Saturday, 30 October 2010

သူတို့အကြောင်း (၂)

ဒီနိုင်ငံက သူတို့အကြောင်းလေးကို ဒီမှာ ရေးခဲ့ဖူးပါတယ် (ကြော်ငြာတာ ကြော်ငြာတာ ခစ်ခစ်)
ခုလဲ Facebook ပေါ်တင်လိုက်တာ မမကိုးက Blog ပေါ်တင်ပါဆိုလို့ ကိုယ်ကလဲ သိပ်မတင်ချင်ရှာပါဘူး ကောက်တင်လိုက်ပါတယ် ဟဲဟဲ (မမရေ တင်လိုက်ဘီနော် )
တခါ ပို့စ်တင်သေးတယ်လေ သူငယ်ချင်းရဲ့ သရဲဇာတ်လမ်း ပို့စ်က မတက်ဘူးလေ ဒါနဲ့ နဲနဲ စိတ်နာလို့ ဘလော့ဂ်ကို ဟွင့် ဟွင့် (သက်မဲ့ပစ္စည်းနဲ့လဲ ပြိုင် ကောက်တာနော် လူက ဟဟဟ)
ရေတမာ မေးသလို “ဘာကျသွားလို့လဲ” တဲ့ ဒါနဲ့ ပြန်ဖြေလိုက်တယ်
“ဝက်လေ ဝက်ပြုတ်ကျသွားလို့ ပြန်ကောက်မလို့” လို့ ဟားဟားးးးးးးးးးးးးး

ထားပါ အင်ထရိုတွေ များနေဘီ

သိမှာပါ ခု ဝက် တက်နေတဲ့ course ကိုပေါ့ သူငယ်ချင်းတွေလဲ ရပါတယ် မိန်းကလေး က ဝက်ကလေး အပါဝင်မှ ၄ ယောက်ရယ် သူတို့ကလဲ ဝက်ကို ခင်ကြပါတယ်

တနင်္လာနေ့ကတော့ ပြိုင်းတယ်ဗျာာ တနေကုန်ပဲ မနက် ၉ နာရီက စ လိုက်တဲ့အစဟာ ညနေ ၅ နာရီမှ မပြီးချင် ပြီးချင် ပြီးတယ်

မနက်ပိုင်းက အင်္ဂလိပ်စာ (လာပြန်ပြီ အဲဒီအင်္ဂလိပ်စာ) ဘာတဲ့ စာရေးသူ သဘောထားတဲ့ summary of this article တဲ့ ဒီ article က ဘာကို ဆိုလိုလဲ ပေါ့ (ဆိုလိုတာက ဒါက magazine article or leaflet or newspaper စသည်ဖြင့်ပေါ့ ) စိတ်ကိုရှည်တယ် တကယ် တကယ် သူတို့ စကော့ တွေတောင် အဲဒီ class မကြိုက်ဘူး တဲ့ ဘာမှန်းမသိလို့တဲ့ ကဲ သူတို့တောင် မကြိုက်မှတော့ ဝက်လို foreigner ဆို ဘိုလုပ်မတုံး လေဒယ် ဂယ်

ထားပါ ပြောမလို့ဟာ လိုရင်းပျောက်ကုန်ဘီ (သိတယ်မလား ဒီဟာ လို့စလိုက် ရင် ဟိုးးး ဆီ ချော်တော်ငေါ ရောက်ကုန်တာ အဲဂလို ဂျကား များပါရယ် ဟက်ဟက် )

ဒီမှာက ဆရာကျင့်ဝတ် တပည့်ကျင့်ဝတ်လဲ မရှိဘူးနော်

ဆရာကကွာ စာအုပ်တွေ တပွေ့တပိုက်နဲ့ သယ်လာတော့ ကိုယ်က မနေနိုင် ကူသယ်ပေးမယ် ဆိုတော့လဲ ကိုယ့်ပုံစံ ကြည့်ပြီးတော့

