
ဝေးဝေးရှောင်မှပဲ တော်ကြာ ဖြစ်နေဦးမယ်
ကျနော့်ကိုတော့ အပေါ်ကလို ဆုမပေးနဲ့ဦးဗျနော့်
း)စာရေးထားတာလေးက ကလေးလေးကျနေတာပဲလေ
ဒါကြောင့် ...း)း)
သူ့ဘလော့သွားပါတယ် မရှိပါ ဒါပြီးတော့ မလာပါ ဘယ်သူလဲ ညီမလဲ မသိပါ ဒါပေမယ့်ကျေးဇူးတင်ပါတယ်


နေဒေးသစ် said...
အားတော်တော်ဆိုးတာပဲ .. အဲ့ဒီ ဆုတောင်းကြီးကိုတော့ အကြောက်ဆုံး .. လူပျိုကြီးတော့ မဖြစ်ပါရစေနဲ့ .. မိန်းမရခါနီးမှ ဘယ့်နှယ် တော်တော်ဆိုးတဲ့ ကလေး :D ... စစချင်းတော့ ကောမန့်မပေးပဲ ကျော်သွားမလို့ ဆုတောင်းကြီးကြောက်လို့ ဝင်ပေးလိုက်ရပြီ ဟဟ ... စာရေးကောင်းပါတယ် .. တကယ်ခင်ဖို့ ကောင်းမယ့် ညီမလေး တစ်ယောက်လိုပဲ .. လုပ်ပါ အားပေးနေပါတယ် ဆက်ရေးပါ ..
ကိုနေဒေးရဲ့ ပထမဦးဆုံး ကွန့်မန့်ပါ

ဝသန်မိုး said...
မြန်မြန်ဝင်ကောမန့် မှ
တော်ကြာလူပျို ကြီးးဖြစ်နေဦးမယ်
အားပေးနေတယ် ညီမရေ
ဆက်လက်ပြီးရေးပါ ။
မကြာမကြာလာလည်ပါ့မယ်.။
ပြောပြီးတော့ ပျောက်နေတာကြာပေါ့ ကိုဝသန်က မအားဘူးထင်ပါ့ရဲ့


နွေးနေခြည် said...
ကိုယ့်နိုင်ငံကို မသိဘူးဆိုတော့ စိတ်မကောင်းလိုက်တာ.. တတ်နိုင်သလောက်ရှင်းပြပေးပါ ညီမလေးရေ
Isle of Wight ကိုစရောက်ကြောင်း ပို့စ်မှာ မမနွေးပေးထားတဲ့ ကွန့်မန့်ပါ

မင်းအိမ်ဖြူ said...
ငှက်ကလေး အနားမှာ မရှိလို.ပေါ့နော်
မဟုတ်ရင် ရှက်နေရမှာ
ဟာဟ စတာနော်
ကျောင်းတုံးက အဖြစ်အပျက်လေးတွေ ပို့စ်မှ ကိုမင်းအိမ်ဖြူရဲ့လက်ရာပါ

Zin & Zin said...
ဟီး ။။။
တွေ့ပြီကွ..အဖြူရောင်လေးကဘယ်သူလဲ။။
ငှက်ကလေး ဘဲ။။
ဟဲဟဲ..မှန်ရင်တော့ မုန့်ဝယ်ကျွေးရမယ်။
ပထမဆုံး ဓာတ်ပုံတင်တုံးက ရတာလေးပါ အဲဒီမမက တော့ အခုတော့ မလာတော့ပါဘူး ပျောက်ချက်သားကောင်းနေပါတယ် ဧကန္တလင့်ခ်ပျောက်သွားပြီ ထင်တယ် အဟက်


မျက်မှန်လေး said...
ဟီး ။။။
တွေ့ပြီကွ..အဖြူရောင်လေးကဘယ်သူလဲ။။
ငှက်ကလေး ဘဲ။။
ဟဲဟဲ..မှန်ရင်တော့ မုန့်ဝယ်ကျွေးရမယ်။
မမမျက်မှန်လေးကလဲ မှန်းတာ မှန်ပါတယ်


Mae said...
မနေ့က ဖြူဖြူကျော်သိန်းကို youtube က သီချင်းတစ်ပုဒ်မှာ သူငယ်ချင်းပြလို့ တွေ့လိုက်တယ်၊ မမက မသိဘူးလေ.. သူ့ကို၊ ကြားပဲကြားဖူးတာ၊ သမီးက သူ့ထက်မျက်နှာချိုပါတယ်၊
မမမေကလဲ အခုလိုပဲ ပြောခဲ့ပါတယ် အင်းလေ များက သူ့ထက် လှတဲ့ဟာကို နော် ဟွန်းးး

လူရိုင်းလေး said...
လူရိုင်းလေးကတော့ ဌက်ကလေးဆီကို လာလည်တာဆိုတော့ ဌက်သိုက်ပဲ စားတော့မယ်နော် :P
သူငယ်ချင်း အရိုင်းလေးကလဲ အခုလိုပဲ အားပေးခဲ့ပါတယ် သူကတော့ ညီမထက် စီနီယာကျပါတယ် ဘလော့ဂ်ရေးတာ ပြောပါတယ်

mikozan said...
warrrrr harrrrr harrrrr harrrr :
) :P
GCE တက်တုံးက အဖြစ်အပျက်လေး တွေမှာ အခုလို ကွန့်မန့်ရခဲ့ပါတယ် အဲဒီမမဆီလဲ မရောက်တာ ကြာပါပြီ သွားလည်ပါဦးမယ်

