Thursday, 23 July 2009

ရောက်ခဲ့ဖူးသော နေရာလေး တခု

ပန်း ဒီနေ့ အထူးကို တက်ကြွနေပါသည် များမကြာမီ ကိုကိုနဲ့ လက်ထပ်ပြီး အိမ်ထောင်ရှင်မ ဖြစ်တော့မည် မဟုတ်ပါလား ခွင့် ၄ ပါတ်ယူထားတယ် မင်္ဂလာဆောင်ဖို့ စီစဉ်ရဦးမယ်လေ မေမေတို့တောင် နောက် ၂ ရက် ၃ ရက်လောက်နေရင် နိုင်ငံခြားက ပြန်လာတော့မယ်လေ ကိုကိုနဲ့ချိန်းထားတဲ့ နေရာကို ဦးအောင် ရောက်နေလိုက်တယ် ဆိုင်ထဲမှာလူရှင်းနေတယ် အချိန်က ညနေ ၆.၃၀ ခဏနေတော့ ကိုကို ရောက်လာတယ်
" ဒီနေ့စောလှချည်လား " တဲ့ သူ့စကားသံတွေထဲမှာ ခနဲ့သံတွေ ပါနေသလိုပဲ ပန်းလဲ ရန်မဖြစ်ချင်တော့တာတဲ့
" လက်ထပ်ဖို့ကိစ္စစီစဉ်ရအောင်လေ ခွင့် ၄ ပါတ်တောင် ယူထားတယ် မေမေတို့လဲ ပြန်လာတော့မယ် မေမေတို့ ပြန်လာရင်တော့ ပန်းလဲ ဆေးရုံက အဆောင်မှာ မနေတော့ဘူး ပြန်အပ်လိုက်တော့မယ် လေ " ကိုကို့ပုံကြည့်ရတာ အေးတိအေးစက်နဲ့ စိတ်မပါသလိုပဲ
" ကိုကို ပစ္စည်းတွေ ဘယ်တော့ သွားဝယ်မလဲ ဟင် မနက်ဖြန်လား ဘယ်အချိန်လဲပြောလေ ပန်းအခုဆိုရင် အားပြီ "
" အဲဒီ မင်္ဂလာပွဲ ကိစ္စပြောမလို့ " လို့ ကိုကို ကပြောတယ်
" အင်းပြောလေ " ဆိုတော့
" မင်္ဂလာပွဲ ဖျက်သိမ်းရအောင် ကိုယ်က အချစ်မပါတဲ့ အိမ်ထောင်ရေးကို မတည်ဆောက်ချင်ဘူး "
" ဘာ အချစ်မပါတဲ့ အိမ်ထောင်ရေးဟုတ်လား ဘာလို့ အဲဒီလိုပြောရတာလဲ "
" မင်းကိုယ့်ကိုဂရုစိုက်လို့လား မင်းရဲ့လူနာတွေလောက်တောင် ကိုယ်က အရေးပါလို့လား ရုပ်ရှင်နှစ်ယောက်သားအေးအေးဆေးဆေး သွားကြည့်ပါတယ် အရေးပေါ်အခြေအနေ ဆိုလို့ မင်းဆေးရုံကို ပြေးရတယ် နှစ်ယောက်သား ချိန်းတွေ့တယ် လူနာဘာဖြစ်ပြန်ပြီဆိုပြီး သွားရပြန်ပြီ ဒါမျိုး တခါ မကဘူး ပန်း ကိုယ်သည်းခံခဲ့တယ် အခုတော့မရတော့ဘူး ကိုယ်သည်းမခံနိုင်တော့ဘူး နောက်လက်ထပ်ပြီးရင်လဲ ဒီလိုမျိုးတွေပဲ လာဦးမှာပဲ ပန်း ဒီတော့ အချိန်တွေမလွန်ခင် ကိုယ်တော့ နောက်ဆုတ်လိုက်ကြရအောင်လား "
" ကိုကို အသစ်တွေ့နေပြီလား " ကိုကို က ဘာမှပြန်မပြောဘူး
" ဘယ်ကလဲကောင်မလေးက "
" ဘာလဲ မင်းပြသနာ သွားရှာမလို့လား "
" ကိုကို ပန်းကို အဲလောက်တောင် အထင်သေးလှချည်လား ဘာလဲမေးလို့တောင်မရဘူးလား " ပန်းရဲ့ စိတ်ထဲမှာ ဒေါသတွေ အရမ်းထွက်နေတယ် လူကို အရှိုက်ကို ဆောင့်ကန်လိုက်သလိုပဲ ဒေါသတွေ အလိပ်လိပ်တက်ပြီး ငိုချင်လာတယ် ဒါပေမယ့် မငိုပါဘူး သူ့ရှေ့မှာ ဘယ်တော့မှ မငိုဘူး ယောက်ျားတယောက်ရှေ့မှာ ပန်း ဘယ်တော့မှ မျက်ရည်မကျဘူး မှတ် ဒါနဲ့ အားတင်းပြီး ပြောလိုက်တယ်
" ကောင်းပြီ ကိုကို မေမေတို့လာတော့ ဒီကိစ္စကိုဆွေးနွေးကြတာပေါ့ ပန်း အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ် ပျော်ရွှင်ပါစေ " လို့ပြောပြီး ထွက်လာခဲ့တယ် ကိုကို့ရဲ့ မျက်နှာကိုလဲ မမြင်ချင်မကြည့်ချင်တော့ဘူး ကားပေါ်မှာ ရှိုက်ကြီးတငင် ပန်း ငိုနေမိတယ် သူ့ရှေ့မှာ မျက်ရည်မကျသမျှ အခု မျက်ရည်တွေက အတားအဆီးမရှိ တလဟော ထွက်ကျလာတယ် အဆောင်ရောက်ရင် တယောက်တည်း ကြိတ်ကာ ငိုရပေဦးမယ် မျက်ရည်တွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ကာ ကားမောင်းလာခဲ့တယ်

