Friday, 5 November 2010

နဲနဲလေး ပြုံးရင် ကျေနပ်ပါတယ်

ဝက်အကြောင်းလေး ပြောရရင်ဖြင့် တထောင့်တည ပုံပြင်လိုပဲ ဆုံးမယ်မထင်ပါဘူး ခစ်ခစ် ဝက်မှာ ကိုကို တယောက်နဲ့ညီမလေး တယောက်ရှိပါတယ် ကိုကို က သူ့ညီမလေးတွေကို ချစ်ပါတယ်
တကယ်ပါ အဟုတ် ဝက် ကိုကိုက ဝက်တို့ညီမ တွေကို သိပ်ချစ်ပါတယ်
“ ကိုကို ရေ... ” လို့ အော်လိုက်ရင် ရေ တခွက် ကိုင်ပြီး ရောက်လာမယ်
ထင်သလား
“ ကိုယ့်ဟာကိုခပ်သောက်ပါလား ” လို့ ပြောပါတယ်
“ ဗိုက်ဆာတယ် ” လို့ပြောရင် အိန္ဒြာကျော်ဇင်လို
“ သုံးမိနစ်ပဲ စောင့်လို့ ” ပြောမယ်
ထင်သလား
“ နင့်မှာလက်မပါဘူး လား ” လို့ မေးတတ်ပါတယ်
အဲလို အဲလို ချစ်ပါတယ်
ညာခိုင်းတတ်ပါတယ်
“ ဝက် ညီမလေး မီးပူတိုက်တာသိပ်တော်တာဆိုပြီး ” ပေါ့ ဒီကလဲ အဲလိုမျိုး မြှောက်ပြောရင် သိပ်ကျေနပ်တော့ မီးပူတိုက်ပေးရတာပေါ့ ကိုယ့်ဟာကိုယ်တောင် ပျင်းလို့ မတိုက်တာ သူ့ကျ တိုက်ပေးရတယ် အဟုတ်

တကယ်ပါ ကိုယ့်အကိုမို့ပြောတာမဟုတ်ပါဘူး တခါမှလဲ ရည်းစားမထားဘူးပါဘူး အသက်က ၂၃ ရှိပါပြီ လပျို အဲလေ လူပျိုလေးပါ (ကြော်ငြာတာ ကြော်ငြာတာ) ဟေ့ ဘလော့ဂ်ဂါ မမတွေ တန်းစီထားတော့ ဝက်တို့က ယောင်းမ လိုက်ရှာပေးနေတာ(ကိုကို ဟင်းချက်ဖို့ ) ဟဟဟဟ
အချစ်လဲကြီးပါတယ် တယောက်ဆို တယောက် ပန်းတောက်ဆိုပန်းတောက် ချစ်တတ်ပါတယ် (ပိတောက်ခြောက်တော့ နောက်တယောက်) အဲလိုမျိုး ချစ်တတ်တာပါ
အွန် သူ့ကောင်းကြောင်းတွေ ပြောနေလို့ “ ဝက် တော်ဘီ နင် ဘလော့ဂ်မဂင်းနဲ့” တော့ ဆိုလို့ကတော့ နာတော့မယ် ဝက်တို့တော့
မုန့်ဖိုးပေးပါတယ် အရင်ကတော့ တလကို ပေါင်၈၀ ပေးပါတယ် (ခုတော့ မပေးတော့ပါဘူး) ဒါပေမယ့် ဟိုးနေ့က ညာတာပါတေးနဲ့ External Hard Drive ဝယ်တာ ပိုက်ဆံပြန်မပေးရဘူး လေ ဟက်ဟက် ဘလော့ဂ်ပေါ်ကနေ
“ ကိုကို ရေ ညီမလေးကို မွေးနေ့လက်ဆောင်ပေးလိုက်တော့ ” လို့ ပြောထားလို့ဟိဟိ (ပိုင်တယ်ကွာ ဝက်တို့များ LEONARDO ကို)
အမလေး ကိုကိုက သာ ရည်းစားမရှိတာ သူ့ညီမ ဝက်တို့များ မှိုလိုပေါက်လို့ ဟော တယောက် ဟောတယောက် အများကြီး (ရှူးတိုးတိုး ကိုကိုမသိစေနဲ့နော် ) ပြောပြမယ် ဝက် စွံတဲ့အကြောင်းလေး
ရန်ကုန်က ထွက်မလာခင်ကဆို ဟို ရုပ်ရှင်မင်းသား သိလား “ နေတိုး ” အင်း နေတိုးက အဲဒီတုံးက နံမည် မရသေးဘူး ဝက်ကို အသေရရ အရှင်ရရ လိုချင်တယ် တကယ်မညာဘူး (စဉ်းစားမိတယ် အရှင်ကတော့ ဟုတ်ပါပြီ အသေက ဘာလုပ်ဖို့တုံး ?????) အိမ်ကို ဖုံးတဂွမ်ဂွမ် ဆက်တာ အိမ်က အဖေ ဆို ဘာပြောလဲဆိုတော့
“ ဟေ့ကောင် ငါ့သမီး စာကျက်နေတယ်ကွ ဖုံးဆက်လိုက်ရမလား ” ဆိုပြီး အပီဟဲတာ အဲအဲ လေ ကောတာ ပြောပါတယ်
ကျန်သေးတယ် ကျော်ကျော်ဗိုလ် သိတယ်မလား အင်း သူက အဲဒီတုံးက အနုပညာ လောကထဲ ခြေချကာစ(လက်တွေ ဘာတွေ မချရသေးဘူး) သူနဲ့ နေတိုးနဲ့ ပြိုင်တာပေါ့ နေတိုးကလဲ ခံမလား(ဘယ်ခံမလဲနော့်) ပြောတာပေါ့
“ ဟေ့ကောင်ကျော်ကျော်ဗိုလ် မင်းထက်ငါက ရှည်တယ် (အရပ်ပြောပါတယ်) ဒီတော့ ငါ့ကို အရင်ဦးစားပေး ” တဲ့ ကျော်ကျော်ဗိုလ်ကလဲ ခံမလား
“ ဟေ့ ငါက မင်းထက်ကြီးတယ် (အသက်) ပြီးတော့ အရှည်က အဓိက မဟုတ်ဘူး အဓိက က အဓိက (အချစ်ကို ဆိုလိုပါတယ်)” တဲ့