“ နေနေ ရတယ် ” ဆိုပြီး မသယ်ခိုင်းဘူး ကျန်တဲ့ လူတွေကလဲ ဒီတိုင်းပဲ ကြည့်နေတယ် မသယ်ကြဘူးရော်

အမလေး မျက်စိထဲမှာလေ မြင်မကောင်းဘူး သိလား ကိုယ်တို့ မြန်မာနိုင်ငံမှာ ဆိုရင်တော့

“ လာမူကြိုဆီး ” ရှိတယ်လေ အမြဲတမ်း သွားသွားကြိုကြတယ်

နောက်တခု ကျ ကောင်းတယ် ပြောရမယ် ကိုယ့်ရဲ့ main Tutor ဆိုတာရှိတယ် ဆရာတွေက အများကြီးရှိပေမယ့် မိန်း က တော့ တယောက်တည်းပေါ့

ကိုယ်က အင်္ဂလိပ်စာ အချိန်ပြီးတော့ လူက ဘာဖြစ်လဲမပြောတတ်ဘူး စာမရလို့ ဖြစ်မှာပေါ့လေ မှုန်ကုပ်ကုပ်ဖြစ်နေတယ် နေမှာပေါ့ ဆရာက

“ Sky နေကောင်းလား ”တဲ့ ဒါနဲ့ ကိုယ်လဲ

“ အင်းးးး so so ” ဆိုတော့ သူလဲ

“ ဘာဖြစ်တာလဲ ”

ဆိုပြီး မေးရော ဒါနဲ့ ကိုယ်လဲ ပြောတာပေါ့ အင်္ဂလိပ်စာ ဘာဖြစ် ညာဖြစ်ပေါ့ ဆိုတော့သူက

“ အင်းးး လာ ငါတို့ student service သွားမယ် နင့်ကို ဘယ်လို ကူညီနိုင်လဲ မေးကြည့်မယ် “ ဆိုပြီး သွားကြတယ် လမ်းကျတော့ ဘာပြောလဲ ဆိုတော့

“ please tell me everything ” တဲ့

ကဲ ကြည့် တပည့်ကို ဆရာက ပြောတာတောင် Please တဲ့ အဲလို အဲလို

ကိုယ့်ကိစ အဆင်ပြေပါတယ်

ဆရာက ကိုယ့်တော်တော်ချစ်တယ် တခုခု ဆို သူ အကုန်ကူညီပေးတယ်

နောက်တခု “ ကျေးဇူး ” ဆိုတဲ့စကား

ကိုယ် အခု အိမ်ရှင်နဲ့ နေတယ်လေ မနှစ်ကတော့ အဆောင်မှာနေတာ အဆောင်က ဈေးကြီးတော့ ခု အိမ်ရှင်နဲ့နေတယ်

တလ တလ ကိုယ် အိမ်ရှင်ကို ပိုက်ဆံပေးရတယ်

ဟိုးးနေ့က သူက ပိုက်ဆံတောင်းထားတာ စာရွက်နဲ့

ကိုယ်နဲ့သူက သိပ်တွေ့လေ့မရှိဘူးရယ် သူကလဲ သူ့အလုပ် သူသွား ကိုယ်ကလဲ အိမ်ပြန်ရောက်ရင် အခန်းထဲမှာပဲနေတော့ ပြောစရာရှိ စာရွက်ပေါ်မှာပဲ ရေးပြောကြတာ

ဘာပြောလဲ ဆိုတော့

“ Sky တဲ့ ပိုက် ၁၀ သို့မဟုတ် ၂၀ လောက် ပေးနိုင်မလားတဲ့ heating ဖိုး ” တဲ့

အမ် လူလဲ ကြောင်သွားတယ် ဘာလဲ ပေါ့ ငါ အိမ်လခ ထဲမှာ အကုန်ပါတယ်ပေါ့ ဒါကို သူက ဘာထပ်တောင်းတာလဲပေါ့