ကောင်းကင်ပြာ said...
အမလဲ စာလာဖတ်တယ် ငှက်ကလေးရေ၊ ညီမလေးက လင့်မထားခဲ့တော့ ရှာပီးလာတာ စီဘောက်ကလဲ ရေးလို့မရဘူး ဖြစ်နေတယ်
ဒါကတော့ ဗူဒူးအရုပ် ဆိုတဲ့ ပို့စ်မှာ မမကောင်းကင်ပြာက အခုလိုပဲ ခြယ်သ သွားခဲ့ပါတယ် မမဆီိမရောက်တာကြာပြီ သွားဦးမှပါ

မြူးသျှရီ said...
ညလေးရေ လေးလုံးလေးလား
မမမြူးလဲ ကားမောင်းရင်တတ်ရတယ်
အဝေးမုံလေးပေါ့...စာလေးဖတ်သွားတယ်
ပျော်ရွှင်ပါစေညလေး တာ့တာ
မျက်မှန်လေးပို့စ် မှာယောင်းလေးက အခုလိုပဲ မန့်သွားပါတယ်

Dream said...
အော်....လေးလုံးလေးပေါ့..ခစ်ခစ် :P
နောက်ဆိုလည်ပင်းမှာ ဆွဲထားနော်...ဒီတခါဆို မလွယ်ဘူး... :P
ဒီယောင်းကလဲ စိုးရိမ်ရှာပါတယ် အဟက်


ဖိုးဂျယ် said...
နောက်တခါ မျက်မှန်လေးကိုလဲ
ဖုန်းတလုံးဝယ်ပေးထားလေ
ပျောက်ရင် ဖုန်းခေါ်လို့ရအောင်း)
ဒါမှ မဟုတ် GPS တက်ထားလိုက်လေ
ညီမလေး မျက်မှန်ရှာနေပုံကြည့်ရတာ
လုံးတုံး လုံးတုံးနဲ့ နေမယ် စည်ပိုင်းလေး လိမ့်လာသလိုပေါ့။
ခင်လို့စသွားတယ် မကျေနပ်ရင် လာပြန်စ ဒါဖဲ
တားတားယေးက နယ်နယ်ယေးဖဲ ရှိတေးတယ် မမရ :D
16 နှစ်ကို တရက်လားဖဲ ကျော်တေးဒယ်ရော်
ခင်တယ် မောင်ယေး ဖိုးဂျယ်
ပထမဆုံးလည်လည်လာတဲ့ ကိုဂျယ်လီရယ်ပါ အခုတော့ မြန်မာနိုင်ငံမှာ internet connection နဲ့လုံးလည်ချာလည်လိုက်နေတာနဲ့ပဲ ညီမဆီမလာနိုင်တော့ပါဘူး

WWKM said...
ဖတ်သွားတယ် ညီမလေးရေ..
တွေ့ချင်ရင် တွေ့ကြတာပေါ့ညီမလေးရယ်..တစ်နေ့နေ့ပေါ့နော်.း))
ပထမဆုံး တဂ် စ ရေးတုံးက မမဝါပေးသွားတဲ့ ကွန့်မန့်ရယ်ပါ


T T Sweet said...
အမယ်မင်း ... ... လာလည်ပါဦးဆိုတော့ လာလည်လိုက်တာ တက်ခ် နဲ့တိုးနေပါရောလား ကွယ်တို့။ ဒီတက်ခ် တောင်ကိုတော့ မယ်ကျော်နိုင်မယ်မထင်ဘူး။ တက်ခ်ထားတဲ့သူတွေလည်း နည်းတာမဟုတ်ဘူး။ ကောင်းကင်ပြာမှာ ပျံမဲ့ငှက်ကလေး chucky ရေ ... အချိနရရင် ရေးပေးမယ်နော် ...
တီတီဆွီက ပုံပြင်ပြောတယ် ရေးလဲမရေးပေးဘူးရယ် ခိခိ သိပါတယ် မအားတာ စ တာနော် စိတ်မဆိုးနဲ့


သားကြီး said...
ငှက်ကလေးရေ ကိုယ့်ကွန်ပြူတာလေးရေတိမ်နစ်ရှာပြီကွယ့်
တက်ဂ်ထားတာလေးနော်များမှဆပ်ပါရစေတော့.. ငိုချင်တယ် အီးဟီးဟီး..:(:(
အခုလို တဂ်ရေးဖို့တဂ်ထားတဲ့ ကိုသားကြီးရဲ့ ပထမဆုံး ကွန်မန့် ထင်တယ်နော် ဟုတ်လား ကိုသားကြီးး

ခရောင်းလမ်း said...
ငှက်ကလေးရေ အကိုဒီပိုစ်လေးကိုရေးထားတာရှိတယ်နော်
ဒီမှာဝင်ကြည့်လိုက် ဟုတ်ပြီလား http://www.khayaunglam.co.cc/2009/04/blog-post_27.html
ငါ့ညီမလေး အဆင်ပြေပါစေ
ကိုခရောင်းလမ်းက သိပ်လည်လည်မလာပါဘူး မအားဘူးနဲ့တူပါတယ်


အနတ္တ အနော်မာ said...
မင်္ဂလာနေ့ ရက်ပါ
ကောင်းကင်မပြာလိုက်ရတဲ့  အိမ်လွမ်းငှက်ကလေးရေ...
မောင်နှမတွေ ရင်ဘတ်ထဲက အမြဲထာဝရခင်မင်နေရင်း ကျွန်တော့်ကို Link ချိတ်ပေးတာကော၊ ဒီစာလေးမှာနာမည်စမ်းလို့ ထည့်ရေးပေးတာကောအားလုံးအားလုံးအတွက် ကျေးဇူးအထူးဗျာ။ လာလည်နောက်ကျသွားတဲ့အတွက်လည်း တောင်းပန်တယ်။ နောက်လည်းခဏခဏလာလည်မယ်နော်။
About Me မှာ ခွီးခွီးလို့ ရီတာ ကဗျာဆန်လိုက်တာ။ :P အရာရာအဆင်ပြေပျော်ရွှင်ပါစေ....
ကိုအနောမာကလဲ တဂ်ပို့စ်မှာ အခုလို ကဗျာဆန်ဆန် ပြောသွားခဲ့ပါတယ်