သူတို့ ၂ ယောက်ကို ရှောင်ချင်လို့ ဒီ ထွက်လာပါတယ် မပြောချင်ပါဘူးကွယ်
“ ကျားကြောက်လို့ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုး ” ဖြစ်နေတယ် ဟက်ဟက်
Justin Bieber လေသိတယ်မလား ကောင်လေးက ဝက်ကို ပိုးတာ ဘာသီချင်းနဲ့ ပိုးတယ်မှတ်လဲ
“ မ မှမချစ်ရင် ဘဝ ပျက်သွားနိုင်တယ် ” ဆိုတဲ့ သီချင်း ဆိုပြီး ဝက်ကို ပိုးတယ်လေ သူဆိုမှပဲ ဝက်က သူ့ဘဝ ပျက်အောင် ဘာလုပ်တာကျနေတာပဲ ဝက်ကပဲ သူ့ကို ဆွဲဆောင့် အဲလေ ဆွဲဆောင်ဖျားယောင်း နေတာကျနေတာပဲ သူများတွေကြားရင် တမျိုးထင်ဦးမယ် (တမျိုးအထင်ခံရလဲ နည်းလားအေ နော်)
ကိုယ်ကလဲ ကိုယ့်မောင်းလေး အဲအဲ မောင်လေး အရွယ်ဆိုတော့ စိတ်မဝင်စားပါဘူးကွယ်

