
ကိုယ်တို့ဖေဖေ ကိုယ်တို့ဘဝထဲကနေ ထွက်ခွာသွားခဲ့တာ ၂၆ ရက် နေ့ဆို ၃ လတင်းတင်းပြည့်ပြီလေ
ကိုယ် မမေ့ပါဘူး ဘယ်တော့မှ မေ့မှာလဲ မဟုတ်ပါဘူး ကိုယ့်ဖေဖေ ကို သတိရနေပါတယ်
ကိုယ် အရင်တုံးက စိတ်ကူးယဉ်ခဲ့ပါတယ် ကျောင်းပြီးရင် ဘာလုပ်မယ် ဘာညာပေါ့
ခုနောက်ပိုင်း ဖေဖေ ဒီလိုဖြစ်သွားပြီးကတည်းက မနက်ဖြန် ဆိုတာ မသေချာတဲ့ အရာမှန်း ကိုယ် သိလာခဲ့တယ်
ဒီ အတွက် ဘာကိုမှ ကြိုတင်တွေးတောလေ့မရှိတော့ဘူး ဒါအမှန်ပါ
သူငယ်ချင်းကတော့ ပြောရှာပါတယ် သူ့ရဲ့ အနာဂတ်တွေ သူ ရှေ့လျှောက်ဘယ်လိုလုပ်မယ်စိတ်ကူးထားတဲ့အကြောင်း
ကိုယ်လား ???
အနာဂတ် အတွက် သိပ်ပြီး မပြင်ဆင်ချင်တော့ပါဘူး
ကိုယ် စိတ်နာသွားတာလား ဘာဖြစ်သွားလဲ မပြောတတ်ဘူး ဒါပေမယ့် သေချာတာ တခုကတော့ အရင်တုံးကလောက်တော့ စိတ်ကူးမယဉ်တော့တာ သေချာတယ်
မနက်ဖြန် ဆိုတာ မသေချာတဲ့ အရာတခုမလို့ ကိုယ်ကတော့ ဒီနေ့ အတွက်ကိုပဲ ကောင်းအောင်လုပ်တော့မယ် လို့ ဆုံးဖြတ်ထားတယ်
သူငယ်ချင်းကို လဲ ကိုယ် ပြောပါတယ်
“မနက်ဖြန်ဆိုတာမသေချာဘူး ဒီတော့ငါမရှိတော့ရင် နင့်ဘဝကို နင် ဆက်လျှောက်သွားပါ တကယ်လို့ နင်မရှိတော့ရင် ငါလဲ ငါ့ဘဝကို ငါ ဆက်လျှောက်သွားမယ်” လို့
ကိုယ်သိပ်ကြောက်ပါတယ် ကိုယ်တို့ကြိုးစားနေတဲ့အချိန်တွင်းမှာ အဲဒီလူကြီး လာခေါ်မှာ သိပ်ကြောက်တယ်
ဖေဖေ့ကို ခေါ်သွားတဲ့ လူကြီးကိုပေါ့ ကိုယ်တို့ကို နှုတ်ဆက်ချိန်တောင် မရလောက်အောင် ဖေဖေက သူ့နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားရတာ
ဒီတော့ ကိုယ်လဲ သိပ်ကြောက်ပါတယ် ဒီလူကြီး ကိုယ့်ကို အချိန်မတန်သေးဘဲ လာခေါ်မှာကိုပေါ့
အင်းလေ လာခေါ်တော့လဲ ဘယ်တတ်နိုင်ပါ့မလဲ ကိုယ် လိုက်သွားရုံပေါ့ ငြင်းဆန်နိုင်ခွင့်မှ မရှိဖဲ
အဖြစ်အပျက်တွေ ပြန်တွေးလိုက်ရင် မနေ့တနေ့ကလိုပါပဲ
ဖေဖေ ဆိုတဲ့ စကားလုံးကို ခေါ်ခွင့်မရပေမယ့် ကိုယ့်စိတ်ထဲမှာတော့ ခေါ်မိပါတယ်
“ဖေဖေ” ရယ်ပေါ့ တီးတိုးလေးပါ ဘယ်သူမှ မကြားနိုင်ဘူးလေ
ကိုယ့်ဖေဖေက ကိုယ့်ကိုသိပ်ချစ်တာ
တခါမှတ်မိပါသေးတယ်
ကိုယ့်ဘယ်ဘက်နားထင်မှာ မှဲ့ပါတယ်လေ ဒါကို ဖေဖေက
“ သမီးလာဦး ” ဆိုလို့ သူ့နားသွားတော့ သူက အဲဒီ နားထင်က မှဲ့ကို ခွာနေတာ
“ ဖေဖေ ဘာလုပ်တာလဲ ” ဆိုတော့
“အမှိုက်ကပ်နေလို့ ဖယ်ပေးတာ ” တဲ့
“ ဟင် .. ဖေဖေအဲဒါ မှဲ့လေ ” ဆိုတော့
“ ဟုတ်ပါဘူး” တဲ့
တိန်
“ အော် ဖေဖေက သမီးထက် ပိုသိဦးမှာလား ” ဆိုတော့ ဘာစောဒက တက်လဲ ဆိုတော့
“ အဲဒါ ရေကျောက်ပေါက်တုံးက ကျန်ခဲ့တဲ့အမာရွတ် ” တဲ့
ကိုင်း အေးရော ....
