ပြန်လာတော့ ကိုကို က ပြောတယ်
“ တရုတ်ဆိုင်သွားစားမယ်” တဲ့
“ အေး စားမယ် လေ အိမ်နားမှာ တရုတ်ဆိုင် ၂ ခုရှိတယ် လမ်းတဝက်မှာဆင်းရင် နောက်ထပ် ဘတ်စ်ကားထပ်စီးရမှာ ” ဆိုတော့
“ ဒါဆိုလဲ အိမ်နားက တရုတ်ဆိုင်မှာ စားမယ် ” ဆိုပြီးပြောတယ် နောက်တော့ အိမ်အရင်ဝင်မယ်တဲ့ ခြေလက်ဆေးမယ် ပြောတယ် အိမ်လဲ ရောက်ကော
“ ပြန်မထွက်ချင်တော့ဘူး ဘာရှိလဲ ” တဲ့ ရှိတာပေါ့ မနက်က ချက်ထားတဲ့ ကြက်သားနဲ့ မှိုနဲ့ရှိတယ် ထမင်းက တအိုးတည်ထားတာ ကြက်ဥကို ကြက်သွန်နဲ့ ကြော်ပေးလိုက်တယ် ဝက်ဥချောင်း ကြော်ပေးလိုက်တယ် လုပ်ပေးရကျိုးနပ်အောင် ပြောသွားသေးတယ် “ မှိုနဲ့ကြက်သားမစားရတာကြာပြီ ” တဲ့ ကိုယ့်အကိုလို့မပြောရဘူး စကားပြောကလဲ ပြောကောင်းပါ့ ဟွင်းး အမှန် ညနေ ဆိုရင် ကိုယ်က ထမင်းမစားတတ်ဘူး ခု ကိုကိုပါ အဖော်ရှိတော့ တုပ်ထည့်လိုက်တယ် (သွားပါဘီ ငါတော့ ကယ်လိုရီတွေ တက်ပါဘီ ဟင့် )

ထမင်း မကုန်ရင် ပြန်လျော်ရမှာ ပြောထားတာ မကုန်ဘယ်ရှိမလဲ ဟဲဟဲ

ဒါက ကြက်သားနဲ့မှို
ညကတည်းက ဘွတ်ကင်ချိတ်ထားတာ ကိုကိုက
“ နင်ဖေ့ဘွတ်ပေါ်မှာတင်တဲ့ ကြက်သားနဲ့ အာလူး စားချင်တယ် ” ဆိုပဲ ဟဲဟဲ လက်ရာဘယ်လောက်ကောင်းလဲဆိုတော့ သွားရည်ကျလို့နေမှာပေါ့ ဒါဆိုလဲ မနက်ကျ ဈေးဝယ်ထွက်မယ် ကြက်သားနဲ့အာလူး ချက်ပေးမယ် ပေါ့ ပြောထားလိုက်တယ်
နောက်နေ့ကျတော့ တနင်္ဂနွေ ကိုယ်က ၉ နာရီလောက်နိုးတယ် ဒါနဲ့ သွားနှိုးတာပေါ့
“ ကိုကို ထ တော့ ဈေးသွားရအောင် ” ဆိုတော့
“ နင်တို့ စကော့တလန်က အေးတယ် ပိုအိပ်လို့ကောင်းတယ် ” တဲ့ ဟိ လာသေးတယ် ပြီးတော့ ဆက်ပြောတယ်
“ ဟာာ... ခုမှ ၉ နာရီပဲ ရှိသေးတာ တနင်္ဂနွေ ဆို ဆိုင်တွေက ၁၀ နာရီလောက်မှ ဖွင့်ကြတာ ” တဲ့ ဒါနဲ့ အေးလေ ပြီးရောဆိုပြီး ထမင်းအိုးတွေဘာတွေ တည်ထားလိုက်တာပေါ့ ပဲနီလေး ဟင်းရည် ချက်ထားလိုက်တယ် ဟိုးနေ့ကကျန်တဲ့ ကြက်ရိုးနဲ့ပြုတ်ပြီးတော့ အားလုံးပြီးစီးတော့ သူ့ထပ်နှိုးရတာပေါ့ ဒါနဲ့ Morrison ကို ၂ ယောက်သား လစ်လာခဲ့ကြသည်ပေါ့ ဒန်တန်တန် .....