Craton said...
ဟုတ်.. အဲဒီကဗျာလေးရော အဓိပ္ပါယ်ရော ကြားဖူးနားဝတော့ရှိခဲ့ပါတယ်.. ကဗျာကောင်းလေး ပြန်ဖတ်ရတာပေါ့..
သူငယ်ချင်း ခရတွန် ရဲ့ ပထမဆုံး ကွန့်မန့်ထင်ပါတယ် စံပါယ်လေးရုံမှာ မန့်သွားခဲ့တာပါ

နွေးနွေးသဲမွန် said...
နားလည်တတ်လွန်းတဲ့ ကျေးဇူးသိတတ်မှုလေးတွေ ...
ဒါက ကျေးဇူးရှင်များ ပို့စ်မှာ မန့်ထားတဲ့ မမရဲ့လက်ရာပါ အဲ အခုမှပြန်ကြည့်မိတယ် မမနွေး၂သဲမွန်ဆီကို လည်လည်မရောက်ဘူးရယ် သွားဦးမှ အဟက်

yaewoori said...
လူကို မျက်ရည်မကျကျအောင်လုပ်နေကြတယ်
အိမ်ထောင် ပျူ့သွားလဲမျှော်လင့်နေအုံးမှာ
သေသွားလဲချစ်နေအုံးမှာ
ခွဲမသွားပါနဲ့ အချစ်ရယ် မှာ မန့်ထားတဲ့ ကြယ်ကလေးရဲ့ အမှတ်တရပေါ့ အဟားးးး စာလုံးပေါင်းလဲမှားတယ်နော် ကိုကြယ်လေး အိမ်ထောင်ပြုက ဂလိုရေးတယ်သိလား အဟဲ အရှက်ခွဲတာတော့ မဟုတ်ပါဘူးနော် ခိခိ

မြစ်ကျိုးအင်း said...
ရင်နင့်စဖွယ်ဇာတ်လမ်းလေးနဲ့ မွန်မြတ်တဲ့ချစ်ခြင်းလေးပါပဲ...
ရေးတာကောင်းပါတယ်..။
ဒါကတော့ ကိုမြစ်ကျိုးအင်းရဲ့ လက်ရာလေးပေါ့ ခွီခွီးး

မိုးခါး said...
သနားပါတယ် .. ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ လူတိုင်းဝေးနိုင်သမျှ ဝေးပါစေ
မမမိုးခါးကလဲ အခုလို ဆုတောင်းပေးခဲ့ပါတယ်

Heartmuseum said...
ဟ..... ငှက်ကလေးက
ငယ်...ငယ်လေးပဲ ရှိသေးတာကိုး .......
ရုပ်ကလေးကလဲ ချစ်စရာလေးဆိုတော့
ငှက်ကလေး အဖေက ဘယ်စိတ်ချမှလဲ။
ဦးဟတ်ကြီးက အတန်းဖော်သူငယ်ချင်းများ ဓာတ်ပုံပို့စ်မှာ အခုလိုပဲ မန့်သွားပါတယ် ရှင်


Angel Shaper said...
ဟေးးးးးး ငှက်ကလေး ငါတို့ ညီအမ ကပါးချိုင့်ပါတာ ချင်းအတူတူ နင့်ကျမှ ပိုချစ်စရာကောင်းရလား ဟ။
ငါ့ညီမကို ကျောင်းသွားတက်တယ်မှတ်တာ၊ ဘိုးဘွားရိပ်သာ ရောက်သွားတာကိုး။ ပြန်လာခဲ့ ဇီးသီးထုတ်ဖို့ သားကြီးနဲ့ တို့ စောင့်နေတယ်။။။။။
ဟားးးးးးးးဟားးးးးးးးးးးးး
စိတ်ဆိုးနဲ့ နော်... ချစ်လို့ စတာ
မောင်လေးနဲ့ပေးစားပစ်မယ်.....
မမအိန်ဂျယ်ကလဲ အခုလို ချစ်သွားပါတယ် ငှဲငှဲ

ကိုလူထွေး said...
ငှက်ကလေးက မပျံနိုင်တာ ဒါကြောင့်ကိုး... ;P
သူငယ်ချင်တွေကြည့်ရတာ sky ကို ခင်ကြမယ့်ပုံပဲ...
kelly ကလဲ ခင်ဖို့ကောင်းတာကိုးး
အဟီးးး ဦးလူထွေးကြီးလဲ နံမည်ပေါင်းစုံနဲ့ အမှတ်တရ ပြောသွားပါကြောင်းးးးး


ဆုံနိုင်ခွင့်......နေ့ရက်လေး said...
တော်လိုက်တာနော်...
အမြဲအားပေးနေတယ်နော်
မမမေလေးက ဆုတောင်းပြည့်ရေတွင်း ဘာသာပြန်ပို့စ်မှာ အခုလိုပဲ ချီးကျူးခဲ့ပါတယ်

နွယ်ရိုး said...
သြော်......
ကိုကျူရိုးက အကြွေစောသွားသော ဆိုတဲ့ပို့စ်မှာ အခုလို သတိတရားရတဲ့လေသံနဲ့ မန့်သွားခဲ့ပါတယ် (ကိုသားကြီးပြောသလို မန့်စရာ ရှာမတွေ့ဘူး ထင်ပါ့ အဟီးး )


ဖူးဖူး said...
ပျော်ပျော်နေတတ်တဲ့ညီမ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ ဖြေနိုင်ပါစေကွယ်....
မဖူးဖူးကလဲ အကြံပေးကြပါပို့စ်မှာ အခုလိုပဲ အော်သွားခဲ့ပါတယ်