ကိုယ်က လုပ်နေတာ လုပ်နေတာ အေး တလစာအပြင် ဟီတင်းး ဖိုးပါ ထပ်တောင်းရင် သူ့အိမ်မှာ မနေဘူး ပြောမယ် ဘာမယ်ပေါ့ လုပ်နေတာ နောက်နေ့ သူ အလုပ်က ပြန်လာတော့ သူ့ကို ဟိုင်းတွေ ပါတွေ နှုတ်ဆက်ပြီးတော့ စ ပြောရော သူ့ကို

“ နင်ရေးထားတဲ့ note ငါတွေ့တယ် ငါ သိပ်မရှင်းလို့ ” ဆိုပြီး ကောင်းကောင်းပဲ ပြောပါတယ်မေးတာပေါ့

သူက နောက်လ ပေးမယ့် ပိုက်ဆံထဲက နှုတ်လိုက်ပါ တဲ့ သူ လောလောဆယ်ပိုက်ဆံမရှိလို့ electricity ဖိုးကို top up လုပ်ချင်လို့ပါ တဲ့

အိမ်းးးးးးးးး အဲလိုကျတော့မှလဲ ကိုယ်လဲ ပိုက်ဆံ ထုတ်ပေးလိုက်ပါတယ် ဟဲဟဲ

ဟုတ်တယ်လေ ဟီတင်းဖိုးပါ ထပ်ပေးရရင် မနေဘူး တကယ် တကယ် ဒီမှာ အေးနေဘီလေ ဒါကို ဟီတင်း မဖွင့်ရရင် ခဲသွားမှာပေါ့လို့

ဒါကို သူက ပြောလဲ သိလား

“ Thank you Sky ” တဲ့

အင်းးးးးး အိမ်ရှင်က အိမ်ငှား ဆီက ပိုက်ဆံ တောင်းတာတောင်

“ ကျေးဇူးတင်ပါတယ် ” ပြောသေးတယ်

အင်းးး အင်းးးး ဒီနိုင်ငံရဲ့အကျင့်လေးတွေပေါ့လေ ဒီမှာက “ ကျေးဇူး ” ကို အရမ်းသုံးတယ်

ကိုယ့်နံမည် မခေါ်တတ်ကြဘူး သူတို့ အသံထွက်တယ် ဘာတဲ့

ခီပရာ

ခိုင်ပါ

ကွီပါ တဲ့

အိမ်းးး နေပါတော့ဟယ် ငါ့ကို Sky လို့သာ ခေါ်ကြပါဆိုမှ

မဟုတ်ရင် အဖေ ပေးတဲ့ နံမည် ပျက်ပါပြီ သူတို့လုပ်လို့ ဟင့် ရှင်ချင်လယ်

ဓာတ်ပုံက တနင်္လာနေ့ နောက်ဆုံး class တုံးက ရိုက်ထားတာ

ဆရာက မိုက်လို့ ဟဲဟဲ



12 comments:

ကိုဇော် said...

သြော် . . ဒါနဲ့ ဝက်ကလေး . . Please...Thank You နော်..ဟိဟိ။

ဆရာက မိုက်လို့ . . ဆိုလို့ ကြည့်လိုက်တာ . . မိုက်လည်း မမိုက်ပါဘူး။ ဒို့တောရွာမှာတော့ “ မိုက် ” တယ် ဆိုတာ “ မှောင် ” တာကို ခေါ်တာပဲ။ အခု ဆရာက လင်းထိန်းလို့...

ရွှေရတုမှတ်တမ်း said...

ဆရာက မိုက်ကြည့် ကြည့်လို့လားလို့ ..
သူ့ခမြာ ထိုင်နေရှာတာပါ..
အင်း...ဝက်ပုံကလဲ စာအုပ်တင်မကဘူး လူပါထမ်းခေါ်မဲ့ပုံပေါက်နေလို့ ဆရာ ကြောက်သွားတာနေမှာ..

အဖြူရောင်နတ်သမီး said...

