Sunday, 26 July 2009

ငှက်ကလေး ရဲ့ တမ်းချင်း

အိမ်ကနေ ခွာရတော့မယ် ဆိုတဲ့အသိက လူကိုတမျိုးကြီးပဲ ဖြစ်သွားစေတယ် အစကတော့ ကောင်းတယ်ဟဲ့ ငါတယောက်တည်းနေမယ် ကြိုက်သလိုနေလို့ရပြီ ကွန်ပြူတာကို အကိုနဲ့ လုသုံးစရာမလိုတော့ဘူး နေချင်သလိုနေလို့ ရပြီလို့ ဆိုပေမယ့် တကယ်တမ်း ပြန်တွေးကြည့်တော့ အော် ငါတယောက် နေရမှာပါလား ငါ့ကို အကြိုအပို့လုပ်ပေးမယ့် ဦးလေး မရှိတော့ဘူး င့ါဟာငါ တယောက်တည်း ချမ်းချမ်းစီးစီးကြီး ဘတ်စ် ကားစောင့်ရမယ် ကိုယ့်ဟာကို ပြန်လာရမယ် ကွန်ပြူတာပျက်ရင် ပြင်ပေးမယ့် အကိုမရှိတော့ဘူး ပျက်ရင် ကိုယ့်ဟာကို ပြင် မလုပ်တတ်ရင် ဆိုင်ပို့ ဒါပဲ တခုခုလိုရင် အန်တီရေ သမီးတော့ ဖိနပ်လိုတယ် ဘာလိုတယ် ညာလိုတယ် မရတော့ဘူး ကိုယ့်ဟာကိုယ်ဝယ်ပဲ တလ တလ မုန့်ဖို့ပေးမယ့် အကိုမရှိတော့ဘူး မြန်မာထမင်းဟင်း ချက်ကျွေးမယ့် အဒေါ်မရှိတော့ဘူး ညနေတိုင် ပြန်လာရင် ခေါက်ဆွဲလုပ်ကျွေးမယ့် အကိုမရှိတော့ဘူး နေမကောင်းရင် ဆေးတိုက်မယ့် အဒေါ်မရှိတော့ဘူး ဆိုပြီး စိတ်ထဲ ဘဝင်မကျ ဖြစ်သွားတယ်

အန်တီကတော့ သေချာမှာတယ် သမီး စားချင်သည်ဖြစ်စေ မစားချင်သည်ဖြစ်စေ ကိုယ့်ကျန်းမာရေးအတွက် ဝင်အောင် စားတဲ့ ပေတေပြီးမစားပဲ မနေနဲ့တဲ့ အကိုက နင့်ဆီကို ငါမလာနိုင်ဘူး ကိုယ့်ဟာကို ကျန်းမာအောင်နေ အရမ်းလိုအပ်ရင်တော့ ခေါ်လိုက် ငါလာခဲ့မယ် စာတွေကို အကြွေးမထားနဲ့ ပြီးအောင်လုပ် အထူးသဖြင့် Assignment တွေပေါ့ ပေးထားတဲ့ ရက်ကို ပြီးအောင်လုပ် တဲ့ မှာရှာတယ် ဦးလေးကလဲ သမီးဆီကို တနှစ်နေလို့ တခေါက် မလာနိုင်ဘူး ကိုယ့်ကိုယ်ကို လိမ္မာအောင်နေ သူများတွေ ဘာပဲ လုပ်နေ လုပ်နေ ကိုယ်က ဗုဒ္ဓဘာသာ ကိုယ့်ကိုယ်ကို ထိန်း တဲ့ အဖေတို့အမေတို့ကလဲ ပြောရှာပါတယ် ကျန်းမာရေးကို ဂရုစိုက် ဘုရားရှိခိုးတဲ့