ဖေဖေရယ် သမီးမှဲ့လေးလဲ လာခွာပါဦးလား လို့
ကိုယ်နေမကောင်းရင် ခမည်းပေးတတ်တယ်
ကိုယ် လိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးတတ်တယ်
အဲဒီအတွက်လဲ မကြာခဏ မေမေနဲ့ ရန်ဖြစ်ရတယ်
ကလေးကို တအားအလိုလိုက်လို့တဲ့
မေမေအမြဲတမ်းပြောတဲ့စကား
“ သွား ငါ့သမီးမဟုတ်ဘူး နင်က နင့်အဖေ သမီး ” တဲ့ ကိုယ်ကလဲ ပြန်ပြောတယ် မေမေ့ကို
“ ဟုတ်တယ် သမီးက ဖေဖေ့ဗိုက်ထဲကထွက်လာတာ”လို့
ဟိုးးးးးငယ်ငယ်လေးကတည်းကနေ ၄ တန်း ၅ တန်းအထိ ဖေဖေရှိရင် ကိုယ်ဘာမှ မလိုခဲ့ဘူး အရာရာအားလုံးပြည့်စုံပြီလို့ထင်ခဲ့တယ်လေ
မေမေကို ခင်တွယ်ရကောင်းမှန်းလဲမသိခဲ့ဘူးလေ
၆ တန်း ၇ တန်းလောက်ကျမှ မေမေ့ကို ကိုယ် ခင်တွယ်လာခဲ့တာလေ
ဖေဖေသာလျှင် ကိုယ့်ကို ဖြည့်ဆည်းပေးနိုင်ဆုံးလို့ ထင်ခဲ့တာပေါ့ အမှန်က မေမေလဲ ဖြည့်ဆည်းပေးပါတယ်
ကိုယ်နေမကောင်းရင် မေမေပဲ ပြုစုတာပဲလေ
ဘာပဲပြောပြောလေ ကိုယ်တို့ကိုဒီအရွယ်ထိ ရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ဖေဖေ နဲ့ မေမေကို ကျေးဇူးဆပ်ခွင့်တော့ရချင်တာပေါ့
ဒါပေမယ့်ကိုယ့် ဆန္ဒက တဝက်ပဲပြည့်တော့မယ်လေ
ဘာပဲဖြစ်ဖြစ်လေ “ဖန်ခွက်ထဲမှာ ရေတဝက်တော့ကျန်သေးတယ်” ဟုတ်တယ်မလား
ဖေဖေမရှိတော့ပေမယ့်လဲ ဖေဖေ့လိုပဲ ကိုယ်လိုချင်တာကို ဖြည့်ဆည်းပေးပြီ မေမေ့လို တတွတ်တွတ် နဲ့ မှာတတ်တဲ့ အကို တယောက်တော့ရှိတယ်လေ
ကိုယ့်ကို နားလည်နိုင်စွမ်းတဲ့ ကိုကိုပေါ့ မည်သို့ပင်ဆိုစေပါ ကိုကို့ကိုလဲ ကျေးဇူးတင်ပါတယ် ကိုယ့်ရဲ့လိုအပ်တာသမျှကို တဖက်တလမ်းကနေ ဖြည့်ပေးလို့ပေါ့
၃ လပြည့်ဖေဖေ့အတွက် အမှတ်တရ
“သိပ်ချစ်တယ်ဖေဖေ”
You are always in my HEART



15 comments:
တကယ်စိတ်မကောင်းဘူး ညီမလေးရယ်။ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။
ဖြစ်ရလေ ဝက်ကလေးရယ်။
မသိလိုက်ဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျန်နေသေးတဲ့ ရေဝက်ကိုပဲ ဂရုစိုက်ရမှာပေါ့လေ။
ပျော်ရွှင်ပါစေ။
ညီမလေးနဲ့ထပ်တူဝမ်းနည်းမိပါတယ်
ညီမလေးနဲ့အတူထပ်တူထပ်မျှခံစားရပါတယ်
hel....I really don't know that thing...