ရှိပါသေးတယ် ကိုရီးယားမင်းသား Rain သိတယ်မလား ဝက်ကို propose လုပ်တယ်လေ ဒါနဲ့ ဝက်က ပြန်ပြောလိုက်တယ်
“ ငါက အရပ်ပုတယ်နော် နင့်မှီမယ် မထင်ဘူး ” ဆိုတော့ သူက
“ အို... ဘာဖြစ်လဲ အွန်စော တောင် ငါနဲ့ တွဲလို့ရသေးတာပဲ ” တဲ့ ကဲ ....(အွန်စောကြားရင် ဖင်ဆောင့်သေမယ် ဝက်ရယ် )
ဝက်ကိုမှ မရရင် ကိုယ့်ကိုယ်ကို သတ်သေမယ်ဆိုလို့ တားထားရတယ်
“ ဟယ် နင်ကလဲ မလုပ်ပါနဲ့ဟယ် ဖန်သီးငါးရာငါးလုံး စားနေရမယ် ” ဆိုတော့သူက
“ အွန် အဲလောက်တော့ ငါ မစားနိုင်ဘူး ငါက ငှက်ပျောသီးပဲ ကြိုက်တာ ” ဆိုပဲ ဒါနဲ့ဝက်လဲ
“ အယ် နင်က ငှက်ပျောသီး ကြိုက်တယ်လား မသိပါဘူး ငါက နင် ရေခဲချောင်းကြိုက်တယ် မှတ်လို့ ” ဆိုတော့
“ ရေခဲချောင်းက နင်ပဲ စား ” ဆိုပြီး ဂွပ် ခနဲ ဖုံးချသွားတယ်တော့် (များ ဘာများ မှားသလဲ ???? )

ကိုယ့်ရည်ရွယ်ချက်က ယောက်ျားယူဖို့မှမဟုတ်ဖဲ ဟုတ်တယ်လေ ကိုယ့်မှာက ရည်ရွယ်ချက် ဦးတည်ချက်ရှိပြီးသားပဲ တနေ့ မော်ဒယ်ဂဲလ် ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ့ အဆိုတော်လဲ လုပ်ဦးမှာနော် ဘာမှတ်လဲ သူငယ်ချင်းတွေက ချီးကျူးတယ်
“ နင့်ကို အရမ်း ချီးကျူးတယ်ဝက်ရယ် နင် သိပ်တော်တာပဲ သိလား ဒိုရေမီဖာ ထဲမှာ မပါတဲ့ အသံကို တီထွင်နိုင်လို့ ” ဆိုပဲ ဆိုပဲ ဒါနဲ့ နံမည်တောင် ပြောင်းထားလိုက်သေးတယ် သိချင်လား
“ out of ဒိုရေမီဖာ ဝက် ” လို့ ဟက်ဟက် (သလိပ်ကပ်နေဘီ လုပ်ကြဦးဟဲ့)
ဘော်ဒီလဲ ဒါကြောင့်ထိန်းထားတာ ဟင်းးးး ဟင်းးးးး(အဖျားပါတက်သွားဘီ)
အရပ်ဆိုလဲ သူများ တကာ မော်မကြည့်ရဲလောက်တဲ့အရပ်မျိုးပိုင်ထားတာ ဘာမှတ်လဲကွ
အမလေး ဝက်များ အချဉ်မှတ်နေလား အတန်းထဲက ကောင်တွေ တကောင်မှ ဝက်ကို မော်မဖူးရဲဘူးနော် ဟဲဟဲ (သူတို့က ရှည်တာကိုးး လို့)
ရုပ်ရည်ကိုလဲကြည့်ဦးမလား Julia Roberts တို့လောက်တော့ ဝက်တို့က ပျင်းတာပေါ့ သူ့ပါးချိုင့်လောက်ကတော့ ဝက်က စကားထဲတောင် ထည့်မပြောဘူး အလှချင်းပြိုင်ရင် Julia Roberts တောင်ထိုင်ငိုသွားမယ့် အလှမျိုး ဟဲဟဲ အပြုံးဆိုလဲ ဘီလူးမ သံပုရာသီးကိုက်ထားတဲ့အပြုံးမျိုး လေ ဟိဟိ

ဝက် လွဲတဲ့အကြောင်းလေး ပြောပြမယ်သိလား မနှစ်က Glasgow သွားရတယ်လေ ဗီဇာကိစ လက်ဗွေသွားနှိပ်ရတာ အဲဒါ ခုနေတဲ့ Edinburgh ကနေ ဆို ကားစီးရင် ၁ နာရီ ၂၀ ကြာတယ် ဒါနဲ့ ကားလက်မှတ်ဝယ်တာပေါ့ လက်မှတ်ရောင်းတဲ့ ဦးလေးကို
“ Hi I want to go to Scotland pls ” ဆိုတော့ ဟိုလူကြီးက ကြောင်နေတယ် ပြီးတော့မှ
“ This is Scotland ” လေ တဲ့ အဲဒီတော့မှ
“ Ohhh sorry I mean I want to go to Glasgow ” ဆိုတော့မှ လက်မှတ်ဖြတ်ပေးတယ် ကြောင်ပါတယ် သိပ်ကို ကြောင်ပါတယ်