ဖတ်ရင်းနဲ့ မျက်စိလည်သွားလားမသိ ဒါမှမဟုတ် နားချာချာ လည်သွားလား ရှင်းပါမယ်

ညီမ အခုနေနေတဲ့ နေရာက Isle of Wight လို့ခေါ်ပါတယ် Postmouth တို့ Southampton တို့နဲ့ နီးတယ် ကျွန်းကလေးပေါ့လေ သာယာပါတယ် ကျွန်းဆိုတော့လေ ဘယ်ကိုသွားချင်သွားချင် ဇာတ်ကြီးကူးပြီးမှ သွားရတယ် Mainland ( ဒီကျွန်းကလွဲလို့ ကျန်တာအားလုံးကို အဲလိုခေါ်တယ် ) ကိုလဲ အဲလိုပဲ ကူးပြီးသွားရတယ် အခု ညီမက ဒီကျွန်းကိုခွာပြီး ဟိုးးး အပေါ်ပိုင်းကျတဲ့ Edinburgh ကိုသွားမှာလေ စကော့တွေနေတဲ့ နေရာပေါ့ အကိုကတော့ Southampton ကိုသွားမယ် ဘာလို့လဲ မေးမယ်နော် ပြောမယ် အခုတက်နေတဲ့ Isle of Wight College က ကျောင်းက သေးတော့ ဘာသာရပ်တွေကို သိပ်များများစားစား မပေးနိုင်ဘူးလေ ညီမတက်မယ့် IT Course က ရှိပါတယ် ဒါပေမယ့် သူက Level 3 က နေ စတက်ခိုင်းတယ် အဲလိုမှမတက်ရင်လဲ visa က မရဘူးကိုး ညီမအဲလို တက်ဖို့ qualfication က မမီဘူး ပြီးတော့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ certificate ကလဲ တခုမှမရှိဘူး ဒါနဲ့ ကျောင်းတွေ လိုက်လျှောက်တော့ အဲဒီ Edinburgh College အပါအဝင် ၄ ကျောင်းလျှောက်တာ ၃ ကျောင်းက ရွေးတယ် ဒါနဲ့ အန်တီတို့နဲ့ တိုင်ပင်တော့ အန်တီတို့က Edinburgh ကိုသွားဖို့သဘောတူတယ် ဒါနဲ့ အဲဒီကို သွားပါမယ် အခု သြဂုတ် လ ၂၇ ဆိုရင် ကျောင်းဖွင့်ပါမယ် ဒီကျွန်းကနေ သြဂုတ် ၂၅ ဆိုရင် ခွာပါ့မယ် အန်တီတို့ ဟိုကို လိုက်ပို့မယ်

အစကတော့ host family နဲ့နေဖို့ပါပဲ အန်တီကလဲ သိပ်သဘောမတူချင်ဘူး သူများ မိသားစုနဲ့နေမှာကို အိမ်က အဖေတို့ကလဲ သိပ်မကြိုက်ဘူး ဒါနဲ့ hostel မှာ နေဖို့ဆုံးဖြတ်လိုက်တယ် ဈေးကြီးတယ် တပတ်ကို ပေါင် ၁၂၀ တောင် host family ဆိုရင်တော့ တပတ် ပေါင် ၇၃ ပေါင် ဒါပေမယ့်လေ လူကြီးတွေက ကြည့်စီစဉ်တာကိုး ကောင်းပါတယ် ကိုယ့်အခန်းနဲ့ကိုယ် ဆိုတော့လဲ host family နဲ့ဆိုရင်တောင် သူတို့ရဲ့ ရေချိုးခန်း အိမ်သာကို share လုပ်ရမှာ အခုတော့ တယောက်တည်း စိတ်ကြိုက်ပေါ့လေ
အဲဒီလိုမျိုးကြီး တယောက်တည်း နေရတော့မယ်ဆိုပြန်တော့လဲ တမျိုးကြီးပဲ စိတ်ထဲက ဟိုမှာ ဘယ်လိုလူမျိုးတွေနဲ့ တွေ့ရမလဲ မသိဘူး အေးလေ ပျော်ရမှာမနေ တော်ရာမှာနေတဲ့ အကောင်းဆုံးတော့ ဖြစ်အောင် လုပ်ရမှာပဲ လေ မဟုတ်ဘူးလား