စားချက်တာတွေ ကောက်ထည့် အစကကြက်သားနဲ့အာလူးချက်မလို့ပဲ ဒါပေမယ့် ဝက်သားနဲ့ ပုဇွန်ဝယ်ပြီးတဲ့အခါမှတော့ စိတ်ကူးပြောင်းသွားတယ်
“ ကိုကိုကလဲ KFC မှာလုပ်နေပြီးတော့ ကြက်သားမစားနဲ့တော့နော် ပုဇွန်နဲ့ဝက်သားကို အာလူးရောပေးမယ် ” လို့ပြောလိုက်တယ် ဟုတ်တယ်လေ အဓိက သူစားချင်တာ အာလူးပဲဟာကို ဒါနဲ့ ဝယ်ပြီးသကာလ ပိုက်ဆံရှင်းတော့ သူရှင်းတယ် ဟဲဟဲ (ဝက်တို့ကောင်းစားနေသည်ပေါ့) ပြန်လာတော့ ချက်ကြပြုတ်ကြ
ကိုင်းးးးကိုင်းးးး ဒါတွေအကုန်လုံး ကိုယ် တယောက်တည်းချက်ထားတာနော် Brocoli တမျိုးကတော့ ကိုကို ကြော်သည်ပေါ့
ရှယ်နော် ဒီတခါ တကယ့်ရှယ် အာလူးက တကယ့်ကို နူးနေတာပဲ အနှစ်တွေ ဝင်ပြီးတော်တော်စားကောင်းတယ်

ဒါက ဝက်နံရိုးကင် (ကိုယ်လုပ်တာမဟုတ် ဝယ်တာ ဟိဟိ)
ဒါက ကိုကိုကြော်တဲ့ Brocoli လေ ကောင်းတယ် သိလား
ဒါက ပုဇွန်နဲ့အာလူး မိုက်ရယ်နော်
ဟောဒါကတော့ ဝက်သားနဲ့ အာလူး ဝက်သားက အဆီဖတ်လေးတွေပါ ပါတယ် ဒီတခါ ၃ ထပ်သားသဘောပေါ့ ဟဲဟဲညနေစာကတော့ တရုတ်ဆိုင်က ဝယ်စားတာပေါ့ သောက်တရုတ်တွေ ခေါက်ဆွဲတွေက အရမ်းချိုတာပဲ ဆီးချိုဖြစ်မှာတောင်ကြောက်ရတယ် ဟိုအနှစ်တွေ နင်းကန်စမ်းတာလေ

ကိုကိုစားတဲ့ sea food ခေါက်ဆွဲ
ဒါက ကိုယ်စားတဲ့ ဘဲသားခေါက်ဆွဲတနင်္လာနေ့ Glasgow သွားစရာရှိတယ် (ဘာလဲဆိုတော့ ဒီလိုပါပဲ အလည်တော့မဟုတ်ပါဘူး) ဒါနဲ့ညနေကတည်းက ထမင်းကြော်ထားတယ် လမ်းမှာစားဖို့ (ထမင်းကြော်တော့ ဓာတ်ပုံမရိုက်ထားလိုက်မိဘူး) အဲဒီထမင်းကြော်လဲ သီးနှံအရောင်စုံပါတယ်နော် ဟဲဟဲ အထင်မသေးနဲ့
ရထားက ၇နာရီ ၂၆ ထွက်မှာဆိုတော့ အိမ်ကနေ ၆ နာရီ ၄၅ လောက်ထွက်ကြတယ် ဘတ်စ်ကားစီး ရထားဘူတာရုံသွား ဟိုရောက်တော့ လက်မှတ်ဝယ် ပြီးတော့ ရထားပေါ်မှာ အိပ်ပြီးလိုက်လာခဲ့သည် (ဒါတော့ယုံတယ်မလား)
Glasgow ပုံတွေကတော့ နည်းပါတယ် ကင်မရာ က အားသွင်းတဲ့ဟာ မရှိလို့ဖုံးနဲ့ပဲ ဓာတ်ပုံတွေရိုက်နေရတာ သိပ်ပြီးတော့မကြည်ရင်လဲ ဆော်ရီးးးး
နေ့လည် ၂နာရီ ၁၀ မိနစ်လောက် Glasgow Central ကနေ Edinburgh Waverly ကိုပြန်ရောက်တယ် ကိုကိုက Southampton ကို ပြန်ရမှာလေ သူ့ရထားက ၃ နာရီဆိုတော့ သူ့ကိုထားပြီး ကိုယ်ကတော့ အိမ်ပြန်လာခဲ့လိုက်တယ် တနေကုန်ပြိုင်းလိုက်တာ (ကိုကို့အစားပြောလိုက်မယ် ) အမှန်သူက ပိုပြိုင်းတာ ဒီ Edinburgh ကနေ Southampton ကို ၃ ဆင့်ချိန်းရမှာ ပြီးတော့ ည ၁၀ နာရီလောက်မှ ပြန်ရောက်မှာ သူ့အိမ်ကို ဟီးးးးးး ဝက်တို့ “မ” ချက်လေ