ဗဟုသုတ မရှိပါဘူး သုည ပါ (ကိုယ့်ကိုယ်ကိုပဲ ပြောလိုက်တော့မယ်) အန်တီတို့ ဆီကို ပြန်တော့ ဒီကနေ အန်တီတို့မြို့ကို တိုက်ရိုက် ရထားမရှိဘူးလေ ဒီတော့ လန်ဒန်မှာ တခါနား ပြီးတော့မှ ဆက်စီးရတာ ဒီတော့ လန်ဒန်ကို ဖြတ်တယ် ဆိုပါတော့လက်မှတ်မှာ ဘာရေးထားလဲ ဆိုတော့ " London King X " တဲ့ ဒါနဲ့ကိုယ်ကလဲ လက်မှတ်ကိုင်ပြီးတော့ information desk မှာ ဘာသွားမေးလဲ ဆိုတော့
“ ငါ London King X ကို သွားမလို့ ဘယ်ပလက်ဖောင်းမှာ ရထားဆိုက်မှာလဲ ” သွားမေးတာ
လူကြီးက ပြန်ပြင်ပေးလိုက်တယ်
King Cross ” ပါတဲ့ ဗျာာာ
ကိုင်းးး ကောင်းရော ..... ဗဟုသုတ နဲပါးလိုက်ပုံများ “ King X ” တဲ့ ကောင်းကြသေးရဲ့လား ကိုယ်လဲ ရယ်ကျဲကျဲနဲ့ပဲပေါ့
ကိုကို ဆို စတာ တအားပဲ
“ ဟဲ့ နင် London King X ကိုဖြတ်ခဲ့သေးလား ”
ကိုယ် ဘာလုပ်လုပ်ခွင့်လွှတ်ကြတယ် ဘာလို့လဲ ဆိုတော့ ကိုယ့်ပုံကလဲ ထူလပိန်း ပုံစံရယ်ကိုးးး ဟားဟားးးးးးးးးးးးးးးးးးးးးးးးးးးး