ဆုငယ်. said...
တို့ကတော့ rain ကိုပဲ ကြိုက်တယ်၊ ကျန်တာ ငှက်ကလေးယူလိုက်၊ rain ကို တို့ကိုပေး ပီားပိာပိာ :P
ညီမလေး လို့ခေါ်မယ်လို့ပြောတဲ့ သူငယ်ချင်း ဆုငယ်ကလဲ အခုလိုပဲ မန့်သွားခဲ့ပါတယ်


ဇော် said...
အောင်မငေး မောလိုက်တာ ဒေါ်ငှက်ရယ်။
ဒါပေမယ့် ဖတ်နေတုန်း ကျနော့်မျက်နှာပြုံးနေတယ်ဗျ။ အဟီး။ အဲ့ဒါကိုတော့ ရှက်ရှက်နဲ့ ၀န်ခံသွားကြောင်းပါနော်။ အဟဲ။
ကိုဇော်ကလဲ အဖြစ်ချင်ဆုံး ဆန္ဒမှာ အခုလိုပဲ ရှက်ရှက်နဲ့ဝန်ခံသွားပါကြောင်းဟောင်းးဟောင်းးး


ကြည်ဖြူပိုင် said...
့ဖြူဖြူကျော်သိန်းရေ..အမကို လက်မှတ်တစ်စောင်လောက်ဝယ်ခွင့်ပေးပါ။ မမကြိုဝယ်ထားပါတယ်။ အဟဲ...ညီမလေးရေ....အန်ချင်စရာတော့ကြိုက်ဘူးတဲ့လား။။အဟင့်.....ဒါဆိုငိုလိုက်မှာနော်................ဟားဟား....မမခုတလောရောဂါတခုရနေတယ်ကွ။ အပျင်းဖျားတာ...အဲဒါပျောက်ရင်ရေးမယ်နော်.....ငှက်ငယ် :)
အခုတလော ကမ္ဘာ့ top 10 ဝင်အောင် ဝတ္ထုရေးနေတဲ့ မမချိုမာကလဲ အခုလို အားပေးပါကြောင်း

သုဏော်စိုင်း said...
တဂ်တယ်ဆိုတော့လည်းရေးရဦးမှာပေါ့...
ကျွန်တော်တို့ ကတော့ (ကျွန်တော်တို့ ကဆိုတာ
အနော်မာနဲ့ ကျွန်တော်နဲ့ ကိုပြောတာ) ကဗျာပဲ
ဖြစ်မှာပါပဲ....
မကြာမှီ
လာမည်
မျှော်.....:D
ကဗျာဆရာ သုဏော်စိုင်းကလဲ ရေးပေးပါ့မယ် ဆိုတဲ့အကြောင်း

minnay said...
အဲ .... :( ဗိုက်ဆာလာဘီ .....
အိမ်ပြန်ရမှာ ပျင်းပါတယ်ဆိုမှ ... ဟင်းချက်ပြနေတယ်
ကိုမင်းနေဝေးကလဲ shopping တခေါက်မှာ အခုလိုပဲ သွားယိုကျသွားခဲ့ပါတယ်

laminnge2028 said...
ှုငှက်မလေး
နင်ကတော်တော်ကံကောင်းတာပဲ
နင့်ဆီကပာင်းချက်နည်းတွေသင်ဦးမယ်ဗျာ။
ပာားပာား
ပုဇွန်ချက်နည်း
ခင်မင်လျက်
ကိုကြိး.... :)
လမင်းငယ် အတွဲက ကိုကြီးကလဲ ငှက်မလေးကို အားကျသွားပါတယ် အဟီးးးး

reenoemann said...
ဖတ်လို့ တကယ်ကောင်းတယ်။
လုပ်ပြောတာဟုတ်ဖူးနော်။
မျက်ရည်တောင်ဝဲ သွားတယ်။
အားပေးနေတယ်နော်။
ရီနို
ကိုရီနို ကလဲ ခေါင်းစဉ်မဲ့ ဝတ္ထုတိုမှာ အခုလိုပဲ အားပေးသွားခဲ့ပါတယ်

Yu Ya said...
ခေါင်းစဉ်မဲ့ကို ဖန်တီးတဲ့ Idea လေးနဲ့ presentation လေးကို အင်မတန်မှ နှစ်ခြိုက်မိပါတယ်။
ဒါကတော့ ကိုယုယရဲ့လက်ရာပေါ့လေ

လင်းကြယ်ဖြူ said...
ဝတ္ထုရေး တော်တော်ကောင်းပါလား
လေးစာပါတယ်ခင်ဗျာ
Salute ....
ဝတ္ထုကောင်းတာကို ဂုဏ်ပြုရင်း တို့တ္ဂေ တစ်ခ္ဂက်လောက် ချလိုက်ကြရအောင်....
ကော်ဖီ...
Cheers...
ကိုဖြူကြီးကလဲ တခွက်တဖလား ချချင်ပါကြောင်း ပြောသွားပါတယ် ကော်ဖီပါနော် တလွဲမတွေးနဲ့ ခိခိ

ရောင်ပြန် said...
အရမ်းကောင်းတယ် စာဆုံးသွားတာတောင်သိလိုက်ဘူး
မျောသွားလို့
မျောသွားတယ်လို့ပြောတဲ့ရောင်ပြန် တော်သေးရဲ့ သူဘုတ်နဲ့ မတိုက်မိလို့ ခိခိ

ဂျာမုန်းဒန် said...
ချစ်သူကို တန်းဖိုးထားချစ်တတ်သူမို့ လေးစားစရာပါ။
နှလုံးသားကလာတဲ့စကားတွေကို ဂုဏ်ယူပါတယ်။
အမြဲအားပေးနေမယ်နော်
ခင်မင်စွာဖြင့်
ဂျာမုန်းဒန်
သူများရေးထားတဲ့ ချစ်သူကိုဘယ်လိုချစ်မှာလဲ ပုံပြင်မှာ ဂျာမုန်းဒန်ကလဲ အခုလိုပဲ အားပေးခဲ့ပါတယ်