“ နင့်ဆီလာရတာ နင် ငွေလမ်းခင်းလာရတယ် သိလား ” တဲ့ ရထားခက ဈေးကြီးတာကိုးးးလို့
“ ဟုတ်တယ်လေ ငါတို့စကော့တလန်က သူဌေးတွေပဲ နေတာ ” လို့ ပြန်ပြောလိုက်တယ် ဟဲဟဲ



ဒါတွေတွေ့တော့ မာမီ(ခင်ဦးမေ) သတိရသားဒါနဲ့ ရိုက်လာခဲ့တာ မာမီက ဒါတွေ သိပ်သိပ်ရိုက်လို့ ကဲ မာမီ့အတွက် သာမီးလေးက ရက်ရက်ရောရော ပေးတယ်နော် ဟဲဟဲ
“ ငါ့ပုံမပါအောင် ရိုက်နော် ငါက ယောက်ျားလေးဆိုတော့ ရှက်တတ်တယ် ” တဲ့ အင်းပေါ့လေ ယောက်ျားလေး ဆိုတော့ ဗိုင်းကောင်းကျောက်ဖိ ပိပိနဲ့ပြားပြား နေရမယ်ဆိုတော့လဲ အင်းလေ နားလည်ပါတယ် ဟိဟိဘာရယ်မဟုတ် အမှတ်တရလေးပေါ့ Facebook မှာ ဟင်းပုံတွေတော့ တင်လေ့ရှိတယ် Blog ပေါ်တော့မတင်ဖူးသေးလို့ နောက်ပြီးလဲ ကြွားချင်လို့ ကိုယ်လဲ ချက်တတ်ပါတယ်ဆိုတာကိုပေါ့ ဟဲဟဲ ဟုတ်တယ်လေ ဒီနိုင်ငံမှာ နေတာ ၂ နှစ်ကျော်နေပြီ မချက်တတ်လို့ကတော့ ကိုယ်ငတ်ပဲ
ဟိ ဒေါ်ချောတွေ့တယ်နော် များဟင်းချက်တတ်ပါတယ် ဟဲဟဲ



18 comments:
ဟင်းချက်တတ်တယ် ဆိုတာ မယုံပါဘူး.....
ကိုယ်တိုင် စားရမှပဲယုံတယ်.... :D
မောင်နှမ နှစ်ယောက် မြို့လုံးပတ်လည် နယ်လုံးပတ်လည် ပေါ့လေ..... ကောင်း၏။
ငါ့ကိုပါ ဝက်နံကင်လေး ကျွေးရင် ပိုကောင်း၏။
ဝယ်ထားတဲ့ ဟင်းတွေနဲ့ ဟင်းဘွတ်ပေါ် တင်ပြီလား..၊ ငါ့တူမ သေးသေးသွယ်သွယ်လေး ဒီသင်းတွေသာစားရင် ဝလာမှာ စိတ်ပူလိုက်တာ
ဟုတ်ပ။ ဝက်ညီမလေးက တော်တော်ကို ချက်တတ် နေတာပါလားဟ။ အကိုလည်း အာလူးဟင်းဆို လွှတ်ကြိုက်တာ ကလား။ အာလူးနဲ့ ငါးခြောက်ဆိုရင် .... ရှလွှတ်.. တောက် . . တောက်.. ပြောနေရင်းတောင်မှ သွားရည်ကျတယ်။ နောက်ပြီး ဘဲသား ခြောက်ဆွဲလည်း မစားရတာ ကြာပေါ့။ ဝက်ညီမလေးနဲ့ တွေ့မှ အာလူးနဲ့ပုစွန် ချက်ကျွေး ခိုင်းရဦးမယ် ဒိုင်ယာရီထဲ မှတ်ထားဦးမှ။
** ဝက်ကလေး $*@)&)$&)(&%
မှတ်ထားလိုက်ပြီ။
ဦးကတ်ကြီး အဲလေ ဦးဟတ်ကြီး ပျောက်နေတာကြာပေါ့ သမီးက ထင်တာ မိန်းမများ ရသွားဘီလားလို့ ဟီးး ရရင်လဲ ပြောဦးနော် သိလား လျှိုမထားနဲ့
ဟုတ်ပါ့ အဘကျောက်ရယ် သမီးဖြင့် ဝိတ်တွေတက်မှာကြောက်လို့ ဘော်ဒီကို ထိန်းထားပါတယ်ဆိုမှ ဟင့်
ကိုဇော် $*@)&)$&)(&% ဒါက ဘာလဲ ဆဲတာလား ဟမ် ပြော ပြော ခုပြော
အာလူးနဲ့ ငါးခြောက်ဆိုမှ မနေ့ညက အိမ်မက်ထဲမှာ ငါးခြောက်ထည့်မက်တယ် ဟိဟိ
ညီမလေးလည်း မမလို အားလူးကြိုက်တယ် ထင်တယ်း)
ညီမလေးက ဟင်းလည်း ကောင်းကောင်းချက်တတ်တာကိုး.. မမထက်သာတယ်.. ဟိ..