စဉ်းစားရင်းတွေးရင်း မျက်ရည်တွေကျလာတယ် တနေရာရပ်ပြီး ငိုမယ် အလုပ် လူတယောက်ဖြတ်သွားတာ တွေ့လိုက်တာနဲ့ ပန်း ရှောင်လိုက်တယ် ဒုန်းးးး ဆိုပြီး သစ်ပင်ကို ဝင် တိုက်မိတယ် အရေးမကြီး ဘူး ခုဏက လူဘာဖြစ်သွားလဲမသိဘူး သိချင်ဇောနဲ့ ကားပေါ်ကနေ ဆင်းလာခဲ့တယ် တွေ့ပါပြီ သူက အေးဆေးပဲ ပန်း ကိုကြည့်နေတယ်
" ဟိုလေ ရှင် ဘာဖြစ်သွားလဲမသိဘူး " သူက နဲနဲကြောင်နေတယ် ပြီးမှ
" ဘာမှမဖြစ်ပါဘူး မိန်းကလေး ကားတော့ ချိုင့်သွားပြီနော် " ပန်းလဲ
" ဟုတ်တယ် ဘယ်လိုလုပ်ရပါ့မလဲ Taxi ငှားပြီး အိမ်ပြန်မှ နဲ့ထင်တယ် ပြီးမှ ဝပ်ရှော့ဆရာ ကို ဖုံးဆက်လှမ်းပြောလိုက်မယ်လေ " ဆိုတော့ သူက
" ဟိုမိန်းကလေး တကယ်လို့ အားမနာဘူးဆိုရင် ကျွန်တော် ကူညီလို့ရပါတယ် ကျွန်တော့်အိမ်မှာ ခဏလောက်နားပြီး နေပါ့လား ကျွန်တော့်အသိ ဝပ်ရှော့ဆရာကို ဖုံးဆက်ပြီးပြောပေးမယ်လေ သူ ကားလာယူလိမ့်မယ် အခုတော့ မိုးချုပ်နေတော့ လေ မိန်းကလေးတယောက်တည်း Taxi နဲ့ပြန်လို့ဖြစ်ပါ့မလား " ပန်းတွေသွားတယ် ဟုတ်သားပဲ သူပြောတာလဲ ဒါနဲ့
" ရှင်တယောက်တည်းနေတာလား " ဆိုတော့
" မဟုတ်ပါဘူး အမေနဲ့ အဖေ ရှိပါတယ် " တချက်လောက် စဉ်းစားပြီးတော့ ပန်းသူ့အိမ်ကို လိုက်သွားခဲ့တယ် သူက မိတ်ဆက်တယ်
" ကိုယ့်နံမည် သိန်းထိုက်ပါ ကိုထိုက်လို့ခေါ်လို့ ရပါတယ် ဒီက ညီမလေးကရော "
" ပန်းပါ "
" အော် နံမည်လေး ကချစ်စရာလေးပဲ " သူ့အိမ်ရောက်တော့ သူ့မေမေနဲ့ ဖေဖေကို အကျိုးအကြောင်းပြောပြတယ် ပြီးတော့ ချက်ချင်းပဲ ဝပ်ရှော့ ဆရာဆီကို ဖုံးဆက်ပေးတယ် အန်တီက
" သမီး ဘာမှ အားမငယ်နဲ့နော် ဘာမှမဖြစ်ပါဘူး လာ ဒီအိပ်ခန်းမှာ သမီး အိပ်လို့ရတယ် ဒါက ဧည့်သည်တွေအတွက်လေ ဒါကြောင့်အမြဲရှင်းထားတာ "
" အော်ဟုတ်ကဲ့ ကျေးဇူးပါပဲ မနက်ကျရင် ကျွန်မ ပြန်မှာပါ အခုတော့ အန်တီတို့ကို ဒုက္ခပေးသလိုဖြစ်နေပါပြီ "
" ရပါတယ်သမီးရယ် အန်တီတို့ကို အဲလိုပဲ ကူညီနေကျပါ " ဒါနဲ့ ပန်းလဲ ကုတင်ပေါ်မှာ မျက်လုံးကို မှိတ်ထားလိုက်တယ် မစဉ်းစားချင်ဘူး သူ့အကြောင်းကို