I am really really sorry to read about that...
don't be so sad.. we will stand by u naw sis
;( စိတ်ထဲ မကောင်းလိုက်တာ .. ထပ်တူခံစားရပါတယ် ညီမရယ် ..း(
အဆင်ပြေပါစေနော် ..
မိုးခါး
မျိုးတူ ..ရာ..။
ခံစားချက်ပါလို့ အသက်ဝင်တယ်လို့တော့
မပြောတော့ပါဘူး..။
ဖေဖေ့အကြောင်း ရေးမှတော့ ကောင်းပြီပေါ့လို့လည်း မဆိုချင်ပါဘူး..။
အဖြစ်အပျက်တွေ လက်တွေ့တွေကို ခဏဖယ်ပြီး ဖတ်ကြည့်လိုက်တယ်..။
အားပါ...။
ဒီးဒီး လက်စ လက်စတွေ.....။
ချစ်တဲ့အဖေ ကောင်းရာသုဂတိသို့ရောက်ရှိနေပြီလို့ထင်ပါတယ်၊
မျှဝေခံစားသွားပါတယ်။ ခင်မင်လျှက်။
ဝက်ကလေး
ဖတ်ပြီးတော့ ရင်ထဲမှာ တကယ်မကောင်းဖြစ်မိပါတယ်
အဖေမရှိတော့ပေမဲ့ အားမငယ်ဘဲ ဘ၀ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ပါစေ ညီမလေးရေ။
ရှေ့ရှောက် အစစ အဆင်ပြေချောမွေ့ပါစေ
ညီမဖေဖေလဲ ကောင်းရာဘုံဘ၀ကို ရောက်ပါစေနော်
ညီမလေးဖေဖေမရှိတော့ပေမယ့် သူဖြစ်စေချင်တာတွေကို အောင်မြင်အောင်လုပ်သွားပေါ့။
အခုမှသိရတယ်။ တကယ်ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။ အားတင်းပြီးဆက်ကြိုးစားနော်။
စိတ်မကောင်းလိုက်တာ. လောကထဲကထွက်သွားတာစောလိုက်တာ။
ုယုံတောင်မယုံနိုင်ဘူး။
kom
sis i am so sad like you
လုံးဝ စိတ်မကောင်းပါဘူး ၀က်ကလေးရယ်။ တကယ်ပါ။ အဲဒီလို ချစ်ခင်နေကြတဲ့ မိသားစုလေးတွေ ခွဲကြရတဲ့အကြောင်း ကြားရ မြင်ရရင် မခံစားနိုင်ဘူး။ တကယ် ၀မ်းနည်းမိပါတယ်။
ဝက်ကလေးအဖေ။ ကောင်းရာမွန်ရာ ဘ၀မှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ညီမရေ ....သမီးဆိုတာ အဖေကို သံယောဇဉ်ပိုရှိတတ်တာမို့ အခုလို ညီမအဖေ မရှိတော့ပေမယ်လည်း သူ့ကို ညီမက သတိတရရှိနေဆဲဆိုတာ ညီမဖေဖေ သိမှာပါလေ။ စိတ်မကောင်းမှုများဖြင့်
ချမ်းလင်းနေ
Post a Comment