ဓါတ်ပုံတွေ မြင်လို့သာ ယုံလိုက်ရတယ်။
ပုံကြည့်တာ တခုလိုနေသလိုပဲ
ထင်တာတော့ အရသာပဲ နေမှာ.. ဟဲဟဲ..။
မမကိုးလဲ အလူး ကြိုက်တယ်လား သမီး လာရင် ချက်ကျွေးမယ်ဟဲဟဲ
မမသိင်္ဂါကလဲ မြှောက်နေပြန်ပါဘီ ခစ်ခစ်
ပါးပါးကလေ ကိုယ့်သာမီးဆို သိပ်နှိမ်တာပဲ ဟွင့် နောက်တွေ့တော့မှ ချက်ကျွေးတော့မှ လျှာလည်သွားမယ် ဘာမှတ် ဒုံး ဟွင့်
နှမ၀က်ငယ်...ဆီးချို၊ သွေးချိုတွေကို စိန်ခေါ်နေတာလား။ ဦးမိုးတောင် ၀လာလို့ ကြံရာမရတာနဲ့ ဆရာမိုး ရှောက်တလုံး ၀မ်းမှန်ဆေးကို နေ့တိုင်းတွယ်နေတယ်။ သူက အဆီပါကျတယ်ဆိုလို့လေ..။ အဆီကျမကျတော့မသိဘူး..။ ၀မ်းကတော့ တနေ့ ၅ ခါလောက်အနည်းဆုံးပဲ။ အစားအသောက်ကြားမှာ ဦးမိုးက ဆရာမိုးကို ကြော်ငြာနေတာ အားနာပါတယ်။ ခိ..။
ဝက်နံရိုးကင်တစ်ခုပဲ.. ကောင်းကောင်းစားလို့ရမယ်ထင်တယ်.. ကျန်တာတွေ ပုံမလာ.. :P
ဗိုက်ဆာပြီး.. ဒီအိမ်မှာ စားစရာတွေ ရှိတာ သိလို့ ထပ်လာစားသွားတယ်.. :D
ထမင်းပွဲပုံတွေမှာ ပန်းသုံးပွင့် (နှင်းဆီဖြစ်နိုင်သည်) ဒါမှမဟုတ် ပန်းသုံးခိုင်ရဲ့ပုံတွေကျန်ခဲ့တယ်ထင်တယ်၊
ဟင်းတွေများနော်...များချက်။ :)
မချက်တတ်သူ ကျွန်မ တို့ အဖို့ တော့
ချက်တတ်သူများရဲ့ ဟင်းငွေ့ ၊ ဟင်းအတွေ့ 
လေးတွေသာ လိုက်လံကြည့်ရင်း လောလောဆယ်တော့
ှိုဗိုက်တကယ် ဆာ။ :)
..ခင်မင်လျှက်..ခင်မာလာအောင်..:)
Link လေးယူသွားတယ်ရှင်။ :)
ဝက်နံရိုးကင်ကတော့ စားလို့အရမ်းကောင်းမဲ့ပုံပဲ ...
ကျန်တာတွေကတော့ ....
... ... .... ... .... ....
ဝက်ကလေးချက်တာလဲ ကောင်းမဲ့ ပုံပါပဲလို့်ပြောမလို့ပါ ...း)
မောင်နှမ၂ယောက်တည်းကို ဟင်းတွေ အများကြီးချက်စားတယ်။ သူဌေးတွေ။
သောက်တရုတ်တွေ ---- ဆိုတာ ဘယ်လိုတရုတ်တွေပါလိမ့် ? သူတို့ ဘာ dialect များပြောဆိုကြပါလိမ့် ?
ဒီကောင်မလေး ဟင်းချက်တတ်တယ်တော့ :P
ထမင်းအိုးကြီးကကြောက်စရာကြီးပါလား.ဘယ်နစ်လုံးချက်လဲ..ရက်ရောတဲ့သာမီးတော်.
ဟင်းတွေချက်ထားတာ ရှယ်ပဲနော်....ကိုကြီးကပြောတယ်...တော်တော်စားလို့ကောင်းတယ် တဲ့ ...သူအရမ်းကြိုက်လာပုံပေါက်တယ်....း) လာလည်သွားတယ်နော်....း)
Post a Comment