မနက်ရောက်တော့ အန်တီက မနက်စာ ပြင်ထားပေးတယ် စားသောက်ပြီးတော့ အိမ်ဖော်ကောင်မလေး မတွေ့တာနဲ့ အန်တီ့ကို ကူလုပ်ပေးလိုက်တယ် ပြီးတော့ အန်တီတို့ကို ကျေးဇူးတင် စကားပြောပြီး ပြန်မယ်လုပ်တော့ သူတို့က တယောက်မျက်နှာ တယောက်ကြည့်ပြီးတော့ အန်တီက
" သမီး ဒီအိမ်မှာ နေရတာ မကျဉ်းကျပ်ဘူးဆိုရင် သမီးရဲ့ ကားရမှ ပြန်ပါလား သမီးနောက်ဆံတင်းစရာ ရှိလို့လား " ဒါနဲ့ပန်းလဲ
" မရှိပါဘူး ဒါပေမယ့်... "
" အားမနာပါနဲ့ သမီးရယ် ဒီနေ့ အရာရှိလေး လာလိမ့်မယ် သူ့ကိုမေးပေးမယ်နော် " ဘာလဲ အရာရှိလေး ပန်းစိတ်ထဲ ဇဝေဇဝါဖြစ်သွားတယ် ကိုထိုက်က ဝင်ပြီးတော့
" အော် ဧည့်စာရင်းစစ်ကို ပြောတာ ပါ ပန်းရ "
" အော်အော် " အင်းလေ အဆောင်မှာတယောက်တည်း ကြိတ်ပြီး ဆွေးနေမယ့်အတူတူ လူအများနဲ့ဆိုတော့ နဲနဲတော့ သက်သာမယ်ထင်တယ်လို့ စိတ်ထဲက တွေးလိုက်မိတယ် ဒါနဲ့
" ဟုတ်ကဲ့ပါ " ဆိုပြီးခေါင်းငြိမ့်လိုက်မိတယ်
ညနေကျတော့ ကိုထိုက်နဲ့ ခြံထဲမှာလမ်းဆင်းလျှောက်ကြတယ် ပန်းက ဘယ်လိုဖြစ်ခဲ့တယ် ကိုကိုနဲ့ ဘယ်လိုဆိုတာကို ကိုထိုက်ကို ပြောပြခဲ့တယ် ကိုထိုက်က စိတ်ဝင်တစား နဲ့ ပန်းပြောတာ နားထောင်ပေးနေတယ် ပန်းက မေးလိုက်တယ်
" ကိုထိုက်ကော ရည်းစားတွေဘာတွေမရှိဘူးလား " ဆိုတာ့
" လွန်ခဲ့တဲ့ ၁ နှစ်လောက်ကပြတ်သွားပြီ သူလဲ အခုသူ့အိမ်ထောင်နဲ့သူဖြစ်နေပါပြီ "
" ကိုထိုက်သွားမတွေ့ဘူးလား ဆိုတော့ သူလဲ သူ့ဘဝနဲ့ သူ ကျွန်တော်လဲ ကျွန်တော့ဘဝနဲ့ ကျွန်တော် မနှောင့်ယှက်ချင်တော့ပါဘူး " ခဏနေတော့ အန်တီက ညနေစာထမင်းစားဖို့လာခေါ်တယ် စားသောက်ပြီးတော့ အန်တီ့ကိုကူပြီးတော့ သူတို့နဲ့အတူ tv ထိုင်ကြည့်နေလိုက်တယ် ည ၉ ခွဲလောက်လဲ ကျတော့ ပန်းလဲ အိပ်ချင်တာ နဲ့ အိပ်ယာထဲဝင်ခဲ့တယ် မှေးခနဲ အိပ်ပျော်သွားချိန်မှာ အသံတွေကြားတာနဲ့ လန့်နိုးလာခဲ့တယ် ဒီအချိန်ကြီးဘယ်က ဧည့်သည်ပါလိမ့် ဆိုပြီး နားစွင့်နေမိတယ်
" အန်တီက အရာရှိလေးကို မျှော်နေတာ " ဆိုတော့ အေးတိအေးစက်အသံနဲ့
" ဘယ်သူ့ကို လက်ခံထားပြန်ပြီလဲ "
" ဟုတ်တယ် မနေ့က လေ ကောင်မလေးတယောက်ကို လက်ခံထားမိလို့ အဲဒါ ဒီမှာထားလို့ရလား ဒါမှမဟုတ် ဘယ်များ ပို့စရာရှိလဲမသိဘူး "
" နံမည် ဘယ်လိုခေါ်လဲ အသက်ဘယ်လောက်လဲ "
" ပန်းနုမေ အသက်က ၂၇ နှစ် "စာရွက်လှန်သံ ကြားလိုက်မိသလိုပဲ ပြီးတော့ အေးစက်စွာနဲ့
" စာရင်းထဲမှာ မပါဘူး ပြန်ပို့လိုက် " တဲ့ ဘာတွေလဲ ပြီးတော့ အသံတွေတိတ်သွားတာနဲ့ ပန်းထွက်လာလိုက်မိတယ်
" သမီး မအိပ်သေးဘူးလား "
" ဟို သမီး နံမည်ခေါ်သံကြားမိသလား လို့ ပါ " ကိုထိုက်က
" အော် ဧည့်စာရင်းစစ် ပါ ပန်း ဘာမှမဟုတ်ပါဘူး " ဒါနဲ့ပန်းလဲ အိပ်ယာထဲ ပြန်ဝင်လာခဲ့လိုက်တယ် အသံတွေကြားနေရတယ် အိမ်မက်မက်နေသလို တကယ်လိုလိုနဲ့ အန်တီကပြောတယ်
" သား ကြားတယ်နော် သူကမှားပြီးရောက်လာတာတဲ့ သား ပြန်ပို့လိုက်ပါ "
" မေမေ သားတို့ သူ့ကို ခေါ်ထားလို့မရဘူးလား ဟင် "
" သားရယ် ဘယ်လိုလုပ်ရမှာလဲ အထက်က သိရင် မေမေတို့ အပြစ်ပေးခံရလိမ့်မယ် မေမေ နားလည်ပါတယ် သား ဘဝချင်းမတူသူကို... ပြန်ပို့လိုက်ပါသားရယ် "
" ဟုတ်ကဲ့မေမေ ကျွန်တော်မနက်ဖြန်မနက်စောစော ပြန်ပို့လိုက်ပါ့မယ် " နိုးတဝက် ကြားတဝက်နဲ့ ပန်း လဲပြန်အိပ်ပျော်သွားခဲ့တယ်