ဝက်လေးကို ဝိုင်းကြပ်နေကြတယ်...
အဖြူရောင်နတ်သမီး ဝက်လေးရေ...စစ်ကူလာပြီဗျို့...ဒိုင်းညောင့်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာ့ပုံက သိပ်မထင်ရှားဘူး
ခပ်ကြီးကြီးချဲ့ပြီး တင်ပေးပါ
ဒါဗြဲ..
ဝက်ကလေးအတွက် အတွေ့အကြုံကောင်းလေးတွေ ရတာပေါ့နော်။
စာတွေများများ ရေးနိုင်ပါစေ။

ဝက်ဝံလေး said...

ဆရာက လင်းထိန်မှာပေါ့လို့ ရိုက်တဲ့ လူ တော်တာကိုးး ကိုဇော်ရဲ့ ဟဟဟ
အဘောက်ကျရယ် များကို ဆို သိပ်သိပ်ပြောရယ် ဟွင့်
ဟုတ်တယ် မမနတ်သမီး များတို့ ၂ ယောက်ပြန်ဖဲ့မယ် အရီးညွှန့် (ဒိုင်းညောင့်ထက်သာအောင်လို့) ခစ်ခစ်
ဟုတ် ဒေါ်ချော ဒီတခါ ပီပီပြင်ပြင် ဆရာ့ကို ရိုက်ခဲ့မယ် (ဓာတ်ပုံပြောပါတယ် ) ဟိဟိ

Khyl said...

ဆရာဆိုလို့ ကြည့်ပလိုက်တာ ကွန်ပုတာကြီးကိုး.....
ကဲဟာ..... ဘားဘားညွန့်.....

မယ့်ကိုး said...

း) ...blog လေးကို ပစ်မထားပါနဲ့ ညီမလေး။ မမက အမြဲစာဖတ်သူပါး)

~ဏီလင်းညို~ said...

ညီမလေးရေးတဲ့စာလေးက ဖတ်ကောင်းတယ်ဗျ......။
သူ့အရပ်သူ့ဇာတ်ပေါ့နော့်........။
(စကားမစပ်......၀ိုင်းကျပ်နေတယ်ဆိုလို့ ရမ်းဘိုးဝင်လုပ်သွားတယ်......။ ၀င်ကယ်တာလေ....။ ကိုင်း........လာလေ့.......ဒက်.......ဒက်.....ဒက်...........ဒက်.....ဒက်.......း)))

ခင်မင်ခြင်းအားဖြင့်......
ဏိလင်းညို

ဝက်ဝံလေး said...

ကျေးဇူး မမကိုး မမကို မမေ့ပါဘူး မွမွ
ကိုဏီလင်းလို့ ခေါ်ရမလား ပါးပါးတို့ခေါ်သလို မဏီလို့ခေါ်ရမလား ခစ်ခစ် ကျန်ခဲ့သေးတယ် ဘူးညွှန့် ဒက်.... ဒက်... ခစ်ခစ်

ဝက်ဝံလေး said...

အယ် ဒေါ်ခြင် နေကောင်းလားဗျ မတွေ့တာတောင် ကြာပေါ့ သတိရတယ်နော်

မြစ်ကျိုးအင်း said...

ဖတ်ပြီးသွားပြီ
ကျေးဇူးတင်တယ်နော် သာမီးလေး
ခဏခဏ မသောင်းကျန်းနဲ့
မသောင်းကျန်းဖို့ ကျေးဇူးတင်တာနဲ့ ချော့ပြောရသေး

သုခုမလေဒီ said...

အနောက်နိုင်ငံတွေမှာက လူမှုဆက်ဆံရေးပိုကောင်း တယ်နော်.. ငါတို့ရွှေနိုင်ငံမှာတော့... ဟွင့်ပြောချင်တော့ ဘူး (၀က်လေသံအတုခိုးသွားတယ်)း)))
thank you နော် ၀က် ..းP