RainBOw said...
chit tat tar kg par dal..
ta khar ta lay tot lae.. ma chit thint bu.. chit ya tar pin pan dal .. :)
anyway.. appreciate phyit par dal..
ချစ်တာကောင်းပါတယ် လို့ပြောတဲ့ Rainbow


လပြည့်ရိပ် said...
ရီလည်းရီရတယ် ၊ မှတ်သားလောက်တဲ့ ပုံပြင်လေးပဲ၊ အားပေးသွားတယ်နှော်။
အားပေးတဲ့လပြည့်ရိပ်

မင်း said...
တကယ်တော့ ငါတို့ကိုယ်တိုင်က အငှားခန္ဓာနဲ့ နေနေရတာပါ .. တနေ့ ပိုင်ရှင်ရောက်လာရင်....
ပထမဆုံး မမများအဖွဲ့က မင်းက အခုလိုပဲ museum ဘာသာပြန်မှာ တရားရသလိုလို ဘာလိုလိုနဲ့ပြောခဲ့ပါတယ်

ကိုရင်နော် said...
စာလာဖတ်တယ် ညီမရေ..
အားပေးမယ်နော်..း)
ကိုရင်နော်
ကိုရင်နော်ကလဲ အချစ်ဦးဇာတ်လမ်းမှာ စာလာဖတ်ပါတယ်တဲ့


ကြယ်သောကြာ said...
အေးလေ အတင်းပြောတာ ပြောပေါ့ နင်လုပ်မှ အစ်မစနေ cbox လည်း ပေါ ရာ ဏ အဘိဓါန် ဖြစ်တော့မယ် တိုင်မယ် နောက်ရက်ကျရင်.. လူစုံတက်စုံ အစည်းအဝေးခေါ်ပြီ ရုံးတင်စစ်မယ်
ဒါဘဲ
မမများ အဖွဲ့နဲ့ တွေ့ဆုံခြင်း ပို့စ်မှာ မမကြာက အခုလိုပဲ မကျေနပ်ကြောင်း ပြောသွားပါတယ်

မေဇင် said...
ပျော်စရာကြီးနော်...ဒီတစ်ခါ မနိုင်းထဲရောက်နေတာနဲ့ ကြုံရင်...တော့..တမင်c box ကို စောင့်ဖတ်နေမိတော့မလားပဲ...။ :)
နောင့်ကလဲ အခုလိုပဲ ပျော်သွားပါကြောင်း

Anonymous said...
မေလေးက ငှက်လို မတော်ဘူးဟယ်။ blogကိုဖွင့်လို့လည်း မတတ်ဘူး။ အားချိန်လည်းသိပ်မရှိတော့လေ။ ဘာပဲဖြစ်ဖြစ်ရပါတယ်။ ငှက်ကလေးဆီမှာလည်း လာပေါလို့ ရတာပဲနော်။ မေလေးနဲ့ နွေဦးက တကယ့်မမ ဆိုတော့ ကျန်သူတွေက အတုလား၊ငှက်လေး မေလေးကညံ့ချက်များ account ဖွင့်လို့ မရလို့ anonymous နဲ့ပဲ မန့်ရတယ်။
ဒါကတော့ မမများအဖွဲ့ထဲက မမေလေးရဲ့လက်ရာပါ

ဆောင်းမြူခိုး said...
ငှက်"လဒ"..နင် ငါ့ကို နင့်အိမ်ကကြောင်ပေါက်များမှတ်နေလား။ အားအားရှိ အမြီးလှန်ပြီးတော့ အထီး အမ ပဲလာလာခွဲနေတာပဲ။
သူ့ကိုခုထက်ထိ အထီးလားအမလားမသိသေးပါဘူး ကြောင်ဆိုရင်လဲ ကောင်းသား အမြီးလှန်လို့ရတယ် အခုတော့ အဟက်

kiki said...
သိတော့ သိနေသလို ..
နောက်တော့လဲ တကယ်လိုလို
အိမ်မက်လိုနဲ့
ပြီးတော့ လဲ ထုံးစံအတိုင်း အိမ်မက်ပေါ့နော်။
ရေးသားထားတာ ကောင်းတယ်
ဆွဲဆောင်မှုနောက် လိုက်သွားမိတယ်။။
ငှက်ကလေးရေ ..ကလူ ကလူ...
ဟိဟိ
final distination မှာဖွားကိကလဲ အခုလိုပဲ မန့်သွားပါတယ်

မီးမီးချစ် said...
အဲ့ဒီ့ကားတွေ ကြည့်ပြီး ဓာတ်လှေကား တောင် တယောက်ထဲ မစီးရဲတော့ဘူး.. ကြောက်ဖို့ ကောင်းတယ်
မမီးခြစ်ကလဲ ကြောက်ပါပြီတဲ့ ကိုကိုချစ်နဲ့ပဲ ဖက်အိပ်ပါမယ်တဲ့ အဟိ ဆိုင်လားမသိဘူး ခိခိ

ရေတမာ said...
ဖတ်ရတာတမျိုးလေးပဲ။။ကောင်းတယ်....ဘာတွေဖြစ်မလဲဆိုတာ အဆုံးထိသိချင်အောင် ဆွဲဆောင်မှုရှိတယ်.......
The tourists ဘာသာပြန်မှာ ရေတမာကလဲ အခုလိုပဲ အားပေးခဲ့ပါတယ်