ရှင်းလင်းချက် ။ ။ Host Family ဆိုတာ သူတို့က ကျောင်းတို့ နဲ့ ချိတ်ထားတာ ကျောင်းသားလိုချင်လို့လေ ကျောင်းက လာကြည့်တယ် သူတို့တွေရဲ့ အိမ်ကို သန့်ရှင်းတယ် ကျန်းမာရေးနဲ့ ညီညွှတ်မှ ကျောင်းသားပေးတာ မဟုတ်ရင် ငှားစားလို့မရဘူး အဲဒီ host family က အစာကျွေးတယ် နေ့လည်စာ သို့မဟုတ် ညစာပေါ့ ကျန်တာတော့ ကိုယ့်ဟာကို စားရတယ် အဲဒီ host family နဲ့အတူ တီဗွီကြည့်လို့ရတယ် သူတို့က ကိုယ့်ကို သူတို့ အိမ်သားလိုသဘောထားတယ် အဲလိုမျိုးပါ

22 comments:

Yu Ya said...

၁ ..........ကွ..

Yu Ya said...

စာကြိုးစားနော်...နိုက်တင်ဂေး..ငှက်ကလေးရေ... ဒါမှ IT နဲ့ ပက်သက်ပြီး မြန်မာပြည်က ထူချွှန်သူတွေထဲမှာ ငှက်ကလေးပါမှာပေါ့..။ စာမေးပွဲတွေမှာ အမှတ်အများကြီး ရပါစေ၊ ငယ်ငယ်တုန်းကလို မေ့သွားတဲ့ အဖြစ်တွေ မကြုံပါစေနဲ့လို့ ဆုတောင်းပေးနေမယ်။

yu ya

ကိုလူထွေး said...

အဆောင်ကျောင်းသူကြီး ဖြစ်ဦးတော့မှာပေါ့...
လူကြီးတွေ မရှိဘူးဆိုပြီး သိပ်လဲ ကဲမနေနဲ့ဦး...
ကိုလူထွေးကြီး စောင့်ကြည့်နေတယ်...

ငှက်ကလေးက ဖော်ရွေတော့ သူငယ်ချင်းအသစ်တွေ အများကြီး ထပ်ရဦးမှာပါ..

မီးတောင် said...

ငှက်ရယ်ဒီလိုပါပဲ ...
နောက်ကျတော့လဲ နေသားကျသွားမှာပါ ...
အကောင်းနဲ့ အဆိုးကတော့ အမြဲဒွန့်တွဲနေတာပဲ မဟုတ်လား

P.s ငါ့ဘလော့က ခဏပိတ်ထားတယ်သိလား
ခဏဆိုတာဘယ်လောက်ကြာမလဲတော့ မသိဘူး ...းP
ငှက် အဆောင်သစ်မှာ သူငယ်ချင်းသစ်တွေနဲ့တွေ့ပြီးပို ပျော်ပါစေ ..း)

Lucifer said...

ကိုယ့် ဘဝ တိုးတတ်ရာ တိုးတတ်ကြောင်းမို့ သွားရတာဘယ်လေ.. ဘယ်တတ်နိုင်မလဲး.. အဆင်မပြေရင် မမီးကိုပြောနော်.. မမီးကူငိုပေးမယ်.. ဟုတ်တယ်လေ.. မမီးကူညီနိုင်တာပြောတာ.. မမီးလည်း အဆင်မပြေမှုရှိတိုင်းငိုတတ်တယ်..

kyalkalay said...

သူငယ်ချင်း
အဆင်ပြေမှာပါ
ငါအမြဲရှိတယ် အားပေးဖို့

မယ့်ကိုး said...

အစပိုင်း စိတ်နည်းနည်းညစ်ရလည်း ညီမလေးပျော်သွားမှာပါ... နောက်ဆို သူငယ်ချင်းတွေနဲ့  ပျော်သွားပြီး blog လေးကို မေ့သွားမှာတောင် စိုးမိပါတယ်။

ခြေလှမ်းသစ် said...