မနက်စာစားပြီးတော့ အန်တီ့ကိုကူမယ်လုပ်တော့ ကိုထိုက်က
" ပန်းရေ ဒီနေ့ သူငယ်ချင်းတယောက်ဆေးရုံကိုသွားကြည့်စရာရှိလို့ လိုက်ခဲ့ပေးပါလား တယောက်တည်းသွားရမှာပျင်းလို့ ပန်းလဲ အပျင်းပြေပေါ့လေ " ဒါနဲ့ ပန်းလဲ လိုက်သွားခဲ့လိုက်တယ် လမ်းတလျှောက်လုံးမှာ ကိုထိုက် က ဘာစကားမှလဲမပြောဘူး ဒီလိုနဲ့ ဆေးရုံကို ရောက်လာခဲ့တယ် အခန်း ၄၀၃ ဆိုတဲ့ အခန်းတံခါးကို ဖွင့်လိုက် တယ် ပန်းကြောင်သွားတယ် အနောက်ကနေကြည့်တဲ့ အမျိုးသမီးရဲ့ပုံက မေမေနဲ့တော်တော်တူတာပဲ ဒါနဲ့
" မေမေ " လို့ခေါ်လိုက်တာ မေမေ က ပြန်လဲမထူးဘူး ကုတင်ပေါ်မှာရှိတဲ့ လူကိုပဲ ဂရုဏာသက်စွာ စိုက်ကြည့်နေတယ် ဒါနဲ့ ကုတင်ပေါ်က ဘယ်သူလဲလို့ကြည့်လိုက်တော့ ပန်း တော်တော်လေးတုန်လှုပ်သွားတယ် ဘုရားရေ ပန်း ပါလား ဒါနဲ့ ဘယ်လိုဖြစ်တာလဲဆိုပြီး လှည့်ကြည့်မယ် အလုပ်မှာ အနောက်ကနေ ဆောင့်တွန်းခံလိုက်ရသလိုခံစားလိုက်ရပြီး ခဏ ကမ္ဘာကြီးနဲ့ အဆက်ပြတ်သွားခဲ့တယ် အတင်းပဲ မျက်လုံးက အားယူပြီးဖွင့်ကြည့်လိုက်တော့ မေမေက
" သမီး သမီးလေး သတိရလာပြီနော် " တဲ့ ဝမ်းသာအားရနဲ့ ကုတင်ဘေးနားရှိခလုတ်ကိုနှိပ်လိုက်တယ် ကိုထိုက်ကတော့ အခန်းအပြင်မှာ ရပ်နေတယ် ခဏနေတော့ ဆရာဝန်နဲ့ နာစ်မတွေ ကိုထိုက်ခန္ဓာကိုယ်ကို ဖြတ်ပြီးလာတာကို တွေ့လိုက်ရတယ် ဆရာဝန်က ပန်း ကို စစ်ဆေးကြည့်ရှုတယ် ပန်း အရာအားလုံးကိုသဘောပေါက်လိုက်ပါပြီ ဒါနဲ့
" ကျေးဇူးတင်ပါတယ် " လို့ တီးတိုးလေး ရေရွတ်လိုက်မိတယ် ကိုထိုက်က ပြုံုးပြပြီး ထွက်သွားတာကိုတွေ့လိုက်ရတယ် ဆရာဝန်က ပန်းကို နားမလည်စွာ မော့ကြည့်တယ် ပန်းလဲ ဆရာဝန်ကို ဖျော့တော့ ချိနဲ့တဲ့အပြုံးနဲ့ ပြုံးပြလိုက်မိပါတော့တယ်