နိုင်းနိုင်းစနေ said...
ူထူးဆန်းပါပေ့ ငှက်ကလေးရယ်
ကြံကြံဖန်ဖန် ရေးတတ်တယ်...
ဟို မမတွေ မျက်နှာနီနေအုန်းမယ် :P
မနိုင်းကလဲ အင်တာဗျူးမှာ အခုလိုပဲ ပြောခဲ့ပါတယ်

khin oo may said...
ဆေးမှန်မှန်သောက်ပါညီမကလေး။
အဟိ ဆေးမှန်မှန်သောက်ခိုင်းတဲ့ မမကွန်ရယ်ပေါ့ ဟဟဟ

ZT said...
ဖတ်ပြီး ရယ်သွားတယ်။ :D
အင်ဂျင်နီယာ သူကလဲ ရယ်သွားပါတယ် တဲ့


မီးတောင် said...
ဘယ်လိုဆားလဲဟင် ...... Table Salt lar Kitchen Salt lar hahas
သူငယ်ချင်း မီးတောင်ကလဲ အမေ့အိမ်ပို့စ် ဆားချက်ခြင်းမှာ အခုလိုပဲ မေးသွားပါတယ်

Lucifer said...
ဟ.. င့ါညီမ ငှက်ကလေးက ချစ်စရာလေး.. ဝ ဝ တုတ် တုတ်လေး နဲ့ .. ဟိ..
မမယ်မီးကလဲ ကျောင်းပိတ်အမှတ်တရ ဓာတ်ပုံ ပို့စ်မှာအခုလိုပဲ မန့်သွားပါတယ် ရှင်

ballonlay said...
ပြုံးရွှင်မျက်နှာလေးနဲ့ အရမ်းချစ်မဖို့ကောင်းတယ် ငှက်ကလေးက..း)
မမများ အဖွဲ့က မမလုံးက အခုလိုပဲ ချစ်သွားပါတယ် ရှင်

sin dan lar said...
ကလေးလေးလိုပဲ.. ချစ်စရာကောင်းတယ်..။
အဟက် ကလေးလိုပဲတဲ့ ခိခိ ဟုတ်တယ် များ ကအခုမှ ကလေးပဲ ရှိသေးတာကိုး

rose of sharon said...
အဆင်သင့်ဖြစ်မှခေါ်ရင်တော့ကောင်းတာပေါ့နော်...
ဒါကတော့ သူလာသော အခါပို့စ်မှာ ဖြစ်ပါတယ်

ဂျူနို said...
အမလဲ မစန္ဒာရဲ့ ပရိတ်သတ်ပဲ
ကျေးဇူးညီမရေ...
အခုလို စာဖတ်ပရိတ်သတ်တူတာ တွေ့ရတာ ဝမ်းသာပါတယ် ရှင်

promise said...
ငှက်လေးရေ
အစကိုစဖတ်တုန်းကတော့ ဘာပါလိမ့်လို့
အော် စားပြီးနားမလည်လုပ်သွားတာကိုး
အဟိ ကိုပြည့်ဖြိုးကလဲ ပင်ယံပေါ်မှာ ပန်းလေး လန်းပါစေ ပို့စ်ဖတ်ပြီး စဉ်းစားလိုက်ရတယ် တဲ့ ပိန်းတာ အဟက် စိတ်ချိုးနဲ့နော် ခိခိ

သီဟသစ် said...
ဆေးလိပ်တော့မကြိုက်ဘူး ကောက်ဖီတော့ကြိုက်တယ်
ကော်ဖီအကြောင်းလေးပါရေးအုံး
ခင်မင်စွာဖြင့်
သီဟသစ်
ကိုသီဟသစ်ကလဲ ဆေးလိပ်နဲ့ ကျန်းမာရေးမှာ အခုလိုပဲ အားပေးသွားပါတယ်

နွေဦး said...
ကဲကြားကြလား ဌက်ကလေးကပြောနေပြီ မသောက်ကြနဲ့ ကလေးပြောတာနားထောင်ကြ
မမများ အဖွဲ့က မမနွေအူးကလဲ ညီမဘက်ကနေ ပြောသွားပေးပါတယ်

puluque said...
ရီသွားတယ်...ကိုရီးယားမင်းသား ရိန်းဟုတ်လိုလား ကျတော် ကြားတာကတော့ မြန်မာ မင်းသားဘေလုဝ ဆိုလားပဲ...
ပုလုကွေးကလဲ သတင်းကြော်ငြာခြင်းမှာ ဟောဂလိုမန့်သွားပါတယ် ဒါနဲ့စကားမစပ် ကြူကြူသင်းလဲ အားနေတယ် ဆိုပဲ ကိုပုလုကွေးရဲ့ ခစ်ခစ်

kyaw kyaw aung said...
ကုန်ကြမ်းတွေများများရပါစေငှက်ရေ
မမများ အဖွဲ့က ကော်ကျိုကလဲ အခုလိုအားပေးခဲ့ပါတယ်

စည်သူ said...
ရေးပါ ဟိုလေ..ဟို...
ကျွန်တော့်ကို ပြောပြထားတဲ့ အကြောင်းလား
အဲဒါဆို ကောင်းတယ် ရေးသာရေး အဟိ..
ဘာအကြာင်းလဲတိဘူး.....။
တောင်းဆိုခြင်းပို့စ်မှာ မန့်သွားတဲ့ စည်သူ့ရဲ့လက်ရာပါ

Lunn said...
ငှက်လေးဟာလေ.. ညည်းပြောမှဘဲ.. ငါတို့လဲ..
ရှူးပင်လယ်ထဲမျှောကြရပါပြီနော်.. ကောင်းပါ့ကွာ..
မမများအဖွဲ့ထဲက လွန်းက လဲ ဘလော့ဂ်ဂါမောနှမများလတ်တလောအခြေအနေမှာ အခုလိုပဲ ကောင်းကြောင်းပြောသွားခဲ့ပါတယ်

Ba Nyar said...
သိပ်မဆိုးလို့ တော်သေး ငှက်ရေ.... ဟီး
မဆိုးဘူးဆိုတော့ လိမ္မာလို့ပေါ့နော် ဗညား အဟက်