ဝက် လုပ်လို့ အန်တီ့မှာ ငိုရခက် ရယ်ရခက် ကြုံတာရှိသေးတယ် ပြောပြမယ် ပြောပြမယ်
ခု နေတဲ့ အိမ်ရှင်မှာ landline ph ရှိတယ်လေ အန်တီ့ဆီမှာလဲ ရှိတော့ landline ချင်းချင်းဆိုတော့ ဈေးသက်သာတာပေါ့ ဝက် မိုဘိုင်းလ် ကို ဆက်ရင် နဲနဲတော့ဈေးကြီးတာပေါ့ အကြာကြီးပြောရင် ပိုဆိုးတယ်လေ ဒါနဲ့ အန်တီက ဒီအိမ်က ဖုံးနံပါတ်ကို ယူထားတယ် အိမ်ရှင်ကိုလဲ ပြောထားတယ် အကျိုးအကြောင်း နင့်ဖုံးကိုမသုံးဘူး အဝင်ပဲ ပြောမှာ ဆိုပြီးတော့ ဝက်က အပေါ်ထပ်မှာနေတယ် ဖုံးက အောက်ထပ်မှာရှိတယ် တနေ့ အန်တီက ဝက်ကို ဖုံးဆက်တာ မိုဘိုင်းလ် ကိုပေါ့
“ သမီး ခုဘယ်မှာလဲ ” တဲ့ အန်တီက သိတယ်လေ သူ့တူမ ရှူတင်တွေ သိပ်များတာ မအားတာ သိတယ် ဒါကြောင့် အဟစ်အဟစ်
“ အိမ်မှာ ” လို့ပြန်ဖြေတော့ အန်တီက
“ ဒါဆို အိမ်ကို (မှတ်ချက်။ ။ ဘလော့ဂ်ဂါ “အိမ်” မဟုတ်ပါ) ဖုံး ဆက်လိုက်မယ် ” တဲ့ ကဲ ရှင်းရှင်းလေးနော် ပြောတာက ဒါကို ဝက် ဘယ်လိုသဘောပေါက်လဲ ဆိုတော့ ရန်ကုန်အိမ်ကို အန်တီက ဖုံးဆက်မယ်ပေါ့ အမေတို့ဆီကို ဖုံးဆက်မယ်လို့ ထင်တာ အမှန်ဆို အန်တီအဲလိုပြောရင် အောက်ဆင်းပြီး ဖုံးစောင့််နေရမှာကို မဆင်းဘူးဗျာ အခန်းထဲမှာ နေမြဲနေဆဲ ခဏနေတော့ တံခါးလာခေါက်တယ်
“ Sky ဖုံးလာ တယ် ” တဲ့ အန်တီက
“ သမီး အန်တီ ဖုံးဆက်မယ် ပြောတယ်လေ ဘယ်လိုဖြစ်တာလဲ ” ဆိုတော့
“ ဟီးးး မသိဘူး အန်တီက အိမ်ဖုံးဆက်မယ်ပြောတော့ ရန်ကုန်အိမ်ကို ဖုံးဆက်မယ် ထင်လို့ ” လို့ ပြန်ဖြေတော့ အန်တီ့မှာလေ
“ ဟယ် စိတ်ညစ်လိုက်တာ အဲဒါတွေကြောင့်စိတ်မချတာ ” တဲ့ ဟိဟိ လုပ်လိုက်ရင် အဲလို အလွဲလွဲအချော်ချော် လေ ဆူလဲမဆူရက် သူ့တူမ ကို အဲလိုတွေ အူကြောင်ကြောင်လုပ်တော့ စိတ်ကလဲ မချ ဟဟဟဟ
အယ် ဝက်တို့ လည် ဘီ ဆိုလဲ များဂါတွေ လိုက်မမီဘူးနော် ဟိဟိ
စိတ်ကလဲ သိပ်တိုတတ်တာနော် ဟွင့် ဘာမှတ်လဲ “ လူကလဲ လက်တဆစ် စိတ်ကလဲ လက်တဆစ်ရယ်
“ စိတ်ကထောင်းဆို -င်ကေ-ာင်းကနဲ ” ပဲ ဘာမှတ်လဲ

ကဲ တော်သေးဘီ နောက်မှ ထပ်ရေးမယ် “ နီကိုရဲ ” လိုပဲ “ လွဲပါတယ် ”
အပြုသဘောဖြင့် ဖတ်ပေးကြပါလို့ နဲနဲလေး ပြုံးရင် ကျေနပ်ပါပြီ
“ပေါ” တယ်လို့တော့ မှတ်ချက် မပေးသွားနဲ့နော် (တကယ်လဲ ပေါပါတယ် )
ဒါနဲ့ စကားမစပ် ဝက် ကိုကို ကို လိုချင်ရင် အောက်မှာ စာရင်းပေးသွားကြနော် အမလေး မြင်ယောင်ပါသေးတယ် မာမီမြစ်တို့(မြစ်ကျိုးအင်း) မာမီဇော် (ကိုဇော်) တို့ မာမီဏီ (ဏီလင်းညို) တို့ ဖလန်း ဖလန်း ထပြီး လာ လုနေမှာ ငါ့အကို အကိတ်ကြီးကို အဟစ်အဟစ်

“ တချက်ပြုံးရင် တရက် အသက်ရှည်မှာပါ ”

19 comments:

ကိုဇော် said...