ငှက်ကလေးရေ မကြောက်ပါနဲ့ တယောက်ထဲနေရတယ် ဆိုလို့.. အတွေ့အကြုံအသစ်တွေ ထပ်ရလာမှာပါ.. ဒီအချိန်မှာ ... သရဲအကြောင်းတွေ များများရေး... ကြားလား?

မြစ်ကျိုးအင်း said...

ဘလော့ဂင်းနိင်ပါ့အုံးမလား.....

စာကြိုးစားမယ်လို့ထင်ပါတယ် ကွန်မန့်တွေမှာလို ဘာရေးထားတာလဲ မဖတ်လိုက်မိဘူး ခစ်ခစ် တော့ မလုပ်နဲ့နော်....။

စာတွေကို အကြွေးမထားပါနဲ့ (သူ့အကိုလေသံအတိုင်း)
နောက်လမှ သွားမှဆိုတော့ ထပ်ဆုံးမချိန်ရသေးတယ်
အခုတော့ ပျံတော့မယ်

သားကြီး said...

နေတတ်ဖို့ပဲအရေးကြီးတာပါငှက်ကလေးရ
ကြာလို့နေသားကျသွားရင်ပျော်မှာပါ
ဘလော့ကိုတော့မမေ့လိုက်နဲ့နော်
စာကြိုးစားပါ သားကြီးဆိုတဲ့ဘဲကြီးလိုမမိုက်နဲ့ :P

sanda(lovestory) said...

ပျော်ရွှင်ပါစေ

kiki said...

အားလုံး အဆင်ပြေပါစေ ငှက်လေးရေ ..
ဖလပ် ..ဖလပ် နဲ့ ဟို ပျံ ..ဒီပျံ လုပ်နေမှာတော့ မြင်ယောင် မိပါသေးရဲ့ ....

နေကောင်းအောင်နေ ..
အဲဒီနေရာ က နေရော မြင်ရရဲ့လား .. နေမမြင်ရရင် ..
နေဝင်း ပုံကြီး ချိတ်ဆွဲ ထားပါ ..ဟီးဟီး ...ဝင်းဝင်းပပ ကြီးလေ ...

စာမှန်မှန်လုပ်။။
မဟုတ်တရုပ် လုပ်နဲ့ နော် ။။( ကုလား တော့ လုပ်လို့ ရသည် ဟု မဆိုလိုပါ )...

သွား သတိ ။ စား သတိ ။ ခိခိ ....
ကျုပ်ကျက်လိ ပေါ့..
ပြောရတာ မောတယ်..

mae said...

အဆင်ပြေပါစေ.. မမ ကြုံရင်လဲ ပြောမယ်နော်..

mae said...

scotland က ပိုအေးတယ်နော်?? သေချာယူသွား၊ သမီးက တောင်ဘက်မှာနေတာ၊ ရာသီဥတု လုံးဝမတူပါ၊ လေကိုက ပိုအေးတယ်..

လင်းကြယ်ဖြူ said...

အဆင်ပြေပါစေညီမရေ..

ရေတမာ said...

ရော် ကလေးမှမဟုတ်တာ... ဘာမှမဖြစ်ရင်ဘာမှမဖြစ်ဘူး......သွားသာသွား..
အဲ ဒါပေမယ့် အဆင်ပြေအောင်တော့နေပေါ့ဟာ
အဆင်ပြေမယ်လို့လည်းမျှော်လင့်တယ်။
မပြေလည်းဘာမှလုပ်မပေးနိုင်ဘူး။
ဒါပေမယ့်အဆင်ပြေပါစေလို့ဆုတောင်းပေးတယ်။
ဆုတောင်းပေးတိုင်းလည်းပြည့်ချင်မှပြည့်တာပေါလေ။
ကိုယ့်ကိုယ့်ကို ကိုးကွယ်ပေါ့။
ကိုးကွယ်ဆိုတိုင်းလည်း ထင်ရာစိုင်းမနေနဲ့ဦးနော်...
ငါတို့တွေ နင့်နောက်မှာရှိတယ်။ (လှည့်တော့ကြည့်ပေါ့)

maylay said...

ငှက်လေး အောင်မြင်ပျော်ရွှင်မှာပါ နေတတ်သူပဲလေနော့
ကျန်းမာရေးသာ အထူးဂရုစိုက်ပါ။

မေဇင် said...

ငှက်ကလေး ရေ...အားမငယ်နဲ့နော်....။ အဲ့လိုပါပဲ... မဖြစ်ဘူးဆိုတာ မရှိပါဘူး... သူ့ဘာသာတော့ ဖြစ်သွားတာပါပဲ...။ ကျန်းမာရေး အရေးကြီးတယ်နော်... အဲ့ဒါကိုတော့ ဂရုစိုက်နော်... ။ ငှက်ကလေး ကနေတတ်ပါတယ်..။

သိင်္ဂါကျော် said...

ဘဝဆိုတာ ဒီလိုပါပဲ ငှက်ကလေးရေ...
ပျော်ရာမှာ မနေရ တော်ရာမှာ နေရ တဲ့

လူရိုင်းလေး said...

ငါကတော့ အားပေးပါတယ် ဌက်ကလေးရယ် တစ်ပတ်ကို ၁၂၀ ဆိုတာကြီးကတော့ များလွန်းတယ်ဟ ငါဆို ၅၀ ပဲ တတ်နိုင်တယ် ကြိုးစားနော် မုန့်ကျွေးဖို့လဲ မေ့မနေနဲ့အုံး

Angel Shaper said...

ငှက်ကလေးရေ...တို့ လဲ မင်းအရွယ်ကတည်းက အဲလိုနေလာခဲ့ရတာမို့ ကိုယ်ချင်းစာပါတယ်ကွယ်။ လိမ္မာတဲ့လူတွေ က ကံကောင်းတတ်ပါတယ်။ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့တွေ့မှာပါပဲ။
အဆင်ပြေအောင်တော့နေပေါ့။ ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်ပေါ့နော်။ တို့ ဘာမှတော့လုပ်ပေးနိုင်မှာမဟုတ်ဘူးနော်။ ဒါပေမယ့် တောင်းဆုတွေ ပြုပေးနေမယ်။ ရေတမာပြောသလိုပဲ အနောက်ကို တစ်ခါတစ်ခါ လှည့်ကြည့်ပေါ့။ အားပေးမယ့်၊ ဆုတောင်းပေးမယ့် မင်းရဲ့ မောင်နှမတွေအားလုံး မင်းကို စောင့်ကြည့်နေတယ်ဆိုတာတော့ မမေ့နဲ့ပေါ့။ ငါ့ ညီမလေး အဆင်ပြေ ပျော်ရွှင်ပါစေနော်။
မင်းလည်းစာကြိုစား။ တို့ လဲ ကိုသားကြီးနဲ့ ပိုက်ဆံစုထားမယ်နော်။ အဲဒါလေးလဲမမေ့နဲ့ဦး....

ဇော် said...

ငှက်ကလေးဆီကို ဒါနဲ့ဆိုရင် ၃ကြိမ်ရောက်ဖြစ်တာပါ။
လူချစ်လူခင်ပေါတဲ့ ငှက်ကလေးကို အိမ်တိုင်းလိုမှာ တွေ့နေရတယ်။ =)

ကျနော်ကတော့ အဆောင်မှာ တစ်ခါမှ မနေဖူးခဲ့ဘူးရယ်။ ဒါပေမယ့် ဒီမှာတော့ တစ်ယောက်တည်း အဆောင်လို နေနေရတယ်။
ကိုလူထွေးပြောသလိုပါပဲ။ ငှက်ကလေးက ပျော်ပျော်နေတတ်တော့ သူငယ်ချင်းတွေ ခနလေးနဲ့ရသွားမှာပါ။
ပျော်ပါစေဗျာ။ =)