ဒီပို့စ်လေးက ရေးထားတာတော့ကြာပါပြီ သိပ်လဲမကောင်းတာနဲ့ မတင်ချင်ဘူး ဒါပေမယ့် တင်စရာလဲမရှိတာနဲ့ အဟီးးး သည်းခံပြီး ဖတ်ပေးကြပါရန်။
စာကြွင်း။ ။ ဒါလေးရေးတဝက်တပျက်ရေးပြီးတော့ သူငယ်ချင်းကိုပြကြည့်တော့ သူက ဟင်းးးး နင့်ဟာက တမျိုးပဲ အတင်းကြီး အတွဲ ၂ ယောက်ကို လမ်းခွဲခိုင်းတယ် အကြောင်းပြချက်မခိုင်လုံဘူး သူများတွေ ဘယ်လိုရေးလဲ လိုက်ဖတ်ဟာ ငါလဲမပြောတတ်ဘူး တဲ့ ဒါနဲ့ ဆက်ပဲရေးရတော့မလိုလို ရပ်ပဲ ရပ်လိုက်ရတော့မလိုလိုနဲ့ ခေါင်းမာစွာနဲ့ပဲ ပြီးအောင် ဆက်ရေးပြီး သူ့ကို ထပ်ပြကြည့်တော့ ဝါးးးး ကောင်းတယ်တဲ့ ငါတောင် ဒီလိုမရေးတတ်ဘူးတဲ့ အဲဒီကျမှပဲ ရင်ထဲက အလုံးကြီး ဂလုံဆိုပြီး ကျသွားတော့တယ် ဟဟဟဟ ပြီးပြီးရော လျှောက်ပြောလားမသိပါဘူး

ဝန်ခံချက်။ ။ သူငယ်ချင်း ခရေတွန်ရဲ့ နှင်းဆီနီနီသက်သေတည်၍ ဆိုတဲ့ ဝတ္ထုလေးကို ဖတ်မိပြီး အိုင်ဒီယာရလို့ ချရေးဖြစ်ပါတယ် ကျေးဇူးပါ အဆုံးအဖြတ်ပေးတဲ့ သူငယ်ချင်း သားငယ်ရော အိုင်ဒီယာရအောင် ရေးထားတဲ့ သူငယ်ချင်း ခရေတွန်ရော ၂ ယောက်စလုံးကို ကျေးဇူးပါလို့ ပြောလိုက်ပါရစေ

26 comments:

kyalkalay said...

1111111111111111111

kyalkalay said...

ခုတလောဒါမျိုးတွေဖတ်နေရတယ်
ဟီး~~~ကြောက်တောင်လာပီ
ဆရာဝန်ကလဲ ၂လပဲ ခံမယ်ဆိုတော့

၂လကျော်ရင် blogger တွေရေးတဲ့ post ကို
blogger တွေဘေးမှာထိုင်ဖတ်နေရအုံးမယ်

နင်ရေး တာ မကောင်းဘူး မရေးနဲ့နောက် ....ကြားလာ(လာဆိတ်တော့မယ်)းP

မျက်မှန်လေး said...

မမကိဘလော့ခ် မှာလည်းသရဲအကြောင်း
ငှက်လေးဘလော့ခ်မှာလည်း ၀ိဥာဉ်အကြောင်း
ဒို့က ကြောက်တတ်တယ်နော်ချစ်းP

Lucifer said...

ဖတ်လို့ကောင်းပါတယ်ငှက်ကလေးရယ်.. ငှက်ကလေးရဲ့စာတွေဖတ်ဖတ်ပြီး.. မမီး ညကျောင်းကပြန်ရင် MRT station ကနေ အိမ်ကို တစ်ယောက်ထဲးမပြန်ရဲးလို့ မေမေ့ ကိုလာကြိုခိုင်းရတယ်.. အိမ်နားမှာ ညောင်ပင်အကြီးကြီးမရှိပေမယ့် ကုကိုရ် ပင်အကြီးကြီးတော့ရှိတယ်..အဲ့ဒီနားရောက်ရင်ကြောက်စိတ်က ရောက်လာတတ်လို့

မေဇင် said...

ငှက်ကလေး.... ကိုထိုက်တို့က တမလွန်မှာတောင် မိသားစုလိုက်နေတာနော်.. ပျော်စရာကြီး ဟီးးးးးးးးး ။ အရာရှိလေး လာစစ်တော့ လက်ခံလို့ရတယ်ဆိုရင်... ပန်ုး သေပြီပေါ့နော်..။

မေကဆုန် said...

ဖတ်လို့ကောင်းပါတယ်.. ဆက်ရေးပါ.. အားပေးနေပါတယ်..
အဟီး ကိုထိုက်နဲ့ ပေါင်းပြီ အောင်းမေ့တာ..

ခြေလှမ်းသစ် said...

ငှက်ကလေးရေ မြန်မာပြည်က ဧည့်စာရင်းတွေက ဘယ်လောက်ဆိုးသလဲ ၀ိညဉ်လောက မှာတောင် ဧည့်စာရင်းသွားစစ်ရတယ်လို့ အံပါရောနော်.. တော်တယ် ငှက်ကလေးရေ ပညာတွေ လာသင်အုံးမယ်.ဆက်ရေးပါ .. တို့အားပေးနေမယ်နော်... ဖတ်ရင်းဖတ်ရင်း.. စာထဲမျှော်ပီး လိုက်ပါမိသွားတယ်..

မင်းအိမ်ဖြူ Minn Eain Phyu said...

ကောင်းတယ် ကျွန်တော် အားတဲ့အခါ အိုင်ဒီယာတွေ နဲ့ စာရေးသားနည်းစနစ်တွေ လာသင်ပါအုံးမယ်

မယ့်ကိုး said...

inspiration ကို ရတဲ့နေရာက ယူပြီး ရေးထားတာ အစ်မ သိပ်သဘောကျတယ် ညီမလေးရေ...
စာလေးလည်း ကောင်းတယ်။

mae said...

တော်လိုက်တာ.. စိတ်ကူးလေးတွေ အရမ်းကောင်းတာပဲ ငှက်မလေးက

p.s. မမက edingburgh ကို အလည်သွားတာလေ၊ ခုပြန်ရောက်ပြီ... ရှပ်ပလာမလေး

သိင်္ဂါကျော် said...

ကားတိုက်ပြီ ဆိုကတည်း က ထင်တော့ ထင်လိုက်သားပဲ... ဒီလို ဖြစ်လိမ့်မယ်လို့...

ရှင်မွှေးကြူ said...

ငှက်ကလေးဆီက စာရေးနည်းသင်ရမယ် ကောင်းတယ်ကွယ်...များများရေး သိလား

သားကြီး said...

တွေ့လား
နာမပြောဘူးလား..?
တခုခုကိုဆင့်ပွားခံစားပြီးဇာတ်လမ်းဆင်တဲ့နေရာ
မှာတော့ ငှက်ကလေးကတော်ပြီးသားလို့
အဲဒါကြောင့်မို့လို့လည်း rainတစ်ယောက်စွေ့စွေ့ခုန်ဖြစ်နေရတာပေါ့ အဟီး..
ဘာပဲပြောပြော ကောင်း၏

လူရိုင်းလေး said...

တော်သေးတောပေါ့ ဌက်ကလေးရယ် ငါမနက် လင်းလင်းကြီးလာဖတ်လို့ပေါ့ ငါကကြောက်တတ်တယ်ဟ ငါသာ ပန်း နေရာလေးမှာ ရှိနေပြီး ကိုထိုက်ကလဲ ရွှေထိုက်ဖြစ်နေရင်တော့လား ဟဲ ဟဲ နေလိုက်တော့မှာ တစ်သက်လုံး :P

kiki said...

အဟင့်
ဝိညာဉ်ပြည်မှာလည်း ဧည့်စာရင်းစစ်ရှိတာပဲလား ။
မြန်မာ့ ပြည်လိုပဲနော် ။
ဧည့်တခါတိုင်ရင် ဘယ်နှစ်ည ရလဲ သိပူးနော် ။
မယက.. ရယက ရုံးထိသွားစရာမလို အိမ်တိုင်ယာရောက် အကျိုးဆောင်ပေးနေတာ ကောင်းပါလေ၏ ။

ကိုထိုက်က rain လောက် မချောလို့  သတိပြန်လည်လာတာ နေ မှာနော် .. ပန်းငှက် လေးရေ ..

ဆောင်းမြူခိုး said...

ဩော် ..အခုတလော ဒီငှက် သရဲဘက်ကို ဓါတ်စာတော်တော်ကျနေတယ်... သူပဲ ဒီလောကရောက်ဖူးနေသလိုလို ... ကြောက်တာ ...

Angel Shaper said...

ကိုထိုက်က ပြန်လာမယ် မပြောဘူးလား။ ငှက်ကလေးကလဲ မေးထားရမှာလေ။ နောက်တစ်ခါ မတော်တဆ ကားတိုက်မှုဖြစ်လို့ သတိလစ်ရင် ၀င်ခိုလို့ ရတာပေါ့။ ဟိဟိ။။။ ဖတ်လို့ကောင်းပါ့ ငှက်ရေ....
တွေးလဲ တွေးတတ်တယ် နာ့နီမလို့ မပြောရ၀ှုး.. ဟီးးးးး
(အချောင် အမြတ်ထုတ်သွားသည်)

khin oo may said...

ကောင်းတယ။် ဖတ်လို့

မင်းနေဝေး said...

ကောင်းတယ် .. တော်တော်ကို ...
သို့သော် .. တစ်ခုခုလိုနေသလိုပဲနော် ..
ဖတ်ပြီး .. ခံစားရသလိုရေးလိုက်တာပါ ... :D

လင်းကြယ်ဖြူ said...

၂ လ ဆိုတာ ခဏလေးပါပဲ..
ဘ၀ဆိုတာကကော...ဘယ်လောက်ကြာသလဲ...
ဟဲ..ဟဲ...

kyaw kyaw aung said...

ငှက်အမှန်ပြောရရင်
စဖတ်ခါစကမကြိုက်ဘူး
ဇတ်လမ်းအဆုံးနားမှာတော့
ကောင်းတယ်။ ဒါပေမဲ့ဇတ်လမ်း
အချိတ်အဆက်တွေမှာတစ်ခု
ခုဟာနေသလိုဘဲငါမပြော
တက်ဘူး။

Yu Ya said...

နိုက်တင်ဂေး..ငှက်ကလေးရေ... ကောင်းပါတယ်ဗျာ။ အားပေးနေတယ်။

yu ya

s said...

ပီား ကြောက်စရာကြီးး.....ရေးတက်ပါပေ့ ငှက်ကလေးရေ.. ဖက်နေတုန်းက သိပ်သဘောမပေါက်ဘူး ခုမှ ပဲ သဘောပေါက်တယ် သူရောက်သွားတာက သရဲတွေ အိမ်ပေါ့နော် ၊
ကောင်းတယ် ငှက်ကလေးရေ။တော်တယ်။ ဆက်ရေး အားပေးနေမယ်

မြစ်ကျိုးအင်း said...

တော်သေးတာပေါ့ ဧည့်စာရင်းစစ်လာလို့
မလာရင်တော့လား ကိုထိုက်နဲ့ အကြောင်းပါမယ့် လမ်းကြောင်းပဲ...။

ငှက်ကလေးရေးထားတာလားလို့ မေးရင်လည်း စော်ကားတယ်ထင်အုံးမယ် ကောင်းလိုက်တာပြောရင် လည်း မြှောက်ပြောတယ်တွေးနေမလား

ရေးထားတာလေး ကောင်းတယ်ဟ တကယ်ပြောတာ

ခစ်ခစ်ခစ် လို့တော့မပြောတော့ပါဘူး...။

သီဟသစ် said...

ငှက်ကလေးရေ

ဇာတ်လမ်းလေးကိုဖတ်ရတာကောင်းလိုက်တာ တစ်မျိုးလေးပဲ


ခင်မင်စာဖြင့်
သီဟသစ်

ငယ် said...

ငှက်လေးရေ.. ဟုတ်တယ် ပန်းနဲ့ကိုကိုလမ်းခွဲ တဲ့အထိ စိတ်ဝင်စားစရာမကောင်းသေးဘူး.. ဒါပေမယ့် ဇတ်လမ်းက နောက်ပိုင်းရောက်လာလေ ကောင်းလာလေ... မိုက်တယ် ငှက်ရေ...
ဆက်ရေးကွ ချကွ...