စာရင်းပေး ဆိုလို့ အရင်ဆုံး ပေးသွားပါတယ်အေ. . . ရော့ . . ရော့ . . . အကြွေးစာရင်းတွေ. . . . ဆပ်လိုက်တော့ . .
( မှတ်ပလား )

ဝက်ပိုင်တယ် ဆိုတဲ့ Leonardo ဆိုတာ ဘရာဇီးက အခု နောက်တတ် ဘောလုံးသမား မဟုတ်လား။ မည်းမည်းသဲသဲနဲ့လေ။ သူများတွေ နေ့လည် ၁၂ နာရီမှာ သူက မိုးချုပ်နေတယ် ဆိုတဲ့ လူမျိုးလေ။

နေတိုးက အရှင်ရရ ၊ အသေရရ ၊ မသေတသေ ရရ ယူပါ့မယ်တဲ့။
အရှင်ရရင် ခိုင်းစားမယ် ၊ အသေရရင် ဖဲဝိုင်းထောင်မယ် ၊ မသေတသရရင် ဝက်သတ်သမား သင်တန်းသားသစ်တွေကို ရုံသွင်းပြီး ဝက်သတ်နည်း သင်မယ်တဲ့။

Justin Bieber ဆိုတာ ရပ်ကွက်ထဲက တံမြက်စည်းလှည်းတဲ့ လူကြီးကို ခေါ်တာလေ။ သူက အဲဒီစာတန်းပါတဲ့ အင်္ကျီအမြဲဝတ်တယ်။ ဟုတ်တယ်ဟုတ်။

Rain ဆိုတာ ရေစည်လှည်းတွန်းတာ ..ဟိဟိ

ပါးချိုင့်နဲ့ ပတ်သတ်ပြီးတော့ ငါ့ညီမကို ဘာမှ မပြောသွားတော့ပါဘူးလေ။ ညီမထက် သာတာ တစ်ယောက်ပဲ ရှိတော့တာကိုး။

X = 10
X = အိပ်ခ်ျ
X = False
ဟီးဟီး...အကုန် လျှောက်ပြောပြစ်ကွာ။ ငါ့ညီမနောက်မှ အစ်ကို ရှိတယ်။ အစ်ကို့ နောက်မှာတော့ သက်မွန်မြင့် ရှိတယ် ၊ ဒါပဲ။

ဖုန်းလာတယ် ဝက်ဝက်ရာ ဘာပြောလိုက်ရမှာ. . . .ဟိ။

ဝက်ညီမလေးလည်း ပျော်အောင်လို့ အရှည်ကြီး မန့်သွားတယ်။

ပျော်ရွှင်ပါစေ
ကိုဇော်

သော်ဇင်စိုး said...

အမလေးတော်.. ကိတ်ကြီးဆိုပါလား.. သူများတို့ ချိတ်မ၀င်ချားဝူးနော်.. (မျက်လုံးလေး ကလယ်ကလယ်နဲ့ပြောသည်) :P

sosegado said...

ဖတ်ပြီး အသက်ရာကျော်ရှည်မယ်ထင်တယ် ပြုံးရတာတွေများလို့၊

မောင်မိုး said...

ဝက်လေး...ဦးမိုးအလုပ်တွေများနေလို့ အခုမှရောက်ဖြစ်တာ ခွင့်လွှတ်နော်..။ ၀က်လေးကျောင်းတက်နေရပြီလား။ မဖတ်ရသေးတာတွေ အချိန်ယူဖတ်သွားတယ်။ နှုတ်ဆက်တာတော့ဒီမှာပဲ နှုတ်ဆက်သွားတယ်။

Khyl said...

အမယ်ရေး.... ငါ့ Rain က ငါ့ကျော်ပြီး သူ့သွားကြိုက်တယ်.... အဖြစ်ဆိုးလှချိ.... အိအိ.... ဝမ်းနည်းလိုက်တာ (မှောက်အိပ်လို့)..... ပြန်ချော့ကွာ...ဒါဖဲ

ဝက်ဝံလေး said...

ဘာမှမဟုတ်ဘူး ကိုဇော်က မလိုနာပြီး လာပြောသွားတယ် သက်မွန်မြင့်လား သူလှတာလောက်တော့ ဝက်တို့က အပျော့ပေါ့ ဟင်းးးးး ဟင်းးးးး

ကိုသော်ဇင်စိုးရေ ညက်လုံးလဲ ကျွတ်ထွက်သွားဦးမယ် ခစ်ခစ်

ကိုစိုးစိ ရေ ပြုံးတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ လေကွယ် ဟဲဟဲ

ဦးမိုးရေ လည်လည်လာဖတ်တဲ့အတွက်ကျေးဇူးပါနော်

ဟဲ့ဒေါ်ခြင် မှောက်အိပ်ရင် ရင်နာတာမဟုတ်ဘူးလား ဝမ်းနဲတယ်လား များ မသိဘူး နော် မှတ်ထားလိုက်မယ် ဟိဟိ

~ဏီလင်းညို~ said...