ပြည့်စုံ said...
ငှက်မလေးရေ....
အတွေးအခေါ်တွေက တယ်လည်းလက်သွက်နေပါလား...
ဟဲဟဲ... အဲဒီလိုပေါ့လေ... ဟုတ်လား..
ငှက်မလေးရဲ့ ဖန်တီးမှုလေးကို (တကယ်ဆိုရင်တိဘူးနော်)
လေးစားပါတယ်ဗျာ...
ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)
ဝေါသားလေး ကိုပြည့်စုံကလဲ ညီမပေါတာလေးကိုကြိုက်တယ်တဲ့ အဟီးးး

ရွှေပြည်ဦး said...
ဟာ... ကောင်းလိုက်တဲ သတင်းတွေ..........
ကောင်းတယ်ဗျို.....
ရွှေပြည်ဦးကလဲ ဝမ်းစမိုး နောက်တပုဒ်တဲ့ တောင်းဆိုပြန်ပါတယ်

သိင်္ဂါကျော် said...
ငှက်ကလေးရေ
လာဖတ်ပြီး ခံစားသွားပါတယ်...
တကယ် ခံစားရတယ်...
မသိင်္ဂါကျော်ကလဲ မေမေသို့.. မှာ အခုလိုပဲလာခံစားသွားပါကြောင်းးးး

Tony said...
ငှက်မလေး.. ပါးစပ်(ဟောင်းလောင်း)နဲ့ဖတ်ဖြစ်တယ်.. မေကြီး၊
(မေလေး) ဇာတ်လမ်းကိုပါ.. ဆက်ရေးလို့..
(ကြာကြာ)ဖတ်ရရင်.. ကိုယ့်ရဲ့နှလုံးသားလေးဟာ..
(ဘော်လုံးလေး) လို ခုန်နေတော့မှာ.. (မင်း) သိ
လား.. (ကော်ကျို) ကတိုတိုကြိုက်ပေမယ့်.. ဇာတ်
လမ်းလေးက.. (နွေဦး) လိုသွေ့ခြောက်လို့မနေပါဘူး.. အရေးအသားလဲ
(ပိုင်) ပါပေတယ်.. (စနေ) ကျရင်ဆက်ရေးပါ
အုန်း.. လွန် (လွန်း) တယ်လို့မအောက်မေ့ပါနဲ့
ဗျာ..
အဟားးးး မမများအဖွဲ့ တိုနီရဲ့ အိုင်ဒီယာကလန်းတယ် ကွယ် များတို့ လူအကုန်လုံးပါအောင် ရေးနိုင်တယ် တော်တယ် ယောက္ခမကြီး (သူကသားပေးမယ်ပြောတယ် ) အဟက်

chitpalone said...
လည်ရင်းနဲ့ရောက်လာပါတယ်။ ပထမဆုံးဖတ်ရတဲ့ အပုဒ်က တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ အရမ်းရယ်ရတာပဲ။ မျက်စိထဲကို ကွင်းပြိးမြင်မိတယ်။ နာမည်ရင်းနှီးနေပေမယ့် အခုမှပဲ လာလည်ဖြစ်တော့တယ်။ လင့်ချိတ်ခွင့်ပြုနော်။ သူတို့နှစ်ယောက်ကို ပေါင်းပေးလိုက်တာ သနားစရာလိုလိုနဲ့ ကောင်းတယ် တွေးတတ်ပနော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
မမလုံးပါး အဲ ပါးလုံးကလဲ မကြားရမမြင်ရ သံယောဇဉ်ပို့စ်မှာ အခုလိုပဲ အော်ခဲ့ပါတယ်

ကဲအားလုံး အားလုံး ပျော်ရွှင်ပါစေနော် ဘယ်လိုတုံး ဖတ်ရတာ ပျင်းသွားပြီလား အဟီးးး ငှက်တို့က အဲဂလိုပဲစကားလဲ သိပ်များတယ် ပြောချင်တာတွေက အများကြီးရယ် ဟိဟိ သည်းခံပြီးဖတ်ပေးကြတာ ကျေးဇူးအထူးတင်ရှိပါတယ် ရှင် အားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေနော်

19 comments:

Anonymous said...

တော်တော့ကိုတော်တာနော်ဟဟ
မီကိုဇန်က မိန်းခလေးမဟုတ်ပါ
ယောင်္ကျားလေးပါ

ချစ်တဲ့
ယောင်းမြူး

ခြေလှမ်းသစ် said...

ငှက်ကလေးရေ..... ဖတ်ရင်း..ဖတ်ရင်းနဲ့ လည်ပင်း တောင် ညောင်းလာပီဗျ .... ဒီတခါတော့ တော်သွား သေးတယ်နော်.. များကို အကောင်းပြောသွားလို့ ဟွန်း..နောက်မို့ဆို...အလွယ်ဘူး.....

Anonymous said...

သူဆားချက်တဲ့ အကြံက အတော်ကောင်းတယ်။
ဘယ်သူမှ သူ့လို စဉ်းစားမိမယ် မထင်.....
ဒါလဲ ဘ၀ရဲ့အမှတ်တရလေးပေါ့ဟာ....

မယ့်ကိုး said...

အားလုံးက ချစ်တဲ့ ဒီကောင်မလေးဆိုရင် ညီမလေးငှက်ကလေးပါပဲ....
ချစ်စရာညီမလေး အမြဲပျော်ရွှင်ကာ စာလေးတွေ အများကြီးရေးနိုင်ပါစေ...

Unknown said...

ငှက်တောင် ရိုးရိုးငှက်လေးမဟုတ်ပါဘူး....

တွန်သံချိုတဲ့ ငှက်မလေးဖြစ်ရမယ်...

မြှောက်ပြောတာမဟုတ်ဘူးနော်... :) :) :) တကယ်...

မင်းနေ said...

အား ...
မတ်တယ်ဟ ... တော်တော် ပိုင်တာပဲနော် ..
နောက်ကျရင်ဒီထက်ပိုများပါစေဗျာ ...
မန့်တဲ့လူတွေလေ ... ;D

မေဇင် said...

ငှက်ကလေး ရေ... လူချင်လူခင်ပေါတဲ့ ငှက်ကလေး... အမြဲ ရီပြုံးနေနိုင်ပါစေနော်...။း) မန့်ထားတာလေး တွေ ဖတ်ပြီး သဘောတကျ ပြုံးသွားတယ်..။


ခင်တဲ့
မေဇင်

Yu Ya said...

အော်...ငှက်ကလေး..ငှက်ကလေး...မို့လို့သာပေါ့.. ငှက်ကြီးသာဆိုရင် ဘယ်လိုနေမလဲမသိဘူး.. အဟီး.။

yu ya

kiki said...

အခု လည်း အကို လစ်တဲ့ အချိန် ​စောင့်  ပြီး တင်လိုက် တာပဲ လား ...ခိခိ ..စာ​တွေ ​ရော ​နေတယ် ..
လိုင်း​လေး ​တွေ ဆွဲ လိုက်ပါလား ။
ဖတ် ရ တာ ရှင်း​အောင်​လေ ..
ဆရာ လုပ်တာ ..အဟက် ..
အကျင့်  ပါ​နေလို့  ...အဲ .. မျက်စိမှုန် ​နေလို့ ..

ပိကျိ ပိကျိ..
ဖွားကိ

မီးမီးချစ် said...

တော်လိုက်တဲ့ ငှက်ကလေး တယောက် မှ မကျန်ဘူး..
အမှန် ကိုရီးယား ကားလို အပိုင်းပိုင်း လုပ်စားရမှာ..ဟိဟိ ပကျိ ပကျိ

chitpalone said...

ဟယ် ဌက်ရယ် ပါးလုံးက အဟုတ်မှတ်လို့ ပို့စ်ကို နှစ်ရက်ဆက်တိုက်ရေးမယ်ဆိုပြီးတော့ ချီးကျူးနေတာ။ ပြီးတော့ ညကလည်း ထိုင်စောင့်နေတာ။ မိုးချုပ်မှအိပ်တာ အခုထလာလာချင်း ကြည့်တော့ လူလည်ကျ အဲ မှားလို့ ဌက်လည်ကျတယ်။
ခင်မင်လျှက်
သူငယ်ချင်း ပါးလုံး

သားကြီး said...

ကွန်မန့်တွေကိုလိုက်ဖတ်လိုက်မှလူတော်တော်စည်မှန်းသိရတယ်
အင်းပေါ့ ငှက်လေးကလူချစ်လူခင်ပေါတာကိုး
ဟုတ်ပါတယ် အဲ့ကွန်မန့်က ကို့ရဲ့ပထမဆုံးကွန်မန့်ပါ
ကွန်ပြူတာရယ် လူရယ် မဟာဒုက္ခတွင်းဆုံးကျနေချိန်ပေါ့ ဟီး
tagအဆက်လေးအတွက်ကျေးဇူးပဲနော် ငှက်ကလေး
rainဆိုတဲ့အစုတ်ပလုတ်ကောင် လာနှောက်ယှက်သေးလား ဒီတစ်ခါထပ်လာရင် ကိုးရီးယားကိုလိုက်သွားပြီးနားရင်းအုပ်ပေးမလို့ ဟီးး ပေါရတာအရသာရှိလိုက်တာ :P

Angel Shaper said...

အောင်မလေး...နာ့နာမည်ကို ရှာလိုက်ရတာ...
လန့် ဖျန့် နေတာနော်...တော်သေးတာပေါ့အကောင်းလေးတွေ ရွေးရေးပေးလို့... တကယ်ချစ်ဖို့ ကောင်းတဲ့ ညီမလေး ငှက်ရေ... ပျော်ရွှင်ပစေကွယ်။

maylay said...

ပေါပေါလေး။ တော်တော် ချစ်ဖို့ကောင်းအောင် ရေးတတ်ပါ့။ လူလည်းစုံနေတာပဲ။

မေလေး said...

ငှက်ကလေးနော်
တော်တော်လည် ငပိချက်ချက်သွားတယ်။ အပိုင်း ၂ ဆိုလို့ ဂယ်ထင်နေတာ။
စတာပါ။
တော်လိုက်တာ။လူကုန်ပါအောင်ထည့်နိုင်တယ်။
အာပွားးးးး
(သတိ...လူမှားမယ်နော်။ ဘလော့ကာမေလေးပါ။ဟိဟိ
လိုက်ပေါတွားပါတယ်)

ကိုလူထွေး said...

မနည်းပါလား...
းဝ)

kyaw kyaw aung said...

ရေးလဲရေးတက်ပါပေ့ငှက်ရယ်

နေဒေးသစ် said...

ကိုယ့်ကောမန့်လေး ကိုယ်ပြန်ကြည့်ပြီး ပျော်သွားပြီ ..
Bird ညီမလေး ကျေးဇူး :D

နေဒေးသစ်။

Anonymous said...

အံမယ်လေးလေး.. များလှချည်လား မိငှက်ရေ.. ငါကတော့ နည်းနည်းပဲဖတ်သွားနိုင်တယ်.. ဒီလို အမှတ်တရပြန်သုံးပေးလို့ ကျေးဇူးတောင်တင်ရမှာပါဟာ..း) အဆင်ပြေပါစေနော်.. ငါ့ကဗျာမှာ နင်လာအားပေးသွားတဲ့အတွက် နင်လည်းအားပေးတဲ့သူတွေ အမြဲရှိပါစေ..