ညနေတုန်းက တစ်ခေါက်ရောက်တယ်.....သိသိချင်းလေ....။
ခုမှနောက်တစ်ခေါက် သေချာလာပြန်ဖတ်တာ.....။
အပြေးအလွှားပေါ့......။
အဲ့ဒီတော့ ခနုတ်တောင်တိုက်သွားဒယ်လမ်းမှာ.....။ ဆေးခန်းသွားပြဖို့ ပိုက်ဆံသုံးကျပ်လောက် အရင်မစဘာအူးဗျာ.....။ နှစ်ကျပ်က ဆေးဖိုး....၊ ပိုတဲ့ တစ်ကျပ်က သကြားလုံးဝယ်စားဖို့......ဟိဟိ။
အင်ထနိုတွေ များတွားဘီ.....။ အခုမှ ပို့စ်နဲ့ ပတ်သတ်ထှာ ဆွေးနွေးမည်.......း)
သွန်များတို့က တစ်ကိုယ်တော် လေလွင့်ခြင်းလုပ်မည့် အစီအစဉ်ရှိနို့ ၀က်ကလေးအစ်ကိုကို ကန်တော့ဆွမ်းပါ......အဲ့လေ.....မစဉ်းဇားဘာရဇေနဲ့လို့......။
(မျက်လုံးမွဲကြီးများဖြင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောသည်ဟု မှတ်ယူပါလေ...........း))
နေတိုးနဲ့ ကျုပ်တို့ ညီမလေးတော့ သဘောမတူပါ....။
အသေဆိုးမှာစိုးလို့......။ အဲ့..ဘာတွေလျှောက်ပြောမိပြန်တယ်မတိဘူး..ညဉ်းညဉ်း............း)
ကျော်ကျော်ဗိုလ်တော့ မစဉ်းစားနဲ့ .....။ တော်ပါ အစ်ကိုလို့သာ အပြတ်ပြောထည့်လိုက်.....။
ကိုယ်ထီးရားမင်းသားတွေဆို ခေါင်းထဲမထည့်နဲ့.....။ သူတို့က သေးကင်ဆာဖြစ်တတ်ကြလွန်းလို့.....။ (၀ဆွဲဖြည့်ဖတ်ပါရန်.....ဟိဟိ)
ရယ်ဇရာလေးဖတ်ရနို့ ကျေးဇူးပါခင်ညာ......။
ဖလန်းဖလန်းမထပဲ.....ငါးရံ့ပြာလူးနေသူ.........:P

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

ဝက်ဝံလေး said...

များကလေ အဲလို ကာရံတွေ ထည့်ဦးမို့ပဲ ဒါပေသိ မထည့်တတ်တာနဲ့ ဒီတိုင်းပဲ ထားလိုက်ရလို့ ကျေးဇူး အကြီးကြီးတင်ပါတယ် များ ပို့စ်ထက်တောင် ရယ်ရသေးတယ် တူ ရေးတာ ခစ်ခစ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်တို့က ဒီလောက်စွံတယ်ပေါ့
ယုံတောင် မယုံချင်ဘူး
ဒါပေမဲ့ အစ်ကိုရှိတယ်ဆိုလို့ မယုံချင်ပေမဲ့ယုံလိုက်ပါတယ်လေ။
အိပ်ချင်မူးတူးနဲ့ဖတ်နေတာ အိပ်ချင်တာတောင် ဘယ်ပျောက်သွားတယ်မသိဘူး
ရယ်လိုက်ရလို့ မျက်စိကျယ်သွားတယ်...

ကျေးဇူးဝက်ရေ။။

T T Sweet said...

(((( ဟိုက် )))) တို့ ၀က် ဒီလောက်စွံမှန်း ခုမှသိတော့တယ်။

ဖတ်ပြီး ပြုံးသွားပါတယ် ၀က်ကလေးရေ။

မြစ်ကျိုးအင်း said...

သာမီးလေး ဆလူးရေ ဆေးသောက်ဖို့ အချိန်ရောက်ပြီ။
မနေ့က မတိုက်လိုက်ရတော့ ဒီနေ့ဖြစ်ပြီပေါ့။
ရိန်း တွေရော နေတိုး တွေရော
ငါ့ဂျူလီယာလောဘ အဲ ဂျူလီယာရောဘတ် တောင် အဆစ်ပါသွားသေးတယ်။

ဝက်ဝံလေး said...

အပျိုဂျီးနော် ဘာာာမယုံဘူးလဲ ဟွင့် ဟွင့်

ဟုတ် မဆွီ များ တို့က အဲဂလို စွံပါတယ် ဟဟဟ

လာလာ ချည်သေး သူ့ ဂျူလီယာ ရောဘတ်တဲ့ ဟွင့် သမီးလဲ ဂျူလီယာရောဘတ်နဲ့တူတာတခုရှိပါတယ် (ပါးချိုင့်လို့) ခစ်ခစ်
သောက်လိုက်ပြီနော် ဂနေ့ ဆေး ပါးပါးက ပွေလီနေတာကို များ ကိုဆေးတိုက်ဖို့ မေ့နေတယ်ပေါ့လေ ဟုတ်လား

မယ့်ကိုး said...

;)

ရွှေရတုမှတ်တမ်း said...

ဓါတ်ရှင်မင်းသား စာရင်းဖတ်ကြည့်တော့ ဗေလုဝ ကျန်နေပါ့လား...
သူက ဝက်လေးကို ကိုရီးယားမင်းသမီးလေးလို ကျောပိုးချင်တာတဲ့..

သိင်္ဂါကျော် said...

ဝက်ကလေးတို့ စိတ်ကူးယဉ်ချက်များတော့..
ဟား ဟားးးး

အဖြူရောင်နတ်သမီး said...

ငါ့ညီမလေး တို့စွံချက်ကတော့...
အမတို့တောင် နောက်ကောက်ကျကျန်ခဲ့ပါရောလား...
း)

Mamoonn said...

အသက်တွေတော့တော်တော်ရှည်ကုန်ပါပြီ...
တချက်မက ပြုံးသွားလို့ ကြူးလေးရေ (တရုတ်လို ဝက်) တော်တော်လေးရေးနိုင်တယ် ရယ်ရတယ်။

မြသွေးနီ said...

ဝက်ကလေးရေ..
စိတ်တွေမတရားညစ်နေတုန်း ရယ်နေမိလို့ ကျေးဇူးတင်မိတယ်။ နီကိုရဲတို့ အကြည်တော်တို့ ထိုင်ငိုလောက်တယ်..။ ၀က်ကလေးက ဟာသ ဇ၀နရွှင်တာသိသာတယ်။ ဒီပို့စ်ဖတ်ရင်း ၀က်ရုပ်ကလေးကို ပုံဖော်နေမိတယ်..။ ပွင့်ဒီဇိုင်းလေးလား..? ၈ွမ်းပုံလေးလိုများလားလို့...။

ချစ်ခင်စွာ..
မ.. - မြသွေးနီ

ဝက်ဝံလေး said...

ကျေးဇူးမမကိုး စာ လာဖတ်လို့

အဘကျောက်နော် သူ သမီးကို ကျောပိုးရင် သူဆေးရုံရောက်တွားမှာပေါ့လို့ ဟင့် နိုလိုက်မှာနော် ဗြဲဗြဲ....

အံမယ် မမသိင်္ဂါ အဲဒါစိတ်ကူးယဉ်မဟုတ်ဘူး တကယ်တကယ် ဟွင့် မယုံဘူးလား ကဲ ပြော ပြော ဟိဟိ

မမနတ်သမီးရယ် ညီမကလဲ မမညီမပဲ ဂလောက်တော့ စွံမယ်ပေါ့လေ ဟဲဟဲ

မမြတ်မွန် ရယ်တယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါဘီ ခစ်ခစ်

မမြသွေးရယ် ပွင့်လောက်တော့ ဝက် တို့ကရယ်တာပေါ့ ဟားဟားးးးးးးးး လို့ ဟိဟိ

ဝက်ပေါလေးကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါသည်